← Chapters

နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံမှ သတ်မှတ်ထားသော နောက်ဆုံးရက်!

Vol. 9 Ch. 135

နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံမှ သတ်မှတ်ထားသော နောက်ဆုံးရက်!

Vol. 9 Ch. 135

“အားးး! မိုက်မဲလိုက်တဲ့ နှင်းဝံပုလွေဘုရင်!!”

“တစ်နေ့ ငါ မင်းကို လက်စားချေပြီး မင်းကို မြုပ်စရာမြေမရှိအောင် ငါလုပ်မယ်!”

ယခုအချိန်တွင် ရန်နိုင်ငံ၏ အနောက်ဘက်ဒေသ၊ အနောက်တိဗက်ရှိ လူသူကင်းမဲ့သောနေရာတစ်ခုတွင်။

အလွန်ဝေးလံသော လှိုဏ်ဂူတစ်ခုမှ ငရဲမှလာသောအသံကဲ့သို့ ကျယ်လောင်သော အသံများပဲ့တင်ထပ်နေသည်။

ထိုကျယ်လောင်သောဟိန်းဟောက်သံသည် လက်စားချေရန် နာကျည်းနေသောတစ္ဆေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

ပိုကြောက်စရာကောင်းသည်မှာ ဤဂူထဲတွင် မရေမတွက်နိုင်သော သွေးစက်များက နေရာပေါင်းစုံကနေ စုဝေးလာကြသည်။

မူလက အမှောင်ဂူသည် ယခုအခါ အဆုံးမဲ့သော သွေးအလင်းရောင်များဖြင့် ရောင်ပြန်ဟပ်နေသည်။

ပြင်းထန်သော သွေးနံ့က လူတိုင်းကို မူးမေ့စေနိုင်သည်။

အဆက်မပြတ် ကျိန်ဆဲခြင်းနှင့်အတူ၊ သွေးများသည် တဖြည်းဖြည်း စုရုံးလာပြီး နောက်ဆုံးတွင် အနက်ရောင် လင်းနို့ကိုယ်ထည်အဖြစ် ဖွဲ့စည်းသွားသည်။

ချီလင်တောင် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော သွေးလင်းနို့ဘုရင်သည် လုချန်း,ကြောင့် ဤအခြေအနေသို့ တွန်းပို့ခံခဲ့ပြီး နောက်ဆုံးတွင် လွတ်မြောက်ရန် မရေမတွက်နိုင်သော သွေးစက်များအဖြစ် ပြောင်းလဲရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သူသည် ချီလင် တောင်တန်းမှ လမ်းတစ်လျှောက်လုံး ထွက်ပြေးပြီး အနောက်တိဗက်သို့ ရောက်လာခဲ့သည်။

ချီလင် တောင်တန်းတွင် အစောပိုင်းတွင် လင်းနို့ဘုရင်သည် သူ့အမျိုးအနွယ်အများအပြားကို ဝါးမျိုခဲ့ပြီး ချည်နှောင်ခြင်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

သို့သော် လုချန်း,ကို ရှုံးနိမ့်ပြီးနောက် လွတ်မြောက်ရန် သူ၏ နောက်ဆုံးနည်းလမ်းကို အသုံးပြုရန်မှလွှဲ၍ အခြားရွေးချယ်စရာမရှိပေ။

ယခုမူ သူ၏နယ်ပယ်သည် နိုးထခြင်းအထွတ်အထိပ်အဆင့်သို့ ကျဆင်းသွားလေပြီ။

သို့ပေမယ့် ချည်နှောင်ခြင်းအဆင့်ကိုဖြတ်ခဲ့ဖူးလျှင် ပြန်လည်ဝင်ရောက်ရန်က လွယ်ကူလိမ့်မည်ဖြစ်သည်။

သွေးလင်းနို့ဘုရင်သည် မကြာမီတွင် သူ၏ မူလခွန်အားကို ပြန်လည်ရရှိလာလိမ့်မည်ဟု ယုံကြည်သည်။

