← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 40 Ch. 396

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 40 Ch. 396

ပျော်ရွှင်ခြင်းခံတပ်အတွင်းတွင် ဖြစ်သည်။

စုချန်းတယောက် ယန်ဖွင့်လှစ်ခြင်းပညာရှင်နှစ်ယောက်အား အဝေးဆီသို့ မျှားခေါ်သွားသည်ကို ကြည့်ရင်း သံမဏိ ရယ်မောလိုက်သည်။

"ဒီတခါ ငါတို့အလှည့်ရောက်ပြီကွ"

"သုံးစားမရတဲ့ အမှိုက်လိုကောင်"

သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်က ဒေါသတကြီးနှင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

"ရွှန်ချန်း စန်းချန်း ချန်းမု မင်းတို့သုံးယောက် ဒီကောင့်ကို ပညာပေးလိုက်ကြစမ်း"

အမိန့်သံဆုံးသည်နှင့် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်သုံးယောက်သည် ရှေ့သို့ တဟုန်ထိုး ခုန်ဝင်လာကြ၏။ ထိုအထဲမှ တယောက်က လက်တဖက်ကို ဆန့်တန်းလိုက်ရာ ကြီးမားသော ရေခဲအားလှိုင်းများ သံမဏိဆီသို့ တိုးဝင်လာတော့သည်။

အနှီ ရေခဲလှိုင်းများနှင့် ဆုံတွေ့မိသည့် သံမဏိ၏ ရွှေရောင်ဝတ်စုံပေါ်ရှိ နေရာအတော်များများသည် လျင်မြန်စွာ အေးခဲကုန်ကြ၏။ ရေခဲများသည် ဝတ်စုံ၏ အက်ကွဲကြောင်းများကိုပါ ဖုံးအုပ်သွားလေရာ သံချပ်ကာဝတ်စုံအား ပိုမို တင်းကျပ်စေရုံမက သံမဏိ၏ ပေါက်ကွဲအားကိုပါ အဟန့်အတား ဖြစ်လာစေတော့သည်။ သံချပ်ကာ ဆက်ကြောင်းများသည် အေးခဲကုန်သည် ဖြစ်လေရာ သံမဏိအဖို့ လှုပ်ရှားရန်ပင် အခက်တွေ့လာ၏။

ထိုအချိန်တွင် ဒုတိယ ချီစွမ်းအားပညာရှင်က ထပ်မံ လှုပ်ရှားလိုက်ပြန်ရာ သံမဏိအောက်ရှိ မြေပြင်သည် ရွှံံ့အိုင်ကြီး ဖြစ်ကုန်၏။ ရွှံံ့နွံများသည် သံမဏိ၏ ကိုယ်ခန္ဓာအား အောက်ခြေသို့ရောက်အောင် စုပ်ယူနေကြလေသည်။ နဂိုတည်းကမှ ရေခဲများကြောင့် လှုပ်ရှားရခက်နေသည့် သံမဏိမှာ ရွှံံ့အိုင်ထဲတွင် အတော်ပင် အခြေအနေ ဆိုးနေတော့သည်။

တတိယချီစွမ်းအားပညာရှင်၏ တိုက်ခိုက်မှုကား အန္တရာယ်အကြီးဆုံး ဖြစ်သည်။ ၎င်းသည် သစ်ပင် တပင်မှ တပင်သို့ ခုန်ကူးကာ သံမဏိအား မြားတိုလေးများဖြင့် ပစ်ခတ်ထိုးနှက်နေ၏။ အနှီမြားတိုလေးများသည် သံမဏိ၏ ရွှေရောင်ဝတ်စုံကိုတော့ ဖျက်ဆီးနိုင်မည့်ဟန်မပေါ်။ သို့သော် ၎င်းတွင် ပါဝင်လာသည့် အရှိန်အဟုန်ကတော့ သံချပ်ကာ၏ အတွင်းပိုင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်လောက်သည်အထိ မြန်ဆန်ပြင်းထန်လှသည်။

