တပ်မက်ခြင်းမိခင်နတ်ဘုရား....
Vol. 30 Ch. 463
လင်းယွမ်၏ စွမ်းအားက လုံလောက်သောကြောင့် ခေါင်းဆောင်နေရာ လွှဲပြောင်းခြင်းက ချောမွေ့စွာ ပြီးသွားခဲ့သည်။ လုံရှန်မျိုးနွယ်၏ ယခင် မြို့စားများက ဆက်ခံမှုမတိုင်မီ အဆင့်လေးသို့ မရောက်ခဲ့ကြပေ။ သူတို့ ခေါင်းဆောင်ဖြစ်လာပြီးမှသာ မျိုးနွယ်၏ များပြားသော အရင်းအမြစ်များနှင့် အဆင့်လေးသို့ မနည်းဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
တစ်ဖက်တွင် လင်းယွမ်က ခေါင်းဆောင်နေရာကို မဆက်ခံမီ အဆင့်လေးသို့ ရောက်နေပြီဖြစ်သည်။ အဆင့်ငါးစစ်သည်ဖြစ်လာမည်အလားအလာကို ပေါင်းစပ်လိုက်သောအခါ မျိုးနွယ်ဝင်များစွာကို ယုံကြည်စေခဲ့သည်။
" လင်းအာ အဲ့ဒီကျင့်ကြံခြင်းစနစ်ကို မိသားစုဝင်တွေကို သင်ပေးပြီးပြီလား။ " လင်းယွမ်က မြို့စားပလ္လင်ပေါ်မှ မေးလိုက်သည်။
သူပြောသော လင်းအာက တစ်ချိန်က လင်းယွမ်ကို အရူးအမူးလိုက်ခဲ့သော လုံရှန်းလင်းပင်ဖြစ်၏။ သို့သော် သူမက မျှော်လင့်ချက်မရှိသည်ကို သိသောအခါ သူမ၏ ကြိုးစားအားထုတ်မှုများကို မျိုးနွယ်ကိစ္စများအပေါ်တွင် အသုံးပြုခဲ့သည်။
" ခေါင်းဆောင် အဲ့ဒီကျင့်ကြံခြင်းစနစ်က အရမ်းထိရောက်တယ်။ အဲ့ဒါက သီးခြားသွေးမျိုးဆက်ကန့်သတ်ချက်တွေ မရှိတဲ့ပုံပဲ။ ကျွန်မတို့ လုံရှန်မျိုးနွယ်ရဲ့ အရည်အချင်းရှိတဲ့သူတွေက အဲ့ဒါကို လေ့ကျင့်ပြီး တောင်တန်းနဂါးသွေးမျိုးဆက်အပြင် အခြားသွေးမျိုးဆက်တွေကိုတောင် ဖော်ထုတ်နိုင်ခဲ့ကြတယ်။ " လုံရှန်လင်း၏ အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။
ထိုကျင့်ကြံခြင်းစနစ်က ဘာကိုဆိုလိုသည်ကို သူမနားလည်လေသည်။ လုံရှန်မျိုးနွယ်ဝင်အများစုက စစ်သည်ဖြစ်လာရန် အလားအလာရှိသော်လည်း သူတို့၏ တောင်တန်းနဂါးသွေးမျိုးဆက်က အလွန်အားနည်းနေသောကြောင့် လုံရှန်ကျင့်စဉ်ကို မကျင့်ကြံနိုင်ခဲ့ပေ။
သို့သော် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က တောင်တန်းနဂါးသွေးမျိုးဆက်အတွက် သီးသန့်ဖြစ်မနေဘဲ အသင့်တော်ဆုံး သွေးမျိုးဆက်ကို အလိုအလျောက် ထုတ်ဖော်ပေးလေသည်။ ထိုကျင့်ကြံခြင်းစနစ်က ကျယ်ပြန့်လာသည်နှင့် လုံရှန်မျိုးနွယ်၏ စစ်သည်အရေအတွက်က တဟုန်ထိုး တိုးတက်လာပေလိမ့်မည်။
" ဒါဆိုလည်း အဲ့ဒါကို ပိုပြီး ဖြန့်ကျက်လိုက်ပေါ့။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။
လုံရှန်လင်းကို ပေးလိုက်သော သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဤကမ္ဘာအတွက် သီးသန့်ဖန်တီးထားခြင်းဖြစ်သည်။ လင်းယွမ်က ဤဆင်းသက်မှုတွင် သူ၏ ခွန်အား တိုးတက်လာရန်အပြင် သိုင်းတာအိုကို ပျံ့နှံ့အောင်လုပ်ရန်လည်း မမေ့ခဲ့ပေ။
