လျှို့ဝှက်ဆန်းကြယ်သော ခွန်လွန်တောင်တန်း
Vol. 9 Ch. 134
“သေစမ်း! ဒါ ဒေါသထွက်စရာကောင်းလွန်းတယ်!”
ဗီဒီယိုထဲမှ မြင်ကွင်းကိုမြင်ပြီး ဂျီကျဲန်ရှန်း က အလွန်ဒေါသထွက်သွားသည်။ သူသည် စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး သစ်သားစားပွဲခုံကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။
“ဒီသားရဲတွေက အဝေးကြီးကို သွားနေကြတာ၊ ငါတို့လူတွေက ပျော့ပျောင်းတဲ့ ပန်းသီးတွေလို့ တကယ်ထင်ကြသလား၊ ဘယ်သူမဆို ငါတို့ကို လာနင်းလို့ရတယ်လို့ထင်နေတာလား!”
ဂျီကျဲန်ရှန်း ၏အမြင်အရ၊ နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံ၏ လုပ်ဆောင်ချက်များက မြောက်ပင်လယ်သားရဲမျိုးနွယ်နှင့် မတူပေ။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ဤနတ်ဆိုးများ၏ စွမ်းအားသည် ခုန်ပျံကျော်လွှားတိုးမြင့်လာကာ ယခုအခါ သူတို့အားလုံးက လူသားများ၏ ဦးခေါင်းများပေါ်တွင် တက်နင်းချင်နေကြပြီဖြစ်သည်။
ဂျီကျဲန်ရှန်း သည် နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံမှ သားရဲများအား နယ်မြေလက်လွှတ်ရန် ခွင့်ပြုလိုက်ပါက ပထမအကြိမ်ပြီးပါက ဒုတိယအကြိမ်ဖြစ်လာမည်မှာ သေချာသည်။
ဤစံနှုန်းကို သတ်မှတ်ပြီးသည်နှင့်၊ လူသားနယ်မြေကို ပိုင်းခြားရန် ဤအရာကို သားရဲမျိုးနွယ်အားလုံးက နမူနာအဖြစ် အသုံးပြုမည်ကို သူကြောက်သည်။
ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်ပြီး အပေးအယူလုပ်ရန် လုံးဝနေရာမရှိပေ။
ထို့အပြင် လက်ရှိအခြေအနေက အဖန်ဖန်ပြောင်းလဲနေပြီး ဒေသအသီးသီးမှ ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို ဘုရင်များအဖြစ် နယ်မြေထူထောင်လိုကြသည်။
အထူးသဖြင့် မိုရှန်းဟေး,သည် ထိုကဲ့သို့ လေးနက်သော လူထုသဘောထားကို အမှန်တကယ် ထုတ်ပြန်ခဲ့ပြီး ကျန်းနန် ဒေသမှ ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များကို တိုင်ကြားခဲ့သည်။
အခြားဒေသများ၏ လှုံ့ဆော်မှုများနှင့်အတူ၊ ရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များကို ဆန့်ကျင်ဘက်တွင် ထားလိုကြပုံရသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ခြိမ်းခြောက်မှုကြောင့် နယ်မြေကို စွန့်လွှတ်လိုက်မည်ဆိုလျှင်၊ ရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များအပေါ် လူထု၏ သဘောထား တုံ့ပြန်မှုက ယခုထက် အဆပေါင်းမရေမတွက်နိုင်အောင် ကြောက်စရာကောင်းပေလိမ့်မည်။
ထိုအချိန်တွင် ရန်နိုင်ငံ၏ နိုင်ငံရေး အသွင်သဏ္ဍာန်က အမှန်တကယ် ကြီးမားသော အကျိုးသက်ရောက်မှုကို ခံရမည်ကို သူကြောက်သည်။
အထူးစွမ်းရည်မဟာမိတ်အဖွဲ့ချုပ်၏ ခေါင်းဆောင် အနေဖြင့် ထိုသို့သောကိစ္စရပ်မျိုးဖြစ်မြောက်ရန် လုံးဝခွင့်မပြုနိုင်ပေ။
တစ်ကိုယ်ကောင်းဆန်ခြင်း သို့မဟုတ် တာဝန်ဝတ္တရားကြောင့်ပင်ဖြစ်စေ အုပ်ချုပ်မှု၏တည်ငြိမ်မှုကို အချိန်တိုင်းထိန်းသိမ်းထားရမည်ဖြစ်သည်။
“အမိန့်! အနောက်တိဗက်နဲ့ အနောက်မြောက်ကန္တာရကို နျူကလီးယားဗုံးတွေ လွှတ်လိုက်!”
