ချီကို အာရုံခံမိပြီးသားပါ....
Vol. 30 Ch. 458
" လုံရှန်နယ်မြေကို ပြန်မာလား။ " တရှန်က ခဏအံ့အားသင့်သွားသည်။ ယခင် သူ၏ သခင်လေးက အန်ပူမြို့သို့ လာလျှင် သုံးလေးလလောက်ကြာတတ်ပြီး ယခု တစ်လလောက်နှင့် ထွက်သွားချင်နေသည်။
" သခင်လေး ပြီးခဲ့တဲ့ညက မိန်းကလေးက သခင်လေးကို ကောင်းကောင်းမပြုစုပေးလို့လား။ " တရှန်က မေးလိုက်သည်။ " ကျွန်တော်ထင်ပါတယ်။ အဲ့မိန်းကလေးက မကောင်းဘူး။ ပိန်လိုက်တာမှ အရိုးခြောက်လိုပဲ။ "
" သခင်လေး အချိန်ရရင် ကျွန်တော် သခင်လေးကို တကယ်သန်မာတဲ့ မိန်းကလေးအချို့နဲ့ မိတ်ဆက်ပေးမယ်။ သူတို့က သခင်လေးကိုသက်သောင့်သက်သာ ဖြစ်အောင် ပြုစုပေးနိုင်မှာသေချာတယ်။ " တရှန်က ချက်ချင်းပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် ခန္ဓာကိုယ်တောင့်တောင့်နှင့် ခါးတုတ်သော အမျိုးသမီးများကသာ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
" အဘိုးက ငါ့ကို ပြန်လာခိုင်းတာပဲ။ " လင်းယွမ်က အကြောင်းပြချက်တစ်ခု ပေးလိုက်ပြီး မြေခွေးမအကြောင်းမပြောပေ။
တရှန်က ဉာဏ်သိပ်မကောင်းပေ။ သူသိထားသော ဘယ်အရာမဆို ပေါက်ကြားသွားနိုင်ပြီး မြေခွေးမက အမှန်တကယ် နတ်ဘုရားတစ်ပိုင်း၏ ဘုရားကျောင်းနှင့် ပက်သက်နေလျှက် အခြားသူများ သတိထားမိသွားနိုင်လေသည်။
ယခုတော့ လင်းယွမ်က လုံရှန်နယ်မြေသို့ ပြန်သွားပြီး အချိန်က သူ့ဘက်တွင် ရှိသောကြောင့် ဖြည်းဖြည်းချင်း ကျင့်ကြံရမည်ဖြစ်သည်။
လင်းယွမ်က သူ၏ ခွန်အား အပြည့်အဝကို ပြန်ရသွားသည်နှင့် နတ်ဘုရားတစ်ပိုင်းသာမက အလင်းပင်လယ်နှင့် အမှောင်ချောက်နက်တို့မှ နတ်ဘုရားများပင် သူ့အတွက် ကြောက်စရာမရှိတော့ပေ။
" မြို့စားသခင်.." တရှန်၏ အမူအရာက လေးနက်သွားသည်။ လုံရှန်နယ်မြေတစ်ခုလုံးတွင် သူ လေးစားရသူအနည်းငယ်သာ ရပြီး မြို့စားလုံရှန်ကလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
" ဒါဆို အခုပဲ သွားရအောင်။ " တရှန်က ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လုံရှန်ယွမ်က ပျော်ပါးနေချိန်တွင် အမိန့်ကြောင့် ပြန်လာရခြင်းများ ရှိခဲ့ဖူးလေသည်။ ယခု မြို့စားလုံရှန်၏ အမိန့်ကြောင့် အန်ပူမြို့မှ ပြန်သွားခြင်းက ပုံမှန်သာဖြစ်သည်။ လင်းယွမ်က အစောင့်များကို ဦးဆောင်ပြီး အန်ပူမြို့မှ ထွက်ခွာသွားသည်။
အန်ပူမြို့၏ ဒုတိယမြို့တော်ဝန်က ကိုယ်တိုင်လိုက်ပို့ခဲ့သည်။ " သခင်လေးလုံရှန် ဒီလောက် အရေးတကြီး ထွက်သွားတာ အန်ပူမြို့က ခင်ဗျားကို ကောင်းကောင်းမပြုစုခဲ့လို့လား။ "
" မိသားစုကိစ္စပါ။ " လင်းယွမ်က များစွာ မရှင်းပြပဲ လုံရှန်ယွမ်၏ အကျင့်အတိုင်း စိတ်မရှည်သော အမူအရာနှင့် ရှိနေသည်။
" လုံရှန်မျိုးနွယ်ရဲ့ ကိစ္စဆိုတော့ သခင်လေးလုံရှန် ဂရုစိုက်သွားပါ။ နောက်တစ်ကြိမ် လာရင် အန်ပူမြို့က သခင်လေူအတွက် အထူးလက်ဆောင်တစ်ခု ပြင်ဆင်ထားပါမယ်။ " အန်ပူမြို့၏ ဒုတိယမြို့တော်ဝန်၏ အသံက နွေးထွေးနေသည်။ သူက လုံရှန်ယွမ်ကို အထင်သေးသော်လည်း နောက်မှ လုံရှန်မျိုးနွယ်ကိုတော့ ကြောက်လေသည်။
