← Chapters

ပြဿနာပြေလည်သွားခြင်း....

Vol. 30 Ch. 451

ပြဿနာပြေလည်သွားခြင်း....

Vol. 30 Ch. 451

" ရန်သူက ဘယ်မှာလဲ။ "

ရှီလန်က အနည်းငယ် ကြောင်သွားသည်။ သူ့နောက်မှ သက်ရှိကြီးက ထိုမျှကြီးမားနေတာတောင် မမြင်ရသေးဘူးလား။

ရှီလန်နှင့် ကြီးမားသော သက်ရှိကြီးတို့က သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။ သူတို့က အလွန်ဝေးကွာပြီး မတူညီသော လေဟာနယ်အလွှာများတွင် ရှိနေလျှင်တောင် အချင်းချင်း ခံစားနိုင်ဘေသည်။ ထို့ကြောင့်လည်း ရှီလန်က မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

" နဂါးငွေ့တန်းကြယ်သခင် ငါ့နောက်လိုက်နေတဲ့ မာဒိုခရီးသည်က အလွှာတစ်သန်းအဆင့်နဲ့ နီးကပ်နေပြီ။ ငါတို့နှစ်ယောက် ပေါင်းတိုက်ရင်တောင် သူ့ကို ခုခံနိုင်မှာမဟုတ်ဘူး။ " ရှီလန်က အမြန်ပြောလိုက်သည်။

သူက ယခုထိ မာဒိုခရီးသည်ဆီမှ လွတ်မြောက်နေသည့် အကြောင်းရင်းမှာ သူ၏ ထူးခြားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် လွတ်မြောက်ခြင်းလျို့ဝှက်နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားသောကြောင့် ဖြစ်သည်။ သို့သော် လင်းယွမ်က မရှိပေ။ မာဒိုခရီးသည်က ပစ်မှတ်ထားသည်နှင့် အကျိုးဆက်များက စဉ်းစား၍ပင် မရပေ။

" နဂါးငွေ့တန်းကြယ်သခင် ဒီကိုမလာခဲ့နဲ့။ " ရှီလန်က နောက်တစ်ကြိမ် သတိပေးလိုက်သည်။

လွန်ခဲ့သော ငါးနှစ်က လင်းယွမ်က ခေါင်းသုံးလုံးမျိုးနွယ်ခြား အိုလီဗင်အား သတ်ခဲ့သည်ဟု သတင်းကြားခဲ့သော်လည်း အိုလီဗင်က လေဟာနယ်အလွှာ နှစ်သောင်းကျော်သာ ရှိသော နဝမအလွှာတစ်ယောက်ဖြစ်သည်။ မာဒိုခရီးသည်က လေဟာနယ်အလွှာ ကိုးသိန်းကျော်ဖွင့်ထားသူတစ်​ယောက်ဖြစ်၏။

" ဘာမှမဖြစ်ဘူး။ ငါ့ဆီလာခဲ့ပါ။ " လင်းယွမ်က အနက်ရောင်ပြားမှတစ်ဆင့် ဆက်သွယ်လိုက်သည်။

" ငါ့ကို လာခိုင်းတာလား။ "

လင်းယွမ်က အလွှာတစ်သန်းအဆင့်နှင့် နီးကပ်နေသော မာဒိုခရီးသည်ကို ဘယ်လိုကိုင်တွယ်ရန် စီစဉ်ထားလဲဆိုတာ ရှီလန်က မသိသော်လည်း နဂါးငွေ့တန်းကြယ်သခင်က မောက်မာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်မဟုတ်သည်ကိုတော့ ရှီလန်က ကောင်းကောင်းသိထားလေသည်။ နဂါးငွေ့တန်းကြယ်သခင်က သူ့ကို လာခိုင်းသောကြောင့် မာဒိုခရီးသည်ကို နှိမ်နှင်းရန် နည်းလမ်းတစ်ခု ရှိကိုရှိရပေလိမ့်မည်။

" ကောင်းပြီလေ။ " ရှီလန်က တုန့်ဆိုင်းခြင်းမရှိတော့ဘဲ လင်းယွမ်ရှိရာသို့ ဦးတည်ချက် ပြောင်းလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင် ငါ မာဒိုခရီးသည် သတိမထားမိခင် သူစောင့်ရှောက်နေတဲ့ ရတနာကို လုယူခဲ့တာပဲ။ " လင်းယွမ်နှင့် နီးလာချိန်တွင် ရှီလန်က အကျိုးအကြောင်းကို အနည်းငယ် ရှင်းပြလိုက်သည်။