“နတ်ဆိုးတစ်ထောင်နိုင်ငံက ဘယ်လောက်မာနကြီးနိုင်သလဲ၊ ငါတို့က သူတို့လုပ်ချင်တာကို လုပ်ခွင့်မပေးနိုင်ဘူး၊ ငါတို့လူသားနယ်မြေကို ဒီနတ်ဆိုးတွေ သိမ်းပိုက်ခွင့်မပေးနိုင်ဘူး!”
ဂျီကျဲန်ရှန်း,၏ အမိန့်ဖြင့် ရန်နိုင်ငံ၏ ကြီးမားသော စက်ယန္တရားကြီးက တစ်ဖန် ပြန်လည်လည်ပတ်လာသည်။
အနောက်ဘက်မှ သားရဲများ ကျူးကျော်ဝင်ရောက်ခြင်းအကြောင်း သတင်းသည် အဓိက ဒေသများအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် အထူးစွမ်းရည်ရှိသော လူအများအပြားကို နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံနှင့် စစ်တိုက်ရန် အနောက်ဘက်သို့ စေလွှတ်ခဲ့သည်။
ယနေ့ခေတ်တွင် သားရဲများသည် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း လူတိုင်း ကောင်းကောင်းသိသည်။
ထိုသတင်းကို မိုရှန်းဟေး,ကြားသောအခါ ချက်ချင်းပင် အလွန်ဝမ်းသာသွားသည်။
“ဟာဟားဟား၊ နတ်ဘုရားက ငါ့ကို ကူညီနေတာပဲ!”
“အနောက်ဘက်မှာရှိတဲ့ ဒီသားရဲတွေက ရန်နိုင်ငံကို စတင်တိုက်ခိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဝမ်ယော်နိုင်ငံ(နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံ)က အနောက်ဘက်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကြောင့်၊ အင်ပါယာမြို့တော်က ကျန်းနန် ဒေသအရေးကို ဂရုစိုက်ဖို့ အချိန်မရှိနိုင်တော့ဘူး”
ဝမ်ယော်နိုင်ငံသည် ရန်နိုင်ငံကို နယ်မြေရရှိရန်အတွက် တိုက်ခိုက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မိုရှန်းဟေး,ကြားသောအခါတွင် သူ လုံးဝမစိုးရိမ်ပေ။
ဝမ်ယော်နိုင်ငံသည် ရန်နိုင်ငံ၏အနောက်ဘက်တွင်ရှိပြီး ကျန်းနန် ဒေသက ရန်နိုင်ငံ ၏အရှေ့တောင်ဘက်တွင်တည်ရှိသည်။
မိုရှန်းဟေး,သည် ဤနတ်ဆိုးများ၏ ကျူးကျော်မှုကို စိတ်မပူရုံသာမက ထိုကဲ့သို့သော သားရဲများ၏ တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကိုပင် သူမျှော်လင့်ခဲ့သည်။
ဤနည်းအားဖြင့် ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များသည် သူ့၏ ကျန်းနန် ဒေသကို ဂရုစိုက်ရန် အချိန်မရှိနိုင်တော့ပေ။
မိုရှန်းဟေး,သည် ဤအခွင့်အရေးကို ရယူပြီး မိမိဒေသ၏ အင်အားကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျန်းနန် ဒေသတွင် အသေးစား လှုပ်ရှားမှုအချို့ ပြုလုပ်နိုင်သည်။
အကယ်၍ အဆိုပါ သားရဲများသည် ရန်နိုင်ငံ၏ အင်အားကို ဆက်လက် အားနည်းအောင်ပြုလုပ်မည်ဆိုပါက၊ အချိန်ကျလာသောအခါ ကျန်းနန် ဒေသသည် အချိန်တိုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
“ဟာဟား၊ ပေါက်လွှတ်ပဲစား မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ငါ ဂရုမစိုက်ဘူး!”
