ကြယ်တွေ ကြွေကျနိုင်လား....
Vol. 30 Ch. 460
လင်းယွမ်ကြည့်နေသော ကြယ်များက နတ်ဘုရားတစ်ပါး၏ နတ်ဘုရားနိုင်ငံကို ကိုယ်စားပြုလေသည်။ နတ်ဘုရားက ပိုပြီးသန်မာလေ သူတို့နှင့် သက်ဆိုင်သော ကြယ်က ပို၍ ကြောက်စရာကောင်းလေဖြစ်သည်။
ပင်မနတ်ဘုရား ၂၄ပါးကို ကိုယ်စားပြုသော ကြယ်များက ခမ်းနားထည်ဝါပြီး သူတို့၏ တည်ရှိမှုက ကြယ်တာယာကောင်းကင်ကို လှုပ်ခါစေနိုင်လေသည်။
လင်းယွမ်က ထိုကြယ် ၂၄လုံးနှင့် အလွန်ဝေးကွာနေသော်လည်း သူက ပင်မနတ်ဘုရားများ၏ စွမ်းအားကို မရေမရာ ခံစားလိုက်ရသည်။ ပင်မနတ်ဘုရားများက ဟွမ်ယိကဲ့သို့ သန်မာသူများဖြစ်ကြပြီး သူတို့က ဒသမအလွှာနှင့် သိပ်မဝေးကြပေ။
" ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်က အတွင်းကမ္ဘာကို အပြင်မှာ ထားတာပဲ။ ဒါပေမယ့် ဒီလိုလုပ်တာဟာ အတွင်းကမ္ဘာက ပင်မကမ္ဘာအပေါ် လုံးဝမှီခိုနေပြီးတော့ ကြီးထွားမှုနှုန်းက အရမ်းမြန်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ပင်မကြာဝဠာတွင် အဋ္ဌမအလွှာ သက်ရှိအားလုံး၏ ခန္ဓာကိုယ်ထဲတွင် ကမ္ဘာများ ရှိကြလေသည်။ ထို့ကြောင့် အတွင်းကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သူတို့က အတွင်းကမ္ဘာကို အကြွင်းနဲ့ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အတွင်းကမ္ဘာက အဋ္ဌမအလွှာများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၎င်းကို အပြင်တွင် ထားခြင်းက အလွန်အန္တရာယ်များလေသည်။
သို့သော် အတွင်းကမ္ဘာကို အထဲတွင် ထားခြင်းကလည်း အတွင်းကမ္ဘာနှင့် ပင်မစကြာဝဠာကြား ကွာဟမှုတစ်ခုကို ဖြစ်စေပြီး ပင်မစကြာဝဠာ၏ စွမ်းအားကို ကြီးထွားမှုနှုန်းအတွက် အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူတို့က လေဟာနယ်အလွှာများကို ဖွင့်လှစ်ရာတွင် ခက်ခဲနေကြခြင်းဖြစ်သည်။
" ဒါက အတော်လေးကောင်းတဲ့ ကျင့်ကြံခြင်းစနစ်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ အတွင်းကမ္ဘာကို အပြင်တွင် ထားခြင်းက ကြီးထွားမှုနှုန်းကို အရှိန်မြှင့်ပေးပြီး အကျိုးကျေးဇူးများလည်း ရရှိလေသည်။
သို့သော် အလွန်ကြီးမားသော အားနည်းချက်တစ်ခုတော့ ရှိနေလေသည်။ ရန်သူတစ်ယောက်က ကောင်းကင်ပေါ်က ကြယ်များကို တိုက်ခိုက်ခဲ့လျှင် နတ်ဘုရားများကို တိုက်ရိုက်ထိခိုက်နိုင်လေသည်။
နတ်ဘုရားများ၏ နတ်ဘုရားနိုင်ငံဖြစ်စေ အဋ္ဌမအလွှာများ၏ အတွင်းကမ္ဘာဖြစ်စေ အားလုံးက အခြေခံအုတ်မြစ်များ ဖြစ်လေသည်။ ပျက်စီးသွားလျှင် ပြင်းထန်သော အကျိုးဆက်ကို ခံစားရပေလိမ့်မည်။
" တရှန် အဲ့ဒီကြယ်တွေက ကြွေကျနိုင်တယ်လို့ မင်းထင်လား။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
" ကြွေကျနိုင်လား။ " တရှန်က ၎င်းကို နားမလည်ပေ။
ကြယ်တစ်လုံးစီက နတ်ဘုရားတစ်ပါးကို ကိုယ်စားပြုပြီး ကြယ်တစ်လုံးကြွေကျခြင်းက သက်ဆိုင်ရာနတ်ဘုရား၏ ပျက်စီးခြင်းကို ဆိုလိုလေသည်။
