← Chapters

လုံရှန်မျိုးနွယ်၏ မျှော်လင့်ချက်....

Vol. 30 Ch. 459

လုံရှန်မျိုးနွယ်၏ မျှော်လင့်ချက်....

Vol. 30 Ch. 459

လုံရှန်အိမ်တော်၏ အနက်ရှိုင်းဆုံးနေရာတွင် လက်ရှိမြို့စားလုံရှန်က သူ၏ နားထင်များကို နှိပ်နယ်နေငည်ါ လုံရှန်နယ်မြေ၏ အမြင့်ဆုံး အုပ်ချုပ်သူတစ်ယောက်အနေဖြင့် ပုံမှန်ကိုင်တွယ်ရသော အလုပ်များစွာ ရှိလေသည်။

" ယွမ်အာ ဘယ်လိုနေလဲမသိဘူး။ " သူက တွေးလိုက်သည်။

လုံရှန်ဖန်က လုံရှန်ယွမ်ကျင့်ကြံလိုသည့်အကြောင်းကို ပြောပြခဲ့သည်။ မြို့စားလုံရှန်က အဆင့်လေးစစ်သည်တစ်ယောက်ကို လုံရှန်ယွမ်ဆီသို့ ကျင့်ကြံမှုအကြောင်း ရှင်းပြရန် ပို့ပေးခဲ့သည်။ ယခုဆိုလျှင် ရှင်းပြပြီးလောက်ပြီဖြစ်သည်။

ထိုအချိန်တွင် အဖိုးကြီးတစ်ယောက်က အခန်းထဲသို့ လျင်မြန်စွာ ပြေးလာသည်။

" ခေါင်းဆောင် ခေါင်းဆောင်...." အဖိုးကြီးက အံ့ဩမှုများနှင့် သူ့ကိုသူ မထိန်းချုပ်နိုင်သေးပေ။

" အော် ငါမင်းကို ခေါ်တော့မလို့ပဲ။ " မြို့စားလုံရှန်က စကားပြောရန် ပြင်လိုက်သော်လည်း အဖိုးကြီး၏ အမူအရာက စိတ်ရှုပ်သွားသည်။

လုံရှန်ကျူးဟုခေါ်သော ထိုအဖိုးကြီးက အဆင့်လေးစစ်သည်တစ်ယောက်ဖြစ်သောကြောင့် လုံရှန်မျိုးနွယ်၏ အရေးပါသူတစ်ယောက်လည်း ဖြစ်သည်။ သူက ပေါ့ပေါ့တန်တန် ကိုင်တွယ်ရန် စီစဉ်ခဲ့သော အလုပ်တစ်ခုက ယခုလောက် မယုံကြည်နိုင်စရာကောင်းလိမ့်မည်ဟု မထင်ခဲ့ပေ။

" ဘာဖြစ်တာလဲ။ " မြို့စားလုံရှန်က လုံရှန်ကျူးစကားမပြောသည်ကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ " ယွမ်အာက တကယ်ပဲအသုံးမကျတဲ့သူတစ်ယောက်လား။ "

မြို့စားလုံရှန်၏ အသံက စိတ်ပျက်မှုများနှင့် ပြည့်နှက်နေသည်။ လုံရှန်မျိုးနွယ်၏ သွေးမျိုးဆက်က ထူးခြားပြီး သူတို့က လုံရှန်ကျင့်စဉ်ကို ကျင့်ကြံကြသည်။ လုံရှန်ကျူး၏ လမ်းညွှန်မှုဖြင့် လုံရှန်ယွမ်က သာမန်အဆင့်ဖြစ်လျှင်တောင် တစ်လအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ရန် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

" အသုံးမကျတဲ့သူလား။ " လုံရှန်ကျူးက ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး အမြန်ရှင်းပြလိုက်သည်။ " ခေါင်းဆောင် သခင်လေးက အသုံးမကျတဲ့သူမဟုတ်ပါဘူး။ သူ သူက ချီပင်လယ်ကို အာရုံခံမိပြီးသားပါ။ "

မြို့စားလုံရှန်က သက်ပြင်းချလိုက်ပြီး ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ " မင်းဘာပြောတာ။ သူက ချီပင်လယ်ကို အာရုံခံမိပြီးသားလား။ "