“ဂျီကျဲန်ရှန်း မင်းကိုင်တွယ်ဖြေရှင်းဖို့ ဒီအကောင်တွေကို မင်းဆီထားခဲ့မယ်၊ ကျန်းနန် ဒေသရဲ့ ကျွမ်းကျင်သူအနေနဲ့ ငါ မိုရှန်းဟေး,က ကျန်းနန်ရဲ့ ဘုရင်အဖြစ် သဘာဝအတိုင်း ဖြစ်လာလိမ့်မယ်!”
………….…
လုချန်း နှင့် ယိုချင်းယန် တို့သည် ချီလင် တောင်တန်းမှထွက်ပြေးနေသော လိပ်ကြီးကို ချီလင် တောင်၏မြောက်ဘက်သို့သွားရာလမ်းတစ်လျှောက်တွင် လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။
ရွှမ်းဝူ,၏ ရွေ့လျားမှုအရှိန်သည် ကုန်းပေါ်ထက် အဆများစွာ ပိုမြန်သည်။
လုချန်း နှင့် ယိုချင်းယန် တို့၏ ခြိမ်း ခြောက်မှုအောက်တွင် ရွှမ်ဝူ,က မထင်မှတ်ဘဲ အရှိန်များ ပေါက်ကွဲထွက်လာသည်။
လုချန်း,တို့သည် ရွှမ်ဝူ,ကို မြေအောက်မြစ်မှ မြေပြင်မြစ်အထိ လိုက်ဖမ်းခဲ့သည်။
ရွှမ်ဝူ အရူးအမူး ထွက်ပြေးနေချိန်တွင် လုချန်း နှင့် ယိုချင်းယန်,တို့ကို အရှိန်နှောင့်နှေးစေရန်အတွက် မြစ်ရေအမြောက်အမြားကို မျိုချပြီး ရေဘောလုံးများဖြင့် ပစ်ခတ်ခဲ့သည်။
လုချန်း နှင့် ယိုချင်းယန်,တို့သည်လည်း ဧရာမလိပ်ကြီးကို အခါအားလျော်စွာ တိုက်ခိုက်ခဲ့ကြသည်။
ရံဖန်ရံခါတွင် ငွေလျှပ်စီးနဂါးက ခုန်ထွက်လာသည်၊ သို့မဟုတ် ကြီးမားသော ကြေးဝါအိုး,က ပြုတ်ကျလာသည်။
နှစ်ဖက်စလုံးသည် အဓိကအားဖြင့် ပြေးလမ်းပေါ်တွင်ရှိသော်လည်း သူတို့၏ စွမ်းအားက အလွန်ကြောက်စရာကောင်းပြီး သာမန်ရက်စက်သော သားရဲများနှင့် နှိုင်းယှဉ်၍မရပေ။
ရံဖန်ရံခါ တိုက်ပွဲဝင်ကြပြီး၊ ကောင်းကင်နှင့် မြေပြင်ပြိုကျသကဲ့သို့ ဆူညံသံက အလွန်ကျယ်လောင်သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေကြသော လူသားများက ဤကဲ့သို့ ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို သဘာဝအတိုင်း သတိပြုမိပါလိမ့်မည်။
အထူးစွမ်းရည်အဖွဲ့တစ်ဖွဲ့သည် ရွှမ်ဝူ ပြေးလာသည်ကိုတွေ့သောအခါ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
“အို ဘုရား၊ ဒါက ဘာလဲ”
“ကြောက်စရာကောင်းတဲ့ ဧရာမ လိပ်နက်ကြီး! ဒီလိပ်ကြီးရဲ့ အရွယ်အစားက တောင်ကြီးနဲ့ တူတယ်၊ ပြီးခဲ့တဲ့ အချိန်က မြောက်ပင်လယ်က အရှေ့တောင်ဘက် ကာကွယ်ရေး လမ်းကြောင်းကို တိုက်ခိုက်ခဲ့တဲ့ လိပ်ကြီးထက် အများကြီး ပိုကြီးတာ ဖြစ်နိုင်တယ်”
“ဒီသားရဲကြီးက ဘယ်အဆင့်မှာလဲ၊ သူ့အငွေ့အသက်က ဘာလို့ အရမ်းကြောက်စရာကောင်းနေရတာလဲ၊ ငါ့စိတ်တွေ တုန်လှုပ်နေသလို ခံစားရတယ်”
“ကြည့်...ကြည့်စမ်း၊ လိုက်ဖမ်းတဲ့သူက နှင်းဝံပုလွေ ဖြစ်ပုံရတယ်”
ဧရာမ လိပ်နက်ကြီးကို တွေ့လိုက်ရသော လူတိုင်းက အံ့ဩသွားကြသည်။
