← Chapters

ကုန်စည်များအား ဖြတ်ခုတ်ခြင်း ၂

Vol. 40 Ch. 398

ကုန်စည်များအား ဖြတ်ခုတ်ခြင်း ၂

Vol. 40 Ch. 398

"ဒါနဲ့ ကျုပ် အတော်လေး နားမလည်တာ တခု ရှိနေသေးတယ်ဗျ"

ပျော်ရွှင်ခြင်းခံတပ်၏ ပင်မခန်းမဆောင်တွင် ချာလိုင်သည် စုချန်းကို ရိုကျိုးသော အမူအရာနှင့် စောင့်ဆိုင်းလျက်ရှိသည်။

ဤယနေ့မှစ၍ စုချန်းသည် သူတို့ရွာလေး၏ အဓိက ထောက်ပံ့သူ ဖြစ်သွားပြီ မဟုတ်ပါလား။

"ကျိန်စာကို ဘယ်လို ဖြေသလဲ သားရဲသတ္တဝါဆိုးတွေကို ဘယ်လိုထိန်းချုပ်သလဲ သိချင်နေတာမလား"

စုချန်းက သိပ်မထူးခြားသော လေသံနှင့် ပြန်မေးလိုက်သည်။

"ဟုတ်ပါတယ်သခင်လေး တကယ်တော့ ကျိန်စာ ကာကွယ်ဖို့ ဒီမှာ ကျုပ်တို့ သုံးကြတဲ့ အနက်ရောင်စွန်မြက်ပင်နဲ့ ပျံသန်းခြင်းနွယ်ပင်တို့ဟာ လျှို့ဝှက်ချက်ကြီးရယ်လို့ မဆိုနိုင်တော့ဘူး ဒါကြောင့် တယောက်ယောက်က သခင်လေးကို ဒီအကြောင်း ပြောလိုက်မယ်ဆိုရင် ဘာမှ အံ့သြစရာ မရှိဘူး ဒါပေမဲ့ သားရဲသတ္တဝါတွေကို ထိန်းချုပ်တဲ့ နည်းလမ်းကတော့ ဧရာမ လျှို့ဝှက်ချက်ကြီးပဲ ရွာထဲကလူတွေ ဒီအကြောင်း တယောက်မှ သိကြတာမဟုတ်ဘူးရယ် သခင်လေး ဒီအကြောင်း ဘယ်လိုလုပ်သိသွားတာလဲ ကျုပ်ဖြင့် ဘယ်လိုမှ စဉ်းစားလို့မရတော့ဘူးရယ်"

ချာလိုင်က စိတ်ရှုပ်ထွေးသော လေသံနှင့် ပြောလိုက်သည်။

စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ရှင်းပြလိုက်သည်။

"သားရဲသတ္တဝါတွေကို ထိန်းချုပ်တဲ့နည်းလမ်းဟာ လျှို့ဝှက်နည်းလမ်းဆိုတာတော့ အမှန်ပဲ ဒါပေမဲ့ အကြီးအကဲချာလိုင် ဒီနည်းလမ်းဟာ ခင်ဗျားတို့ရွာရဲ့ မူပိုင်နည်းလမ်းတော့ မဟုတ်ဘူးလေဗျာ ခင်ဗျားအနေနဲ့ ဒီနည်းလမ်းကို ရွာသားတွေ မသိအောင် ဖုံးထားနိုင်ပေမဲ့ တခြားရွာတွေ ရှိနေသေးတာကိုတော့ မမေ့သင့်ဘူး ကျုပ်အဖို့ ဒီနည်းလမ်းကို တခြားနေရာက စုံစမ်းလို့ရနေသားပဲ"