လုံရှန်ကျင့်စဉ်ဖြစ်စေ အခြားစစ်သည်ကျင့်စဉ်ဖြစ်စေ ပထမဆုံးအဆင့်က ချီပင်လယ်ကို အာရုံခံရန် ဖြစ်သည်။ ၎င်းက အဆင့်တစ်စစ်သည်တစ်ယောက် ဖြစ်လာရန်အတွက် အခြေအနေတစ်ခုဖြစ်သည်။ ချီပင်လယ်ကို အာရုံခံပြီးသော မည်သူမဆို ချီပင်လယ်၏ စွမ်းအားကို အသုံးချပြီး သူတို့နှင့် ကိုက်ညီသော စစ်သည်ကျင့်စဉ်တစ်ခုကို ရွေးချယ်နိုင်လေသည်။

သို့သော် ချီပင်လယ်ကို အာရုံခံရန် ခက်ခဲလေသည်။ ၎င်းက စစ်သည်တစ်ယောက်ဖြစ်လာရန် ကြီးမားသော စမ်းသပ်ချက်တစ်ခုဖြစ်သည်။ လုံရှန်မျိုးနွယ်က သူတို့၏ အဖွဲ့ဝင်များကို ချီပင်လယ်ကို အာရုံခံရန် အချိန်တစ်လပေးထားသည်။

သူတို့က ထိုတစ်လအတွင်း ချီပင်လယ်ကို အာရုံခံမိလျှင် စစ်သည်တစ်ယောက် ဖြစ်လာရန် အရည်အချင်း ပြည့်မီပြီး လုံရှန်မျိုးနွယ်၏ ပျိုးထောင်ခြင်းကို ခံရပေလိမ့်မည်။

" အာယွမ်က နှစ်နာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခဲ့တယ်လို့ မင်းပြောတာလား။ " မြို့စားလုံရှန်၏ အသံက အနည်းငယ် တုန်ယင်နေသည်။

လုံရှန်မျိုးနွယ်၏ သမိုင်းတွင် လူသုံးယောက်သာ နှစ်နာရီအတွင်း ချီပင်လယ်ကို အာရုံခံမိခဲ့ကြသည်။ ထိုသုံးယောက်ထဲမှ နှစ်ယောက်က အဆင့်ငါး မဟာစစ်သည်ဖြစ်လာပြီး လုံရှန်မျိုးနွယ်၏ သမိုင်းတွင် အရေးပါးသော အမှတ်အသားတစ်ခု ချန်ထားနိုင်ခဲ့ကြသည်။ နောက်တစ်ယောက်ကတော့ အချိန်မတိုက်မီ ပျက်ဆီးခဲ့ရသည်။

လုံရှန်မျိုးနွယ်၏ မျိုးဆက်တိုင်းတွင် အဆင့်ငါးမဟာစစ်သည် ထွက်ပေါ်လာခြင်းမရှိပေ။ ဥပမာ လက်ရှိလုံရှန်နယ်မြေတွင် အသန်မာဆုံးက အဆင့်လေးသာရှိသည်။

အဆင့်ငါး မဟာစစ်သည်တစ်ယောက် ထွက်ပေါ်လာလျှင် လုံရှန်မျိုးနွယ်က အထွတ်အထိပ်သို့ ပြန်ရောက်လာမည်၊ ပထမဆုံးမြို့စားခေတ်ကို ပြန်ရောက်လာမည်၊ ပတ်ဝန်းကျင်မှ မြို့စားများက လက်အောက်ခံပြီး ပူးပေါင်းလာကြမည် ဖြစ်သည်။

" နှစ်နာရီအတွင်း ချီပင်လယ်ကို အာရုံခံမိတာ..." လုံရှန်ကျူးက တဖန် တိတ်ဆိတ်သွားပြန်သည်။

အမှန်သာ ထိုသို့ဖြစ်လျှင် သူက ပျော်ရွှင်မှုများဖြင့် ရှိနေပြီး ယခုကဲ့သို့ ကြောက်ရွံ့နေမည်မဟုတ်ပေ။

" ခေါင်းဆောင် သခင်လေးက ချီပင်လယ်ကို အာရုံခံဖို့ အသက်နှစ်ခါရှူချိန်ပဲ ကြာခဲ့တာပါ။ " လုံရှန်ကျူးက သူ့ကိုသူ ထိန်းချုပ်ပြီး ပြောလိုက်သည်။

အမှန်တော့ ၎င်းက အသက်နှစ်ကြိမ်ရှူချိန်ရှိလား လုံရှန်ကျူးပင် မသေချာပေ။ လုံရှန်ယွမ်က လုံရှန်ကျင့်စဉ်ကို တစ်ချက်ကြည့်ပြီး ချီပင်လယ်ကို အာရုံခံမိပြီဟု ပြောခဲ့ခြင်းဖြစ်သည်။

" မင်းဘာပြောလိုက်တယ် အသက်နှစ်ခါရှူချိန်..." မြို့စားလုံရှန်က ကြက်သေသေသွားသည်။

နှစ်နာရီအတွင်း ချီပင်လယ်ကို အာရုံခံမိခြင်းကို သူက နားလည်ပေးနိုင်သော်လည်း အသက်နှစ်ခါရှူချိန်အတွင်းမှာတော့....