" သခင်လေး ကြယ်တွေက ဘယ်လိုလုပ်ကြွေကျနိင်မှာလဲ။ " တရှန်က မွေးကတည်းက ကောင်းကင်မှ ကြယ်များကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့က နှစ်ပေါင်းများစွာ ပြောင်းလဲခြင်းမရှိပေ။
မကြာမီသူတို့က အိမ်သို့ ရောက်သွားကြပြီး သူ၏ မိဘများက ကြိုတင်စောင့်ဆိုင်းနေကြသောကြောင့် သတင်းရထားသည်မှာ သေချာလေသည်။
ပင်မနတ်ဘုရား ၂၄ပါးထဲတွင် မှော်ကွန်ရက်နတ်ဘုရားဟုခေါ်သော နတ်ဘုရားတစ်ပါး ရှိလေသည်။ သူက သူ၏ နတ်ဘုရားစွမ်းအားဖြင့် မှော်ကွန်ရက်ကို လူသားနယ်မြေအပေါ်သို့ ဖုံးလွှမ်းခဲ့သည်။ ထို့ကြောင့် မည်သည့်သတင်းကိုမဆို မှော်ကွန်ရက်မှတစ်ဆင့် ပေးပို့နိုင်လေသည်။
" သားရေ မင်းရဲ့ အရည်အချင်းက အဖေ့ထက်တောင် ပိုသန်မာသေးတာပဲ။ မင်းက တကယ် ငါလုံရှန်ဖန်ရဲ့ သားပဲ ဟားဟားဟား..." လုံရှန်ဖန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ငါးနာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခြင်းက အနာဂတ်တွင် အဆင့်လေးစစ်သည်တစ်ယောက် ဖြစ်လာနိုင်လေသည်။
ကြီးမားသော လုံရှန်မျိုးနွယ်အတွင်း အဆင့်လေးစစ်သည်က အယောက်နှစ်ဆယ်ထက် မပိုပေ။ တစ်ယောက်ချင်းစီက လုံရှန်မျိုးနွယ်၏ အခြေခံအုတ်မြစ်များ ဖြစ်ကြလေသည်။
" ရှင့်ထက်သာတယ် ဟုတ်လား။ " အမျိုးသမီးက လုံရှန်ဖန်ကို ကြည့်လိုက်သည်။ " ရှင် ချီပင်လယ်ကို အာရုံခံမိတုန်းက လဝက်လောက် အချိန်ယူခဲ့ရတယ်လေ။ "
လင်းယွမ်က သူ၏ မိဘများနှင့် စကားပြောပြီးနောက် ကျင့်ကြံခြင်းအခန်းထဲသို့ သွားလိုက်သည်။
" လုံရှန်သစ်သီးတွေ အများကြီးပဲ။ " လင်းယွမ်က ချထားသော အသီးများစွာကို ကြည့်လိုက်သည်။
လုံရှန်သစ်သီးက လုံရှန်နယ်မြေမှ ထွက်သော စိတ်ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်သည်။ ထိုအသီးတွင် စွမ်းအားများစွာ ပါဝင်ပြီး စစ်သည်များ၏ ကျင့်ကြံမှုကို များစွာ အထောက်အကူပြုလေသည်။
လုံရှန်သစ်သီးထဲတွင် ပါဝင်သော စွမ်းအားက ကြီးမားရုံသာမက နူးညံ့လေသည်။ တစ်စုံတစ်ယောက်က ၎င်းကို မစုပ်ယူလျှင်တောင် ခန္ဓာကိုယ်ထဲတွင် ငုံ့လျိုးနေပြီး အနာဂတ်တွင် ဖြည်းဖြည်းချင်း စုပ်ယူနိုင်လေသည်။
ထို့ကြောင့် လုံရှန်သစ်သီးက အလွန်တန်ဖိုးကြီးပြီး သာမန်မျိုးနွယ်ဝင်များက တစ်လ တစ်လုံးသာ ရရှိနိုင်လေသည်။ သို့သော် ၎င်းက တစ်စုံတစ်ယောက်၏ အရည်အချင်းပေါ်တွင်လည်း မူတည်လေသည်။
ယခု လင်းယွမ်၏ အခန်းထဲတွင် လုံရှန်သစ်သီးများစွာ ရှိနေလေသည်။ လုံရှန်မျိုးနွယ်ဝင်များက သူတို့၏ ဘဝတစ်လျှောက် ထိုမျှများပြားသော လုံရှန်သစ်သီးများကို မြင်ဖူးကြမည်မဟုတ်ပေ။
" အခု ငါက မကျင့်ကြံနိုင်သေးဘူး။ " လင်းယွမ်က လုံရှန်သစ်သီးတစ်လုံးကို ကောက်စားလိုက်ပြီး နူးညံ့သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။
ယခု သူလုပ်ရမည့်အရာမှာ နှစ်ပေါင်းများစွာ ကာမဂုဏ်ခံစားမှုကြောင့် ကုန်ဆုံးသွားသော မူလအနှစ်သာကို ပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။ မူလအနှစ်သာရကို ပြန်လည်ဖြည့်တင်းရန် အနည်းဆုံး သုံးလေးရက်ကြာပေလိမ့်မည်။ ထို့နောက် သူ၏ မူလအနှစ်သာရကို ပြည့်စုံသွားပြီး သူ၏ ကျင့်ကြံခြင်းအရှိန်က ပေါက်ကွဲထွက်လာပေလိမ်မည်။