ကြီးမြတ်သူတစ်ယောက်ဖြစ်မလာမီ အန္တိမအသိအမြင်အတွက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သက်ရှိများစွာ ကျင့်ကြံထားရန် လိုအပ်လေသည်။ ဤကမ္ဘာမှ နတ်ဘုရားများက သူတို့ကို ပူဇော်ရန် လိုအပ်သော်လည်း လင်းယွမ်အတွက် မလိုအပ်ဘဲ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံနေရန်သာ လိုအပ်သည်။
" ဖြန့်ကျက်ရမယ်။ " လုံရှန်လင်း၏ စိတ်က တုန်ယင်သွားသည်။
လင်းယွမ်ပေးသော ကျင့်ကြံခြင်းစနစ်က မည်မျှတန်ဖိုးကြီးသည်ကို သူမ နားလည်လေသည်။ ၎င်းကို ဖြန့်ကျက်ခြင်းက လုံရှန်မျိုးနွယ်၏ အင်အားကို ထိပ်ဆုံးသို့ ရောက်စေနိုင်သော်လည်း မပေါက်ကြားအောင် တားဆီးရန် နည်းလမ်းမရှိပေ။
မကြာမီ အခြားနယ်မြေများက စစ်သည်များကလည်း ထိုကျင့်ကြံခြင်းစနစ်ကို ရရှိကြပြီး လုံရှန်မျိုးနွယ်က အားသာချက်ရှိတော့မည်မဟုတ်ပေ။
" စိတ်မပူနဲ့ ငါပြောတဲ့အတိုင်း လုပ်ပါ။ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး။ " လင်းယွမ်က လုံရှန်လင်းကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဤကမ္ဘာနှင့် ကိုက်ညီအေုင် ပြုပြင်လိုက်ခြင်းက ၎င်းကို တတ်နိုင်သမျှ ဖြန့်ကျက်ရန် ဖြသ်သည်။ လုံရှန်မျိုးနွယ်က အခြားသူများနှင့် ကွာခြားမှုမရှိလျှင်ရော လင်းယွမ်ရှိနေလျှင် လုံရှန်မျိုးနွယ်၏ ဂုဏ်ကျက်သရေက လုံရှန်လင်း စိတ်ကူးထက် များစွာ ကျော်လွန်သွားပေလိမ့်မည်။
" ပြီးတော့ တပ်မက်ခြင်းဘုရားကျောင်းကလူတွေ လုံရှန်မြို့မှာ ရှိနေသေးလား။ " လင်းယွမ်က မေးလိုက်သည်။
တပ်မက်ခြင်းဘုရားကျောင်းက အင်ပါယာမှ ပြင်းထန်စွာ နှိမ်နှင်းနေသော နတ်ဘုရားတစ်ပိုင်း ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်က တပ်မက်ခြင်းဘုရားကျောင်းမှာ အန်ပူမြို့အနီးတွင် လှည့်လည်သွားလာနေခဲ့သည်။ ယခင်လုံရှန်ယွမ်၏ မူလအနှစ်သာရကို ထိခိုက်စေခြင်းမှာလည်း တပ်မက်ခြင်းဘုရားကျောင်းနှင့် ပက်သက်နေသည်။
လွန်ခဲ့သော ရာစုနှစ်အတွင်း လင်းယွမ်က တပ်မက်ခြင်းဘုရားကျောင်း၏ ရည်ရွယ်ချက်ကို သိခဲ့ရသည်။ သူတို့က လုံရှန်မျိုးနွယ်ကို လျို့ဝှက်စွာ ထိန်းချုပ်ပြီး နောက်ကွယ်မှ တပ်မက်ခြင်းမိခင်နတ်ဘုရားအတွက် ယုံကြည်မှုများ စုဆောင်းရန် ဖြစ်သည်။
လင်းယွမ် ရရှိခဲ့သော အချက်အလက်များအရ တပ်မက်ခြင်းမိခင်နတ်ဘုရားက အလွန်အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းဖြစ်ပြီး အမိန့်နတ်ဘုရား၏ လက်ထဲမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည်။