ထို့နောက် လင်းယွမ်က မြင်းရထားပေါ်သို့ တက်ပြီး အစောင့် ရှစ်ယောက်လောက်နှင့် ဝန်းရံက လုံရှန်နယ်မြေသို့ ဦးတည်ထွက်ခွာသွားသည်။
လင်းယွမ်ထွက်သွားသည်ကို ကြည့်နေသည်မှာ အန်ပူမြို့၏ ဒုတိယမြို့တော်ဝန်တစ်ယောက်တည်းမဟုတ်ပေ။ အဆောက်အဦးတစ်ခု၏ ထိပ်တွင် အနက်ရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်ကလည်း လင်းယွမ်ကို စိုက်ကြည့်နေသည်။
" ဒီလုံရှန်ယွမ်က စောစောလည်းမပြန် နောက်ကျမှလည်းမပြန်ဘဲ အခုမှ ရုတ်တရက် ထပြန်သွားတော့ အရင်က ကြိုးစားအားထုတ်မှုတွေ အကုန်လုံး အလကားဖြစ်ကုန်ပြီပေါ့။ " မြေခွေးအမျိုးသမီးက သက်ပြင်းချလိုက်သည်။
အစီအစဉ်အရ သုံးလအတွင်း သူတို့က လုံရှန်ယွမ်၏ အနှစ်သာရကို ဖြည်းညင်းစွာ စုပ်ယူပြီး နောက်ဆုံးတွင် လုံရှန်ယွမ်က ပျော်ပါးမှုကြောင့် သေဆုံးသွားပေလိမ့်မည်။ မည်သည့်သံသယမှဝင်စရာမလိုဘဲ အတော်ဆုံး ကျွမ်းကျင်သူများပင် ဘာမှရှာတွေ့မည်မဟုတ်ပေ။
ယခု တစ်လကြာအောင် ကြိုးစားခဲ့ပြီး အောင်မြင်ရန် နှစ်လလိုမှ လုံရှန်ယွမ်က ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ ပြန်သွားပြီးလျှင် လုံရှန်ယွမ်၏ အဆင့်အတန်းနှင့် သူက အားဆေးများ သောက်သုံးမည်မျိာ သေချာလေသည်။ သူဆုံးရှုံးခဲ့သော အနှစ်သာရများက ပြန်လည်ပြည့်ဝလာမည်ဖြစ်သည်။
" ကိစ္စမရှိဘူး။ လုံရှန်းယွမ်ရဲ့ စိတ်ဓာတ်အရ သူ မကြာခင် အန်ပူမြို့ကို ပြန်လာလိမ့်မယ်။ " အနက်ရောင်ဝတ်အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။
လုံရှန်ယွမ်က မြို့စား၏ အမိန့်ကြောင့် ပြန်သွားခဲ့ခြင်းဖြစ်ပြီး သူတို့၏ ကံမကောင်းမှုကို ဖော်ပြနေသည်။ လုံရှန်ယွမ် နောက်တစ်ကြိမ် အန်ပူမြို့ကို လာခဲ့လျှင် သူတို့၏ အစီအစဉ် အောင်မြင်ရန် အခွင့်အရေးရရှိပေလိမ့်မည်။
လုံရှန်ယွမ် သေဆုံးပြီးနောက် ပထမနှင့် ဒုတိယဆက်ခံသူတို့ သေဆုံးသွားလျှင် လုံရှန်နယ်မြေတစ်ခုလုံးက သူတို့၏ ထိန်းချုပ်မှုအောက် ရောက်သွားပေလိမ့်မည်။
လုံရှန်မြို့။
လင်းယွမ်က ပြန်ရောက်လာပြီးနောက် သူ၏ မိဘများနှင့် တွေ့ဆုံခဲ့သည်။
" ယွမ်အာ ဒီတစ်ခါ ဘာလို့အစောကြီးပြန်လာတာလဲ။ " လုံရှန်ဖန်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
သူ၏ သားအပေါ် မျှော်လင့်ချက်များ စွန့်လွှတ်ထားသော်လည်း လင်းယွမ်က အန်ပူမြို့မှ ဆန္ဒအလျောက် ပြန်လာသည်ကို မြင်ရသောအခါ သူက အံ့အားသင့်ရလေသည်။
" ငါတို့သားက စောစောပြန်လာတာ မကောင်းဘူးလား။ " ဘေးမှ အသက်ငယ်ပုံရသော အမျိုးသမီးက လုံရှန်ဖန်ကို မျက်စောင်းထိုးလိုက်သည်။
" သား ဒီတစ်ခါ ဘာလုပ်ချင်လဲ။ လုံရှန်မြို့က အန်ပူမြို့လောက် မစည်ကားပေမယ့် ပျော်စရာတော့ကောင်းပါတယ်။ " သူမက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ်က သူ၏ မိဘများကို ကြည့်လိုက်သည်။ လုံရှန်မျိုးနွယ်တွင် မြို့စားရာထူးကို ဆက်ခံခြင်းက ဖခင်မှ သားကို လက်ဆင့်ကမ်းပေးခြင်းမျိုးမဟုတ်ပေ။
