← Chapters

ဟွမ်ယိနှင့် တွေ့ဆုံခြင်း....

Vol. 30 Ch. 455

ဟွမ်ယိနှင့် တွေ့ဆုံခြင်း....

Vol. 30 Ch. 455

အနာဂတ်တွင် မျိုးနွယ်ခြားများက နတ်ဆိုးကျောက်စိမ်းအမှတ်အသားကို အသုံးပြုပြီး နတ်ဆိုးကျောက်စိမ်းနေရာသို့ ရောက်လာခဲ့လျှင် လင်းယွမ်က ပင်မအဖွဲ့ဝင်၏ အခွင့်အာဏာကို အသုံးပြုပြီး သူတို့ကို နှင်ထုတ်နိုင်လေသည်။ ထိုအခါ မျိုးနွယ်ခြားများက နတ်ဆိုးကျောက်စိမ်းနေရာမှ အကျိုးအမြတ်များ ရရှိနိုင်တော့မည်မဟုတ်ပေ။

သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်အတွင်း အဖွဲ့ဝင်အဆင့်ကို ဆက်လက်မြှင့်တင်ခြင်းဖြင့် နောက်ဆုံးတွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်ကို ထိန်းချုပ်ပြီး ၎င်း၏ သခင်အသစ်ပင် ဖြစ်လာနိုင်လေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးကျောက်စိမ်းမျှော်စင်က ကျဆင်းသွားခဲ့ပြီး အဖွဲ့ဝင်များစွာက ပုန်းအောင်းနေကြသော်လည်း ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်နေသည်။ အနက်ရောင်မျှော်စင်ထဲမှ ဆုလာဘ်ရတနာများကပင် လင်းယွမ်ကို ဆွဲဆောင်နိုင်လျှင် မျှော်စင်ကိုယ်တိုင်ဆို ပြောစရာပင် မလိုတော့ပေ။

နောက်တစ်ခုမှာ ဆန်းကြယ်သော ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူခြင်းဖြစ်သည်။ ယခု လင်းယွမ်က ခြောက်ရောင်မြောက် အပြာရောင်အရည်ကို စတင်စုပ်ယူခဲ့ပြီး များစွာ တိုးတက်လာခဲ့သည်။ သူ၏ အတွင်းကမ္ဘာက မိုင်သန်း ၁၈၀သို့ ရောက်လာခဲ့သည်။

ထို့အပြင် အတွင်းကမ္ဘာထဲတွင် လေဟာနယ်အလွှာများကို ဖွင့်ခြင်းနှင့် အလွှာတစ်ခုစီ၏ စွမ်းအားကို မြှင့်တင်ခဲ့သည်။ ၎င်းက လင်းယွမ်၏ ခွန်အားကို ပြောင်းလဲစေခဲ့သည်။

အတွင်းကမ္ဘာ မိုင်သန်း ၁၈၀က လင်းယွမ်၏ မူလခန္ဓာကိုယ်နှင့်သာ အောင်မြင်သေးသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ရှိသော ထိုက်ယန်မူလစိတ်ဝိညာဉ်က ယခင်အတိုင်းသာ ရှိနေသေးသည်။

အမှန်တော့ ထိုက်ယန်မူလစိတ်ဝိညာဉ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဖြတ်ပြီး ဘူးသီးခြောက်ကို ယူနိုင်လေသည်။ ၎င်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုရုံသာဖြစ်သည်။ သို့သော် ဘူးသီးခြောက်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ဆုံးရှုံးသွားနိုင်သောကြောင့် လင်းယွမ်က ထိုသို့မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ယခု လင်းယွမ်တွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၁၂၀ကို စုဆောင်းမိနေပြီဖြစ်သည်။ ထိုပမာဏနှင့်ဆိုလျှင် လင်းယွမ်က စိတ်ကြိုက်ပြုပြင်ခြင်းကို အသုံးပြုပြီး ဆင်းသက်နိုင်လေသည်။ ၎င်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်ရာမျှင်ကို အသုံးပြုရုံသာဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက သူသတ်မှတ်ထားသော အခြေအနေများပေါ်မူတည်ပြီး ကမ္ဘာတစ်ခုကို ရွေးချယ်ပေးမည်ဖြစ်သည်။