ထိုစကားကို ကြားလိုက်သည်နှင့် ချာလိုင် ချက်ချင်းလိုလိုပင် နားလည်သဘောပေါက်သွား၏။

သားရဲသတ္တဝါများအား ထိန်းချုပ်သည့်နည်းလမ်းသည် သူတို့တရွာတည်း ပိုင်ဆိုင်သည့် နည်းလမ်း မဟုတ်ပေ။ ထိုထက်ပို၍ အတိအကျ ပြောရလျင် ထိုနည်းလမ်းအား သူတို့ရွာမှ ဖော်ထုတ်ခဲ့ခြင်းပင် မဟုတ်။ မူလတံခါးရွာမှ ထိုနည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး တော်ဝင်မျိုးနွယ်စုများအား အန်တုရန် ကျန်ရွာများအားလုံးကိုပါ ဝေမျှခဲ့ခြင်းပင်။

ချာလိုင်အနေနှင့် သားရဲသတ္တဝါဆိုးများအား မည်သို့မည်ပုံ ထိန်းချုပ်ရမည်ဆိုသည်ကို လျှို့ဝှက်ထားခဲ့သည်။ သို့သော် သူ့အနေနဲ့ အနောက်မြစ်ျတာအုပ်အတွင်းရှိ စုချန်း၏ သုတေသနလုပ်ငန်းများကို တားမြစ်နိုင်ခြင်းမရှိ။ စုချန်း၏ တည်ရှိမှုကိုလည်း သူ့အနေနှင့် ဖုံးကွယ်ထားနိုင်ခြင်း မရှိ။ ထိုအခါ ပျော်ရွှင်ခြင်းခံတပ်ရွာရှိ ရွာသားများသာမက ကျန်ရွာအသီးသီးမှ ရွာသားများသည်လည်း စုချန်းထံတွင် ဆေးလာကုကြတော့သည်။ ဤအနေအထားတွင် အရိပ်အစေခံများ၏ အကူအညီနှင့်ဆိုလျင် စုချန်းအနေနှင့် သားရဲသတ္တဝါဆိုးများအား ထိန်းချုပ်ရမည့် နည်းလမ်းကို အလွယ်တကူ သိရှိသွားနိုင်ပေသည်။

ချာလိုင်သည် ထိုအချက်ကို မျက်စေ့လျှမ်းသွားခဲ့၏။ စုချန်းကတော့ အလွယ်တကူပင် အဖြေထုတ်နိုင်ခဲ့ပုံရသည်။

သူ့အနေနှင့် ထိုအချက်ကိုသာ သတိမူခဲ့မိပါက လက်ရှိအခြေအနေတွင် စုချန်း တောင်းဆိုမည့်အရာမှာ ကုန်စည်များ မဟုတ်ပဲ အထက်ပါ လျှို့ဝှက်ချက်များပင် ဖြစ်နေပေလိမ့်မည်။ သို့သော် ထိုလျှို့ဝှက်ချက်များကို စုချန်းက ကိုယ့်အစွမ်းနှင့်ကိုယ် ရှာဖွေတွေ့ရှိသွားပြီ ဖြစ်လေရာ ချာလိုင်အဖို့ ၎င်းတို့ကို အသုံးပြု၍ စုချန်းနှင့် အပေးအယူ ပြုလုပ်ရန် အခွင့်မသာတော့။

သို့သော် ချာလိုင်အဖို့ အခြေအနေမှာ သိပ်တော့ မဆိုးလှသေး။ သူ့အနေနှင့် ကိုယ့်ကိုယ်ကို သင့်တင့်သော ဈေးနှုန်းနှင့် ရောင်းစားနိုင်ပါက လုံခြုံစိတ်ချရသော အခြေအနေကို ဖန်တီးနိုင်ဖွယ်ရာ ရှိ၏။

ထိုသို့ ရောင်းစားလိုက်ခြင်းအားဖြင့် မိမိ၏ လွတ်လပ်ခွင့်များ အပြီးတိုင် ဆုံးရှုံးသွားပြီဟု တထစ်ချဆို၍ မရပေ။ ရှေးနှစ်ပေါင်းများစွာကလည်း လူသားများသည့် ထိုသို့ပင် ရောင်းစားခဲ့ကြ၏။ လူသားများ အမှန်တကယ် မုန်းတီးသည်မှာ ကိုယ့်ကိုယ်ကို ရောင်းစားခြင်းကို မဟုတ်။ ထိုသို့ ရောင်းစားရာတွင် ဈေးကာင်းမရမည်ကိုသာ ဖြစ်သည်။