" ဒီကမ္ဘာက သက်ရှိတွေရဲ့ ခန္ဓာကိုယ်က အတော်အလားအလာကောင်းတာပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
မူလ လုံရှန်းယွမ်က မိန်းမပျိုများစွာနှင့် ပျော်ပါးခဲ့ပြီး မည်မျှအားနည်းသည်ဖြစ်စေ ရက်အနည်းငယ်အတွင်း သူ၏ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာလေသည်။
" အလားအလာက သွေးမျိုးဆက်က လာတာလား။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး ဂရုတစိုက် ခံစားကြည့်လိုက်သည်။
လုံရှန်ယွမ်၏ ခန္ဓာကိုယ်ထဲတွင် သွေးမျိုးဆက်များစွာ ရှိပြီး ထိုထဲမှ အချို့က အဆင့်ခုနှစ် သွေးမျိုးဆက် ဆယ်ခုထက်မနည်း ပါဝင်နေသည်။
" ဒါက ပင်မစကြာဝဠာက သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲခြင်းမိသားစုတွေနဲ့ ဆင်တူတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဤကမ္ဘာ၏ စစ်သည်ကျင့်ကြံခြင်းစနစ်က အခြေခံအားဖြင့် သွေးမျိုးဆက်၏ စွမ်းအားကို အသုံးပြုခြင်းဖြစ်သည်။ ဥပမာ လုံရှန်ကျင့်စဉ်တွင် လုံရှန်းမျိုးနွယ်၏ တောင်တန်းနဂါးသွေးမျိုးဆက်ကို လှုံ့ဆော်ပြီး မိမိကိုကိုယ် သန်မာစေခြင်းဖြစ်သည်။
" သွေးမျိုးဆက်တွေက အရမ်းများပြီး ရောနှောနေတယ်။ လုံရှန်မျိုးနွယ်ရဲ့ ဘိုးဘေးက ဘယ်လောက်တောင် ရှုပ်ခဲ့တာလဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
လုံရှန်မျိုးနွယ်၏ တောင်တန်းနဂါးသွေးမျိုးဆက်က တောင်တန်းနှင့် အရွယ်အစားတူသော နဂါးတစ်ကောင်ဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုနဂါး၏ သွေးမျိုးဆက်က လုံရှန်မျိုးနွယ်ထဲကို မည်သို့ပေါင်းစည်းသွားလဲဆိုသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။
ပင်မစကြာဝဠာတ်လင် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက အထူးသက်ရှိများ၏ သွေးများကို ထုတ်ပြီး သွေးမျိုးဆက်ဆေးရည်အဖြစ် ပြောင်းလဲကာ ထိုဆေးရည်ကို သူတို့၏ သွေးမျိုးဆက်ဖြင့် ပေါင်းစည်းကြခြင်းဖြစ်သည်။
" သွေးမျိုးဆက်ရဲ့ စွမ်းအားကို အသုံးပြုပြီး ဒီကမ္ဘာက စစ်သည်တွေက မြန်မြန်ကျင့်ကြံနိုင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်တမ်းကလည်း တိုတောင်းတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ပင်မစကြာဝဠာမှ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းမိသားစုများက သူတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲထားသော်လည်း သူတို့၏ ကျင့်ကြံခြင်းကို အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဖြင့် ဖြည့်စွက်ထားကြသည်။ ဤကမ္ဘာမှ စစ်သည်များကဲ့သို့ သွေးမျိုးဆက်စွမ်းအားအပေါ်တွင်သာ မှီခိုခြင်းမဟုတ်ပေ။
ထိုကန့်သတ်ချက်ကြောင့် အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းမဖြစ်သရွေ့ အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်ဖြစ်လျှင်တောင် နှစ်တစ်ထောင်အသက်ရှည်နိုင်ရန် ခက်ခဲလေသည်။