" မင်းသေချာလား။ " မြို့စားလုံရှန်က မတ်တပ်ရပ်ပြီး လေးနက်စွာ မေးလိုက်သည်။

လုံရှန်ကျူးက မိသားစုတွင် အရေးပါသူတစ်ယောက်ဖြစ်ပြီး အရေးကြီးသော ကိစ္စများကို လိမ်လည်မည်မဟုတ်ပေ။ သို့သော် အသက်နှစ်ခါရှူချိန်အတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခြင်းက အလွန်မယုံကြည်နိုင်စရာကောင်းလှသည်။

" ကျွန်တော် သေချာပါတယ်။ " လုံရှန်ကျူးက ပြတ်သားစွာ ပြောလိုက်သည်။

" အသက်နှစ်ခါရှူချိန်အတွင်း ချီပင်လယ်ကို အာရုံခံနိုင်တာ... ငါတို့ လုံရှန်မျိုးနွယ်က ကောင်းကင်ကို တက်လှမ်းတော့မယ်ဆိုတဲ့ အဓိပ္ပါယ်လား။ " မြို့စားလုံရှန်က အံ့အားသင့်ပြီးနောက် ပျော်ရွှင်လာသည်။

နှစ်နှာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခြင်းက အဆင့်ငါး မဟာစစ်သည်ဖြစ်လာရန် မျှော်လင့်ချက်ရှိလျှင် အသက်နှစ်ခါရှူချိန်ကရော အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်လား။ အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းလား။

အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းက သူတို့၏ ယုံကြည်မှုကို မဖြန့်ဝေသရွေ့ မည်သည့်အင်ပါယာကိုမဆို လွတ်လပ်စွာ ဝင်ရောက်နိုင်ပြီး ကြီးမားသော ဂုဏ်သိက္ခာကို ရရှိမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ဆန္ဒရှိလျှင် နတ်ဘုရားများနှင့် သဘောတူညီမှုယူပြီး အင်ပါယာတစ်ခုပင် ထူထောင်နိုင်လေသည်။

" ဒီအကြောင်းကို အခြားဘယ်သူသိသေးလဲ။ " မြို့စားလုံရှန်၏ အကြည့်က ရုတ်တရက် လေးနက်သွားသည်။

" ခေါင်းဆောင် ကျွန်တော်တို့ နှစ်ယောက်ပဲ သိပါတယ်။ " လုံရှန်ကျူးကလည်း အခြေအနေ၏ လေးနက်မှုကို နားလည်လေသည်။

" အဲ့ဒါကောင်းတယ်။ " မြို့စားလုံရှန်က ခေါင်းညိမ့်လိုက်သည်။

ပတ်ဝန်းကျင်မှ မြို့စားနယ်မြေများက လုံရှန်မျိုးနွယ်တွင် နှစ်နာရီအတွင်း ချီပင်လယ်ကို ခံစားနိုင်သည့် အနာဂတ်မဟာစစ်သည် လောင်းလျာကို မွေးဖွားခဲ့သည်ကို ခွင့်ပြုပေလိမ့်မည်။

သို့သော် အသက်နှစ်ခါရှူချိန်အတွင်း ချီပင်လယ်ကို ခံစားနိုင်သည်ကိုသာ သိလျှင် အင်ပါယာပင် လုံရှန်ယွမ်ကို ဆင့်ခေါ်ပေလိမ့်မည်။

" အခုကစပြီး ယွမ်အာရဲ့ ချီပင်လယ်ကို အာရုံခံနိုင်တဲ့ အချိန်က အသက်နှစ်ခါရှူချိန်မဟုတ်ဘူး ငါးနာရီပဲ။ " မြို့စားလုံရှန်က ခဏစဉ်းစားပြီး လုံရှန်ကျူးကို ပြောလိုက်သည်။