သို့ပေမယ့် သူ့မျက်လုံးများက နီရဲနေခဲ့သည်။

လုချန်း,၏ရုပ်သဏ္ဍာန်ကို ပြန်မြင်ယောင်မိသောအခါတွင် ဂူသည် အဆုံးမရှိသောလေအေးများနှင့် ပြည့်လာပြီး လူများကို ထိတ်လန့်စေသော သတ်ဖြတ်ခြင်းအငွေ့အသက်များက လွှမ်းခြုံသွားသည်။

လုချန်း,သည် သွေးလင်းနို့ဘုရင်၏ မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ပစ်လိုက်သည်ဟု ဆိုနိုင်သည်။

သာမာန်လင်းနို့ပင်ဖြစ်စေ၊ စစ်မှန်သောမျိုးဆက်ပင်ဖြစ်စေ မည်သူမျှ မလွှတ်မြောက်နိုင်ခဲ့ပေ။

…….……………

တစ်ချိန်တည်းမှာပင် လုချန်း နှင့် သူ့ညီမတို့သည် ချီလင် တောင်သို့ ပြန်လာခဲ့ကြသည်။

ယခုအခါတွင်၊ ကျယ်ပြန့်သော ချီလင် တောင်တန်းကို အခြေခံအားဖြင့် လုချန်း ၏ လက်အောက်ခံများက သိမ်းပိုက်လိုက်ပြီဖြစ်သည်။

လုချန်း,သည် ကြံ့ဘုရင်ကို အနိုင်ယူပြီး အနီရောက်မြွေကို သုတ်သင်ခဲ့သည်။

သူသည် လိပ်နက်နှင့် သွေးလင်းနို့ဘုရင်ကို မောင်းထုတ်ပြီး အနောက်ဘက်ဒေသရှိ မီးတောင်လင်းနို့အုပ်စုကို မျိုးဖြုတ်ခဲ့သည်။

ဝက်ဝံညို၊ တမ် နှင့် အခြားသူများသည် ချီလင် တောင်တန်းတွင် လွတ်လပ်စွာ လမ်းလျှောက်နိုင်ပြီဖြစ်သည်။

လုချန်း နှင့် ယိုချင်းယန်,တို့သည် ရွှမ်ဝူ,ကိုလိုက်ဖမ်းနေချိန်တွင် ဝက်ဝံညိုနှင့် သူ၏ညီငယ်များက နယ်မြေချဲ့ထွင်မှုအသစ်ကို စတင်ခဲ့သည်။

ပထမဦးစွာ သူတို့သည် သူတို့၏ မူလနယ်မြေကို ပြန်လည်သိမ်းယူပြီးနောက် အနီရောင်မြွေကြီး သိမ်းပိုက်ထားသော နယ်မြေကို သိမ်းယူခဲ့သည်။

ယခုအခါ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ချီလင်တောင်တန်း၏ ဧရိယာရှစ်ခုသည် လုချန်း,၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

ဤမျှကြီးမားသောအင်အားသည် ရန်နိုင်ငံတစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင်နေမည်မှာ သေချာသည်။

ထို့အပြင် ချီလင် တောင်တန်းနှင့် ဒါဂုန် နှင်းတောင်အပြင် လုချန်း ၏လက်အောက်ငယ်သားများသည်လည်း ဟူနန်အနောက်ပိုင်းနှင့် အရှေ့မြောက်ဘက်တို့တွင် တပ်စွဲထားသည်။

အချိန်တိုလေးအတွင်းတွင်၊ လုချန်း,သည် ရန်နိုင်ငံ၏ နယ်မြေတွင် တန်ခိုးအကြီးဆုံး သားရဲဘုရင် ဖြစ်လာခဲ့ပြီး၊ သူ့ကိုယ်ပိုင် ခွန်အားနှင့် သူ့၏ လက်အောက်ငယ်သားများ၏ စွမ်းအားများအပါအဝင်။

