← Chapters

ထျန်းယုမျိုးနွယ်မှ ဟွမ်ယိ....

Vol. 30 Ch. 453

ထျန်းယုမျိုးနွယ်မှ ဟွမ်ယိ....

Vol. 30 Ch. 453

အစွမ်းထက်သူတိုင်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပင်မဒေသကို စိတ်ဝင်စားကြပြီး စူးစမ်းလေ့လာချင်ကြလေသည်။ ထို့ကြောင့် လင်းယွမ်က ပင်မဒေသထဲသို့ သွားရန် စီစဉ်ထားခြင်းက မထူးဆန်းပေ။

" ပင်မဒေသလား။ " ရှီယန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " ဒီတစ်ခေါက် ငါလည်း ပင်မဒေသထဲ ဝင်ဖို့ စီစဉ်ထားတယ်။ ငါတို့အတူတူသွားကြမလား။ "

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အကြိမ်များစွာ ဖွင့်လှစ်ခဲ့ပြီး ရှီယန်က အကြိမ်များစွာ ဝင်ရောက်ခဲ့သော်လည်း အပြင်ဘက်နှင့် အတွင်းဘက် ဒေသများတွင်သာ လှည့်ပတ်သွားလာခဲ့သည်။ သူက ပင်မဒေသထဲသို့ မသွားရသေးပေ။

" နဂါးငွေ့တန်းကြယ်သခင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မင်းနဲ့ မယှဉ်နိကဂ်ပေမယ့် လွတ်မြောက်နိုင်စွမ်းကတော့ မဆိုးပါဘူး။ " ရှီလန်က တက်ကြွစွာ ပြောလိုက်သည်။

အလွှာတစ်သန်းအဆင့်နှင့် နီးကပ်နေသော မာဒိုခရီးသည် လိုက်ဖမ်းချိန်ကပင် ရှီလန်က လွတ်မြောက်အောင် ပြေးနိုင်ခဲ့သည်။

" ကောင်းပြီ။ " လင်းယွမ်က လက်ခံလိုက်သည်။

ပင်မဒေသက ဝေးကွာနေဆဲ ဖြစ်သည်။ ကျယ်ပြောသော အတွင်းဘက်ဒေသကို ဖြတ်ကျော်ရန်ပင် ဆယ်နှစ်မှ နှစ်နှစ်ဆယ်ထိ ကြာနိုင်လေသည်။ ထိုအချိန်တွင် အဖော်တစ်ယောက်ရှိခြင်းက မဆိုးပေ။ ခေါ်သံလာရာသို့ ရောက်လျှင်တောင် လင်းယွမ်က အကြောင်းပြချက်တစ်ခုရှာပြီး ရှီလန်နှင့် လမ်းခွဲနိုင်လေသည်။

နဂါးငွေ့တန်းပင်မကြယ်....

လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး သူ၏ မျက်နှာက ပျော်ရွှင်သော အမူအရာနှင့် ရှိနေသည်။

" တကယ်အမြတ်ရလိုက်တာပဲ။ " လင်းယွမ်က သူ၏ စိတ်ထဲရှိ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဆုံမှတ်များကို ကြည့်လိုက်သည်။

သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရသည့် အကြောင်းရင်းမှာ ခေါ်သံကြောင့်ဖြစ်ပြီး အခြားကြီးမားသော အကျိုးအမြတ်တစ်ခု ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အခြားဒိုင်မန်ရှင်းမှ ကမ္ဘာဆုံမှတ်များက ကြီးမြတ်သူတစ်ယောက်အတွက်ပင် အသုံးမဝင်ပေ။ သူတို့က ဒိုင်မန်ရှင်းတစ်ခု၏ အတားအဆီးများကို ထိုးဖောက်နိုင်စွမ်းမရှိပေ။

သို့သော် လင်းယွမ်က မတူပေ။ အနန္တကမ္ဘာများ၏ အကူအညီနှင့် သူက မည်သည့်ကမ္ဘာကိုမဆို အလွယ်တကူ ဆင်းသက်နိုင်လေသည်။

ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတစ်မျှင်တည်းဖြင့် ကျပန်းဆင်းသက်မှုကို ပြုလုပ်နိုင်လေသည်။ သို့သော် လင်းယွမ်က သန်မာလာသည်နှင့်အမျှ ကျပန်းဆင်းသက်မှုကလည်း အားနည်းချက်များ ရှိလာသည်။

ပထမအလွှာနှင့် ဒုတိယအလွှာတွင် သူက မည်သည့်ကမ္ဘာသို့ ဆင်းသက်သည်ဖြစ်စေ သူ့အတွက် အထောက်အကူ ဖြစ်နိုင်လေသည်။ သို့သော် သတ္တမအလွှာ၊ အဋ္ဌမအလွှာနှင့် နဝမအလွှာတို့တွင် လင်းယွမ်ကို အကူအညီပေးနိုင်သော ကမ္ဘာများက နည်းသွားလေသည်။

