← Chapters

စတင်ကျင့်ကြံခြင်း....

Vol. 30 Ch. 461

စတင်ကျင့်ကြံခြင်း....

Vol. 30 Ch. 461

လုံရှန်မြို့။

ယနေ့ လုံရှန်မျိုးနွယ်အတွက် ကြီးကျယ်ခမ်းနားသော နေ့တစ်နေ့ဖြစ်သည်။ ပထမမြို့စားက ယနေ့တွင် လုံရှန်မျိုးနွယ်ကို တည်​ထောင်ခဲ့ပြီး နှစ်ပေါင်းနှစ်ထောင်ကျော် အကြွင်းမဲ့အုပ်စိုးမှုကို စတင်ခဲ့သည်။

လုံရှန်မျိုးနွယ်၏ တတိယမြောက်ဆက်ခံသူအနေဖြင့် လင်းယွမ်က ထိုပွဲကို ပျက်ကွက်၍မရပေ။

" အကိုကြီးယွမ် ဒီနေ့ နေက အရမ်းပူတယ်။ ကျွန်မ ခေါင်းတောင်မူးလာပြီ။ ကျွန်မတို့ ဘာလုပ်သင့်လဲ။ " လုံရှန်မျိုးနွယ်မှ မိန်းကလေးတစ်ယောက်က လင်းယွမ်ဘေးသို့ ရောက်လာပြီး ပြောလိုက်သည်။

" နေပူတယ်..." လင်းယွမ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

နေက နည်းနည်းတော့ ပူလေသည်။ သို့သော် ခန္ဓာကိုယ်သန်မာသော လုံရှန်မျိုးနွယ်ဝင်များအတွက် ထိုနေပူအောက်တွင် သုံးရက်သုံးညရပ်နေလျှင်တောင် ဘာမှမဖြစ်ပေ။

" မင်းရဲ့ ကျင့်ကြံမှုမှာ ပြဿနာဖြစ်နေတာလား။ " လင်းယွမ်က လုံရှန်လင်းဟုခေါ်သော သူ၏ ဝမ်းကွဲညီမကို ကြည့်လိုက်သည်။

သူတို့၏ သွေးမျိုးဆက် သန့်စင်မှုအတွက် လုံရှန်မျိုးနွယ်တွင် တိုက်ရိုက် သွေးသားမတော်စပ်သရွေ့ လက်ထပ်ထိမ်းမြားခြင်း ပြုနိုင်လေသည်။

" မသိပါဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ပေါ်က နေရာခြည်တွေက အရမ်းပူတယ်လို့ ခံစားနေရတယ်။ " လုံရှန်လင်းက လင်းယွမ်အနားကို ကပ်ပြီး ရှက်ကိုရှက်ကန်းနှင့် ပြောလိုက်သည်။

" နင့်ရဲ့ ခန္ဓာကိုယ်ထဲက အပူက နေကလာတာမဟုတ်ဘဲ နင့်ဆီက လာတာလို့ ငါထင်တယ်။ " အခြားမိန်းကလေးတစ်ယောက်က အေးစက်စက်နှင့် ဝင်ပြောလိုက်သည်။

" လုံရှန်လန် နင့်ပါးစပ်ပိတ်ထားရင် သေသွားမှာမလို့လား။ " လုံရှန်လင်းက သူမကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

" ဟဲဟဲ ဘာဖြစ်လဲ။ နင်က စကားပြောလို့ရပြီး ငါကမရဘူးလား။ " လုံရှန်လန်က ပြန်ပြောလိုက်သည်။

" မင်းပင်ပန်းနေရင် အရင်ဆုံး အနားယူလိုက်ပါ။ ငါ ကျင့်ကြံဖို့ ပြန်တော့မယ်။ " လင်းယွမ်က ပြောပြီးနောက် လှည့်ထွက်သွားသည်။

လုံရှန်မျိုးနွယ်၏ တတိယမြောက် ဆက်ခံသူအနေဖြင့် လင်းယွမ်က ငါးနာရီအတွင်း ချီပင်လယ်ကို အာရုံခံနိုင်ခဲ့ပြီးနောက် လုံရှန်မျိုးနွယ်မှ မိန်းကလေးများကို ဆွဲဆောင်နိုင်ခဲ့သည်။