မာဒိုခရီးသည်က ကြယ်စကြာဝဠာ၏ နက်ရှိုင်းသော နေရာမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အဆက်အနွယ်တစ်ယောက်ဖြစ်သည်။ ထိုရှေးဟောင်းနတ်ဘုရားက စကြာဝဠာမျိုးနွယ်များကြား အာဏာလွှမ်းမိုးရေး စစ်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ မာဒိုခရီးသည်ကလည်း လူသားမျိုးနွယ်အပေါ် သိသာသော ရန်လိုမှုမရှိခဲ့ပေ။

မာဒိုခရီးသည်က ရှီလန်နောက်သို့ အသည်းအသန်လိုက်နေခြင်းမှ အလွန်ဒေါသထွက်သောကြောင့်အပြင် ထိုရတနာကလည်း ကြယ်ဆယ်လုံးရတနာနှင့် ယှဉ်နိုင်လေသည်။

မကြာမီ ရှီလန်နှင့် လင်းယွမ်တို့က တွေ့ဆုံသွားကြသည်။ ချက်ချင်း ကြီးမားသော မာဒိုခရီးသည်ကလည်း နောက်မှ ရောက်လာသည်။

" နဂါးငွေ့တန်းကြယ်သခင်... " မာဒိုခရီးသည်က လင်းယွမ်ကို ချက်ချင်းမှတ်မိသွားသည်။ နဂါးငွေ့တန်းကြယ်သခင်က အလွန်နာမည်ကြီးသောကြောင့် ကြီးမြတ်သူတစ်ယောက်ပင် သူ့ကို သိလေသည်။

" မာဒိုခရီးသည် " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ " ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ မရေတွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။ မင်းလိုက်နေတဲ့ အချိန်နဲ့ဆို နောက်တစ်ခုတောင် ရှာတွေ့နေလောက်ပြီ။ "

" ကိုယ်မျိုးနွယ်အချင်းချင်းတော့ သိတတ်တယ်ပေါ့ နဂါးငွေ့တန်းကြယ်သခင်..." မာဒိုခရီးသည်က ဒေါသနှင့် ပြောလိုက်သည်။ " ဒါပေမယ့် ဒီနေ့ အဲ့ဒီရတနာကို မရရင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ မျက်နှာလည်း ထောက်မှာမဟုတ်ဘူး။ "

သာမန်အခြေအနေများတွင် မာဒိုခရီးသည်က နဂါးငွေ့တန်းကြယ်သခင်ကို မျက်နှာသာ ပေးပေလိမ့်မည်။ နဂါးငွေ့တန်းကြယ်သခင်၏ အလားအလာနှင့် အနာဂတ်တွင် နဝမအလွှာ အလွှာဆယ်သန်းအဆင့်ကို မလွဲမသွေ ရောက်ပေလိမ့်မည်။ ထိုသို့ ကြောက်စရာကောင်းသူကို ရန်စခြင်းက မာဒိုခရီးသည်အတွက် ပညာမဲ့ရာရောက်လေသည်။

မာဒိုခရီးသည်နှင့် လူသားမျိုးနွယ် သို့မဟုတ် နဂါးငွေ့တန်းကြယ်သခင်တို့ကြားတွင် ရန်ငြိုးများမရှိပေ။ ကြယ်စကြာဝဠာထဲတွင် မိတ်ဆွေများခြင်းက လမ်းကြောင်းပိုများလေသည်။ သို့သော် ယခု မာဒိုခရီးသည်က သူ၏ ဒေါသကို မထိန်းချုပ်နိုင်ပေ။

" ဒီလိုဆိုရင်တော့ စပါ။ " လင်းယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

ဝုန်း.....

