နတ်ဘုရားတို့၏ ကမ္ဘာ....
Vol. 30 Ch. 456
"သုံးနှစ်က လုံလောက်တာထက် ပိုတယ်။ " လင်းယွမ်က ဆက်ပြောလိုက်သည်။ " ငါ့ကို မင်းရဲ့ အတွင်းကမ္ဘာထဲ ခေါ်သွားပေး။ ငါ အကြီးအကဲကို ဆက်သွယ်လိုက်မယ်။ "
" ကောင်းပြီ။ " ရှီလန်က ခေါင်းညိမ့်လိုက်သည်။
အတွင်းကမ္ဘာ၏ ထောင့်တစ်နေရာတွင် လင်းယွမ်က ထိုင်နေသည်။
" သုံးနှစ်.... ဒီတစ်ခါ ဆင်းသက်မှုရဲ့ အချိန်စီးဆင်းမှုနဲ့ဆိုရင် ပင်မစကြာဝဠာမှာ အများဆုံး နှစ်နှစ်ခွဲလောက်ပဲ ကြာမှာ။ " လင်းယွမ်က တွေးလိုက်သည်။
သူက ရှီလန်ကို သုံးနှစ်အတွင်း အကြီးအကဲတစ်ယောက် လာကယ်တင်လိမ့်မည်ဟု ပြောခြင်းမှာ အမှန်မဟုတ်ပေ။ လင်းယွမ်က ထိုသုံးနှစ်ကို ကိုးကြိမ်မြောက် ဆင်းသက်ခြင်းအတွက် အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။
သူနောက်ဆုံးရရှိထားသော ကမ္ဘာဆုံမှတ်များမှ လင်းယွမ်က ကမ္ဘာနှစ်ခု၏ အချိန်စီးဆင်းမှုများနှင့် ဆင်းသက်ပြီးနောက် နေထိုင်ချိန်အပါအဝင် အချက်အလက်အချို့ကို ကြိုတင်ရရှိထားပြီးဖြစ်သည်။ အနည်းငယ် တွက်ချက်ကြည့်ရုံနှင့် ကိုးကြိမ်မြောက် ဆင်းသက်ပြီးသောအခါ ပင်မကမ္ဘာတွင် မည်မျှကြာ့မည်ကို သိနိုင်လေသည်။
" ရှီလန် ခဏလောက်တော့ တောင့်ခံထားဦး။ " လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စတင်တောက်ပလာသည်။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်ကလည်း မျက်လုံးများမှိတ်လိုက်ပြီး သူ၏ စိတ်ထဲရှိ အနန္တကမ္ဘာများ၏ ဂိတ်တံခါး အောက်ဆုံးမှ ကမ္ဘာဆုံမှတ်ကလည်း တောက်ပလာသည်။
" ဒီတစ်ကြိမ် ဆင်းသက်မှုအတွင်းမှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အခြေအနေကို စောင့်ကြည့်ရမယ်။ ရှီလန်က မခုခံနိုင်တော့ဘူးဆိုရင် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ရှီလန်က သူ့ကို သုံးနှစ်ကြာအောင် ခံနိုင်သည်ဟု ပြောခဲ့သော်လည်း လင်းယွမ်က မျှော်လင့်ချက်အားလုံးကို သူ့အပေါ်တွင် ပုံအပ်မထားနိုင်ပေ။ ထျန်းယုမျိုးနွယ်မှ အသန်မာဆုံး နဝမအလွှာ ဖြစ်သော ဟွမ်ယိတွင် ဘယ်လိုဝှက်ဖဲများရှိသည်ကို ဘယ်သူမှမသိနိုင်ပေ။
လင်းယွမ်က ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ရန်သူ၏ လက်ထဲသို့ ကျရောက်စေမည်မဟုတ်ပေ။ ထိုက်ယန်မူလစိတ်ဝိညာဉ်မှ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဆင်းသက်သွားပြီဖြစ်ပြီး ယခု အခွံသက်သက်သာ ရှိတော့လေသည်။
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံ၏ လျို့ဝှက်ချက်ကို သိနိုင်တော့မည်မဟုတ်သော်လည်း ၎င်းက သူ့အတွက် အရှုံးမရှိပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အခွင့်အလမ်းများကို မရရှိခဲ့လျှင်တောင် သူက အထွတ်အထိပ်သို့ တက်လှမ်းနိုင်လေသည်။