ထို့ကြောင့် ကိုယ့်ကိုယ်ကို သခင်ကောင်းတယောက်ထံတွင် ရောင်းစားလိုက်ခြင်းသည် ချာလိုင်အတွက် အထူးတလည် ပြသနာ မဟုတ်ချေ။

ချာလိုင်သည် အတွေးရေယာဉ်ကြောဝယ် နစ်မြုပ်နေ၏။ အတန်ကြာမှ သူက ပြောလိုက်သည်။

"ကျုပ်တို့က သခင်လေးကို ပွင့်ပွင့်လင်းလင်း မပြောချင်လို့ မဟုတ်ပါဘူး တကယ်တော့ အဲဒီ ခရမ်းရောင်ဖန်သားက အင်မတန် အန္တရာယ်များတာဗျ"

"ဒါကို ကျုပ် သိပြီးသားပါ ခင်ဗျားတို့ သားရဲသတ္တဝါဆိုးတကောင်ကို ထိန်းချုပ်ဖို့ကြိုးစားတိုင်း လူတယောက် သေပေးရတယ် ဟုတ်သလား"

စုချန်းက ဒဲ့ဒိုးပင် ပြန်မေးလိုက်၏။

"တကယ်တော့ ခင်ဗျားတို့ဟာက သားရဲသတ္တဝါတွေကို ထိန်းချုပ်နေတာမှ မဟုတ်ပဲ သားရဲတ္တဝါရဲ့ ဝိညာဉ်နဲ့ လူသားဝိညာဉ် အစားထိုးနေတာပဲဗျ ဒါမှသာ တမန်တော်သားရဲတွေက ခင်ဗျားတို့ရဲ့ စကားကို နားထောင်မှာမလား သူတို့ဟာ အရင်တုန်းက ခင်ဗျားရဲ့ ရွာသားတွေပဲလေဗျာ ထပ်ပြောရမယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ သူတို့ကို အတင်းအဓမ္မခိုင်းစေလို့မရဘူး အခန့်မသင့်ရင် သူတို့က ခင်ဗျားကို ပြန်တိုက်နိုင်တယ်လေ"

"သခင်လေးက ဒါတွေကိုတောင် သိနှင့်နေပြီကိုး"

ချာလိုင် အံ့သြတကြီးနှင့် ပြောလိုက်သည်။

"သူတို့ အကုန်လုံး ပြောပြလိုက်တယ်ပေါ့"

"ကျုပ်ကို ဘယ်သူမှ မပြောပါဘူးဗျာ"

စုချန်းက ပြန်ပြောလိုက်သည်။

ဟင်...ဘယ်သူမှ မပြောဘူးလား...

ဒါဆို သူ ဘယ်လိုလုပ် သိသွားတာလဲ...

မည်သည့် မှန်းဆချက်မျိုးမဆို အခြေခံ ခိုင်မာရန် လို၏။ သိပ္ပံနည်းကျ အချက်အလက်များအပေါ် အခြေမခံထားသည့် မှန်းဆချက်များသည် စိတ်ကူးယဉ်နေသည်နှင့် အတူတူသာ။

စုချန်းသည် စိတ်ကူးယဉ်သမား မဟုတ်မှန်း ချာလိုင် ကောင်းကောင်းသိထားလေသည်။ သို့သော် ခရမ်းရောင်ဖန်သား၏ အစွမ်းသတ္တိမှတဆင့် ဖြစ်စဉ်တခုလုံးကို စုချန်း သိရှိသွားမှန်း ချာလိုင် သဘောမပေါက်ပဲ ဖြစ်နေလေသည်။