နတ်ဘုရားများက လူသားနယ်မြေသို့ တိုက်ရိုက်ဝင်ရောက်ခြင်းမရှိသော်လည်း အမိန့်နတ်ဘုရားကဲ့သို့ ပင်မနတ်ဘုရားများက နတ်ဘုရားကိုယ်ပွားများ စေလွှတ်နိုင်ပြီး စစ်မှန်သော နတ်ဘုရား၏ တိုက်ခိုက်ရေးစွမ်းအားနှင့် နီးကပ်သော စွမ်းအားကို အသုံးပြုနိုင်လေသည်။
လွန်ခဲ့သော နှစ်တစ်ရာက တပ်မက်ခြင်းဘုရားကျောင်းမှာ မူလ လုံရှန်ယွမ်ကို ပစ်မှတ်ထားခဲ့သည်။ သို့သော် လင်းယွမ်၏ စိတ်အသိဆင်းသက်လာပြီး သူက လုံရှန်မြို့သို့ ပြန်ကာ အန်ပူမြို့သို့ ပြန်သွားခြင်းမရှိတော့ပေ။ ၎င်းက တပ်မက်ခြင်းဘုရားကျောင်း၏ အစီအစဉ်များကို ပျက်ဆီးသွားစေခဲ့သည်။
အခြားရွေးချယ်စရာမရှိဘဲ တပ်မက်ခြင်းဘုရားကျောင်းက လုံရှန်မြို့ထဲသို့ လူများစေလွှတ်ပြီး လုံရှန်ယွမ်နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် လုံရှန်မြို့ထဲသို့ ဝင်ရောက်ခဲ့သော မြေခွေးမက နှစ်ငါးဆယ်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး သူမက အိုမင်းလာသော်လည်း လင်းယွမ်နှင့် မတွေ့ခဲ့ရပေ။
အမှန်တော့ ထိုမြေခွေးမက လင်းယွမ်ကို အနီးကပ် မြင်တွေ့ခဲ့ရသော်လည်း လင်းယွမ်က သူမကို ဂရုစိုက်ခြင်းမရှိခဲ့ပေ။ နှစ်ငါးဆယ်ကြာပြီးနောက် အိုမင်းလာသော မြေခွေးမက ထိုနေရာက ထွက်သွားခဲ့သော်လည်း တပ်မက်ခြင်းဘုရားကျောင်းက လုံရှန်ယွမ်အပေါ် လက်လျှော့ခြင်းမရှိဘဲ အခြားမိန်းကလေးတစ်ယောက်ကို စေလွှတ်ခဲ့သည်။
ဤတစ်ကြိမ်တွင် တပ်မက်ခြင်းဘုရားကျောင်း၏ ပစ်မှတ်မှာ လင်းယွမ်မဟုတ်ဘဲ လုံရှန်မျိုးနွယ်ကို ဆက်ခံရန် အရည်အချင်းရှိသော အဖွဲ့ဝင်အနည်းငယ်အပေါ်တွင် ဖြစ်သည်။
လင်းယွမ်က တစ်ချက်ကြည်ရုံနှင့် တက်မက်ခြင်းဘုရားကျောင်း၏ ရည်ရွယ်ချက်ကို သိနိုင်လေသည်။ နောက်ဆုံးတွင် သူတို့က လင်းယွမ်အား ရင်မဆိုင်နိုင်သည်ကို သိခဲ့ကြပြီး အချိန်ပိုယူရန် ဆုံးဖြတ်ခဲ့ကြသည်။ လင်းယွမ်ထက် ပို၍ ကြာကြာအသက်ရှင်ပြီး ဖြည်းဖြည်းချင်း ကြံစည်ရန် စီစဉ်ခဲ့ကြသည်။
" ငါ့ထက် ပိုအသက်ရှည်ချင်တာလား။ " လင်းယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
ဤကမ္ဘာ၏ ကန့်သတ်ချက်များက အဆင့်လေး သို့မဟုတ် အဆင့်ငါး စစ်သည်များပင် နှစ်နှစ်ရာကျော် အသက်ရှည်ရန် အလွန်ခက်ခဲနေသည်။ ထို့ကြောင့် တပ်မက်ခြင်းဘုရားကျောင်း၏ အစီအစဉ်များက ချို့ယွင်းချက်ရှိနေသည်မဟုတ်ပေ။ သို့သော် ၎င်းက သာမန် အဆင့်လေးနှင့် အဆင့်ငါး စစ်သည်များသာ ဖြစ်သည်။
လင်းယွမ်က သူ၏ အသက်ရှည်မှုကို ထည့်မတွက်လျှင်တောင် သူ၏ နေထိုင်ချိန်က နှစ်ပေါင်း ၁၁၀၀ ရှိလေသည်။ တပ်မက်ခြင်းဘုရားကျောင်းက စောင့်နိုင်လျှင်တောင် နတ်ဘုရားများကိုပင် သတ်နိုင်သည့် ခွန်အားရှိသော လင်းယွမ်ကို သူတို့ ဘယ်လိုရင်ဆိုင်မှာလဲ။