သို့သော် လုချန်း,သည် ရွှမ်ဝူ,ကို လိုက်ဖမ်းနေသည်ကို မြင်သောအခါ အံ့သြတုန်လှုပ်သွားကာ ပါးစပ်များပင် မပိတ်နိုင်တော့ပေ။
ရွှမ်ဝူ,သည် မြစ်တစ်လျှောက် အရူးအမူး ထွက်ပြေးခဲ့ပြီး နောက်ဆုံးတွင် မြောက်ဘက်ရှိ အလွန်ကျယ်ပြောသော ရေကန်တစ်ခုဖြစ်သည့် ရန်နိုင်ငံ၏ ချင်းဟူ ရေကန်တွင် ပုန်းအောင်းခဲ့သည်။
ဤချင်းဟူ ရေကန်ကို ရေကန်ဟု ခေါ်သော်လည်း ၎င်းသည် ကုန်းတွင်းပင်လယ်ငယ်တစ်ခုကဲ့သို့ဖြစ်ပြီး ရေကန်ဧရိယာက အလွန်ကျယ်ဝန်းသည်။
“ငါ့ကို တတ်နိုင်သမျှ အမြန်လိုက်ဖမ်းဖို့ ငါအကြံပေးတယ်”
“ငါ ဒီကန်ထဲကို ဆက်ပြေးရင် မင်းတို့ငါ့ကို ဘာလုပ်နိုင်မလဲ!”
နောက်ဆုံးတွင် ရွှမ်ဝူ,သည် ရေကန်ထဲတွင် ရပ်တန့်လိုက်ပြီး လုချန်း နှင့် ယိုချင်းယန် တို့ကို ရယ်မောကာ လှည့်ကြည့်ရင်း ပြောသည်။
လုချန်း နှင့် ယိုချင်းယန်,တို့လိုက်ဖမ်းနေချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လုံးဝသက်သာသွားပုံရသည်။ ရွှမ်ဝူ ၏အသွင်အပြင်ကိုကြည့်လိုက်လျှင် သူသည် ချင်းဟူ,ရေကန်တွင်ရပ်၍ ဆက်မပြေးတော့သည်မှာ ထင်ရှားသည်။
လိုက်ဖမ်းနေစဉ်တွင် လုချန်း နှင့် ယိုချင်းယန်,တို့က ရွှမ်ဝူ,နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
သို့သော်၊ ဤရွှမ်ဝူ သည် သူတို့အား တိုက်ခိုက်မှုအနည်းငယ်ပြုလုပ်ပြီး နောက်လှည့်ကာ ထွက်ပြေးသည်။
သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့် လုချန်း နှင့် ယိုချင်းယန်,တို့သည် သူ့ကို အမြန်ဖိနှိပ်ရန် ခက်ခဲသည်။
ရွှမ်ဝူ ထွက်ပြေးပြီးနောက်တွင် သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီး လုချန်း နှင့် ယိုချင်းယန်,တို့ကို တိုက်ခိုက်ရန် ထပ်မံရောက်ရှိလာကာ သူ ဒဏ်ရာရပြီးနောက် ထွက်ပြေးသွားခဲ့သည်။
အချိန်အတန်ကြာပြီးနောက်၊ လုချန်း နှင့် ယိုချင်းယန်,တို့သည် အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း လိပ်နက်ကြီးကို ခုခံကာကွယ်မှုအပြည့်ဖြင့် မနှိမ်နင်းကြသေးပေ။
ယခုတွင် ပြိုင်ဘက်သည် ကျယ်ဝန်းသော ရေကန်ကြီးထဲတွင် ထပ်မံပုန်းအောင်းနေပြီး သူ့ကိုသတ်ရန် ပို၍ပင် ခက်ခဲလာပေလိမ့်မည်။
“မေ့လိုက်တော့၊ ဒီကောင်က အပုန်းကောင်းတယ်“
အဆုံးတွင်၊ လုချန်း,သည် သူ့ခေါင်းကို ခိုကိုးရာမဲ့စွာ ခါယမ်းလိုက်ပြီး လိုက်ဖမ်းခြင်းကို စွန့်လွှတ်ရန်သာ တတ်နိုင်တော့သည်။
သူနှင့် ယိုချင်းယန်,၏ လက်ရှိအင်အားဖြင့် ဤလိပ်နက်ကို သတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
“ရှောင်ပိုင်၊ အနောက်ဘက်က ဝမ်ယော် နိုင်ငံက လူသားတွေကို စစ်ကြေငြာတယ်လို့ ငါကြားတယ်၊ ခွန်လွန် တောင်မှာ အားကောင်းတဲ့ သားရဲတွေ ရှိသလား”