လှုပ်ရှားနိုင်စွမ်းမရှိခြင်းက သံမဏိအား ပို၍ လွယ်ကူသောပစ်မှတ် ဖြစ်လာစေ၏။ မြားများသည် သံမဏိဆီသို့ ပလူပျံအောင်ပင် ပျံ့လွင့်လာကြသည်။ သံမဏိအဖို့ကား သူ့လက်အစုံကို ဝေ့ယမ်းကာကွယ်ရုံလောက်သာ တတ်နိုင်ရှာသည်။

သံမဏိသည် ကနဦးတွင် လူခြောက်ဦးကိုပင် တယောက်တည်း ရှင်းပစ်နိုင်ခဲ့သည် ဖြစ်လေရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်နှင့် တိုက်ခိုက်ရမည်ကိုပင် မကြောက်ချေ။ သို့သော် ယခု ရင်ဆိုင်နေရသည့် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်သုံးယောက်နှင့်ကျမှ သံမဏိခမျာ အကြီးအကျယ် ဒုက္ခရောက်နေတော့သည်။

၎င်းမှာ တဖက်က သံမဏိ၏ လှုပ်ရှားမှုများအား ကန့်သတ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။

ခွန်အားစစ်စစ်ချင်းသာ ယှဉ်ကြေးဆိုလျင် သံမဏိအနေနှင့် မည်သူ့ကိုမှ မကြောက်။ မိမိထက် အင်အားကြီးသူများနှင့် စိန်ခေါ်တိုက်ခိုက်ခြင်းသည်ပင် သူ့သဘာဝ ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် ရန်သူများကား ထိုသို့ မဟုတ်ပဲ သံမဏိ၏ အားနည်းချက်များကို ပစ်မှတ်ထားကာ သီးခြား အစွမ်းကိုယ်စီ ရှိကြသည့် ချီစွမ်းအားပညာရှင်သုံးဦးအား ထုတ်နှုတ်ရင်ဆိုင်လာစေ၏။ အနှီ ချီစွမ်းအားပညာရှင်သုံးဦးအနက် ပထမတဦးမှာ ရေခဲကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး ဒုတိယလူမှာ မြေကို ကျွမ်းကျင်ပိုနိုင်သူ ဖြစ်သည်။ တတိယလူမှာကား အမြန်နှုန်း အားပြုသူ ဖြစ်သည်။

ချီစွမ်းအားပညာရှင်သုံးဦးအား အမိန့်ပေးလိုက်သည့် ခါင်းဆောင်က သံမဏိ၏ အခြေအနေကိုကြည့်ရင်း ရယ်မောလိုက်သည်။

"ဟား ဟား ဟား ဒီကောင် ဘယ်လောက်ထိ မာနထောင်လွှားနိုင်မလဲ ငါတို့ မြင်ရတော့မယ်ကွ"

မိမိဆီသို့ တဟုန်ထိုး ပြေးဝင်လာသော မြားတိုလေးများအား ခုခံရင်း သံမဏိက ရယ်မောလိုက်သည်။

"ဒီလို ကလေးကွက်လောက်နဲ့ ငါ့ကို ရင်ဆိုင်ချင်တာလား အိပ်မက် မက်မနေနဲ့ကွ"

"အိုး ဒီလိုဆိုတော့ မင်းမှာ ငါတို့ကို ရင်ဆိုင်ဖို့ တခြားနည်းလမ်းတွေ ရှိသေးတာပေါ့ ဟုတ်လား ပြစမ်းပါအုံးကွာ"

ကျန်းရှောက်ကျွန်းဟု အမည်ရသည့် ခေါင်းဆောင်က ရယ်မောရင်း ပြောလိုက်သည်။

"မင်း မြင်တော့ သိလိမ့်မပေါ့ကွ"

စကားဆုံးသည်နှင့် သံမဏိ၏ လက်ထဲတွင် ဆေးပုလင်းတလုံး ပေါ်ပေါက်လာ၏။ သံမဏိက ထိုဆေးပုလင်းအား ဂွပ်ခနဲ မော့ချလိုက်လေသည်။ တဆက်တည်းမှာပင် နောက်ထပ် ဆေးပုလင်းတလုံး ထပ်မံ ပေါ်လာပြန်သည်။