၎င်းက လက်ရှိမြို့စား၏ ဆန္ဒအပေါ်တွင် မူတည်လေသည်။ ဥပမာ လုံရှန်ယွမ်မွေးဖွားချိန်တွင် ပထမဆုံးမြို့စားက အဆင့်လေးသို့ တက်လှမ်းသွားခဲ့ပြီး သူ၏ မွေးဖွားမှုက ကံကောင်းမှုတစ်ခုဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် လုံရှန်ယွမ်၏ ဖခင်ကို ကျော်ပြီး လုံရှန်ယွမ်က တတိယဆက်ခံသူအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လုံရှန်ယွမ်က အပျော်အပါးလိုက်စားပြီး မျိုးနွယ်အမွေအနှစ်အား ဂရုမစိုက်သည်ကို ဘယ်သူမှမမျှော်လင့်ထားခဲ့ကြပေ။
" ကျွန်တော် ဒီတစ်ခါ ပြန်လာတာ တစ်ခုခုလုပ်ချင်လို့ပါ။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
" အရေးကြီးတာတစ်ခုခုလား။ " လုံရှန်ဖန်က စဉ်းစားလိုက်သည်။ " ယွမ်အာ မင်း တခြားမိန်းမတစ်ယောက်ကို သဘောကျလို့လား။ "
" သား သားအဖေရဲ့ အဓိပ္ပါယ်မရှိတာတွေကို နားမထောင်နဲ့။ အမေကိုပြော ငါ့သားဘာလုပ်ချင်လို့လဲ။ " အမျိုးသမီးက ပြုံးပြီး ပြောလိုက်သည်။
" ကျွန်တော်ကျင့်ကြံချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
လုံရှန်မျိုးနွယ်၏ တတိယမြောက်ဆက်ခံသူအနေဖြင့် လင်းယွမ်က ကျင့်ကြံရန် ရွေးချယ်ခဲ့လျှင် မျိုးနွယ်မှ စုဆောင်းထားသော အရင်းအမြစ်များဖြင့် ထောက်ပံ့မည်မှာ သေချာလေသည်။ ထို့ကြောင့် သူက ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်သည်။
" ကျင့်ကြံချင်တယ်..." သူ၏ မိဘများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က လင်းယွမ်ဆီမှ ထိုကဲ့သို့ မယုံကြည်နိုင်စရာကောင်းသော စကားကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
" သားက ဘာလို့ ရုတ်တရက် ကျင့်ကြံချင်ရတာလဲ။ " လုံရှန်ဖန်က လေးနက်စွာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ အခုဖြစ်နေတဲ့ အရာတွေက အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော် ခံစားရတယ်။ ဘဝရဲ့ ပျော်ရွှင်မှုတွေက ဘယ်လောက်ကြာကြာခံနိုင်မှာလဲ။ နှစ်တစ်ရာလား နှစ်နှစ်ရာလား။ နောက်ဆုံးမှာ သေခြင်းတရားက စောင့်ကြိုနေမှာပဲ။ "
" ဒါပေမယ့် ကျင့်ကြံတာက မတူဘူး။ အဆင့်ငါးစစ်သည်တစ်ယောက်ဖြသ်လာရင် အသက်ရှည်လာပြီး အသက်အနှစ်သာရကလည်း ပြောင်းလဲသွားလိမ့်မယ်။ " လင်းယွမ်က သူပြင်ဆင်ထားသော အကြောင်းပြချက်ကို ပေးလိုက်သည်။
" ကောင်းပြီ။ " လုံရှန်ဖန်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " မင်း ကျင့်ကြံချင်တဲ့အကြောင်း မျိုးနွယ်အကြီးအကဲကို ပြောလိုက်မယ်။ အဲ့ဒါက မင်းရဲ့ ခဏတာစိတ်ဝင်စားမှုလေး မဖြစ်ဖို့ ငါမျှော်လင့်ပါတယ်။ "
လုံရှန်ဖန်က အမှန်တော့ ကျေနပ်နေလေသည်။ လူတိုင်းက အသက်ပိုမရှည်ချင်တဲ့သူရှိမှာလဲ။ သို့သော် အဆင့်ငါး မဟာစစ်သည်အဆင့်ကို ရောက်ရန် မလွယ်ကူပေ။ သို့သော် သူ၏ သားက ယခင်ပျော်ပါးမှုများမှ ကျင့်ကြံရန် စိတ်ဝင်စားလာခြင်းက ကောင်းသောအရာ ဖြစ်လေသည်။
