သက်တန့်နဂါးသွေးမျိုးဆက်....
Vol. 30 Ch. 462
လုံရှန်နယ်မြေက မိုင်သန်းခြောက်ဆယ်ကျော် ကျယ်ဝန်းပြီး ဒေသ၏ နေရာအများစုက လူနေထိုင်မှုမရှိသော တောတောင်များဖြစ်ကြသည်။
မိုင်ထောင်ချီမြင့်သော တောင်ထိပ်တစ်ခုပေါ်တွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ ပတ်ဝန်ကျင်ရှိ လေဟာနယ်က နူးညံ့စွာ ပုံပျက်နေပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်နှင့် မိုင်ဒါဇင် အနည်းငယ်အတွင်း ဖိနှိပ်ခံထားရသည်။ အကယ်၍ သူက ဖိနှိပ်မှုကို လွှတ်လိုက်လျှင် ခဏအတွင်း မိုင်သန်းပေါင်းများစွာ ဖြန်သန်းစီးဆင်းသွားပေလိမ့်မည်။
" လုံရှန်မျိုးနွယ်ရဲ့ သွေးမျိုးဆက်တွေထဲမှာ တောင်တန်းနဂါးသွေးမျိုးဆက်က အထင်ရှားဆုံးနဲ့ ခံစားရ အလွယ်ဆုံးပဲ။ ဒါကြောင့် လုံရှန်မျိုးနွယ်က လူအများစုက တောင်တန်းနဂါးသွေးမျိုးဆက်ကို လှုံ့ဆော်ဖို့ အာရုံစိုက်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ပထမဆုံး မြို့စားလုံရှန်က တောင်တန်းနဂါးသွေးမျိုးဆက်ကို အဆင့်ငါးအထိ လှုံ့ဆော်နိုင်ခဲ့တယ်။ " လင်းယွမ်က တွေးတောနေသည်။
" ဒါပေမယ့် ခံစားအလွယ်ဆုံးက အသန်မာဆုံးလို့ မဆိုလိုပါဘူး။ နှစ်တွေကြာလာတာနဲ့ ငါက သွေးမျိုးဆက်ကို ခွဲခြမ်းစိတ်ဖြာပြီး အရမ်းမှေးမှိန်နေတဲ့ သွေးမျိုးဆက်တစ်ခုကို ရှာတွေ့ခဲ့တယ်။ "
" ဒီသွေးမျိုးဆက်က အနည်းဆုံး အဆင့်ကိုး အထွတ်အထိပ်ဖြစ်ပြီး အဆင့်တစ်ဆယ်တောင်ဖြစ်နိုင်တယ်။ "
လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်က သူ၏ စွမ်းအားကို ပြန်လည်ရရှိရုံသာမက ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်ကိုလည်း လေ့လာနေခဲ့သည်။
စစ်သည်ကျင့်ကြံခြင်းစနစ်က မိမိ၏ သွေးမျိုးဆက်ထဲမှ အလားအလာကို တူးဖော်ပြီး နောက်ဆုံးတွင် ဘိုးဘေးများဆီ ပြန်သွားခြင်းကို အောင်မြင်ရန်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ ကန့်သတ်ချက်အောက်တွင် အဆင့်ခြောက် ဒဏ္ဍာရီစစ်သည်တစ်ယောက်ပင် နှစ်တစ်ထောင်ကျော် အသက်ရှင်ရန် ခက်ခဲလေသည်။ ပင်မစကြာဝဠာ၏ နှေးကွေးသော ကျင့်ကြံခြင်းစနစ်များက ဤကမ္ဘာနှင့် မသင့်တော်ပေ။
သွေးမျိုးဆက်ကို တူးဖော်ပြီး ဘိုးဘေးများလျှောက်သော လမ်းအတိုင်း လျင်မြန်စွာ ချိုးဖောက်ခြင်းက ဤကမ္ဘာ၏ ကန့်သတ်ချက်များနှင့် ကိုက်ညီလေသည်။
ပင်မစကြာဝဠာ၏ လူသားမျိုးနွယ်တွင် အသက်တစ်ရာမပြည့်မီ စတုတ္ထ သို့မဟုတ် ပဉ္စမအလွှာ ဖြစ်လာခြင်းက ရှားပါးသော အရည်အချင်းတစ်ခု ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင် အသက်တစ်ရာမတိုင်မီ အဆင့်ငါးစစ်သည်တစ်ယောက်ဖြစ်လာခြင်းက ရှားပါးလေသည်။ သို့သော် သွေးမျိုးဆက်၏ အလားအလာကို တူးဖော်ပြီး အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်သည်အထိ မည်သည့်အတားအဆီးမှ မရှိပေ။ တစ်ခုတည်းသော ပြဿနာမှာ သွေးမျိုးဆက်က ဘယ်လောက်ထိ ရောက်နိုင်လဲဖြစ်သည်။