သူသည် ဘာမှပြန်မပြောနိုင်တော့ပဲ စုချန်းအား တွေတွေကြီး စိုက်ကြည့်နေ၏။

၎င်းကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။

"ခင်ဗျားတို့ တမန်တော်သားရဲတကောင်ကို ကျုပ် သတ်လိုက်မိတယ်လေ ခင်ဗျား မှတ်မိတယ်မလား ပထမတကောင် သေသွားတော့ ခင်ဗျားတို့ နောက်တကောင် ချက်ချင်း မဖန်တီးနိုင်ခဲ့ဘူးလေ ဒါကြောင့် တမန်တော်သားရဲ ဖန်တီးတဲ့နည်းလမ်းဟာ တနည်းပဲ ရှိရမယ်လို့ ကျုပ် တွေးမိခဲ့တယ် ဒီလောက်နဲ့ ခင်ဗျားတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ မလုံလောက်မှန်းတော့ ကျုပ် သဘောပေါက်တယ် ဒါပေမဲ့ ကျုပ်ဘက်ကလည်း ဒါကို ထုတ်ပြောဖို့ အဆင်မပြေဘူးဗျ ဒါနဲ့ နေပါအုံး မူလတံခါးခံတပ်ရွာက ဒီနည်းလမ်းကို ဘယ်မှ ရှာတွေ့တာလဲ"

ထိုအခါကျမှ စုချန်း မသိသေးသည့် အရာတချို့လည်း ရှိနေသေးကြောင်း ချာလိုင် သဘောပေါက်လိုက်သည်။ သူ သက်ပြင်းချလိုက်၏။

"သူတို့ ခရမ်းရောင်ဖန်သားကို လှိုဏ်ဂူနီမှာ တွေ့ခဲ့ကြတာပါ သခင်လေး ဒါပေမဲ့ မူလခံတပ်ရွာသားတွေက အဲဒီဂူထဲမှာ ရှိတဲ့ ခရမ်းရောင်ဖန်သားတွေအကုန်လုံး ယူသွားခဲ့ပြီးပြီ ခု အဲဒီမှာ ဘာမှ မကျန်တော့ဘူး"

"ဒါက ခင်ဗျား ထင်နေတာပါလေ"

စုချန်းက ခေတ္တ စဉ်းစားဟန်ပြုရင်း ပြောလိုက်သည်။

"ကျုပ် လှိုဏ်ဂူနီကို ခနလောက် သွားကြည့်လိုက်အုံးမယ် ဒီလိုလုပ်ပါ ချာလိုင် ခင်ဗျား တခြားရွာတရွာကို လူနည်းနည်းလောက် လွှတ်ပြီး အခြေအနေကို ရှင်းပြလိုက်ပါ ပြီးရင် သူတို့ကို ဆုံးဖြတ်ချက်ချခိုင်း ဘာဆုံးဖြတ်ချက်ပဲ ထွက်လာလာ ကျုပ် သဘောတူတယ်လို့"

"ကောင်းပါပြီ သခင်လေး"

ချာလိုင်က ခေါင်းညိတ်ရင်း အမိန့်နာခံလိုက်သည်။

စုချန်းသည် ဟောခန်းမှ အပြင်ဘက်သို့ လမ်းလျောက်ထွက်သွားလေသည်။

___________×××_____________×××___________

စုချန်းသည် သုံးရက်တိတိ ပျောက်ကွယ်နေ၏။

သုံးရက်အကြာတွင်တော့ ပျော်ရွှင်ခြင်းခံတပ်ရွာသို့ စုချန်း ပြန်ရောက်လာသည်။ သူ့လက်ထဲတွင် ဘာမှ ပါမလာချေ။ ထိုနည်းတူစွာ သူ၏ အမူအရာမှာလည်း အထူးပင် လေးနက်တည်ကြည်နေ၏။