ပထမဆုံးအနေဖြင့် လင်းယွမ်က ချောမောခန့်ညားသူတစ်ယောက်ဖြစ်သည်။ လုံရှန်မျိုးနွယ်၏ ထွားကြိုင်းပြီး ကြမ်းတမ်းသော ပုံစံနှင့် ကွဲပြားလေသည်။ ထို့အပြင် လင်းယွမ်က အနာဂတ်တွင် အဆင့်လေးစစ်သည်ဖြစ်လာပြီး မြို့စားရာထူးကို ဆက်ခံရမည်ဖြစ်သည်။

သူက လုံရှန်မျိုးနွယ်တွင် အကျော်ကြားဆုံး အမျိုးသားတစ်ယောက်ဖြစ်လာခဲ့သည်။ အရည်အချင်းပြည့်မီသူများက လင်းယွမ်ကို မျက်စိကျလာကြသည်။ အသက်နည်းနည်းကြီးသူ သို့မဟုတ် ငယ်ရွယ်သူများပင် သူ့ကို စောင့်ကြည့်နေကြသည်။

" ခုနက အရမ်းနီးစပ်နေပြီ။ လုံရှန်လန် နင်းက ငါ့ရဲ့ အခွင့်အရေးကို ဖျက်ဆီးလိုက်တာပဲ။ " လင်းယွမ်ထွက်သွားပြီးနောက် လုံရှန်လင်းက ဒေါသတကြီး ပြောလိုက်သည်။

" နင့်ရဲ့ အခွင့်အရေးကို ဖျက်ဆီးတယ်။ လုံရှန်လင်း အကိုယွမ်က နင့်ကို နည်းနည်းလေးမှ စိတ်မဝင်စားတာ နင်မမြင်ဘူးလား။ " လုံရှန်လန်က ပြောလိုက်သည်။

သူမက လင်းယွမ်ကို လိုက်ခဲ့ဖူးသော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။ လုံရှန်လင်းက လင်းယွမ်နှင့် ထိုမျှနီးကပ်နေသည်ကို မြင်သောအခါ သူမက မနှောက်ယှက်ဘဲ မနေနိုင်ပေ။

" ကျွန်မအထင် အကိုကြီးယွမ်က ပိုပြီး နူးညံ့တဲ့သူကို ပိုကြိုက်နိုင်တယ်။ အမတို့အားလုံးက ဇွတ်လုပ်နေတော့ အကိုကြီးယွမ်ကို ကြောက်သွားစေလိမ့်မယ်။ " အသက်ငယ်သော မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

" အကိုကြီးယွမ်ကို ကြောက်စေလိမ့်မယ်။ " လုံရှန်လန်က မျက်ဖြူလှန်သွားသည်။

နှစ်အနည်းငယ်အတွင်းမှာ လုံရှန်ယွမ်၏ အတိတ်ကို လူတိုင်း မေ့သွားကြတာလား။ သို့သော် လုံရှန်မျိုးနွယ်မှ အမျိုးသမီးများက အမျိုးသားတစ်ယောက်မှာ အမျိုးသမီးများစွာနှင့် ပက်သက်နေသည်ကို ဂရုမစိုက်ကြပေ။ သူက ထူးချွန်ပြီး သန်မာနေသရွေ့ လုံလောက်လေသည်။

" ဘာပဲဖြစ်ဖြစ် အကိုယွမ်က ငါ့အပေါ် ကောင်းတဲ့ ခံစားချက်တွေရှိလောက်တယ်။ အနည်းဆုံးတော့ သူက ငါ့ကို မငြင်းပယ်ခဲ့ဘူး။ " လုံရှန်လင်းက တွေးလိုက်သည်။

" လုံရှန်လန် နောက်တစ်ခါ ငါ့ကို လာနှောက်ယှက်ရင် နင်နဲ့ငါ ရန်သူတွေ ဖြစ်သွားလိမ့်မယ်။ "