" စွမ်းအားကို ထိန်းချုပ်ဖို့သာ မဟုတ်ရင် ငါက အခုတောင် ဆင်းသက်ချင်နေပြီ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

လင်းယွမ်က သူ၏ ကျင့်ကြံခြင်းက အရေးကြီးသောကြောင့် ဆင်းသက်ရန် တွန့်ဆုတ်နေသည်။ ၎င်းက သူ၏ တိုးတက်မှုကို နှောင့်နှေးစေနိုင်လေသည်။ သို့သော် ယခု လေဟာနယ်အလွှာများကို ဖွင့်ရန် အချိန်သာ လိုအပ်သောကြောင့် ဆင်းသက်နိုင်လေသည်။

ကံမကောင်းစွာဖြင့် သူက ယခု ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံ၏ အရင်းအမြစ်ကို သိလိုသောကြောင့် ဆင်းသက်ခြင်းကို ရွှေ့ပြောင်းလိုက်ရသည်။

" ပင်မဒေသကို ရောက်ဖို့ ငါးနှစ် ခြောက်နှစ်လောက်ပဲလိုတော့တယ်။ " ရှီလန်က ရေရွတ်လိုက်သည်။ သူကလည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပင်မဒေသကို လေ့လာကြည့်ချင်နေသည်။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင်....

ဝုန်း....

ကြောက်စရာကောင်းသော အံ့ဖွယ်ဖြစ်ရပ်တစ်ခုက အဝေးမှ ထွက်ပေါ်လာပြီး လေဟာနယ်အလွှာများကို လှုပ်ရှားသွားစေသည်။

လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး အဝေးသို့ ကြည့်လိုက်သည်။

ရှီလန်ကလည်း တုန်လှုပ်သွားသည်။ " ဒီဖြစ်ရပ်က ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံးပဲ။ အတွင်းကရတနာတွေက အနည်းဆုံး ကြယ်၁၁လုံး အဆင့်မှာ ရှိလောက်တယ်။ "

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် သန်မာသူတစ်ယောက် ထွက်ပေါ်လာပြီး ရတနာကို ယူသွားခဲ့သည်။ ရှီလန်နှင့် လင်းယွမ်တို့ကလည်း ပြဿနာများကို ရှောင်ရှားရန်အတွက် ချက်ချင်းထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

အနက်ရောင်ဝတ်စုံနှင့်ပုံရိပ်က လေဟာနယ်အလွှာ သန်းနှစ်ဆယ်ကျော် ဖွင့်ထားပြီး အလွန်သန်မာလေသည်။ သူက ရတနာကို ယူပြီးနောက် ချက်ချင်း ထွက်သွားခဲ့သည်။

လင်းယွမ်နှင့် ရှီလန်တို့ ထွက်သွားတော့မည့်အချိန်တွင် နောက်ထပ်ပုံရိပ်တစ်ခုပေါ်လာသည်။ သူက ထျန်းယုမျိုးနွယ်မှ တောင်ပံ ၁၂စုံနှင့် ဟွမ်ယိပင်ဖြစ်သည်။ သူက ရတနာကို လွဲသွားသောကြောင့် စိတ်ပျက်သွားသော်လည်း သူ၏ အာရုံက လင်းယွမ်နှင့် ရှီလန်တို့ဆီသို့ ရောက်သွားခဲ့သည်။

" လူသားတွေ.... နဂါးငွေ့တန်းကြယ်သခင်လား။ " ဟွမ်ယိက စိတ်လှုပ်ရှားသွား၏။

သူက ထျန်းယုမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် လက်စားချေရန် လင်းယွမ်ကို ရှာနေခဲ့သည်။ ပင်မဒေသသို့ သွားရာလမ်းတွင် သူတို့က ထိပ်တိုက်တွေ့ဆုံလိုက်သောကြောင့် လင်းယွမ်ပင် အံ့အားသင့်ရလေသည်။

" ဟားဟားဟား နဂါးငွေ့တန်းကြယ်သခင် မင်းက ထွက်ပြေးနိုင်မယ်ထင်နေတာလား။ "

ဟွမ်ယိ၏ အသံက ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုက သူတို့ဆီသို့ ချဉ်းကပ်လာသည်။ ရှီလန်က သူတို့အား ဟွမ်ယိလိုက်နေသည်ကို သိပြီး စိုးရိမ်သွားသည်။ သူတို့က လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးတွင် ပုန်းနေကြသော်လည်း ဟွမ်ယိက သူတို့ကို ဖော်ထုတ်နိုင်မည့် နည်းလမ်းတစ်ခု ရှိပုံရသည်။