နှစ်နာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခြင်းက မဟာစစ်သည်တစ်ယောက်ဖြစ်လာနိုင်သော်လည်း မြို့စားလုံရှန်က ၎င်းကို ထင်ရှားသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ ငါးနာရီက အဆင့်လေးစစ်သည်တစ်ယောက် ဖြစ်လူရန်သာ အရည်အချင်းရှိပြီး အခြားအင်အားစုများ၏ အာရုံကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

" ကောင်းပါပြီ။ " လုံရှန်ကျူးက ပြန်ဖြေလိုက်သည်။

" ယွမ်အာက ငါတို့ လုံရှန်မျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ ယွမ်အာ ထိခိုက်တာကို ငါလုံးဝ ခွင့်မပြုနိုင်ဘူး။ " မြို့စားလုံရှန်က တွေးလိုက်သည်။

လင်းယွမ်က မြေအောက်ကျင့်ကြံရေးကွင်းမှ ထွက်လာပြီးနောက် သူ့အား စောင့်ကြည့်နေသည်ကို ခံစားလိုက်ရသည်။

" သူတို့က ငါ့ကိုကာကွယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတာလား။ " လင်းယွမ်က တွေးလိုက်သည်။

သူက လုံရှန်မျိုးနွယ်မှ အရင်းအမြစ်များကို ရရှိရန်အတွက် သူ၏ အရည်အချင်းအနည်းငယ်ကို ပြသလိုက်ခြင်းဖြစ်သည်။ ၎င်းက သူ၏ ကျင့်ကြံမှုကို ပို၍ လွယ်ကူသွားစေပေလိမ့်မည်။

လုံရှန်ယွမ်က လုံရှန်မျိုးနွယ်၏ မျိုးဆက်ဖြစ်ပြီး တတိယမြောက်ဆက်ခံသူလည်း ဖြစ်သည်။ သူ၏ အရည်အချင်းက ပို၍ သန်မာလာသည်နှင့် လုံရှန်မျိုးနွယ်အတွက် ပိုကောင်းလာမည်ဖြစ်သည်။

ထို့အပြက် လင်းယွမ်က သူ့ကိုသူ ထိန်းချုပ်ထားပြီး ချီပင်လယ်ကို ချက်ချင်း အာရုံခံပြလိုက်ရုံသာဖြစ်သည်။

ထိုအချိန်တွင် သုံးမီတာနီးပါးမြင့်သော တရှန်က ခြေလှမ်းကျဲများဖြင့် ရောက်လာသည်။

" သခင်လေး သခင်လေးက ငါးနာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ " တရှန်က ရိုးသားစွာ ပြောလိုက်သည်။

" အင်း..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လုံရှန်ကျူးက သူ့ဆီသို့ လာပြီး ချီပင်လယ်အား အာရုံခံနိုင်သည့်အချိန်ကို အမှန်တိုင်း မထုတ်ဖော်ရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ လင်းယွမ်ကလည်း ထိုရည်ရွယ်ချက်ကို နားလည်သောကြောင့် သဘာဝအတိုင်း ပူးပေါင်းခဲ့သည်။

" သခင်လေးက ပါရမီရှင်လို့ ပြောလို့ရတယ်။ ကျွန်တော်ဆို တစ်ရက်နီးပါး အချိန်ယူခဲ့ရတယ်။ " တရှန်က ပြောလိုက်သည်။

" သွားစို့ " လင်းယွမ်က ပြောလိုက်သည်။

" ကောင်းပါပြီ။ " တရှန်က ခါညွှတ်ပြီး လင်းယွမ်ကို သူ၏ ပခုံးပေါ်တွင် ထိုင်စေလိုက်သည်။

" ကြယ်တာယာကောင်းကင်ကြီးက တကယ်လှပတာပဲ။ " တရှန်က ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။

" အင်း တကယ်လှတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဤကမ္ဘာမှ သက်ရှိများက အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းထိ ကျင့်ကြံပြီးနောက် ယုံကြည်မှုကို စုဆောင်းရန် လိုအပ်ပြီး နောက်ဆုံးတွင် သူတို့၏ နတ်ဘုရားနိုင်ငံကို မြှင့်တင်ကာ အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်သို့ ဝင်ရောက်ကြသည်။

နတ်ဘုရားနိုင်ငံကို မြှင့်တင်ခြင်းဆိုသည်မှာ နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံများက ကောင်းကင်သို့ တက်လာပြီး ထာဝရတည်မြဲသော ကြယ်များဖြစ်သွားကြသည်။

All Chapters