ထို့ကြောင့်လည်း လင်းယွမ်က ရှစ်ကြိမ်မြောက် ဆင်းသက်ခြင်းတွင် စိတ်ဝိညာဉ်ကမ္ဘာကို တိုက်ရိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

" ဒီကမ္ဘာက ဘယ်အဆင့်လောက်ရှိမလဲ ကြည့်ရအောင်။ " လင်းယွမ်က ဂိတ်တံခါး၏ အောက်ခြေမှ ကမ္ဘာဆုံမှတ်ကို စစ်ဆေးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရှိ အခွင့်အလမ်းနေရာပိုင်ရှင်က ဧကရာဇ်၏ နောက်လိုက်တစ်ယောက်ဖြစ်သောကြောင့် သူ၏ ကမ္ဘာကိုလည်း လင်းယွမ်က အတော်လေး မျှော်လင့်ထားလေသည်။ ကြီးမြတ်သူတစ်ယောက်၏ နောက်လိုက်က အားနည်းမည်မဟုတ်ပေ။

လင်းယွမ်က သူ၏ စိတ်အသိမျှင်တစ်ခုကို ကမ္ဘာဆုံမှတ်ဆီသို့ ပို့လွှတ်ပြီးနောက် ကျယ်ပြောသော ကမ္ဘာတစ်ခုဘေးသို့ ရောက်လာသည်။

" ဒီကမ္ဘာက..." လင်းယွမ်က ဂရုတစိုက် လေ့လာနေသည်။

လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဖြတ်ပြီး အခြားကမ္ဘာသို့ ကြည့်ရှုနိုင်လေသည်။ ယခင်ဆင်းသက်မှုတွင် လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာကို ကြည့်လိုက်ချိန်တွင် အထက်မှ အင်မော်တယ်ကမ္ဘာကိုလည်း မြင်ခဲ့ရသည်။

ခဏကြာသောအခါ လင်းယွမ်၏ စိတ်အသိက ပျောက်ကွယ်သွားသည်။

" ဒီကမ္ဘာက ပင်မကမ္ဘာနဲ့ယှဉ်ရင် အချိန်စီးဆင်းမှုက တစ်ကို နှစ်ရာ သုံးရားလောက်လား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အချိန်စီးဆင်းမှုကွာခြားချက်အရ ထိုကမ္ဘာ၏ အဆင့်က ပင်မစကြာဝဠာနှင့် တစ်နှစ်လျှင် နှစ်ငါးရာလောက်ကွာသော စိတ်ဝိညာဉ်ကမ္ဘာထက် ပိုအဆင့်မြင့်သည်ကို သိနိုင်လေသည်။

" ဒီကမ္ဘာက နည်းနည်းထူးခြားသလိုပဲ။ " လင်းယွမ်က စဉ်းစားနေသည်။ " ငါ ကိုးကြိမ်မြောက် ဆင်းသက်မှုအတွက် အဲ့ဒီကမ္ဘာကိုလည်း ဆင်းသက်နိုင်တယ်။ "

သူက အင်မော်တယ်ကမ္ဘာ၏ ဆုံမှတ်များကို သိသော်လည်း ထိုကမ္ဘာတွင် ကြီးမြတ်သူများနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုများ ရှိနေလေသည်။ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးအပြင် အခြားတာအိုဘိုးဘေးများ ရှိနိုင်လားဆိုတာ လင်းယွမ်မသိပေ။

အင်မော်တယ်ကမ္ဘာ၏ အဆင့်က လင်းယွမ်အတွက် အနည်းငယ် မြင့်နေသည်။ အနာဂတ်တွင် သူက ဒသမအလွှာနှင့် အထက်အဆင့်များကို ရောက်မှ စဉ်းစားနိုင်လေသည်။ ယခုအချိန်တွင် အခြားရွေးချယ်စရာရှိနေခြင်းက ပိုကောင်းလေသည်။

ထျန်းယုမျိုးနွယ်၏ နယ်မြေ။ ကြီးမားသော ဂြိုလ်တစ်ခုပေါ်တွင်။

ထျန်းယုမျိုးနွယ်၏ အသန်မာဆုံး နဝမအလွှာဖြစ်သော ဟွမ်ယိက မျက်လုံးများ ဖွင့်လိုက်သည်။

" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ ဘယ်နေရာမှာများရှိနေတာလဲ။ "