" ငါ့ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဒီကမ္ဘာမှာ ဖြန့်ကျက်ချင်ရင် ပြောင်းလဲမှုတွေ လုပ်ရမယ်။ ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်ကို မှီခိုရမယ်။ "
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြင်ပနိယာမများကို လိုအပ်လေသည်။ သို့သော် ဤကမ္ဘာ၏ သွေးမျိုးဆက်များထဲတွင် သက်ဆိုင်ရာနိယာမများ၏ အနှစ်သာရများ ရှိနေသည်။
ပြင်ပနိယာမများကို နားလည်ခြင်းနှင့် သွေးမျိုးဆက်နိယာမများကို နားလည်ခြင်းက ဘယ်ဟာကပိုမြန်မလဲ။
ထို့အပြင် ကန့်သတ်ထားသော သက်တမ်းအောက်တွင် လင်းယွမ်က သွေးမျိုးဆက်များကို စတင်လေ့လာခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင်နေခဲ့သည်။
" ငါ့ရဲ့ အဆင့်တစ်ဆယ်နီးပါး သွေးမျိုးဆက်က ရှားပါးတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ အဆက်မပြတ် သန့်စင်ခဲ့လို့ မူလအစကို သိခဲ့ရတယ်။ "
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သက်တန့်ရောင်အလင်းတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ရာဖိအားတစ်ခုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
သက်တန့်နဂါးမျိုးနွယ်။
ဤကမ္ဘာတွင် အသန်မာဆုံး သက်ရှိတစ်မျိုးဖြစ်ပြီး ကမ္ဘာဦးတွင် မွေးဖွားလာခြင်းဖြစ်သည်။
အလင်းပင်လယ်တွင် နေထိုင်သော ပင်မနတ်ဘုရား ၁၂ပါးထဲမှ တစ်ပါးက သက်တန့်နဂါးမျိုးနွယ်ဝင်ဖြစ်ပြီး သက်တန့်နဂါးနတ်ဘုရားအဖြစ် သိကြလေသည်။ သူက လူသားများကြားမှ နဂါးသွေးမျိုးဆက်၏ အမြင့်ဆုံး ယုံကြည်မှုပင်ဖြစ်သည်။
ကျောက်နဂါးများ၊ တောင်တန်းနဂါးနှင့် အခြားနဂါးများ၏ သွေးမျိုးဆက်များ၏ မူလက သက်တန့်နဂါးမျိုးနွယ်ဆီသို့ ပြန်ရောက်သွားသည်။
" ဒီကမ္ဘာက စစ်သည်ကျင့်စဉ်တွေ အင်ပါယာမျိုးနွယ်က ထိန်းသိမ်းထားတဲ့ ကျင့်စဉ်တွေကို ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့ ကောက်နုတ်ပြီး နောက်ဆုံးမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲ ခြင်းလမ်းစဉ်ရဲ့ အနှစ်သာရကို မပျက်ဆီးပဲ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ "
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အခြားစစမသည်ကျင့်စဉ်တွေလို ကန့်သတ်မထားပဲ တစ်ယောက်ချင်းစီရဲ့ အစွမ်းထက်ဆုံး အသင့်တော်ဆုံး သွေးမျိုးဆက်ကို တူးဖော်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဤကမ္ဘာမှ စစ်သည်ကျင့်စဉ်များက သီးခြားသွေးမျိုးဆက်များကို ရည်ရွယ်ထားလေသည်။ ဥပမာ လုံရှန်မျိုးနွယ်၏ လုံရှန်ကျင့်စဉ်က တောင်တန်းနဂါးသွေးမျိုးဆက်ကိုသာ ခံစားနိုင်ပြီး အခြားသွေးမျိုးဆက်တွေကို ရှာဖွေနိုင်စွမ်းမရှိပေ။