လင်းယွမ်က ရာစုနှစ်တစ်ခုကြာအောင် တပ်မက်ခြင်းဘုရားကျောင်းအား လည်ပတ်ခွင့်ပြုထားသည်။ အကြောင်းမှာ သူတို့၏ နောက်တွင် နတ်ဘုရားတစ်ပိုင်းဖြစ်သော တပ်မက်ခြင်းမိခင်နတ်ဘုရားရှိသောကြောင့်ဖြစ်သည်။
လင်းယွမ်က တပ်မက်ခြင်းဘုရားကျောင်း၏ အဖွဲ့ဝင်အားလုံးကို လုံရှန်မြို့မှ ဖယ်ရှားပစ်လျှင်တောင် တပ်မက်ခြင်းမိခင်နတ်ဘုရားကို လှုံ့ဆော်နိုင်ဖွယ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။
" တက်မက်ခြင်းဘုရားကျောင်းကို ကိုင်တွယ်ဖို့ အချိန်ကျပြီ။ "
၎င်းက မူလ လုံရှန်ယွမ်၏ ရန်ငြိုးကြောင့်ဖြစ်စေ လွန်ခဲ့သော ရာစုနှစ်အတွင်း တပ်မက်ခြင်းဘုရားကျောင်း၏ လုပ်ရပ်များကြောင့်ဖြစ်စေ တပ်မက်ခြင်းဘုရားကျောင်းကို ချမ်းသာပေးရန် အကြောင်းရင်းမရှိပေ။
လင်းယွမ်က သတ္တမအလွှာသို့ ရောက်ချိန်တွင် တပ်မက်ခြင်းမိခင်နတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သော်လည်း အမိန့်ဘုရားကျောင်းအား ဆွဲဆောင်မိသွားမည်ကို စိုးရိမ်ခဲ့သည်။
သို့သော် ယခု လင်းယွမ်၏ ခွန်အားက လုံလောက်သွားပြီဖြစ်သည်။ သူက လူသားနယ်မြေတွင် ပြိုင်ဘက်ကင်းပြီး နတ်ဘုရားကိုယ်ပွားများပင် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
အန်ပူမြို့အောက် ခမ်းနားသော နန်းတော်တစ်ခုထဲတွင် လှပသော လူအချို့က လမ်းလျှောက်နေကြသည်။ ပုပုဝဝနှင့် လူတစ်ယောက်က သူတို့၏ နောက်မှ လိုက်ပါလာပြီး နန်းတော်ကို လေ့လာနေသည်။
" ဒါက တက်မက်ခြင်းဘုရားကျောင်းရဲ့ အကြီးဆုံးဌာန ဖြစ်ရမယ်။ " ပုပုဝဝနှင့် လူက ရေရွတ်လိုက်သည်။ ထိုလူက လင်းယွမ်သာဖြစ်ပြီး တိတိကျကျ ပြောရလျှင် သူ၏ ထိုက်ယန်မူလစိတ်ဝိညာဉ်ပင်ဖြစ်သည်။
ပုံစံမျိုးစုံကို ပြောင်းလဲနိုင်သော ထိုက်ယန်မူလစိတ်ဝိညာဉ်က ထိုနေရာသို့ လာရန် အသွင်ပြောင်းလဲခဲ့သည်။ တက်မက်ခြင်းဘုရားကျောင်းလေးကို ကိုင်တွယ်ရန် သူ၏ မူလခန္ဓာကိုယ် မလိုအပ်ပေ။
" ဒီနှစ်တစ်ရာအတွင်းမှာ တပ်မက်ခြင်းဘုရားကျောင်းက တော်တော်အခြေအနေကောင်းပုံရတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
တပ်မက်ခြင်းဘုရားကျောင်း၏ နောက်ကွယ်မှ တပ်မက်ခြင်းမိခင်နတ်ဘုရားက စစ်မှန်သော နတ်ဘုရားမဟုတ်သော်လည်း လူသားများ၏ စိတ်ကို ဆွဲဆောင်နိုင်သော တပ်မက်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုစွမ်းအားဖြင့် တပ်မက်ခြင်းဘုရားကျောင်းက အန်ပူမြို့၏ အဆင့်မြင့်သူများနှင့် အနီးရှိ အဓိကမိသားစုအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ လင်းယွမ် နောက်ယောင်ခံလိုက်နေသော အဖွဲ့တွင် အန်ပူမြို့၏ ဒုတိယမျိုးဆက်အချို့ ပါဝင်နေပြီး ဤနေရာတွင် ပျော်ပါးရန် လာကြခြင်းဖြစ်သည်။