၎င်းကိုကြည့်ရင်း ချာလိုင်က နှစ်သိမ့်လိုက်သည်။

"သခင်လေး သိပ်လည်း စိတ်မပျက်ပါနဲ့ လှိုဏ်ဂူနီမှာ ဘာမှမရှိတော့ပေမဲ့ မူလတံခါးရွာမှာတော့ ခရမ်းရောင်ဖန်သားတချို့ ရှိပြီး ဖြစ်ပါတယ် နောက်ပြီး သူတို့ဆီမှာ တရွာလုံးအတွက် အသက်ပေးမဲ့ လူဆိုတာ သိပ်မများလောက်ပါဘူးလေသခင်လေး လိုချင်တယ်ဆိုရင် ကျုပ်အနေနဲ့ အဲဒီကိုသွားပြီး..."

"ဘာမှ ရှာမတွေ့မိခဲ့ဘူးလို့ ကျုပ် မပြောရသေးပါလားဗျ"

စုချန်းက သေးငယ်သော ခရမ်းရောင်ဖန်စကို ဆွဲထုတ်ပြီး ပြောလိုက်သည်။

"မူလခံတပ်ရွာသားတွေ အကုန်လုံး ယူသွားတာတော့ မဟုတ်ဘူး ဒါလေးတော့ ကျန်ခဲ့သေးတယ် ခင်ဗျား လိုချင်ရင် ယူထားလိုက်လေ"

ထို့နောက် သူက ခရမ်းရောင်ဖန်သားကို ချာလိုင်ထံသို့ ပစ်ပေးလိုက်၏။

ချာလိုင် အံ့သြသွားသည်။

"သခင်လေး ခရမ်းရောင်ဖန်သားတချို့ တွေ့ခဲ့သားပဲ ဒါဆိုရင် ဘာလို့ စိတ်ပျက်နေတာလဲ"

"တခါတလေကျရင် တချို့အရာတွေကို မသိတာ ပိုကောင်းတယ်"

ထိုစကားကို ပြောလိုက်ချိန်တွင် စုချန်း၏ အမူအရာသည် အထူးပင် လေးနက်တည်ကြည်နေ၏။

ထိုစကားကိုကြားလိုက်သည်နှင့် ချာလိုင် ဘာမှ မမေးရဲတော့။

စုချန်းက မေးခွန်းထုတ်လိုက်ပြန်သည်။

"ဒါနဲ့ တခြားရွာတွေဆီ ခင်ဗျားတို့ သွားတာ အဆင်ပြရဲ့လား"

"သူတို့နဲ့ အဆက်အသွယ်တော့ ရခဲ့ပါတယ်သခင်လေး ဒါပေမဲ့..."

ချာလိုင်က စကားကို ဆုံးအောင်မပြောပဲ ခေါင်းခါပြလိုက်သည်။ ကြည့်လိုက်သည်နှင့် သဘောတူညီမှု မရခဲ့မှန်း သိသာနေ၏။

"ခင်ဗျားတို့က အဖြစ်အပျက်တခုလုံးကို မပြောပြဘူးလား"

"ကျုပ်က ကြွယ်ဝခြင်းတထောင် ခံတပ်နဲ့ ငွေမြို့တော်ခံတပ်တို့ အလုံးစုံ ဖျက်ဆီးခြင်းခံလိုက်ရတဲ့အကြောင်းကိုတောင် သူတို့ကို ပြောပြပါသေးတယ် သူတို့ကို ကြည့်ရတာ ဒေါသထွက်ဟန်ပေါ်ပါတယ် ဒါနဲ့တောင်မှ သူတို့က..."