သို့သော် လင်းယွမ်၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ထိုကန့်သတ်ချက်မရှိပေ။ ၎င်းက အခြားကဏ္ဍများတွင် စစ်သည်ကျင့်စဉ်များထက် ပိုသန်မာနေမည်မဟုတ်သော်လည်း ၎င်းက လူတိုင်းအတွက် သင့်တော်လေသည်။
ထိုအချက်တစ်ချက်ဖြင့် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဤကမ္ဘာတွင် လျင်မြန်စွာ ပျံ့နှံ့သွားပေလိမ့်မည်။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဤကမ္ဘာအတွက်သာ သင့်တော်လေသည်။ ကောင်းကင်နှင့်မြေကြီး၏ ကန့်သတ်ချက်များကြောင့် သက်တမ်းက များစွာ မတိုတောင်းခဲ့လျှင် ပြင်ပနိယာမများကို သဘာဝအတိုင်း နားလည်ခြင်းက ပိုကောင်းပေလိမ့်မည်။
ဤကမ္ဘာမှ အစွမ်းထက်သူများက နတ်ဘုရားတစ်ပိုင်း ဖြစ်လာသောအခါ သူတို့၏ နတ်ဘုရားနိုင်ငံများကို တည်ထောင်ရန်အတွက် သက်ရှိအားလုံး၏ ယုံကြည်မှုကို လိုအပ်လေသည်။
ပင်မစကြာဝဠာမှ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက ပြင်ပစွမ်းအားများအပေါ် မှီခိုခြင်းမရှိဘဲ ကိုယ်ပိုင်အတွင်းကမ္ဘာများကို ဖန်တီးပြီး အန္တရာယ်ကင်းကာ ပို၍ ဝေးဝေးသွားနိုင်လေသည်။
" သက်တန့်နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို တူးဖော်ပြီးတဲ့နောက်မှာ ငါရဲ့ ရုပ်ခန္ဓာက ၆၀ ရာခိုင်နှုန်း တိုးတက်လာတာပဲ။ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း သူ့အားသာချက်တွေ ရှိပါတယ်။ "
၆၀ ရာခိုင်နှုန်းတိုးတက်ခြင်းမှာ ရုပ်ခန္ဓာ၏ အခြေခံစွမ်းအားကို ရည်ညွှန်းခြင်းဖြစ်ပြီး ထာဝရစမ်းချောင်းတွင် စိမ်ပြီး ရုပ်ခန္ဓာကို မြှင့်တင်ခြင်းမျိုးမဟုတ်ပေ။
ထို့အပြင် လင်းယွမ်က သက်တန့်နဂါးသွေးမျိုးဆက်က အဆုံးထိ မရောက်သေးကြောင်း ခံစားရလေသည်။ သူက ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာသည်နှင့် ရုပ်ခန္ဓာက ပို၍ သန်မာလာပေလိမ့်မည်။
" နှစ်တစ်ရာအတွင်း ငါက အတွင်းကမ္ဘာကို ဖွင့်ပြီး အဋ္ဌမအလွှာကို ရောက်နိုင်ခဲ့တယ်။ အခု နဝမအလွှာကို တက်လှမ်းဖို့ အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်ဖို့ပဲ လိုတယ်။ " လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထရပ်လိုက်သည်။
ဤကမ္ဘာတွင် အဋ္ဌမအလွှညက နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူလေသည်။ နတ်ဘုရားတစ်ပါးက နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးသည်နှင့် အလင်းပင်လယ် သို့မဟုတ် အမှောင်ချောက်နက်သို့ ဝင်ကြလေသည်။
ပင်မနတ်ဘုရား ၂၄ပါး၏ သဘောတူညီချက်အရ နတ်ဘုရားများက သူတို့၏ မူလခန္ဓာကိုယ်နှင့် လူသားများကြားတွင် နေခွင့်မရှိပေ။ အကြောင်းမှာ ၎င်းက သက်ရှိအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်လေသည်။