" ဒီတစ်ကြိမ် ဆင်းသက်မှုက နှစ်ပေါင်း ၁၁၀၀ လောက်ကြာလိမ့်မယ်။ အချိန်စီးဆင်းမှုက သုံးရာချိုးတစ်ချိုးဆိုတော့ ပင်မစကြာဝဠာမှာ နှစ်နှစ်ကျော်ကြာမှာပဲ။ "
" နှစ်ပေါင်းတစ်ထောင်ကျော်ဆိုတော့ ငါ အနည်းဆုံး အလွှာဆယ်သန်းအဆင့်တော့ ရောက်လောက်ပါတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။
သူ၏ မိုင်သန်းနှစ်ရာနီးပါးရှိသော အတွင်းကမ္ဘာနှင့် လေဟာနယ်အလွှာ ဆယ်သန်းသာ ဖွင့်နိုင်လျှင်တောင် အလွှာသန်းသုံးဆယ်ဖွင့်ထားသော ဟွမ်ယိကို ချေမှုန်းနိုင်ပေလိမ့်မည်။
"စတာပေါ့။ "
အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အလင်းရောင်များ တောက်ပလာပြီး လင်းယွမ်၏ စိတ်အသိကို စုပ်ယူသွားခဲ့သည်။
လင်းယွမ်က သူ၏ စိတ်အသိ ဝေဝါးသွားပြီး မျက်လုံးများကို ကြိုးစားဖွင့်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော အားနည်းမှုကို ခံစားလိုက်ရသည်။
" ဘာဖြစ်နေပြန်တာလဲ။ " လင်းယွမ်က ထိုင်လိုက်သော်လည်း အလွန်အားနည်းနေပြီး အသက်ပြင်းပြင်းပင် မရှူရဲပေ။
" လေဟာနယ်အလွှာတွေရဲ့ လှုပ်ရှားမှုတွေ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူက စွမ်းအားလုံးဝမရှိလျှင်တောင် သူ၏ နယ်ပယ်က ကျဆင်းသွားခြင်းမရှိဘဲ လေဟာနယ်အလွှာများကြား ပြောင်းလဲမှုများကို အလွယ်တကူ မြင်နိုင်လေသည်။
၎င်းက မြင်ရုံသက်သက်သာဖြစ်ပြီး အသုံးပြုနိုင်ရန် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က လုံလောက်စွာ အားကောင်းနေရန် လိုအပ်လေသည်။
" ငါက မြို့စား လုံရှန်ရဲ့ မြေးလား။ လုံရှန်မျိုးနွယ်ရဲ့ တတိယမြောက်ဆက်ခံသူ။ ငါက အိမ်စေမိန်းကလေးတွေနဲ့ ပျော်ပါးရတာကို နှစ်သက်တယ်။ အိမ်စေမိန်းကလေးတွေက လူသားတွေတင်မဟုတ်ဘူး။ " လင်းယွမ်က မှတ်ဉာဏ်များကို လျင်မြန်စွာ စုပ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်အားနည်းနေရသည့်အကြောင်းရင်းကို သိလိုက်ရသည်။
" ငါဆင်းသက်လာတဲ့ကမ္ဘာက...." လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
မူလခန္ဓကိုယ်က အသိပညာနည်းပြီး အရည်အချင်းမရှိသော်လည်း ဤကမ္ဘာအကြောင်း သာမန်ဗဟုသုတများတော့ ရှိလေသည်။ ဤကမ္ဘာကြီးက အကန့်အသတ်မရှိ ကျယ်ပြောလှပြီး လင်းယွမ်နေသော လူသားနယ်မြေအပြင် အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့လည်း ရှိနေသည်။
အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့က နတ်ဘုရားများနေထိုင်ရာဖြစ်ပြီး နေရာတစ်ခုစီတွင် ပင်မနတ်ဘုရား ၁၂ပါးစီ ရှိလေသည်။ ပင်မနတ်ဘုရား ၂၄ပါးက အထက်မှနေပြီး လူသားနယ်မြေကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။
" နတ်ဘုရားတွေ...." နတ်ဘုရားများနှင့် ပက်သက်သော အချက်အလက်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