ချီလင် တောင်ကိုပြန်သည့်လမ်းတွင် လုချန်း,က ယိုချင်းယန်,ကို စိတ်ဝင်တစားမေးသည်။
ရန်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာသော နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံအကြောင်း သတင်းထွက်လာသည်နှင့်တပြိုင်နက် ကျန်းဟောင်,က လုချန်း,ကို ချက်ချင်းအကြောင်းကြားခဲ့သည်။
ယိုချင်းယန်,သည် လုချန်း,၏စကားကိုကြားသောအခါ သူမ ခေါင်းညိတ်ပြီး ရှင်းပြသည်။
“ခွန်လွန် တောင်က ရန်နိုင်ငံရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး နယ်မြေပဲ၊ ခွန်လွန် တောင်က နဂါးသွေးပြန်ကြောတွေရဲ့ ဘိုးဘေးဖြစ်ပြီး နဂါးအားလုံးရဲ့ အရင်းအမြစ်လို့တောင် ဆိုကြတယ်”
“ရန်နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုတွေမှာ ခွန်လွန်တောင်က အမြဲတမ်း ရှောင်လွှဲလို့မရတဲ့ ခေါင်းစဉ်တစ်ခုပဲ”
“ဒဏ္ဍာရီတွေ၊ ရှေးဟောင်းပုံပြင်တွေ၊ ရိုးရာယုံကြည်မှုတွေ ဒါမှမဟုတ် သမိုင်းမှတ်တမ်းတွေပဲဖြစ်ဖြစ်၊ ခွန်လွန် တောင်က လူသားတွေအတွက် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ်ရှိနေတယ်...”
ယိုချင်းယန်,၏ ရှင်းလင်းချက်မှ လုချန်း သည် ခွန်လွန် တောင်တန်းက အလွန်ကြီးမားကြောင်း သိရှိခဲ့ရသည်။
မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ချီလင်တောင်တန်သည် ရန်နိုင်ငံ၏ မြောက်-တောင် ပိုင်းခြားသောမျဉ်းအဖြစ်ရှိနေပြီး ခွန်လွန် တောင်တန်းက ချီလင်တောင်တန်းထက်ပင် ပိုကြီးမားသည်။
ခွန်လွန်တောင်တန်းသည် အမြင့်ပိုင်းဒေသတွင် တည်ရှိပြီး မြင့်မားသော တောင်ထိပ်များ မြောက်မြားစွာ ရှိသည်။
အထူးသဖြင့် ခွန်လွန် တောင်တန်းမှ သစ်တော အများအပြားတွင် ရှာဖွေတွေ့ရှိခြင်း မရှိသေးသော လျှို့ဝှက်ချက်များစွာ ရှိနေသည်။
ဤအဆင့်တွင်၊ ချည်နှောင်ခြင်းအဆင့်တွင် အသန်မာဆုံးသော သားရဲများရှိသည့်နေရာက ခွန်လွန် တောင်တန်းဖြစ်နိုင်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ အစ်ကို၊ ခွန်လွန် တောင်ပေါ်က သားရဲတွေက အားကောင်းပြီး များပြားပေမယ့် ညီမတို့ရဲ့ လက်ရှိအင်အားက မဆိုးသေးပါဘူး“
“ဒါ့အပြင်၊ နတ်ဆိုးတစ်ထောင်လို့ ခေါ်တဲ့ ဘုရင့်နိုင်ငံက တကယ်တော့ နာမည်တစ်ခုသာ ဖြစ်တယ်၊ ဒါက ခွန်လွန် တောင်ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး၊ ခွန်လွန် တောင်မှာရှိတဲ့ သားရဲတွေရဲ့ စုစုပေါင်း အင်အား မဟုတ်ဘူး”
“ညီမတို့လက်ရှိအင်အားနဲ့ဆိုရင် ခွန်လွန်တောင်ရဲ့ နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံ က ညီမတို့ကို ဘာမှလုပ်လို့မရဘူး!”