"ကျုပ်ပေးတဲ့ ဈေးနှုန်းက တော်ဝင်မျိုးနွယ်စုတွေထက် ငါးဆ ပိုများတယ် ဒါတောင်မှ သူတို့က ကျုပ်အပေါ် သစ္စာမခံချင်ကြသေးဘူးလား"

"ဆုံးဖြတ်ချက်တခု အတည်တကျ ချမှတ်လိုက်ပြီဆိုတာနဲ့ နောက်ထပ် စေ့စပ်ညှိုနှိုင်းလို မရနိုင်တော့ဘူးလို့ သူတို့ ယုံကြည်နေကြတယ် သခင်လေး"

"သူတို့က ခုချိန်ထိ ညှိုနှိုင်းချင်နေကြသေးတာလား"

စုချန်းက အေးစက်သောလေသံနှင့် ပြောလိုက်သည်။

"ဒါဟာ ကျုပ်တို့အားလုံးရဲ့ မူလသဘောထားပါပဲ သခင်လေး တော်ဝင်မျိုးနွယ်စုတွေက ရက်စက်ကြမ်းကြုတ်လွန်းလို့သာ ဒီလို အခြေအနေထိ ရောက်ကုန်ကြတာပါ"

"ခင်ဗျားအနေနဲ့ ကိုယ့်ခွန်အားနဲ့ တစုံတယောက်ကို အနိုင်မရနို်င်ဘူးဆိုရင် ဒါကို တကယ် အင်အားရှိတယ်လို့ ခေါ်နိုင်ပါ့မလား"

ချာလိုင် သက်ပြင်းချလိုက်သည်။

"မှန်ပါတယ် သခင်လေး ဒါကိုလည်း ကျုပ်က ပြောပြပါတယ် ဒါပေမဲ့ သူတို့ကို ကြည့်ရတာ နားလည်ပုံမပေါ်ဘူးဗျ"

စုချန်းက ထပ်ပြောလိုက်သည်။ သူ့လေသံမှာ ပို၍ အေးစက်လာ၏။

"သူတို့ နားမလည်တာ မဟုတ်ဘူးဗျ နားလည်လွန်နေတာ"

"ဗျာ"

ချာလိုင် နဝေတိမ်တောင် ဖြစ်သွားလေသည်။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"သူတို့ကို ကျုပ်ကို တော်ဝင်မျိုးနွယ်စုတွေကို ရင်ဆိုင်တဲ့နေရာမှာ အသုံးချချင်နေတာဗျ အရင်တုန်းကဆိုရင် သူတို့အနေနဲ့ သားရဲသတ္တဝါတွေအပေါ် မှီခိုနေရတဲ့အတွက် ကုန်ကျစရိတ် များတယ် ကျုပ်လို အပြင်လူက ဒီပြသနာကြားထဲ ဝင်ပါလာတော့ ဒါဟာ သူတို့အတွက် အခွင့်အရေးတရပ်ပဲလေ"

ချာလိုင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"ဒါပေမဲ့ ကျုပ်က ဘာကြောင့်် သူတို့ လိုချင်တာကို ခွင့်ပြုပေးရမှာလဲ"

စုချန်းက ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ပြောလိုက်သည်။

"ကျုပ်နဲ့ တော်ဝင်မျိုးနွယ်စုဝင်တွေ တိုက်ခိုက်မဲ့ အချိန်ထိ သူတို့ စောင့်အုံးမယ်ဆိုရင်လည်း စိတ်ကြိုက်သာ စောင့်ကြပါစေ ကျုပ်အနေနဲ့ကလည်း အနောက်မြစ်တောအုပ်မှာ ရေရှည် နေထိုင်နေမှာ မဟုတ်ဘူးဗျ "

စုချန်း၏ စကားမှာ အကြွင်းမဲ့ မှန်ကန်လှပေသည်။

ရွာသားများ၏ စိတ်ထဲတွင် စုချန်းအား ကယ်တင်ရှင်အဖြစ် ယူဆထားသည်မဟုတ်။ သူတို့၏ ကုန်စည်များအား လောဘတက်နေသူ၊ တော်ဝင်မျိုးနွယ်စုများ၏ ပြိုင်ဘက်ဖြစ်သူအဖြစ်သာ မြင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ ကုန်စည်များအား အမြတ်အစွန်း ပိုမို ရရှိစေရန် စိတ်ကူးပေါက်လာကြခြင်းပင်။