“အစ်ကို၊ ညီမတို့ရဲ့လက်ရှိအင်အားနဲ့ ညီမတို့မိဘတွေနဲ့ မျိုးနွယ်စုဝင်တွေကို သွားခေါ်လို့ရနေပြီ”

ယိုချင်းယန် ၏စကားကိုကြားသောအခါ လုချန်း,လည်း ခေါင်းညိတ်သည်။

“နောက်ပြီး၊ ဒါဂုန် နှင်းတောင်,က လူတွေနဲ့ အရမ်းနီးတယ်၊ အရင်းအမြစ်တွေကလဲ အကန့်အသတ်ရှိတယ်၊ သူတို့ ချီလင် တောင်တန်းကို အမြန်ဆုံးရောက်ရင် သူတို့ ပိုကောင်းတဲ့ ဘဝမှာနေထိုင်နိုင်တယ်”

လုချန်း,က သူပြောသည့်အတိုင်းလုပ်လိုက်ပြီး ဒါဂုန် နှင်းတောင်တွင် ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်ရန်အတွက် ရွှာအိုဟူး နှင့် လီရှန်း တို့ကို ချက်ချင်းပင် စိတ်ဝိညာဉ်မှတစ်ဆင့် ဆက်သွယ်ပြောဆိုတော့သည်။

ထို့နောက် ရွှာအိုဟူး,တို့သည် နှင်းဝံပုလွေမျိုးနွယ်စုနှင့် မျောက်ဝံမျိုးနွယ်စုကို တောင်ပေါ်မှဆင်းရန် စတင်ဦးဆောင်ခဲ့သည်။ လုချန်း သည် သူတို့နှင့်တွေ့ဆုံရန် ဒါဂုန်နှင်းတောင်သို့ အမြန်ပြန်သွားခဲ့သည်။

လုချန်း,ကြောင့် ဒါဂုန်နှင်းတောင်ကို လူသားတပ်ဖွဲ့များက အမြဲစောင့်ကြည့်နေသည်။

ယခုအခါ နှင်းတောင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက အမည်မသိအကြောင်းပြချက်ဖြင့် တောင်ပေါ်မှ ပြေးဆင်းလာသည်ကို တွေ့လိုက်ရသဖြင့် လူသားများက ရုတ်တရက် အလွန်ပင် ကြောက်ရွံ့သွားကြသည်။

နှင်းတောင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲအနည်းငယ်သာရှိကြောင်း သိထားသင့်ပြီး သူတို့အားလုံးက အလွန်အစွမ်းထက်သည်။

သို့သော် လူသားများ ကြောက်ရွံ့နေချိန်တွင် လုချန်း,သည် စီချွမ်မြို့‌အထက်တွင် ပေါ်လာပြီး ချက်ချင်းဟောက်လိုက်သည်။

“ငါ့စကားကို နားထောင်၊ လူသားတွေ ငါ့မျိုးနွယ်တွေကို ထိဝံ့လျှင် ငါ သူတို့ကို ကရုဏာမရှိဘဲ သတ်ပစ်မယ်!”

“လူသားတွေ တိုက်ခိုက်ဝံ့ရင် ငါက လူသားမြို့ ဆယ်မြို့ ဒါမှမဟုတ် တစ်ရာကို ပျက်ပြားစေမယ်”

စီချွမ် မဟာမိတ်အဖွဲ့ခွဲခေါင်းဆောင်အဖြစ် ဖူဟိုင်,သည် ဤစကားကိုကြားသောအခါ အံ့အားသင့်သွားခဲ့သည်။

လုချန်း,၏ ခွန်အားသည် ယခုလောက် မပြင်းထန်မီက စီချွမ်တွင် ပရမ်းပတာဖြစ်နေပြီဖြစ်သည်။ ယခုတွင် လုချန်း,၏ စွမ်းအားက စီချွမ် ဧရိယာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေပြီဖြစ်သည်။