" သား ကျင့်ကြံတာက ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။ " အမျိုးသမီးက သတိပေးလိုက်သည်။
" ကိစ္စမရှိဘူး။ ကျွန်တော် စမ်းကြည့်ချင်တယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
လုံရှန်မျိုးနွယ်၏ မြေအောက်ကျင့်ကြံရေးကွင်းတွင် ထိုနေရာက လုံရှန်မျိုးနွယ်ဝင်များ ကျင့်ကြံသော နေရာဖြစ်လေသည်။ လင်းယွမ်က ဆံပင်များနှင့် မုတ်ဆိတ်များ ဖြူနေသော အဖိုးကြီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။
အဖိုးကြီးက အားနည်းနေပုံရသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် တောင်တန်းများကို လှုပ်ခါစေနိုင်သော စွမ်းအားတစ်ခု ကိန်းအောင်းနေပုံရသည်။
" ကျင့်ကြံချင်တာ စစ်သည်တစ်ယောက်ဖြစ်ချင်တာက ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ " အဖိုးကြီးက လင်းယွမ်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
သူက လုံရှန်မျိုးနွယ်၏ အဆင့်လေးစစ်သည်အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ ပထမဆုံးမြို့စားက လုံရှန်မျိုးနွယ်ကို တည်ထောင်ခဲ့ပြီး အမွေအနှစ်ကို လက်ဆင့်ကမ်းပေးကတည်းက အဆင့်ငါးမဟာစစ်သည် ထွက်ပေါ်လာခြင်းက ရှားပါးလေသည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်လေးစစ်သည် အထွတ်အထိပ်ကို ရောက်နေပြီး ပထမမြို့စားချန်ခဲ့သော ကာကွယ်မှုများကြောင့်သာ လုံရှန်မျိုးနွယ်က နှစ်ပေါင်းများစွာ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော်နားလည်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ " အဖိုးကြီးက ဘာမှမပြောဘဲ ပစ္စည်းနှစ်ခုကို ထုတ်လိုက်သည်။
တစ်ခုက စာအုပ်တစ်အုပ်ဖြစ်ပြီး နောက်တစ်ခုက လိမ္မော်ရောင်အသီးတစ်လုံးဖြစ်သည်။
" ဒါက လုံရှန်ကျင့်စဉ်နဲ့ လုံရှန်သစ်သီးပဲ။ ငါတို့မျိုးနွယ်က ကျင့်ကြံချင်တဲ့ ဘယ်သူမဆို လုံရှန်ကျင့်စဉ်ကို သင်ယူနိုင်တယ်။ " အဖိုးကြီးက ရှင်းပြလိုက်သည်။ " တစ်လအတွင်း မင်းက လုံရှန်ကျင့်စဉ်ရဲ့ အခြေခံအဆင့်ကို ဝင်ရောက်နိုင်တယ်ဆိုရင် မင်းက ကျင့်ကြံဖို့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ "
" အခြေခံအဆင့်ကို ဝင်ရောက်တယ်ဆိုတာ ဘယ်လိုလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ချီကို အာရုံခံနိုင်ရင် လုံလောက်ပြီ။ " အဖိုးကြီးက ပြန်ဖြေလိုက်သည်။
" ချီကို အာရုံခံစားတာက..." အဖိုးကြီးက ရှင်းပြရန် ပြင်လိုကယ်သည်။
လုံရှန်မျိုးနွယ်မှ အခြားသူများက လုံရှန်ကျင့်စဉ်ကို စတင်ကျင့်ကြံနိုင်သော်လည်း လင်းယွမ်က တတိယမြောက်ဆက်ခံသူဖြစ်သောကြောင့် အခြားသူများနှင့်မတူပေ။
သို့သော် အဖိုးကြီးမရှင်ပြမီ လင်းယွမ်က လုံရှန်ကျင့်စဉ်ကို တစ်ချက်ကြည့်ပြီး မျက်လုံးများမှိတ်၍ ခဏကြာသောအခါ ပြန်ဖွင့်လိုက်သည်။
" ကျွန်တော်က ချီကို အာရုံခံစားမိပြီးသားပါ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
" .... " အဖိုးကြီးက လင်းယွမ်ကို ကြည့်လိုက်သည်။