ရွာသားများအတွက် ကံမကောင်းသည်မှာကား စုချန်းက ၎င်းတို့၏ စိတ်ကူးကို ကြိုတင်တွက်ဆထားခြင်းပင်။

တော်ဝင်မျိုးနွယ်စုများ၏ ဈေးနှုန်းထက် ငါးဆ ပိုပေးထားသာ်လည်း အနောက်မြစ်တောအုပ်၏ လုပ်ငန်းကြီးတခုလုံးကို လက်လွှဲဟူနိင်လိမ့်မည်ဟု စုချန်း မျှော်လင့်ထားခြင်းမရှိပေ။ မည်သို့ဆိုစေ ရွာသားများ၏ စိတ်ထဲတွင် တော်ဝင်မျိုးနွယ်စုများအား မုန်းတီးသွားပြီဆိုလျင် စုချန်း၏ ရည်ရွယ်ချက် အောင်မြင်ပေပြီ။ လက်ရှိအချိန်သည် ဤမျှ ကြီးမားသည့် ကုန်သွယ်ရေးလုပ်ငန်းကြီးအား လုပ်ဆောင်ရန် အချိန်မဟုတ်သေး။

"ဘယ်လို သခင်လေး"

စုချန်း၏ စကားကြောင့် ချာလိုင် တုန်လှုပ်သွား၏။

"သခင်လေး ဒီကနေ သွားတော့မယ်ဆိုရင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ တော်ဝင်မျိုးနွယ်စုတွေ ပြန်လာရင် ကျုပ်တို့ရွာကို အမှုန့်ကြိတ်ပစ်တော့မှာပဲဗျ"

"ခင်ဗျားတို့အတွက် ကျုပ် ဆက်သွယ်ရေးကိရိယာလေး ထားခဲ့ပေးမယ် တော်ဝင်မျိုးနွယ်စုတွေ ပြန်လာပြီဆိုတာနဲ့ ခင်ဗျားတို့အားလုံး တနေရာရာကို သွားပြီး ပုန်းနေရမယ်"

"ဒါပေမဲ့ ကျုပ်တို့က ရွာကနေ အချိန်အကြာကြီးမှ ထွက်မသွားနိုင်တာပဲ သခင်လေး"

အနက်ရောင်စွန်ဆေးပင်နှင့် ပျံသန်းခြင်းနွယ်ပင်တို့မှ ဖော်စပ်ထားသော ဆေးသည် ရွာသားများအား ကျိန်စာကို ခုခံရန် အစွမ်းသတ္တိများ ပေးသော်လည်း ၎င်းတို့၏ ကိုယ်တွင်းတွင် အဆိပ်များ ပေါ်ပေါက်လာစေ၏။ ထိုအဆိပ်ကို ခုခံရန် နည်းလမ်းမှာလည်း တနည်းသာ ရှိသည်။ ၎င်းမှာ နောက်ထက် ဆေးများ အဆက်မပြတ် သောက်သုံးသွားရန်သာ ဖြစ်သည်။ တဖန် အနက်ရောင်စွန်ဆေးပင်သည် အနောက်မြစ်တောအုပ်တွင်သာ ပေါက်ရောက်၏။ ထို့ကြောင့် ဤတောအုပ်အတွင်းရှိ မည်သည့် ရွာသားမှ ၎င်းတို့၏ နေအိမ်ကို စွန့်ခွာသွားနိုင်စွမ်း မရှိချေ။

"ခင်ဗျားတို့ ကိုယ်ထဲက အဆိပ်က ဖြေးဖြေးချင်းမှ ဒုက္ခပေးတဲ့ အဆိပ်မျိုးပါ ဒါကို ကျုပ် ကုသပေးနိုင်တယ်"

အမှန်တကယ်လည်း ထိုအဆိပ်ကို စုချန်း အလွယ်တကူ ကုသပေးနိုင်၏။

စုချန်း၏ စကားကြောင့် ချာလိုင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

All Chapters