← Chapters

လင်းယွမ်၏ တိုးတက်မှု...

Vol. 30 Ch. 454

လင်းယွမ်၏ တိုးတက်မှု...

Vol. 30 Ch. 454

" အဲ့ဒီဟွမ်ယိက အများဆုံး ဒသမအလွှာထဲကိုပဲ ဝင်ရောက်နိုင်လိမ့်မယ်။ ဒါပေမယ့် လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို အလေးထားတဲ့ပုံကို ကြည့်ရင် သူက အလွှာဆယ့်တစ်ကို ရောက်နိုင်ခြေအရမ်းများတယ်။ "

" မင်းက ဟွမ်ယိကို ဆန့်ကျင်မိရင် မင်းရဲ့ ဘိုးဘေးက မင်းကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် မင်းသာ နဂါးငွေ့တန်းကြယ်သခင်ကို ဆန့်ကျင်မိရင် မင်းဘိုးဘေး ငါတောင် အနာဂတ်မှာ မင်းကြောင့် ထိခိုက်နိုင်တယ်။ "

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ့်ငါးနှစ်ကြာသွားခဲ့သည်။

နဂါးငွေ့တန်းပင်မကြယ်၊ ကြယ်သခင်၏ ခန်းမထဲတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ ရှေ့မှ နေရာငယ်တစ်ခုတွင် လေဟာနယ်က တုန်ခါနေပြီး အချိန်က တွန့လိမ်နေသည်။ ထိုနေရာတွင် အချိန်စီးဆင်းမှုက နှေးသွားလိုက် မြန်လာလိုက်ဖြစ်နေသည်။

" လွန်ခဲ့တဲ့ ကိုးနှစ်က အချိန်နိယာမကို နားလည်ပြီးတဲ့နောက်ပိုင်း နားလည်မှုအရှိန်က ပိုပြီးနှေးလာတယ်။ " လင်းယွမ်က အချိန်စီးဆင်းမှုပြောင်းလဲမှုများကို ကြည့်လိုက်သည်။ " နဝမအလွှာမှာ အချိန်နိယာမကို အပြည့်အဝ နားလည်ဖို့ မျှော်လင့်ချက်မရှိဘူး ထင်တယ်။ "

" ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့တောင် နှစ်တစ်သိန်းကနေ နှစ်သိန်းပေါင်းများစွာ ကြာနိုင်တယ်။ ဒီနှုန်းတဲ့ဆိုရင်တော့ ကြီး​မြတ်သူအဆင့်ကို ရောက်မှ နားလည်နိုင်လောက်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။

ပုံမှန်အားဖြင့် နဝမအလွှာသို့ ရောင်လာသူများက အချိန်နိယာမအပေါ် သူတို့၏ အားထုတ်မှုများ မြှုပ်နှံခြင်းမရှိကြပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိသည့် လင်းယွမ်ပင် အချိန်နိယာမ၏ အခြေခံကို နားလည်ပြီးနောက် အပြည့်အဝ နားလည်ရန် နှစ်တစ်သိန်း ကြာလိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။

ထိုနှစ်တစ်သိန်းက နဝမအလွှာတွင် ရှိနေချိန်ကို ရည်ညွှန်းခြင်းဖြစ်သည်။ လင်းယွမ်က ပို၍ မြင့်မားသော အဆင့်များသို့ ရောက်သည်နှင့် နားလည်မည့်အချိန်ကလည်း လျော့နည်းသွားပေလိမ့်မည်။

" တကယ်တော့ လေဟာနယ်နိယာမနဲ့ယှဉ်ရင် အချိန်နိယာမရဲ့ သက်ရောက်မှုက မရှိသလောက်ပဲ။ ဒါက ကိုယ့်ရဲ့ အခြေခံအုတ်မြစ်နဲ့ ချိတ်ဆက်နေတာဆိုတော့ အသက်အနှစ်သာရ မလုံလောက်ရင် အသုံးမဝင်သလောက်ပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ဥပမာ ယခင် အလွှာဆယ့်တစ်သက်ရှိအချို့က အချိန်နိယာမကို နားလည်ခဲ့ကြသည်။ သို့သော် ထိုအလွှာဆယ့်တစ်များက အချိန်မြစ်ထဲသို့ ဝင်ရောက်ပြီး အတိတ်က သေဆုံးသွားသူများကို ပြန်လည်ရှင်သန်စေရန် စီးဆင်းမှုကို ဆန့်ကျင်ရဲခြင်းမရှိကြပေ။