ဟွမ်ယိက မျက်မှောင်ကြုတ်နေသည်။ နဂါးငွေ့တန်းကြယ်သခင်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသည်ကို သိသောအခါ ဟွမ်ယိက စတင်ရှာဖွေခဲ့သည်။

စစ်မြေပြင် B0001 တွင် နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်၏ အဋ္ဌမအလွှာ တားဆီးမရသူများကို ကြက်များသဖွယ် သတ်ဖြတ်ခဲ့သည်။ ထိုအရှက်ရစရာက ထျန်းယုမျိုးနွယ်မှ အစွမ်းထက်သူများကို ဒေါသထွက်စေခဲ့သည်။ ဟွမ်ယိလည်း အပါအဝင် ဖြစ်သည်။

ပင်မစကြာဝဠာတွင် နဂါးငွေ့တန်းကြယ်သခင်က ကြီးမြတ်သူတစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေလေသည်။ ထို့ကြောင့် ဟွမ်ယိက လှုပ်ရှားရန် အခွင့်အရေးမရှိပေ။

အနာဂတ်တွင် လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို စစ်မြေပြင်ကြီးသို့ ဝင်ခွင့်ပေးမပေး မသေချာပေ။ ဝင်ခွင့်ပေးခဲ့လျှင်တောင် သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို လက်စားချေရန်အတွက် နောက်ဆုတ်နိုင်မည့်လမ်းကြောင်းများကို ကြိုတင်စီစဉ်ရပေလိမ့်မည်။

" ဟမ် တစ်ယောက်ယောက်က နဂါးငွေ့တန်းကြယ်သခင်နဲ့ မာဒိုခရီးသည်တို့ ထိပ်တိုက်ရင်ဆိုင်နေတာကို မြင်ခဲ့တာလား။ " ဟွမ်ယိက မာဒိုခရီးသည်နှင့် ဆက်သွယ်လိုက်သည်။

ထျန်းယုမျိုးနွယ်နှင့် မာဒိုခရီးသည်၏ ရှေးဟောင်းနတ်ဘုရားဘိုးဘေးတို့က ဆက်ဆံရေးကောင်းများ ရှိလေသည်။ မကြာမီ မာဒိုခရီးသည်၏ ပုံရိပ်က ဟွမ်ယိ၏ ရှေ့တွင် ပေါ်လာသည်။

" မာဒို " ဟွမ်ယိက မာဒိုခရီးသည်ကို ကြည့်လိုက်သည်။ " မင်း နဂါးငွေ့တန်းကြယ်သခင်နဲ့ ရင်ဆိုင်ခဲ့တယ်လို့ ငါကြားတယ်။ "

" သိပ်မကြာသေးခင်ကပါ။ ငါ ရတနာတစ်ခုကြောင့် နဂါးငွေ့တန်းကြယ်သခင်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ " မာဒိုခရီးသာ်က ငြင်းဆိုခြင်းမရှိဘဲ ပြောလိုက်သည်။

" မင်းနဲ့ ရင်ဆိုင်ခဲ့တာဆိုတော့ မာဒို မင်းဂဲ့ နည်းစနစ်တွေနဲ့ဆိုရင် ကြောင်းကျိုးနိယာမကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်ရဲ့ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်တယ်မဟုတ်လား။ " ဟွမ်ယိက ဆက်လက်မေးမြန်းလိုက်သည်။

မာဒိုခရီသည်က နဂါးငွေ့တန်းကြယ်သခင်နှင့် ရင်ဆိုင်ခဲ့ပြီး ကြီးမားသော ကြောင်းကျိုးဆက်နွယ်မှုကို ဖန်တီးခဲ့သည်။ ထိုကြောင်းကျိုးဆက်နွယ်မှုကို အသုံးချပြီး ပြိုင်ဘက်၏ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။

ထိုသို့ပြုလုပ်ခြင်းကလည်း ခွန်အား တူညီသူများတွင်သာ ဖြစ်သည်။ လင်းယွမ်သတ်ဖြတ်ခြင်း ခံလိုက်ရသော ထျန်းယုမျိုးနွယ်မှ အဋ္ဌမအလွှာ တားဆီးမရသူများက နဝမအလွှာ၏ အကြောင်းအကျိုးကို အဋ္ဌမအလွှာနှင့် ချိတ်ဆက်နိုင်လေသည်။ သို့သော် အကြောင်းအကျိုးများ၏ တန်ပြန်သက်ရောက်မှုကို ခံရပေလိမ့်မည်။

" အဲ့ဒါက..." မာဒိုခရီးသည်က တုန့်ဆိုင်းသွားသည်။

" စိတ်ချပါ။ မင်း နဂါးငွေ့တန်းကြယ်သခင်ရဲ့ တည်နေရာကို ပြောပြရုံပါပဲ။ ငါ မင်းကို ကောင်းကောင်းပေးမှာပါ။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။