ဤချီလင် တောင်တန်း၏ စမ်းသပ်မှုကို တွေ့ကြုံပြီးနောက်၊ ယိုချင်းယန်,သည် အစ်ကိုဖြစ်သူ၏ သန်မာမှုကို အလွန်ယုံကြည်လာခဲ့သည်။
မကြာခင်တွင် လုချန်း နှင့် ယိုချင်းယန်,တို့က ချီလင် တောင်တန်းကို ပြန်ရောက်လာခဲ့ကြသည်။
ထို့နောက် သူတို့သည် ချီလင်တောင်တန်း ကို ပေါင်းစည်းပြီးနောက် ဒါဂုန်နှင်းတောင်တွင်ရှိသော နှင်းဝံပုလွေမျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုကို ချီလင်တောင် တန်းတွင် နေထိုင်နိုင်ရန် ပြင်ဆင်ခဲ့ကြသည်။
……………….
တိမ်တိုက် ဒေသ။
ဤသည်မှာ စီချွမ် နှင့်ကပ်လျက် ရန်နိုင်ငံ ၏တောင်ဘက်နယ်စပ်ဖြစ်သည်။
ယခုအချိန်တွင် တိမ်တိုက်ဒေသရှိ လူသူကင်းမဲ့သော တောင်တန်းတစ်ခုတွင်၊ အလွန်နက်နဲစွာ ဖုံးကွယ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အခြေစိုက်စခန်းတစ်ခုရှိသည်။
ဤစခန်း၏တည်နေရာသည် အလွန်လျှို့ဝှက်ပြီး ဤစိမ်းလန်းသောတောင်ပေါ်တွင် မြှုပ်နှံထားကာ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသည်။ ပြင်ပနှင့် ကွာခြားမှု မရှိသော်လည်း ဂြိုလ်တုများပင် ၎င်းကိုခွဲခြား၍မရပေ။
သို့သော် ဤစခန်းအတွင်း၌ လျှို့ဝှက်ချက်များစွာရှိသည်။ အတွင်းဧရိယာသည် အလွန်ကျယ်ဝန်းပြီး တောင်ကြီးတစ်လုံးကို ဖောက်လုပ်ထားသကဲ့သို့ပင်။
ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အကြွင်းအကျန်များအပြင် အဆင့်မြင့် စမ်းသပ်ကိရိယာများစွာနှင့် စမ်းသပ်ပြွန်များ အများအပြားရှိသည်။
သို့သော်လည်း အခြေစိုက်စခန်းရှိ လူများ၏ မျက်နှာများသည် ရန်နိုင်ငံမှ မဟုတ်သော်လည်း ရန်နိုင်ငံသား၏ မျက်နှာများနှင့် ကွဲပြားသော ပြည်ပရောက် လူမျိုးများ အများအပြားရှိသည်။
“မစ္စတာ စဗင်း၊ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုက အခု လုံးဝ အောင်မြင်သွားပါပြီ၊ အခု ပြန်ရမှာလား“
အရပ်မြင့်မြင့် နိုင်ငံခြားသားတယောက်က တိုးညှင်းသော အသံဖြင့် မေးသည်။
သူနှင့် ဆန့်ကျင်ဘက်တွင် အဖြူရောင် သိပ္ပံသုတေသန ယူနီဖောင်းနှင့် မျက်မှန်ကို တပ်ဆင်ထားသော ဆံပင်ရွှေရောင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးရှိသည်။