ဖူဟိုင်,သည် နှင်းဝံပုလွေဘုရင်၏ ကြောက်စရာကောင်းသော စွမ်းအားကို ကောင်းစွာသိရှိခဲ့ပြီး ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များကို ညွှန်ကြားချက်ပေးရန် ချက်ချင်းတောင်းဆိုခဲ့သည်။

ထိုအချိန်တွင် ဂျီကျဲန်ရှန်း,က အမျိုးမျိုးသော ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

တိမ်တိုက်ဒေသတွင်၊ နိုးထခြင်းအထွတ်အထိပ်အဆင့်ရှိ ဖါမင်ဂို,သည် ပြင်းထန်သော အပျက်အစီးများကို ဖြစ်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ နောက်ဆုံးတွင် သူ့ကို နျူကလီးယားဗုံးဖြင့် သတ်ပစ်နိုင်ခဲ့သော်လည်း သူတို့၏ ပျက်စီးဆုံးရှုံးမှုက အလွန်ကြီးမားနေဆဲဖြစ်သည်။

အနောက်ဘက်တွင် နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံနှင့် စစ်ပွဲက နီးကပ်လာကာ ဂျီကျဲန်ရှန်း,သည် အနောက်တိဗက်နှင့် အနောက်မြောက်ဘက်သို့ တပ်ဖြန့်ထားခဲ့သည်။

ဖူဟိုင်,၏တောင်းဆိုမှုကို ကြားပြီးနောက် ဂျီကျဲန်ရှန်း,က မစဉ်းစားဘဲ ချက်ချင်း အမိန့်ပေးခဲ့သည်။

“နားထောင်ပါ၊ နှင်းဝံပုလွေဘုရင်ဘက်က တိုက်ခိုက်ဖို့ အစပျိုးမှု မလုပ်သရွေ့ သူ့ မျိုးနွယ်စုတွေရဲ့ ရွှေ့ပြောင်းနေထိုင်မှုကို အနှောင့်အယှက်ပေးဖို့ လုံးဝ ခွင့်မပြုဘူး”

အဖွဲ့များမှ ခြိမ်းခြောက်မှုများ သို့မဟုတ် နှင်းဝံပုလွေဘုရင် လုချန်း,၏ ပြင်းထန်သော စွမ်းအားများ၊ မည်သို့ပင်ဖြစ်စေ ဂျီကျဲန်ရှန်း,သည် အခြားရန်သူကို ထပ်မလိုချင်ပေ။

ထို့အပြင် ဤကာလအတွင်းတွင်၊ လုချန်း သည် အခြားသားရဲဘုရင်များနှင့်မတူဘဲ လူသားများ၏ရန်သူမဟုတ်ကြောင်း သက်သေပြရန်အတွက်လည်း သူ၏လုပ်ရပ်များက ထင်ရှားသည်။

ယခုတွင် နှင်းဝံပုလွေဘုရင်သည် သူ့မျိုးနွယ်အတွက် နေထိုင်ရာနေရာကို ပြောင်းချင်ရုံသာဖြစ်ပြီး သူ့ကို ရန်စနေစရာ မလိုပေ။

ထို့အပြင်၊ ချီလင် တောင်တန်းက အလွန်ကျယ်ပြီး နှင်းဝံပုလွေဘုရင်သည် သူ၏မျိုးနွယ်စုကို လူ့မြို့များမှ ဖယ်ထုတ်လိမ့်မည်ဟု ဂျီကျဲန်ရှန်း,က မျှော်လင့်ထားသည်။

လူသားများက မတိုက်ခိုက်သရွေ့ လုချန်း သည်လည်း သူ့လူများကို ဒုက္ခမပေးပေ။

မျိုးနွယ်စုနှင့်တွေ့ဆုံပြီးနောက် လုချန်း သည် လူသားများ၏လွှမ်းမိုးမှုနယ်ပယ်ကိုရှောင်ရှားရန် လူတိုင်းကိုဦးဆောင်ခဲ့ပြီး နောက်ဆုံးတွင် ချီလင် တောင်တန်းသို့အောင်မြင်စွာပြောင်းရွှေ့နိုင်ခဲ့သည်။

ဤစုဆောင်းမှုကာလပြီးနောက်၊ လုချန်း သည် အဆင့်မြှင့်တင်ရန်အတွက် ဆင့်ကဲပြေင်းလဲခြင်းအမှတ်များ လုံလောက်နေပြီဖြစ်သည်။

“ဘုန်း!”

ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ အသုံးပြုခြင်းဖြင့် လုချန်း,သည် ချည်နှောင်ခြင်းအဆင့်(၂)သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။

လုချန်း,၏ခန္ဓာကိုယ်ရှိ အလင်း(၉)ခုက ထပ်မံဖောက်ထွင်းခံရပြီး အလင်း(၈)ခုသာ ကျန်တော့ကာ သူ၏ ရောင်ဝါက ရုတ်တရက် မြင့်တက်လာသည်။

မြောက်မြားစွာသော သားရဲများသည် အထိန်းအကွပ်မဲ့ တုန်လှုပ်နေပြီး ဤဖိအားအောက်တွင် မြေပြင်ပေါ်တွင်သာ ဝပ်နေနိုင်ခဲ့သည်။

ယိုချင်းယန်,သည် ခွန်အားများ တစ်ဖန်မြင့်တက်လာခဲ့သည့် လုချန်း,ကိုကြည့်ကာ သူမ၏ လှပသောမျက်လုံးများက အကူအညီမဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူ့အစ်ကို၏ ကျင့်ကြံမှုအရှိန်က ဧကရီကိုယ်တိုင်ထက်ပင် ပို၍ကြောက်စရာကောင်းသည်ကို သူမလက်ခံလာပြီဖြစ်သည်။

ခွန်လွန် တောင်တန်း၏အရှေ့တောင်ဘက်တွင် လူသားတပ်ကြီးတစ်ခုကို တပ်ဖြန့်ထားပြီးဖြစ်သည်။

ခေတ်မီ သံချပ်ကာ တပ်ဖွဲ့ဝင် အများအပြားသည် ရှေ့တန်းသို့ ရောက်ရှိလာပြီး ရန်နိုင်ငံတစ်ဝှမ်းမှ အထူးစွမ်းရည်အဖွဲ့များ စုစည်းကာ တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။

သုံးရက်ကြာသွားခဲ့ပြီးနောက် ယနေ့သည် ခွန်လွန်တောင်တန်း နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံမှ သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည်။

နှင်းများထူထပ်နေသော တောင်ထိပ်ပေါ်တွင် နှင်းကျားသစ်ကြီးတစ်ကောင် ပေါ်လာသည်။

“လူသားတို့၊ မင်းတို့ ဒီအကြောင်းကို ဘယ်လိုထင်လဲ၊ မင်းတို့ရဲ့နယ်မြေကို နတ်ဆိုးတစ်ထောင်ဘုရင့်နိုင်ငံကို ပေးအပ်ဖို့ အဆင်သင့်ဖြစ်ပြီလား“

နှင်းကျားသစ်၏အသံသည် ဤလူသားတပ်များကို အလေးအနက်မထားသကဲ့သို့ အထင်အမြင်သေးမှုအပြည့်ရှိနေသည်။

ဤနတ်ဆိုးက အလွန်မောက်မာသည်ကိုမြင်ပြီး ဤနေရာ၌ တပ်စွဲထားသော အထူးစွမ်းရည်မဟာမိတ်အဖွဲ့ချုပ်၏ လက်ထောက်ခေါင်းဆောင် လီဂွမ်,သည် ချက်ချင်းပင် မျက်လုံးဖွင့်ပြီး အေးစက်စွာပြောလိုက်သည်။

“ဟမ်! ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ!”

“သားရဲတစ်ကောင်က ငါတို့ကို လူသားတွေရဲ့ နယ်မြေကို လွှဲပေး‌ပြောင်းဖို့ ပြောရဲတယ်၊ ဒါက အိပ်မက်မက်နေတာပဲ!”

All Chapters