နှစ်ယောက်လုံးက တိုက်ပွဲစတင်ရန်အတွက် လေဟာနယ်၏ ပိုမိုနက်ရှိုင်းသော အလွှာထဲသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

ရှီလန်က နက်ရှိုင်းသော လေဟာနယ်အလွှာများဆီမှ ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများကို ခံစားလိုက်ရသည်။

" နဂါးငွေ့တန်းကြယ်သခင်က မာဒိုခရီးသည်နဲ့ တိုက်ခိုက်နေတာလား။ " ရှီလန်က ရေရွတ်လိုက်သည်။ " ပြီးတော့ စွမ်းအားလှိုင်းတွေက ဆက်ရှိနေတုန်းပဲ။ "

ရှီလန်က လင်းယွမ်နှင့် မာဒိုခရီးသည်တို့ တိုက်ခိုက်နေသော လေဟာနယ်အလွှာအနီးသို့ မသွားရဲပေါယ သူက တိုက်ပွဲမှ စွမ်းအားလှိုင်းများကို ကြည့်ပြီး အခြေအနေကို ခန့်မှန်းနေသည်။

ရှီလန်၏ အကြည့်များက ထူးဆန်းသွားသည်။ နဂါးငွေ့တန်းကြယ်သခင်၏ ကြီးထွားနှုန်းက လျင်မြန်လှသည်။ ရှီလန်က မကြာသေးမီက လင်းယွမ်ကို မိခင်ကြယ်သို့ လိုက်ပို့ပေးခဲ့သည်။ ထိုအချိန်က နဂါးငွေ့တန်းကြယ်သခင်မှာ နဝမအလွှာကို ရောက်ခါစဖြစ်ပြီး ယခု မာဒိုခရီးသည်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

" ကြောက်စရာကောင်းလွန်းတယ်။ ငါတို့ လူသားမျိုးနွယ်ရဲ့ တကယ်ပြိုင်ဘက်ကင်းပါရမီရှင်ပဲ။ " ရှီလန်က တံတွေးများ မျိုချလိုက်သည်။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် သူက လင်းယွမ်ကို ထျန်းယုမျိုးနွယ်မှ နဝမအလွှာတစ်ယောက် လုပ်ကြံမည်ကို ကာကွယ်ပေးရန် ပြင်ဆင်ခဲ့ရသည်။ ယခုတော့ လင်းယွမ်က သူ့ကို ပြန်ကာကွယ်ပေးနေသည်။

လေဟာနယ်အလွှာများ၏ နက်ရှိုင်းသော နေရာတွင် လင်းယွမ်နှင့် မာဒိုခရီးသည်တို့က အပြန်အလှန်တိုက်ခိုက်နေကြသည်။

" နဂါးငွေ့တန်းကြယ်သခင် မင်းက ဒီလောက်သန်မာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ မင်းက ငါ့ကိုတောင် ဒဏ်ရာရအောင်လုပ်နိုင်လုနီးပါးပဲ။ " မာဒိုခရီးသည်က လင်းယွမ်ကို စိုက်ကြည့်နေသည်။

သူက နဂါးငွေ့တန်းကြယ်သခင်နှင့် လေဟာနယ်အလွှာများထဲသို့ ဝင်ရောက်ပြီး ရင်ဆိုင်လိုက်ချိန်တွင် မာဒိုခရီးသည်က သူ့အား ထိုးဖောက်လာသော စွမ်းအားတစ်ခုကို ခံစားခဲ့ရသည်။ သူ၏ ရှေးဟောင်းနတ်ဘုရား စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီဖြစ်သည်။

မာဒိုခရီးသည်၏ စိတ်ထဲတွင် သံသယများရှိနေသည်။ အနာဂတ်တွင် လင်းယွမ်က သူ့ကို ဖြတ်ကျော်နိုင်လျှင်တောင် ယခုအချိန်တွင် သူက ပို၍ သန်မာသည်ဟု ထင်ခဲ့သည်။ သို့သော် ယခု နောက်ဆုံးရင်ဆိုင်မှုအပြီးတွင် သူက နဂါးငွေ့တန်းကြယ်သခင်ကို အနိုင်မယူနိုင်မှန်း နားလည်သွားသည်။

သူက နဂါးငွေ့တန်းကြယ်သခင်ကို အနိုင်ယူနိုင်စွမ်းမရှိသည့်အပြင် ဆက်လက်တိုက်ခိုက်နေစဉ် နဂါးငွေ့တန်းကြယ်သခင်က အခွင့်အရေးတစ်ခု ဖမ်းဆုပ်မိသွားပါက သူ့အတွက် အန္တရာယ်ရှိနိုင်လေသည်။

" နှမြောစရာပဲ။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။

သူက လေဟာနယ်အလွှာများ ဖွင့်လှစ်ရာတွင် မာဒိုခရီးသည်လောက် များပြားခြင်းမရှိသေးပေ။ သို့သော် သူ၏ အတွင်းကမ္ဘာက မိုင်သန်းတစ်ရာကျော်ရှိသောကြောင့် ပေါက်ကွဲလာသော စွမ်းအားက အလွှာတစ်သန်းအဆင့်ကို ကျော်လွန်သွားခဲ့သည်။