" ဒါက မလုံလောက်သေးဘူး။ နတ်ဘုရားတွေက လူသားနယ်မြေထဲမှာ မနေကြပေမယ့် ဒီကို မဆင်းသက်နိုင်ဘူးလို့ မဆိုလိုဘူး။ သူတို့က ပင်မနတ်ဘုရား ၂၄ပါးရဲ့ ကန့်သတ်ခြင်းကို ခံထားရတာပဲ။ ငါက သတိထားပြီး နဝမအလွှာထိ ကျင့်ကြံဖို့လိုတယ်။ အဲ့ဒီခါကျရင် ဘာမှကြောက်စရာမလိုတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအလွှာသို့ ပြန်ရောက်လာခြင်းမှာ လင်းယွမ်အတွက် သာမန်သာဖြစ်ပြီး တစ်ခုတည်းသော စိတ်လှုပ်ရှားစရာမှာ သူ၏ ရုပ်ခန္ဓာနတ်စွမ်းရည်သာ ဖြစ်သည်။
ဒြပ်စင်ခန္ဓာ။ အဆင့်တူ ဒြပ်စင်တိုက်ခိုက်မှုများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ခုခံနိုင်စွမ်း ရှိလေသည်။ ၎င်းက ပင်မစကြာဝဠာတွင် နိယာမတိုက်ခိုက်မှုများဟု ခေါ်ရပေလိမ့်မည်။
သတ္တမအလွှာနှင့် အထက်အဆင့်များ၏ အဓိကနည်းလမ်းက နိယာမများကို အသုံးပြုပြီး တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ အတွင်းကမ္ဘာထဲမှ ကမ္ဘာစွမ်းအားပင် နိယာမများကို ပေါင်းစပ်ပြီးဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နိယာမတိုက်ခိုက်မှုများကို ကိုးဆယ်ရာခိုင်နှုန်း ခုခံနိုင်ခြင်းက လင်းယွမ်ကို နဝမအလွှာတွင် မရှုံးနိမ့်နိုင်အောင် ဖြစ်စေပေလိမ့်မည်။ ပြင်ပစွမ်းအားမပါလျှင် နဝမအလွှာများက လင်းယွမ်ကို သတ်နိုင်မည်မဟုတ်ပေ။
သတ်ရန်မပြောနှင့် လင်းယွမ်ကို ထိခိုက်အောင် လုပ်နိုင်ရန်ပင် အလွန်ခက်ခဲလေသည်။ ထို့အပြင် လင်းယွမ်တွင် သွေးပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည် ရှိသည့်အတွက် မည်သည့်ထိခိုက်မှုမဆို ချက်ချင်း ပြန်ကောင်းလာနိုင်လေသည်။
ဒြပ်စင်ခန္ဓာက ကာကွယ်ရေးရတနာများ၏ သက်ရောက်မှုများဖြင့် ရောနှောခြင်းမရှိပေ။ ဆိုလိုသည်မှာ နှစ်ခုလုံးကို အတူတကွ အသုံးပြုနိုင်လေသည်။ အရေးကြီးဆုံးအချက်က လင်းယွမ်သန်မာလာသည်နှင့်အမျှ ထိုနတ်စွမ်းရည်ကလည်း သန်မာလာပေလိမ့်မည်။
လင်းယွမ်က နဝမအလွှာသို့ ရောက်လျှင် နဝမအလွှာရှိသော နိယာမတိုက်ခိုက်မှုများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ခုခံနိုင်ပေလိမ့်မည်။
" ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ထိုနတ်စွမ်းရည်ကို သွေးပြန်လည်မွေးဖွားခြင်းနှင့် ပေါင်းလိုက်သောအခါ အသန်မာဆုံး ကာကွယ်ရေးစွမ်းရည်ဖြသ်သွားပေလိမ့်မည်။
လင်းယွမ်က ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး လုံရှန်မြို့သို့ ပြန်လာခဲ့သည်။ လုံရှန်မျိုးနွယ်တွင် အစွမ်းထက်သော စစ်သည်များက ကင်းလှည့်နေကြသည်။
" ခေါင်းဆောင်..." လင်းယွမ် ပေါ်လာသည်ကို မြင်သောအခါ စစ်သည်တစ်ယောက်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
နှစ်တစ်ရာအတွင်း ယခင် မြို့စားလုံရှန်က မြို့စားဘွဲ့နှင့် မျိုးနွယ်ခေါင်းဆောင်နေရာကို လင်းယွမ်အား လွှဲပြောင်းပေးခဲ့သည်။ လင်းယွမ်က သူ၏ စွမ်းအားကို ဖုံးကွယ်ထားသော်လည်း လွန်ခဲ့သော နှစ်ရှစ်ဆယ်က သူက အဆင့်လေးသို့ ဝင်ရောက်ခဲ့သည်ကို ကြေညာခဲ့သည်။