အနိမ့်ဆုံးဆဋ္ဌမအလွှာကိုပင် ပြန်လည်ရှင်သန်အောင် မလုပ်ရဲကြပေ။ သူတို့က လုပ်နိုင်စွမ်းရှိပြီး မလုပ်ရဲခြင်းသာ ဖြစ်သည်။ အကြောင်းမှာ ၎င်းက ပင်မစကြာဝဠာ၏ နိယာမများကို ဆန့်ကျင်နေသောကြောင့် ဖြစ်ပြီး ထိုသို့လုပ်လိုက်သည်နှင့် စကြာဝဠာ၏ တန်ပြန်သက်ရောက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။

ကြီးမြတ်သူတစ်ယောက်၏ အသက်အနှစ်သာရက အလွန်နက်ရှိုင်းလှသည်။ ပြန်လည်ရှင်သန်မှုကြောင့် ဖြသ်ပေါ်လာသော တန်ပြန်သက်ရောက်မှုကို ခံနိုင်ရည်ရှိလေသည်။

ယခု လင်းယွမ်က အချိန်နိယာမကို စတင်နားလည်ပြီဖြစ်သောကြောင့် သူက အချိန်ကို မြန်ခြင်းနှင့် နှေးခြင်းတို့ကို လုပ်ဆောင်နိုင်လေသည်။ ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုနှင့်ယှဉ်လျှင် အများဆုံး သုံးဆအထိသာ ရရှိနိုင်လေသည်။

အချိန်ကို မြန်သည်ဖြစ်စေ နှေးသည်ဖြစ်စေ အသက်နှစ်ဆယ်ရှူချိန်သာ ထိန်းထားနိုင်ပြီး ခန္ဓာကိုယ်ပတ်လည် သုံးမိုင်ထက် ကျော်လွန်သွားလျှင်တော့ အချိန်က သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။

ခန္ဓာကိုယ်အပြင်ဘက်တွင် အချိန်စီးဆင်းမှုကို နှေးကွေးအောင် လုပ်ခြင်းက အပြင်ဘက်တွင် တစ်နှစ်က မိမိအတွက် တစ်ရက်ဖြစ်အောင် လုပ်ခြင်းဖြစ်သည်။ ၎င်းက အသက်ရှည်ခြင်းတစ်မျိုးဖြစ်သည်။

အချိန်စီးဆင်းမှုနှုန်းက ပင်မစကြာဝဠာနှင့် ကွဲပြားသွားလျှင် နိယာမများစွာနှင့် မဟာတာအိုကို ခံစားနိုင်ခြင်းက ရှင်းလင်းတော့မည်မဟုတ်ပေ။

အချိန်က နိယာမများထဲမှ အဓိကအုတ်မြစ်တစ်ခုဖြစ်သည်။ အချိန်နိယာမ၏ ကောင်းချီးပေးမှုကြောင့်သာ သက်ရှိများက မဟာတာအို၏ နိယာမအမျိုးမျိုးကို သိမြင်နိုင်ခြင်းဖြစ်သည်။

အကယ်၍ အချိန်စီးဆင်းမှုက ပင်မစကြာဝဠာနှင့် မတူညီတော့လျှင် နိယာမများ၏ လည်ပတ်မှုလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အချိန်စီးဆင်းမှုအတွင်း မဟာတာအို၏ နိယာမလည်မှုအသစ်တစ်ခုကို တည်ဆောက်နိုင်လျှင်တော့ တစ်မျိုးဖြစ်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ... " လင်းယွမ်က လေဟာနယ်၏ အနက်ရှိုင်းဆုံးသို့ ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း ထိုက်ယန်မူလစိတ်ဝိညာဉ်က အတွင်းပိုင်းဒေသကို သွားခဲ့ပြီး အများဆုံး နောက်ထပ် ငါးနှစ် ခြောက်နှစ်အတွင်း ပင်မဒေသကို ဝင်နိုင်ပေလိမ့်မည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လင်းယွမ်နှင့် ရှီလန်တို့က ခရီးဆက်နေကြသည်။ ရှီလန်နှင့် ခရီးသွားခြင်းက သူ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေခဲ့သည်။