၎င်းကိုကြည့်ရင်း ကျန်းရှောက်ကျွန်း မျက်လုံးပြူးသွား၏။ သံမဏိ လက်ထဲရှိ ဆေးများကို ဘာဆေးမှန်း သူ မသိ။ သို့သော် တိုက်ပွဲ၏ အဖြေကို ပြောင်းလဲသွားစေနိုင်မှန်းတော့ သူ သဘောပေါက်ထားလေသည်။ သံမဏိကဲ့သို့ တောင်ရ်ိုးကမ်းပါးမျိုးစိတ်တွင် ဤကဲ့သို့ နည်းပညာမျိုး ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားချေ။

ကျန်းရှောက်ကျွန်းက ချီစွမ်းအားပညာရှင်သုံးယောက်အား သံမဏိကို ဟန့်တားရန် အမိန့်ပေးလိုက်သည်။ သို့သော် ဤနေရာတွင် အခက်တွေ့နေသည်မှာ အနှီ ချီစွမ်းအားပညာရှင်သုံးယောက်သည် တိုက်စစ်ကို ဦးစားပေးလေ့ကျင့်ထားသူများ မဟုတ်။ သူတို့အနေနှင့် သံမဏိကို ဖြေးဖြေးချင်း သေအောင် သတ်နိုင်သော်လည်း မျက်စေ့တမှိတ်အတွင်း သတ်ဖြတ်ရန်တော့ ခက်ခဲ၏။ ပို၍ ဆိုးသည်မှာ ထိုအချိန်တွင် သံမဏိက ၎င်း၏ သက်တော်စောင့် ပိုးကောင်ကြီးကို ထုတ်သုံးလိုက်ခြင်းကြောင့်ပင်။

သံမဏိ၏ သတ္တုစားပိုးကောင်ကြီးသည် တိုက်ခိုက်ရာတွင် အသုံးမဝင်လှ။ သူကိုယ်တိုင်ကလည်း တိုက်ခိုက်ရသည်ကို ပျင်းရိ၏။ သို့သော် ၎င်း၏ မာကျောလှသော အခွံက သခင်ဖြစ်သူအား ကာကွယ်ရာတွင်တော့ အသုံးဝင်လှသည်။ ပိုးကောင်ကြီး၏ အကာအကွယ်ကို ယူပြီး ဆေးငါးမျိုးကို တပြိုင်တည်း သောက်ချနိုင်ခဲ့လေသည်။

ဆေးသောက်ပြီးသည်နှင့် သံမဏိက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

"ခွေးမသား အမှိုက်တွေ ငါ့ရှေ့က ဖယ်ကြစမ်း"

သံမဏိ၏ အော်ငေါက်သံအဆုံးတွင် အုံးခနဲ မိုးခြိမ်းသံကြီး ပေါ်ထွက်လာပြီး လူတိုင်းလိုလိုသည် ကြက်သေသေကုန်၏။ သံမဏိ၏ ကြီးမားလှသော ကိုယ်ကာယကြီးသည်လည်း ရွှံံ့နွံများအတွင်းမှ ရုန်းထွက်ပြီး လေထဲသို့ မြောက်တက်လာလေသည်။

သံမဏိသည် လေထဲသို့ ၁၀ပေကျော်အောင်ပင် မြောက်တက်သွား၏။ သူ ဦးတည်ရာမှာကား လေထဲမှ ခုန်ပျံတိုက်ခိုက်နေသော ချန်းမုဆီသို့ပင် ဖြစ်သည်။ သံမဏိ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှပေရာ ချန်းမုခမျာ မည်သို့မှ မတတ်နိုင်ပဲ သံမဏိ၏ ချုပ်ကိုင်မှုကို ခံလိုက်ရရှာသည်။

"မင်း လှုပ်အုံးလေကွာ"

စကားဆုံးသည်နှင့် သံမဏိက ချန်းမု၏ လည်မြိုကို ဂျွတ်ခနဲ လိမ်ချိုးလိုက်၏။

ထိုအချိန်တွင် သူတို့နှစ်ယောက်သည် လေထဲ၌သာ ရှိနေသေး၏။ မြေပေါ်သို့ ပြန်ရောက်ချိန်တွင်တော့ ချန်းမုတယောက် အသက်ပျောက်နေခဲ့လေပြီ။