" ငါက နင့်ကို ကြောက်နေရမှာလား။ " လုံရှန်လန်က ရွဲ့ပြီးပြောလိုက်သည်။

" ဟမ် အကိုယွမ်က အနာဂတ်မှာ အဆင့်လေးစစ်သည်တစ်ယောက်ဖြစ်လာပြီး မြို့စားရာထူးကို ဆက်ခံမှာပဲ။ သူက သူ့ကို ကူညီပေးနိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့သာ ရှိနေလိမ့်မယ်။ ငါ လုံရှန်ယောင်က အဆင့်လေး မဟာစစ်သည်ဖြစ်တဲ့ အဘိုးတစ်ယောက်ရှိတဲ့အတွက် မျိုးနွယ်ကို ထိန်းချုပ်ဖို့ အကိုယွမ်ကို ကူညီပေးနိုင်တယ်။ ငါက အကိုယွမ်နဲ့ အသင့်တော်ဆုံးပဲ။ " မိန်းကလေးတစ်ယောက်က လမ်းလျှောက်လာရင်း ပြောလိုက်သည်။

သူမ၏ အဘိုးက လုံရှန်ကျူးပင်ဖြစ်သည်။ မြို့စားနှင့် လုံရှန်ကျူးတို့က လင်းယွမ်၏ အရည်အချင်း အစစ်အမှန်ကို လုံဝ ထုတ်ပြရန် ဆုံးဖြတ်ထားကြသော်လည်း လုံရှန်ကျူးက သူ၏ မြေးမလေးကို လင်းယွမ်ကိုလိုက်ရန် အရိပ်အမြွက်ပြောထားခဲ့သည်။

လုံရှန်မျိုးနွယ်တွင် အဆင့်ခုနှစ် နတ်ဘုရားတစ်ပိုင်းများနှင့် ပက်သက်သော အချက်အလက်များ မရှိသောကြောင့် သူက လင်းယွမ်ကို နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီး နတ်ဘုရားတစ်ပိုင်း ဖြစ်လာမည်ဟု မခန့်မှန်းနိုင်သော်လည်း လင်းယွမ်က အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်တစ်ယောက် ဖြစ်လာရန် သေချာလေသည်။

ဒဏ္ဍာရီစစ်သည်တစ်ယောက်က အင်ပါယာကို လက်အောက်ခံလျှင် ဘယ်ရွန်ဘွဲ့(သူကောင်းဘွဲ့) ပေးအပ်ခံရပြီး လုံရှန်နယ်မြေထက် အဆပေါင်းများစွာ ကြီးသော နယ်မြေတစ်ခုကို အုပ်ချုပ်ရပေလိမ့်မည်။ ဘယ်ရွန်ကတော်တစ်ယောက်ဖြစ်လာခြင်းက ရှားပါးသော ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။

လင်းယွမ်က သူ၏ ကျင့်ကြံခြင်းအခန်းသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

" မူလအနှစ်သာရက ပြည့်လုနီးပါးဖြစ်သွားပြီဆိုတော့ အခု ငါကျင့်ကြံလို့ရပြီ။ " လင်းယွမ်က ထိုင်ပြီး လုံရှန်သစ်သီးတစ်လုံးကို မျိုချလိုက်သည်။

ကြီးမားသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး လင်းယွမ်က လျင်မြန်စွာ စုပ်ယူလိုက်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ အခြေအနေက တည်ငြိမ်နေတုန်းပဲ။ ဟွမ်ယိက ရှီလန်ကို မမိသေးဘူး။ " လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အခြေအနေကို ခံစားလိုက်ရသည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ... " လင်းယွမ်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။

ထိုလျို့ဝှက်နယ်မြေရှိ ပင်မဒေသမှ ခေါ်သံက သူ့ကို စိတ်ဝင်စားစေသည်။

" ပြောရရင် ဒီကမ္ဘာက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဧကရာဇ်ရဲ့ နောက်လိုက်တွေထဲက တစ်ယောက်ရဲ့ ဇာတိမြေပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ထိုနောက်လိုက်၏ အကြီးမားဆုံးဆန္ဒက သူ၏ ဇာတိမြေကို ပြန်ရန်ဖြစ်သည်။ သူထားခဲ့သော အရာများစွာထဲမှ သူ၏ ကမ္ဘာမှ ဆုံမှတ်များကို မှတ်သားထားသော ရတနာကို တန်ဖိုးအရှိဆုံး ရတနာအဖြစ် သတ်မှတ်ခဲ့လေသည်။ ယခု လင်းယွမ်က ထိုနောက်လိုက်၏ ဇာတိကမ္ဘာကို ရောက်နေပြီဖြစ်သည်။

အန်ပူမြို့ရှိ နန်းတော်ထဲတွင် အနက်ရောင်ပဝါနှင့် မျက်နှာကို အုပ်ထားသော အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်နေသည်။