သို့သော် မာဒိုခရီးသည်က အလွန်သတိကြီးပြီး ဒေါသထွက်နေသော်လည်း အသိစိတ်မလွတ်ဘဲ လင်းယွမ်ကို အထင်သေးခြင်းမရှိခဲ့ပေ။ မဟုတ်လျှင် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွင် သူက တစ်ဖက်လူကို ထိခိုက်စေနိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။

" နဂါးငွေ့တန်းကြယ်သခင် ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ " မာဒိုခရီးသည်က လင်းယွမ်၏ စွမ်းအားကို ကြည့်ပြီး ရတနာအား မရရှိနိုင်တော့မှန်း သိလိုက်သည်။

" ထျန်းယုမျိုးနွယ်က ဟွမ်ယိက မင်းကို နေရာတိုင်းမှာ လိုက်ရှာနေတယ်။ စစ်မြေပြင်က ရန်ငြိုးအတွက် မင်းရဲ့ ဒီကိုယ်ပွားကို သတ်ချင်လို့ပဲ။ " သူက ပြောလိုက်သည်။

" ဟွမ်ယိက ဒီခေတ်မှာ ထျန်းယုမျိုးနွယ်ရဲ့ အသန်မာဆုံး နဝမအလွှာ ဖြစ်ပြီး လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားတယ်။ မင်းက သန်မာပေမယ့် ဟွမ်ယိနဲ့ ရင်ဆိုင်ရရင် ထွက်ပြေးဖို့တောင် မလွယ်ဘူး။ " မာဒိုခရီးသည်က လင်းယွမ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် သတင်းအချို့ ပြောပြလိုက်သည်။ သူက လေဟာနယ်အလွှာထဲသို့ ဝင်ရောက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး လိုက်ဖမ်းခြင်းမရှိပေ။ အကြောင်းမှာ သူလိုက်မမီသောကြောင့် ဖြစ်သည်။ လေဟာနယ်အလွှာများ ပို၍ ဖွင့်နိုင်သည်နှင့် လေဟာနယ်အလွှာများထဲသို့ ပို၍ ပေါင်းစပ်နိုင်လေဖြစ်သည်။

ခွန်အားအရ သန်းတစ်ရာကျော်သော အတွင်းကမ္ဘာကြောင့် လင်းယွက ပို၍ သန်မာသော်လည်း အချို့ရှုထောင့်များတွင် အားနည်းနေဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် လျို့ဝှက်နည်းစနစ်များနှင့် ရတနာများ၏ အကူအညီနှင့် လေဟာနယ်အလွှာနည်းသူများက များသူများ၏ လက်ထဲမှ လွတ်မြောက်နိုင်လေသည်။ ဥပမာ ရှီလန်က မာဒိုခရီးသည်၏ လက်ထဲမှ ထိုနည်းလမ်းများဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

" ထျန်းယုမျိုးနွယ်က ဟွမ်ယိ..." လင်းယွမ်က မာဒိုခရီးသည်၏ သတိပေးချက်ကို သတိရပြီး သူ၏ အမူအရာက အနည်းငယ်လေးနက်သွားသည်။

သာမန်နဝမအလွှာတစ်ယောက်က လေဟာနယ်အလွှာ ဆယ်သန်းပဲ ဖွင့်ရန် လိုအပ်လေသည်။ ထို့အပြင် ၎င်းက ဒသမအလွှာသို့ တက်လှမ်းရန် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။ သို့သော် ဟွမ်ယိက အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားခဲ့သည်။

သူ၏ ခွန်အားက ပုံမှန်နဝမအလွှာများထက် များစွာသာလွန်နေသည်။ ဤတစ်ကြိမ် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော နဝမအလွှာများထဲတွင် ဟွမ်ယိက အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။

" ဒါပေမယ့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အကျယ်ကြီးပါ။ သူ ငါ့ကို ရှာတွေ့ဖို့ မလွယ်ပါဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။ သူက ဟွမ်ယိနှင့် မယှဉ်နိုင်သော်လည်း ဟွမ်ယိကလည်း လင်းယွမ်၏ တည်နေရာကို တိုက်ရိုက်ဖော်ထုတ်နိုင်စွမ်းမရှိပေ။

All Chapters