သံမဏိက ချန်းမု၏ အလောင်းကို ဘေးသို့ပစ်ချပြီး ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"ရွှံ့တွေနဲ့ ကစားတဲ့ကောင် ဒီတခေါက်ကတော့ မင်းအလှည့်ပဲ"

သူက ရွှံံ့နွံများ ဖန်တီးသည့် နည်းစနစ်ကို ကျွမ်းကျင်သော စန်းချန်းကို လက်ညိုးထိုးကာ ပြောလိုက်ခြင်း ဖြစ်သည်။

စန်းချန်း ထိတ်လန့်တကြားနှင့် နောက်ဆုတ်လိုက်၏။ ထို့နောက် သူက ရွှံနွံများကို အားကုန်သုံး၍ ဖန်တီးလိုက်လေသည်။

သို့သော် သံမဏိကား စန်းချန်းနောက်သို့ လိုက်ပါလာခြင်းမရှိ။ ထိုအစား သူက မြေကြီးကိုသာ လက်သီးနှင့် ထိုးချလိုက်၏။ သံမဏိ၏ လက်သီးချက်ကြောင့် မြေပြင်ဆီမှ ကြီးမားသော စွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာပြီး ရွှံ့နွံမျာမှတဆင့် စန်းချန်းအား ရိုက်ခတ်သွားတော့သည်။

သံမဏိ၏ ပကတိ လက်သီးချက်ကို ခံစားလိုက်ရသည့်ပမာ စန်းချန်းတယောက် နောက်သို့ လွင့်စင်သွား၏။

ဤတကြိမ်တွင်လည်း သံမဏိက စန်းချန်းနောက်သို့ လိုက်ပါလာခြင်းမရှိပဲ အနီးရှိ သစ်ပင်တပင်ကို ချိုးချေကာ ပစ်လွှတ်လိုက်၏။ သစ်ပင်ငယ်သည် စန်းချန်း၏ ရင်ဝကို ကျကျနနပင် ထိမှန်သွား၏။ တချက်တည်းနှင့် စန်းချန်း ဘဝတပါးသို့ ပြောင်းသွားရရှာသည်။

အဖော်နှစ်ယောက် မရှုမလှ သေဆုံးသွားသည်ကို မြင်သည်နှင့် ရွှန်ချန်းသည် ကြံရာမရဖြစ်ကာ နောက်သို့ ချာခနဲ လှည့်ပြေးတော့သည်။ ဤအခိုက်အတန့်တွင် သူသည် သံမဏိ၏ လှုပ်ရှားမှုများအား ရေခဲနှင့် ကန့်သတ်ထားရန် အာရုံမရတော့။

သံမဏိသည် ရက်စက်ကြမ်းကြုတ်သော အသံနှင့် ရယ်မောပြီး ရွှန်းချန်းနောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာ၏။ သူ့အမြန်နှုန်းမှာ ရွှန်ချန်းထက် များစွာ သာလွန်နေလေသည်။

ထိုအချိန်တွင် ချီစွမ်းအားပညာရှင်တချို့က သံမဏိ၏ လမ်းကြောင်းတွင် လာရောက်ပိတ်ဆို့ကြ၏။ ကျန်းရှောက်ကျွန်း၏ အမိန့်အရ သံမဏိကို ဝင်ရောက်နှောင့်ယှက်ကြခြင်းပင်။

သံမဏိကား ၎င်းတို့ကို အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိပဲ ရွှန်းချန်းနောက်သို့သာ တစိုက်မတ်မတ် လိုက်လျက်ရှိသည်။ သူ့လမ်းကို လာရောက်ပိတ်ဆို့သည့် ချီစွမ်းအားပညာရှင်များမှာ တယောက်ပြီးတယောက် လွင့်စင်ထွက်ကုန်၏။

ရွှန်ချန်းအနီးသို့ ရောက်သည်နှင့် သံမဏိက ၎င်း၏ ကျောပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်လေသည်။ လက်ဝါးရိုက်ချက်ကြောင့် ရွှန်ချန်းခမျာ ကြိုးပြတ်သွားသော စွန်ပမာ လွင့်စင်သွား၏။ ၎င်း၏ ကျောရိုးမှာလည်း ရစရာမရှိအောင် ကြေမွသွားလေသည်။