ရှီလန်၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်သာဖြစ်သော်လည်း သူက လေဟာနယ်အလွှာများကြား ကူးပြောင်းရာတွင် အလွန်ကျွမ်းကျင်လေသည်။ သူ၏ အကူအညီနှင့် သူတို့က အတားအဆီးများစွာကို ရှောင်ရှားနိုင်ခဲ့သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်တာ နှစ်နှစ်ဆယ်ကြာသွားပြီ။ " ရှီလန်က လေးနက်စွာ ပြောလိုက်သည်။

" ငါနဲ့အတူ လျို့ဝှက်နယ်မြေထဲ ဝင်ခဲ့တဲ့ မိတ်ဆွေအများစုလည်း သေဆုံးသွားခဲ့ပြီ။ ငါက မင်းရဲ့ အကြံအတိုင်း အခွင့်အလမ်းနေရာတွေနဲ့ ဝေးဝေးသာ မနေခဲ့ရင် အခုချိန် အန္တရာယ်ထဲ ရောက်နေလောက်ပြီ။ " ရှီလန်က သက်ပြင်းချလိုက်သည်။

အခွင့်အလမ်းနေရာများက ရတနာများအပြင် အန္တရာယ်များလည်း ရှိနေသည်။ မျိုးနွယ်ခြားသန်မာသူများက ထိုနေရာများသို့ အဓိကသွားသောကြောင့် ရတနာများလုယက်ချိန်တွင် မျိုးနွယ်ခြားသန်မာသူများ၏ လက်ထဲတွင် သေဆုံးနိုင်လေသည်။

" အမှန်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

နှစ်နှစ်ဆယ်အတွင်း လင်းယွမ်က အခြားနဝမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် တွေ့ဆုံခဲ့ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သတင်းများကို ရရှိခဲ့သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဘယ်နေရာမှ မလုံခြုံဘူး။ အကျိုးအမြတ်ရထားတဲ့သူတွေက အသက်ရှင်ရက်ပြန်ထွက်နိုင်ဖို့ အပြင်ဘက်ဒေသတွေမှာ ပုန်းနေကြပေမယ့် အလွှာတစ်သန်းအဆင့်နဲ့ အလွှာဆယ်သန်းအဆင့် နဝမအလွှာ မျိုးနွယ်ခြားတွေက အပြင်ဘက်ဒေသတွေကို ရှင်းလင်းဖို့ သွားနေကြပြီ။ "

လင်းယွမ်က ၎င်းကို အံ့ဩခြင်းမရှိပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်သည်မှ နှစ်နှစ်ဆယ်ကျော်ကြာပြီဖြစ်သောကြောင့် ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်သူများက အကျိုးအမြတ်များ ရရှိထားသည်မှာ သေချာလေသည်။ ထို့ကြောင့် သူတို့က နဝမအလွှာ သန်မာသူများ၏ အမဲလိုက်မည့် ပစ်မှတ်များ ဖြစ်လာခဲ့သည်။

မည်သည့်နေရာတွင်ဖြစ်စေ ရတနာများကို လိုက်ရှာထြင်းထက် ရတနာများရရှိထားသူများကို လိုက်ရှာခြင်းက ပိုကောင်းလေသည်။

ပင်မစကြာဝဠာထဲတွင် နဝမအလွှာတစ်ယောက်ကို အမဲလိုက်ချင်လျှင် သူ၏ မျိုးနွယ်က ကူညီမလားဟူသော အချက်များကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ အရေးကြီးဆုံးမှာ နဝမအလွှာကို သတ်လိုက်လျှင်တောင် ကိုယ်ပွားတစ်ခုသာဖြစ်ပြီး တန်ဖိုးကြီးသော ရတနာများကို သယ်ဆောင်လာမည်မဟုတ်ပေ။

သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မတူပေ။ ယခုအချိန်ထိ အသက်ရှင်နေကြသော နဝမအလွှာ သက်ရှိများက အလွှာတစ်သန်းနှင့် အလွှာဆယ်သန်းအဆင့် နဝမအလွှာများအတွက် လမ်းလျှောက်နေသော ရတနာသိုက်များ ဖြစ်ကြသည်။ တစ်ယောက်သတ်ရုံနှင့် ရတနာများစွာကို ရရှိနိုင်ပေလိမ့်မည်။

အခွင့်အလမ်းနေရာများကို မသွားသော လင်းယွမ်ပင် ရတနာအချို့ စုမိနေပြီး အခြားအစွမ်းထက်သူများဆို ပြောစရာပင် မလိုပေ။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲ ဝင်ပြီးရင် ပိတ်ခံနီးမှ ထွက်လို့ရတယ်။ အပြင်ဘက်ဒေသမှာ ရှိနေရင်တော့ အလိုအလျောက် ထုတ်ပယ်ခံရလိမ့်မယ်။ "