" မီလာပြီလား။ " လင်းယွမ်က နောက်လှည့်ကြည့်လိုက်သည်။ သူစိုးရိမ်နေသည်မှာ ဟွမ်ယိက လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားသောကြောင့် သူ၏ လက်ရှိအဆင့်နှင့် မယှဉ်နိုင်သေးပေ။

" အဲ့ဒါမှ ပြဿနာပဲ။ "

မူလစိတ်ဝိညာဉ်တစ်ခု သေဆုံးခြင်းက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ သို့သော် သူစုဆောင်းထားသော ရတနာများကို ဆုံးရှုံးရမည်ဖြစ်ပြီး အချိန်များကိုလည်း ဖြုန်းတီးရာ ရောက်လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နှစ်တစ်ရာသာ ဖွင့်သောကြောင့် လင်းယွမ်က ပင်မဒေသကို သွားပြီး အပြင်ဘက်ဒေသကို ပြန်ထွက်နိုင်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ဟွမ်ယိက အလွန်ကျေနပ်နေသည်။ လင်းယွမ်က သူ့အတွက် အရေးကြီးဆုံး ပစ်မှတ်ဖြစ်သည်။ စစ်မြေပြင်တွင် လင်းယွမ်က အဋ္ဌမအလွှာများကို သတ်ပြီး ထျန်းယုမျိုးနွယ်ကို သိက္ခာချခဲ့သည့်အတွက် ဟွမ်ယိက လင်းယွမ်၏ ကိုယ်ပွားကို သတ်ပြီး သူ၏ တိုးဆက်မှုကို နှောင့်နှေးစေချင်ခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင် မင်း အခုရပ်ရင် ငါမင်းကို မြန်မြန် အဆုံးသတ်ပေးမယ်။ " ဟွမ်ယိ၏ အသံက ပဲ့တင်ထပ်လာသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း တည်နေရာရွှေ့ပြောင်းခြင်းများ မပြုလုပ်နိုင်သောကြောင့် ပုံမှန်အတိုင်းသာ လိုက်နေရသည်။

လင်းယွမ်ကလည်း လက်မလျှော့ပေ။ သူက ဟွမ်ယိကို အပြည့်အဝ တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်မှုက သက်ရောက်မှုမရှိခဲ့ပေ။

" လေဟာနယ်အလွှာနှစ်သန်းနဲ့ ညီမျှတဲ့ တိုက်ခိုက်မှုလား။ " ဟွမ်ယိက လင်းယွမ်၏ တိုက်ခိုက်မှုကို ကြည့်ပြီး အံ့အားသင့်သွားသည်။

တိုက်ခိုက်မှုက သူ့ကို မထိခိုက်သော်လည်း ထိုတိုက်ခိုက်မှုကြောင့် သူက လင်းယွမ်ကို သတ်ရန် ပို၍ သေချာသွားခဲ့သည်။

လင်းယွမ်က ဟွမ်ယိအား မတားဆီးနိုင်သည်ကို သိလေသည်။ ထို့ကြောင့် သူက ရှီလန်ကို ခွဲထွက်သွားရန် ပြောခဲ့သော်လည်း ရှီလန်က ငြင်းပယ်ခဲ့သည်။

" ငါ ရှီလန်က ဒီဆုံးရှုံးမှုကို လက်မခံနိုင်ဘူးလို့ မင်းက ထင်နေတာလား။ "

" အဲ့ဒါလည်း ဟုတ်တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူတို့ခွဲသွားလျှင်တောင် ဟွမ်ယိက သူတို့ကို တွေ့ပြီးဖြစ်သောကြောင့် ထပ်မံရှာဖွေရန်လည်း လွယ်ကူသွားပြီဖြစ်သည်။

" ငါ့ရဲ့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ထားတယ်။ ဒီတစ်ခါ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲကို ဝင်တဲ့ လူသားဆင့်ကဲပြောင်းလဲသူတွေထဲမှာ ဟွမ်ယိကို ခုခံနိုင်တဲ့သူ နှစ်ယောက်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က ငါတို့နဲ့ အရမ်းဝေးတယ်။ အဲ့ဒီကို ရောက်ဖို့ နှစ် ၂၀ ၃၀ လောက် ကြာလိမ့်မယ်။ " ရှီလန်က ပြောလိုက်သည်။