"ဒီကောင် တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်ပဲ"

ကျန်းရှောက်ကျွန်းက မျက်လုံးပြူးကာ ရေရွတ်လိုက်သည်။

နောက်ဆုံးတော့ ရွှေရောင်သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်သည် တောင်ရိုးကမ်းပါးမျိုးစိတ်မှန်း သူ တပ်အပ်သေချာ ပြောနိုင်ခဲ့ပေပြီ။ တောင်ရိုးကမ်းပါးမှသာလျင် ဤမျှ ကြောက်စရာ အင်အားမျိုး ရှိနိုင်သည် မဟုတ်ပါလား။

"ဟား ဟား ဟား"

သံမဏိက အသံနက်ကြီးနှင့် အော်ဟစ်ရယ်မောလိုက်၏။

"ဝိုင်းတိုက်ကြစမ်းဟေ့"

ကျန်းရှောက်ကျွန်း အော်ဟစ်အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် သားရဲသတ္တဝါဆိုးနှစ်ကောင်အနက် တကောင်မှာ သေဆုံးသွားခဲ့လေပြီ။ ကျန်တကောင်မှာလဲ သေအံ့မူးမူးနှင့် အသက်ငင်နေခဲ့ပြီ ဖြစ်သည်။ အရိပ်အစေခံ လေးယောက်သည်ကား လေထဲတွင် ပျောက်လိုက်ပေါ်လိုက်နှင့် တိုက်ခိုက်နေ၏။ သို့သော် သူတို့ကား အင်အားနည်းလှသည် ဖြစ်လေရာ အသက်လုတိုက်ပွဲများတွင် အသုံးမဝင်လှ။ အင်အားကောင်းသော ချီစွမ်းအားပညာရှင်များ အပါအဝင် သိုင်းသမား အများအပြားနှင့် ရင်ဆိုင်ရသောအခါ အရိပ်အစေခံလေးယောက်သည်လည်း အတော်ပင် ရုန်းကန်နေ၏။

အရိပ်အစေခံများနှင့် မတူပဲ ကြောက်စရာကောင်းသော အရှိန်အဟုန်နှင့် တိုက်ခိုက်နိုင်သူမှာ သံမဏိပင်ဖြစ်သည်။

အင်း...ဒီကောင်ကြီးကို အရှိန်နှေးသွားအောင် လုပ်မှရမယ်

ကျန်းရှောက်ကျွန်းက တွေးလိုက်သည်။

တကယ်တော့ သူ့အတွေးမှာ မှားသည်ဟု မဆိုသာ။ လက်ရှိအချိန်ထိလည်း ကြီးကြီးမားမား အမှားဟူ၍ ကျန်ရှောက်ကျွန်း တခုမှ မလုပ်မိသေး။

သို့သော် တခါတရံတွင် မည်သည့်အမှားမှ မလုပ်မိသော်လည်း စစ်ပွဲတွင် နိုင်မည်ဟု တထစ်ချမဆိုနိုင်ပေ။

သူ့ထံသို့ အစုလိုက်အပြုံလိုက် ပြေးဝင်လာသော သိုင်းသမားများကို သံမဏိက တချက်ကြည့်လိုက်သည်။ တကယ်တော့ သူသည် တယောက်တည်းသမားသာ။ ဆေးစွမ်းကြောင့် ယခုအချိန်တွင် ကြောက်စရာကောင်းအောင် တိုက်ခိုက်နိုင်သော်လည်း ရေရှည်တွင် အလားအလာ မကောင်း။ိသို့သော် သံမဏိက ၎င်းပြသနာကို တချက်ကလေးမှ တွေးမိပုံမရ။ သူ့ပုံစံမှာ အေးဆေးတည်ငြိမ်လှသည်။

"မင်းတို့ အုံလိုက်ကျင်းလိုက် တိုက်ကြပြီပေါ့ ကောင်းတယ် ဒါမျိုးမှ ငါကြိုက်တာ"