“ဟုတ်တယ်၊ ဒါပေမယ့် ငါတို့မထွက်ခွာခင်မှာ ရန်နိုင်ငံကို အံ့အားသင့်စရာတစ်ခုပေးလိုက်တာက ငါတို့ရဲ့ရေရှည်ပုန်းအောင်းမှုကို အကျိုးရှိစေလိမ့်မယ်”
ဒေါက်တာ စဗင်းက လှောင်ပြောင်လိုက်သည်။
ထို့နောက် လူတိုင်းက ကျောက်တံခါးကိုဖွင့်လိုက်ကြပြီး အလွန်အားပြင်းသော ငှက်တစ်ကောင်သည် ကျောက်တံခါးမှ ပျံထွက်လာသည်။
ဤဖါမင်းဂိုသည် သန်မာသောကိုယ်ထည်ရှိကာ သူ့၏အတောင်များက အနက်ရောင်ဖြစ်ပြီး ဖြန့်လိုက်သည့်အခါ မီတာဒါဇင်ပေါင်းများစွာရှည်လျားသည်။
သူ့၏မျက်လုံးများက သွေးနီရောင်ရှိပြီး သက်ရှိသတ္တဝါတွင် ရှိသင့်သည့် ဉာဏ်ရည်ကို မပြသနိုင်ပေ။
ဤဖါမင်ဂိုက နိုးထခြင်း အထွတ်အထိပ်အဆင့်တွင်ရှိပြီး ဖမ်းမခံရမီက အဆင့်(၅)အဆင့်တွင်သာ ရှိသေးသည်။
အဘယ်ကြောင့်ဆိုသော် ဤအခြေစိုက်စခန်း၏ သုတေသနလမ်းကြောင်းက ရန်နိုင်ငံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
သူတို့သည် လူသားများကို သန်မာအောင်ပြုလုပ်နည်းကို စေ့စေ့စပ်စပ်မလေ့လာဘဲ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ခွန်အားကို မြှင့်တင်ရန်သာ အာရုံစိုက်ကြသည်။
“ရှေ့ဆက်ပြီး အရာအားလုံးကို ဖျက်ဆီးလိုက်စမ်း!”
အခြေစိုက်စခန်းရှိလူများ မထွက်ခွာမီတွင် မစ္စတာ စဗင်း,သည် ဖါမင်ဂို,အား အမိန့်ပေးခဲ့သည်။
ထို့နောက် မျက်လုံးထဲတွင် မှုန်မှိုင်းနေသောအကြည့်ဖြင့် ငှက်တစ်ကောင်က ကောင်းကင်သို့ ပျံတက်သွားသည်။
ရန်နိုင်ငံမှ လူသားများ နေထိုင်ရာ အရပ်သို့ ရောက်ရှိလာပြီးနောက်၊ ဖါမင်ဂိုသည် ပါးစပ်ကိုဖွင့်ကာ ကောင်းကင်တပြင်လုံး မီးမိုးကို မှုတ်ထုတ်လိုက်ပြီး လူအများအပြားက မသိမထားမိသေးခင်မှာပင် သေဆုံးသွားကြသည်။
နိုးထခြင်းအဆင့်(၉)ရှိ သားရဲဖြစ်သောကြောင့် တိမ်တိုက်ဒေသရှိ အထူးစွမ်းရည်ရှိသူများက ပြန်လည်တိုက်ခိုက်ရန် လုံးဝ စွမ်းအားမရှိခဲ့ပေ။
နောက်ဆုံးတွင် နျူကလီးယားဗုံးကိုသာ သုံးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့်၊ ဖါမင်ဂိုသည် မှုန်မှိုင်းနေသည့်အကြည့်နှင့် မည်သို့ရှောင်တိမ်းရမည်ကို မသိသောကြောင့် တိမ်တိုက်ဒေသမှ နျူကလီးယားဗုံးကို ဖြင့် လုံးဝသေဆုံးသွားခဲ့သည်။