" ဟွမ်ယိ ငါမင်းကို မပြောပြချင်တာမဟုတ်ဘူး။ တကယ်တော့ ငါလည်း မသိလို့ပါ။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ကြောင်းကျိုးနိယာမတွေမှာ အရမ်းကျွမ်းကျင်တယ်။ ငါသူ့ရဲ့ တည်နေရာကို သတ်မှတ်လို့မရနိုင်ဘူး။ " မာဒိုခရီးသည်က ခေါင်းခါလိုက်သည်။

" မင်းထက်တောင် ကြောင်းကျိုးနိယာမ​တွေမှာ ကျွမ်းကျင်တယ်ပေါ့။ " ဟွမ်ယိက အံ့အားသင့်သွားသည်။

" မှန်တယ်။ " မာဒိုခရီးသည်က ခေါင်းညိမ့်လိုက်သည်။

" ဒီလိုဆိုရင်တော့ ထားလိုက်ပါတော့။ " ဟွမ်ယိက မာဒိုခရီးသည်ကို သံသယမဝင်ဘဲ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

စကြာဝဠာ၏ အခြားတစ်နေရာတွင် မာဒိုခရီးသည်က သက်ပြင်းချလိုက်သည်။

" ဘိုးဘေး ဟွမ်ယိကို ဒီလိုလှည့်စားတာ တကယ်ပဲ အဆင်ပြေရဲ့လား။ " မာဒိုခရီးသည်က ဘေးသို့ ကြည့်ပြီး မေးလိုက်သည်။

ဘေးတွင် ကြီးမားသော ပုံရိပ်တစ်ခု ထိုင်နေပြီး သူက မာဒိုခရီးသည်၏ ရှေးဟောင်းနတ်ဘုရားဘိုးဘေးပင် ဖြစ်သည်။ လင်းယွမ်နှင့် ရင်ဆိုင်ပြီးနောက် မာဒိုခရီးသည်က ထိုအကြောင်းကို သူ၏ ဘိုးဘေးအား ပြောပြခဲ့သည်။

လင်းယွမ်၏ အရည််အချင်းများက ကြောက်စရာကောင်းလှသည်။ သို့သော် ဟွမ်ယိကလည်း သူ့ခေတ်တွင် အသန်မာဆုံး နဝမအလွှာတစ်ယောက်ဖြစ်လေသည်။

မာဒိုခရီးသည်က ဆုံးဖြတ်ချက်မချနိုင်သောအခြေအနေတွင် သူ၏ ဘေးမှ ရှေးဟောင်းနတ်ဘုရားဘိုးဘေးက လင်းယွမ်၏ တည်နေရာကို မထုတ်ဖော်ရန် ပြောခဲ့သည်။

" လှည့်စားတာ မင်းက ဘာကိုလှည့်စားနေလို့လဲ။ " ရှေးဟောင်းနတ်ဘုရားက မာဒိုခရီးသည်ကို ကြည့်လိုက်သည်။

" ငါ မင်းရဲ့ ဘိုးဘေး စကြာဝဠာတွေထဲ လှည့်ပတ်နေတုန်းက ဘာကိုအားကိုးခဲ့လဲ သိလား။ အဲ့ဒါ ထိုးထွင်းသိမြင်နိုင်စွမ်းပဲ။ "

ရှေးဟောင်းနတ်ဘုရားဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။ " အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က မင်းပြောတဲ့အတိုင်းဆိုရင် ကောလဟာလတွေထက်တောင် ပိုသာသေးတယ်။ သူက နဝမအလွှာကို ရောက်တာ မကြောသေးဘဲ မင်းနဲ့ ရင်ဆိုင်နိုင်စွမ်းရှိနေပြီ။ "

" ဒါပေမယ့် ဟွမ်ယိက..." မာဒိုခရီးသည်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်က ကြောင်းကျိုးနိယာမများတွင်လည်း ကျွမ်းကျင်သည်ဟူသော အကြောင်းပြချက်ဖြင့် ဟွမ်ယိကို ငြင်းဆိုခဲ့သည်။ ၎င်းက အလွယ်တကူ သက်သေပြနိုင်သောအရာ ဖြစ်သည်။ ကြောင်းကျိုးနိယာမများကို ကျွမ်းကျင်သော နဝမအလွှာတစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်နှင့် တိုက်ခိုက်ရန်သာ လိုအပ်လေသည်။

ထို့နောက် ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး နဂါးငွေ့တန်းကြယ်သခင်က ကြောင်းကျိုးနိယာမများတွင် ကျွမ်းကျင်လားဆိုတာ စစ်ဆေးနိုင်လေသည်။

All Chapters