နတ်ဘုရားဖြစ်လာရန် ယုံကြည်မှုများကို ဖြန့်ဝေ၍ နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီး အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်သို့ ဝင်ရောက်ရလေသည်။
" နတ်ဘုရားတွေက နတ်ဘုရားနိုင်ငံကို တည်ထောင်တယ်။ အဋ္ဌမအလွှာ အတွင်းကမ္ဘာကို ဖန်တီးတာနဲ့ အတော်လေးတူတာပဲ။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ယခုအချိန်တွင် သူက ဤကမ္ဘာမှ နတ်ဘုရားများ၏ စွမ်းအားကို မသိသေးပေ။ နတ်ဘုရားနိုင်ငံကို တည်ထောင်ခြင်းက အဋ္ဌမအလွှာနှင့် ဆက်စပ်နေသည်ကိုသာ တွေးနိုင်လေသည်။
" ဒီကမ္ဘာက အစွမ်းထက်သူတွေက ယုံကြည်မှုဖြန့်ဝေတဲ့ လမ်းကြောင်းကို လိုက်ကြတာလား။ " လင်းယွမ်က စဉ်းစားနေသည်။
ယုံကြည်မှုဆိုသည်မှာ သက်ရှိများ၏ အနှစ်သာရမှ အသန့်စင်ဆုံး ခံစားချက်များနှင့် ဆန္ဒများဖြစ်သည်။ ပင်မကြာဝဠာတွင် လူသားမျိုးနွယ်၏ ပညာရှင်များက ထိုစွမ်းအားကို လွန်ခဲ့သော အချိန်များမှ ရှာတွေ့ခဲ့ပြီး ထိုစွမ်းအားနှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အချို့ကိုပင် ဖန်တီးခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သက်ရှိများ၏ ယုံကြည်မှုကို စွမ်းအားရင်းမြစ်အဖြစ် မှီခိုခြင်းက အန္တရာယ်ကြီးမားလှသည်။ နောက်ဆုံးတွင် တိုးတက်လာသော သက်ရှိများ၏ ဆန္ဒများထဲတွင် သူတို့ကိုသူတို့ ဆုံးရှုံးသည်အထိ ဖြစ်နိုင်လေသည်။
ယုံကြည်မှုနှင့် အောင်မြင်ပြီး ယုံကြည်မှုနှင့် ရှုံးနိမ့်သည်။ သို့သော် ဤကမ္ဘာတွင် ယုံကြည်မှုလမ်းစဉ်က အတော်လေး အလားအလာကောင်းပုံရလေသည်။ နတ်ဘုရားများက သက်ရှိများ၏ ယုံကြည်မှုကို အသုံးချပြီး နတ်ဘုရားနိုင်ငံကို တည်ထောင်ကာ နတ်ဘုရားပလ္လင်ဆီသို့ တက်လှမ်းခဲ့ကြသည်။
အလင်းပင်လယ်နှင့် အမှောင်ချောက်နက်မှ နတ်ဘုရား ၂၄ပါးက ယုံကြည်မှုစွမ်းအားမှတစ်ဆင့် အုပ်ချုပ်မှုအာဏာများကိုပင် ချုပ်ကိုင်ထားကြသည်။
" ယုံကြည်မှု..." လင်းယွမ်၏ အတွေးများက လွင့်မျောသွားသည်။
ယုံကြည်မှုကို ဖြန့်ဝေခြင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေခြင်းနှင့် တူညီသော အယူအဆမဟုတ်ပေ။ ယုံကြည်မှုက ပြင်းပြသော ဆန္ဒကို မြှုပ်နှံခြင်း၊ ချုပ်တီးမှုမရှိဘဲ ပူဇော်ခြင်းဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် မတူပေ။
လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကဲ့သို့ အနာဂတ်တွင် ထိုလမ်စဉ်ကို ကျင့်ကြံသူများက လင်းယွမ်အကြောင်း သိနေရန် မလိုအပ်ပေ။
" လုံရှန်မျိုးနွယ်၊ အင်ပါယာရဲ့ မြို့စားဘွဲ့ ချီးမြှင့်ခံရပြီး မြို့စားလုံရှန်က အင်ပါယာအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်ခဲ့တယ်။ လုံရှန်မျိုးနွယ်ရဲ့ နယ်မြေကို လုံရှန်နယ်မြေလို့ ခေါ်ပြီး မိုင်သန်းခြောက်ဆယ်လောက် ကျယ်ဝန်းတယ်။ ဒီကမ္ဘာက ငါထင်ထားတာထက် ပိုကြီးတဲ့ပုံပဲ။ "