" သွေးမျိုးဆက်ရဲ့ စွမ်းအားအပေါ် လုံးဝမှီခိုတာကြောင့် မဟုတ်ဘဲ ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေကကို ကန့်သတ်ထားသလိုဖြစ်နေတာလား။ "
သွေးမျိုးဆက်၏ စွမ်းအားကို မည်မျှမှီခိုသည်ဖြစ်စေ အဆင့်ခြောက်သို့ ရောက်သည်နှင့် သူတို့၏ အသက်အနှစ်သာရက ပြောင်းလဲသွားမည်ဖြစ်ပြီး နှစ်တစ်ထောင်ကျော် အသက်ရှည်နိုင်ရန် လွယ်ကူလေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကမ္ဘာစည်းမျဉ်းများပင် ဖြစ်သည်။
ရှစ်ကြိမ်မြောက် ဆင်းသက်မှုမှ စိတ်ဝိညာဉ်ကမ္ဘာရှိ အထွတ်အထိပ်အင်မော်တယ်ဘုရင်များက မတော်တဆမှု မကြုံသရွေ့ တစ်ခေတ်ပြီးတစ်ခေတ် ရှင်သန်နိုင်ကြလေသည်။ သို့သော် ဤကမ္ဘာက နတ်ဘုရားတစ်ပိုင်းမဖြစ်သရွေ့ သက်တမ်းက အလွန်တိုတောင်းလှသည်။
" ဒါပေမယ့် အဆင့်ရှစ် နတ်ဘုရားတွေရဲ့ သက်တမ်းက အဆင့်ခုနှစ်တွေနဲ့မတူဘဲ အလွန်ရှည်တဲ့ပုံပဲ။ " လင်းယွမ်က ကောင်းကင်ကို တစ်ချက် ကြည့်လိုက်သည်။
စည်းမျဉ်းများ၏ အခွင့်အာဏာကို စီမံခန့်ခွဲနေသော ပင်မနတ်ဘုရား ၂၄ပါးက လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားသော နဝမအလွှာ ဟွမ်ယိထက်ပင် ကြောက်စရာကောင်းနေပုံရသည်။
" ဖြည်းဖြည်းပေါ့။ အချိန်တွေအများကြီး လိုပါသေးတယ်။ "
လင်းယွမ်က အလျင်မလိုပေ။ လုံရှန်မျိုးနွယ်၏ ထောက်ပံ့မှုဖြင့် သူက သူ၏ ခွန်အားကို ပြန်လည်ရရှိနေသရွေ့ ဘာမှစိုးရိမ်စရာမလိုပေ။
" ဒါပေမယ့် ဒီကမ္ဘာက သွေးမျိုးဆက်တွေက ရှေးကျပြီး နက်နဲတယ်။ ဒီခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ ရုပ်ခန္ဓာနတ်စွမ်းရည်ကလည်း အားနည်းမှာ မဟုတ်ဘူး။ " လင်းယွမ်က မျှော်လင့်ချက်များဖြင့် ရေရွတ်လိုက်သည်။
ရုပ်ခန္ဓာနတ်စွမ်းရည်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သီးသန့်စွမ်းရည်တစ်ခုဖြစ်သည်။ ဆဋ္ဌမအလွှာသို့ ရောက်သောအခါ သွေးမျိုးဆက်အပေါ် အခြေခံပြီး နတ်စွမ်းရည်တစ်ခုကို နိုးထပေလိမ့်မည်။
အခြားသိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက ရုပ်ခန္ဓာနတ်စွမ်းရည် တစ်ခုသာ နိုးထနိုင်သော်လည်း ကမ္ဘာများစွာကို ဆင်းသက်နိုင်သော လင်းယွမ်က ရုပ်ခန္ဓာ နတ်စွမ်းရည် တစ်ခုပြီးတစ်ခု နိုးထလာပေလိမ့်မည်။
သို့သော် ရုပ်ခန္ဓာနတ်စွမ်းရည်များတွင်လည်း အားနည်းတာနှင့် အားကောင်းတာ ကွာခြားလေသည်။ လက်ရှိလင်းယွမ်၏ ရုပ်ခန္ဓာနတ်စွမ်းရည်များက သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွေ့လျားခြင်းနှင့် အားဖြည့်ခြင်းတို့ဖြစ်သည်။
ထိုထဲတွင် သွေးပြန်လည်မွေးဖွားခြင်းနှင့် အားဖြည့်ခြင်း နတ်စွမ်းရည်တို့က လင်းယွမ်အတွက် များစွာအကျိုးပြုပြီး တောင်ရွေ့လျားခြင်းကတော့ သိပ်အသုံးမဝင်ပေ။
လုံရှန်ယွမ်၏ ခန္ဓာကိုယ်ထဲမှာ သွေးမျိုးဆက်များစွာကို ကြည့်လျှင် နောက်ဆုံး နိုးထလာသော ရုပ်ခန္ဓာနတ်စွမ်းရည်ကလည်း အားနည်းမည်မဟုတ်ပေ။