" လုံရှန်ယွမ်က လုံရှန်မြို့ကို ပြန်ပြီးတဲ့နောက်မှာ ကျင့်ကြံခြင်းကို စိတ်ဝင်စားလာပြီး ငါးနာရီအတွင်း ချီပင်လယ်ကို ခံစားမိခဲ့တယ်။ "

လုံရှန်ယွမ်က လုံရှန်မျိုးနွယ်ကို ဆက်ခံရန်အတွက် မျိုးနွယ်၏ အရင်းအမြစ်များကို အပြည့်အဝ ရရှိပေလိမ့်မည်။ မတော်တဆမှုများ မရှိနေသရွေ့ သူက အဆင့်လေးစစ်သည်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

" နတ်ဘုရားတမန်တော် အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။ " အောက်မှ မြေခွေးမက မယုံကြည်နိုင်စွာ ​မေးလိုက်သည်။

" အခုတော့ လုံရှန်ယွမ်ကို လုံရှန်မျိုးနွယ်က ကာကွယ်ပေးထားတော့ နည်းနည်းပြဿနာရှိလာပြီ။ " ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပြောလိုက်သည်။

လုံရှန်ယွမ်က ယခင်ကဲ့သို့ ရှိနေပြီး တတိယမြောက် ဆက်ခံသူဖြစ်လျှင်တောင် လုံရှန်မျိုးနွယ်၏ အာရုံစိုက်မှုကို ခံရမည်မဟုတ်ပေ။ သို့သော် ယခု လုံရှန်ယွိလက အဆင့်လေးစစ်သည်များပင် ကာကွယ်ပေးထားနိုင်လေသည်။

" အခုအရေးကြီးဆုံးက လုံရှန်ယွမ်နဲ့ တွေ့ဖို့ပဲ။ " သူမက ပြောလိုက်သည်။ " အရည်အချင်းက ကောင်းကင်က သတ်မှတ်ပေးထားတာ ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် လုံရှန်ယွမ်က ပျော်ရွှင်မှုကို နှစ်သက်တယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ သူက နင့်ကို မြင်တာနဲ့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ နင် လုံရှန်မြို့ကို သွားပြီး လုံရှန်ယွမ်နဲ့ တွေ့ဖို့ အကောင်းဆုံးကြိုးစားပါ။ ဒါဆို ငါတို့က သူ့ကို ဆက်ပြီး ထိန်းချုပ်နိုင်လိမ့်မယ်။ "

မူလအနှစ်သာရ ပြန်ပြည့်ပြီးနောက် လင်းယွမ်က သူ၏ အချိန်များကို ကျင့်ကြံခြင်းတွင်သာ နစ်မြှုပ်ခဲ့သည်။ သူ၏ မိဘများကို တစ်ခါတစ်ရံ သွားတွေ့သည်မှလွဲ၍ တရှန်ပင် လင်းယွမ်ကို သိပ်မတွေ့ရပေ။

ထိုအချိန်အတွင်း လုံရှန်မျိုးနွယ်မှ အဆင့်လေးစစ်သည်အချို့က လင်းယွမ်ကို လမ်းမှားလျှောက်မည်စိုးသောကြောင့် လမ်းညွှန်မှုပေးချင်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သာ စိတ်ပျက်မှုကို ခံစားခဲ့ရသည်။

သူတို့၏ လမ်းညွှန်မှုများက လင်းယွမ်အပေါ် သက်ရောက်မှုမရှိပေ။ သူက စစ်သည်တစ်ယောက်ဖြစ်ရန် မွေးဖွားလာသကဲ့သို့ ဖြစ်သည်။ စစ်သည်အယူအဆနှင့် စွမ်းရည်များကို သူတို့က စကားအနည်းငယ်ပြောသည်နှင့် လင်းယွမ်က နားလည်နေပြီဖြစ်သည်။ နောက်ဆုံးတွင် လုံရှန်မျိုးနွယ်၏ အဆင့်လေးစစ်သည်များက လက်လျှော့လိုက်ရသည်။

လင်းယွမ်က မျိုးနွယ်မှ အရင်းအမြစ်များကို လုံလောက်စွာ ရရှိပြီးနောက် သူ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာသည်။

ထိုသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာ ကြာသွားခဲ့သည်။

All Chapters