မြို့စားတစ်ယောက်၏ နယ်မြေကပင် မိုင်သန်းခြောက်ဆယ်ကျယ်ဝန်းလျှင် အင်ပါယာတစ်ခုလုံးက ဘယ်လောက်တောင်ကြီးမလဲ။ ထို့အပြင် လုံချန်နယ်မြေရှိသော အင်ပါယာက ကုန်းမြေကြီးတစ်ခုလုံး၏ နိုင်ငံတစ်ခုသာ ဖြစ်သည်။
လင်းယွမ်၏ ခန့်မှန်းချက်အရ ဤကမ္ဘာ၏ အရွယ်အစားမှာ အနည်းဆုံး အလင်းနှစ် ၅၀၀ ကျော်ပေလိမ့်မည်။ ၎င်းက လူသားနယ်မြေသာ ဖြစ်ပြီး အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့ မပါသေးပေ။
" ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်က စစ်သည်ကျင့်ကြံခြင်းစနစ်ပဲ။ အဆင့်တစ်ကနေ အဆင့်ခုနှစ်ထိ ရှိတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဆင့်ငါးစစ်သည်ကို မဟာစစ်သည်ဟု ခေါ်ပြီး ပထမဆုံး မြို့စားလုံရှန်မှာ ထိုအဆင့်တွင်ရှိပြီး လုံရှန်မျိုးနွယ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆင့်ခြောက်စစ်သည်ကို ဒဏ္ဍာရီစစ်သည်ဟု ခေါ်ပြီး အဆင့်ခုနှစ်စစ်သည်ကတော့ ကုန်မြေကြီးတွင်ပင် သူတို့၏ အရိပ်အယောင်များကို တစ်ခါတစ်ရံသာ တွေ့ရတတ်လေသည်။
အဆင့်ခုနှစ်စစ်သည်ကို နတ်ဘုရားတစ်ပိုင်းဟုလည်း ခေါ်သည်။ သူတို့က ကိုယ်ပိုင်နတ်ဘုရားနာမည်ကို ဖန်တီးပြီး သူတို့၏ ယုံကြည်မှုကို ဖြန့်ဝေကာ ထိုအဆင့်ကို ကျော်လွှားနိုင်ရန် ကြိုးစားကြသည်။
" စစ်သည်ကျင့်ကြံခြင်းစနစ်..." စစ်သည်ကျင့်ကြံခြင်းစနစ်ဖြစ်သော လုံရှန်ကျင့်စဉ်က လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။
၎င်းက ပထမမြို့စားလုံရှန်က နယ်မြေကို လွှမ်းမိုးရန် မှီခိုရသော အဆင့်မြင့် စစ်သည်ကျင့်စဉ်ဖြစ်သည်။ သို့သော် လင်းယွမ်၏ စိတ်ထဲတွင် လုံရှန်ကျင့်စဉ်၏ အခြေခံများသာ ရှိနေခဲ့သည်။
" သာမန်ပါပဲ။ ပင်မစကြာဝဠာမှာဆို ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လောက်ပဲရှိတယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
အဆင့်ငါး မဟာစစ်သည်တစ်ယောက်အတွက် အခြေခံဖြစ်သော လုံရှန်ကျင့်စဉ်က စစ်သည်များ မက်မောသော အရာတစ်ခုဖြစ်သည်။
သို့သော် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ပင်လယ်ရေလို ကျယ်ပြောလှသော ပင်မစကြာဝဠာမှ လာခြင်းဖြစ်ပြီး သူကိုယ်တိုင်က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်နေသောကြောင့် မက်မောခြင်းမရှိပေ။
နာမည် - လုံရှန်ယွမ် (လင်းယွမ်)။
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။
နတ်စွမ်းရည်များ - သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွေ့လျားခြင်း၊ အားဖြည့်ခြင်း။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
နေထိုင်ချိန် - နှစ်ပေါင်း ၁၁၀၀။