သံမဏိက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူသည် မိုးကြိုးမီးလျံစက်လုံးတချို့ကို ထုတ်ယူကာ လေထဲသို့ ပစ်လွှတ်လိုက်လေသည်။

အုန်းခနဲ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူအုပ်ကြီး အလယ်တွင် မီးတောက်မီးလျံများ ထွက်ပေါ်လာ၏။ တဆက်တည်းမှာလည်း လူအုပ်ကြီးထဲမှ ငြီးငြူသံများ၊ နာကျင်စွာ အော်ဟစ်ငိုကြွေးသံများ ပေါ်ထွက်လာလေသည်။

မျက်စေ့တမှိတ်အတွင်းမှာပင် သိုင်းသမားလူအုပ်ကြီးသည် ဒဏ်ရာများ ရရှိကုန်ကြ၏။ ထိုအထဲမှ ၇ယောက် ၈ယောက်ခန့်မှာ အတော်ပင် ဒဏ်ရာပြင်းထန်လှသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ သံမဏိတယောက်တည်းတွင်သာ မိုးကြိုးမီးလျံစက်လုံးများ ရှိသည်မဟုတ်။ အရိပ်အစေခံများတွင်လည်း ရှိကြကုန်၏။

သံမဏိထံမှ လှုပ်ရှားမှု စတင်ထွက်ပေါ်လာသည်နှင့် အရိပ်အစေခံများသည်လည်း တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး တိုက်ပွဲဖြစ်ပွားရာ မြေကွက်လပ်ကြီးသည် မီးလောင်ပြင်ကြီးအဖြစ် ပြောင်းလဲသွား၏။ သိုင်းသမားအုပ်ကြီးကိုလည်း မီးတောက်မီးလျံများ ဖုံးအုပ်ကုန်ကြလေသည်။

စုချန်းထံသို့ မည်သို့သော ဝှက်ဖဲမျိုး ကိုင်ဆောင်၁ထားသနည်းဟု လျန်မျိုးနွယ် အိမ်တော်ထိန်းကြီးလျှို မေးခွန်းထုတ်ခဲ့ဖူးသည်။

မဟာမိတ်အစည်းအဝေးတွင် ထိုဝှက်ဖဲများထဲမှ တချပ်ကို အိမ်တော်ထိန်းလျှို မြင်တွေ့ခဲ့ရ၏။

အကယ်၍ ဤနေရာတွင်သာ အိမ်တော်ထိန်းလျှို ရှိနေပါက စုချန်း၏ နောက်ထပ် ဝှက်ဖဲတချပ်ကို သူ့အနေနှင့် မြင်တွေ့ရဖွယ် ရှိနေသည်။

၎င်းမှာ စုချန်း ပိုင်ဆိုင်ထားသည့် အင်အားပင် ဖြစ်သည်။

သံမဏိနှင့် အရိပ်အစေခံများသည် ရူးသွပ်ကုန်သည့်ပမာ မိုးကြိုးမီးလျံစက်လုံးများဖြင့် အဆက်မပြတ် ပစ်ပေါက်နေကြ၏။ ပတ်ဝန်းကျင်တခုလုံး မီးဟုန်းဟုန်းတောက်နေခဲ့လေပြီ။

ထိုအခိုက်မှာပင် သံမဏိသည် သတ္တုစားပိုးကောင်ကြီး၏ အကူအညီနှင့် လူအုပ်အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွား၏။ သာမာန် သိုင်းသမာများ မဆိုထားနှင့် သူနှင့် အဆင့်တူ ချီစွမ်းအားပညာရှင်များပင် ခေါင်းတခြား ကိုယ်တခြား ဖြစ်ကုန်ကြရှာသည်။

တကယ်တော့ တော်ဝင်မျိုးနွယ်စု မဟာမိတ်များဘက်မှ အင်အားသည် များစွာ သာလွန်နေ၏။ သို့သော် အရည်အချင်းမှာ အဆမတန် ကွာခြားနေလေရာ သူတို့အကြား အနှီ အရည်အချင်း ကွာဟချက်ကို ထို အရေအတွက်က မဖြည့်ဆည်းနိုင်ပဲ ရှိလေသည်။

All Chapters