ပင်မစကြာဝဠာတွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်နိုင်သော ဝင်ပေါက် ၃၃၃ခု ရှိသော်လည်း ၎င်းတို့က ဝင်ပေါက်များသာ ဖြစ်ပြီး ထွက်ပေါက်များမဟုတ်ပေ။ နယ်မြေပိတ်မည့်နေ့ရောက်လျှင် အပြင်ဘက်ဒေသကို သွားရမည်ဖြစ်ပြီး အပြင်ဘက်ဒေသတွင်မရှိလျှင် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အတွင်း မင်းတိုးတက်မှုအချို့ ရှိခဲ့တယ်မဟုတ်လား။ " ရှီလန်က သိလိုစိတ်နှင့် မေးလိုက်သည်။

အခြားနဝမအလွှာများဆိုလျှင် ရှီလန်က ထိုမေးခွန်းမျိုး မေးမည်မဟုတ်သော်လည်း ယခုက လင်းယွမ်ဖြစ်သည်။ လင်းယွမ်၏ တိုးတက်မှုအရှိန်ကို သူက မြင်တွေ့ခဲ့ပြီဖြစ်သည်။

ဆယ်စုနှ်အချို့တွင် လင်းယွမ်က စစ်မြေပြင်ရှိ အဋ္ဌမအလွှာ တားဆီးမရသူများနှင့် တိုက်ခိုက်နေဆဲ ဖြစ်ပြီး မကြာမီ သူက အလွှာတစ်သန်းအဆင့်နှင့် နီးကပ်နေသော မာဒိုခရီးသည်နှင့် ရင်ဆိုင်နိုင်ခဲ့သည်။ ၎င်းက လွန်ခဲ့သော ဆယ့်ငါးနှစ်မှ ဖြစ်သည်။

" အင်း ငါ တိုးတက်မှုအချို့တော့ ရှိခဲ့ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြန်ပြောလိုက်သည်။

" ဒါက ထူးဆန်းလွန်းတယ်။ " ရှီလန်က သက်ပြင်းချလိုက်သည်။ လင်းယွမ်နှင့် တစ်ခေတ်တည်းနေရခြင်းက ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိတော့ပေ။

လင်းယွမ်၏ တိုးတက်မှုများမှ ပထမတစ်ခုမှာ နဝမအလွှာများပင် နားမလည်နိုင်သော အချိန်နိယာမဖြစ်သည်။ လင်းယွမ်က နဝမအလွှာဖြစ်သည့်အပြင် နှစ်ပေါင်းနှစ်ဆယ် သုံးဆယ်အတွင်း အချိန်နိယာမနှင့် ထိတွေ့နိုင်ခဲ့သည်။

ဒုတိယမှာ လေဟာနယ်အလွှာများဖြစ်ပြီး ဆယ့်ငါးနှစ်အတွင်း လင်းယွမ်က လေဟာနယ်အလွှာ ၁၉၈၀၀၀ထိ ဖွင့်လှစ်နိုင်ခဲ့သည်။

အလွှာတစ်သိန်းအဆင့်မှာပင် လင်းယွမ်၏ လေဟာနယ်အလွှာများက အားနည်းသည်ဟု ပြော၍ မရပေ။ မိုင်သန်းတစ်ရာကျော် ကျယ်ဝန်းသော အတွင်းကမ္ဘာနှင့် ပေါင်းစပ်လိုက်သောအခါ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက လေဟာနယ်အလွှာနှစ်သန်းဖွင့်ထားသူနှင့် ယှဉ်နိုင်သွားသည်။

ထို့အပြင် လင်းယွမ်က အခါအားလျော်စွာ ကြီးမြတ်သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာနေခဲ့သည်။ ထိုနတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လင်းယွမ်အတွက် အကျိုးရှိပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်အဆင့်ကိုလည်း မြှင့်တင်ပေးနိုင်လေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင် အဓိကအဖွဲ့ဝင်များပြီးနောက် ပင်မအဖွဲ့ဝင်များဖြစ်သည်။ သာမန်အဖွဲ့ဝင်များနှင့်ယှဉ်လျှင် ပင်မအဖွဲ့ဝင်များက စစ်မှန်သော အခွင့်အာဏာကို ပိုင်ဆိုင်ကြလေသည်။

All Chapters