ထျန်းယုမျိုးနွယ်မှာတောင် လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော်ဖွင့်ထားသော ဟွမ်ယိကဲ့သို့ နဝမအလွှာတစ်ယောက်ရှိလျှင် လူသားမျိုးနွယ်တွင်လည်း ထိုအဆင့်များ ရှိလေသည်။ သို့သော် သူတို့ဆီရောက်ရန် အလွန်ကြာပေလိမ့်မည်။

" ရှီလန် မင်းတစ်ယောက်တည်းဆို ဟွမ်ယိလိုက်တာကို ဘယ်လောက်ကြာ ခံနိုင်လဲ။ " လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။

" ဘယ်လောက်ကြာကြာ ခံနိုင်လဲ။ " ရှီလန်က အနည်းငယ် အံ့အားသင့်သွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာပင် ဟွမ်ယိကဲ့သို့ အလွန်စွမ်းအားကြီးသူတစ်ယောက်၏ လိုက်ဖမ်းခြင်းကို ခံရသော ပုံမှန် နဝမအလွှာတစ်ယောက်က ရက်အနည်းငယ် ရှင်သန်နိုင်ရန်ပင် ခက်ခဲလေသည်။

သို့သော် ရှီလန်က မတူပေ။ သူက လေဟာနယ်အလွှာများ ကူးပြောင်းရာတွင် ကျွမ်းကျင်ပြီး ထွက်ပြေးရာတွင် အလွန်ထူးချွန်လေသည်။

သို့သော် နှစ် ၂၀၊ ၃၀ ကြာအောင် ထွက်ပြေးနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ဟွမ်ယိ၏ လက်ထဲ၌ပင် သေဆုံးရပေလိမ့်မည်။

" ငါ့ရဲ့ အကြီးအကဲတစ်ယောက်က ဒီကိုလာပြီး ငါတို့ကို ကယ်တင်ဖို့ သုံးနှစ်ပဲလိုတယ်။ " လင်းယွမ်က ခဏစဉ်းစားပြီး အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။

" အကြီးအကဲလား။ သုံးနှစ်လား။ " ရှီလန်၏ မျက်လုံးများ တောက်ပသွားသည်။

လူသားမျိုးနွယ်၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်အနေဖြင့် အစွမ်းထက်သော အကြီးအကဲတစ်ယောက် ရှိနေခြင်းက ထူးဆန်းသော အရာမဟုတ်ပေ။

" ဒီကိုယ်ပွားကို လောင်ကျွမ်းစေလိုက်ရင် သုံးနှစ်တော့ ခံနိုင်လောက်တယ်။ " ရှီလန်က ပြောလိုက်သည်။

၎င်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အထူးပတ်ဝန်းကျင်နှင့် သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ကြောင့် ဖြစ်သည်။ ပြင်ပကမ္ဘာတွင် သုံးနှစ်မပြောနှင့် သုံးစက္ကန့်တောင် ရှင်သန်နိုင်မည်မဟုတ်ပေ။

" မင်းရဲ့ အကြီးအကဲက သုံးနှစ်အတွင်း ရောက်မယ်ဆိုတာ သေချာလား။ " ရှီလန်က စိတ်လှုပ်ရှားစွာဖြင့် ထပ်မေးလိုက်သည်။

သူ၏ ကိုယ်ပွားကို လောင်ကျွမ်းခြင်းက ပြဿနာမရှိသော်လည်း စိတ်အသိကို လောင်ကျွမ်းခြင်းက မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လေသည်။ ထိုသို့ လောင်းကျွမ်းစေမှသာလျှင် ဟွမ်ယိ၏ လိုက်ဖမ်းခြင်းမှ လွတ်မြောက်နိုင်သော စွမ်းအားကို ရရှိပေလိမ့်မည်။ အကယ်၍ လင်းယွမ်၏ အကြီးအကဲက ရောက်မလာခဲ့လျှင် သူ၏ ကိုယ်ပွားကို ဆုံးရှုံးရုံသာမက ရတနာများကိုလည်း ဆုံးရှုံးရပေလိမ့်မည်။

All Chapters