ကောင်းကင်သွေးပြန်ကြောကျမ်းစာ
Vol. 11 Ch. 146
စစ်ပွဲ!
တခါတရံမှာ စစ်ပွဲဆိုသည် ရိုးရှင်းလွန်းလှသည်။
သန်မာသည့်သူတွေကို အလေးထားပြီး စွမ်းအားက အရာရာ၏ရင်းမြစ်ဖြစ်နေသည့် လောကတစ်ခုတွင် စဉ်းလဲသည့်နည်းဗျူဟာဆိုသည်မှာ ပြောစရာမလိုတော့ပေ။
စစ်တပ်၏အကြီးတန်းများက အကုန်လုပ်ကြံသတ်ဖြတ်ခံရရင်ခံရ မဟုတ်ရင်လည်း သစ္စာဖောက်ဖြစ်သွားကြတာကို စစ်တပ်ထဲမှာ ဘယ်လောက်များများကြံနေဦးမှာလဲ။
ဤကဲ့သို့သောအကြောင်ရင်းများကို ကုယန်ကောင်းကောင်းနားလည်သည်။
ထို့ကြောင့် အခြားသူများသူ့နည်းဗျူဟာတွေကို အတုခိုးခြင်းမှကာကွယ်ဖို့အတွက် ကုယန်က လျို့ဝှက်အစောင့်အရှောက်အကုန်ကို ပို့မည်မဟုတ်ပေ။ အနည်းဆုံးတော့ သူ့ဘေးနားမှာ ပင်ကိုသိုင်းသခင်တစ်ယောက်နှစ်ယောက်လောက်ထားမည်ဖြစ်သည်။
ပြီးပြည့်စုံသောအဆင့် ပင်ကိုသိုင်းသခင်နှစ်ယောက်သာ သူ့ကိုစောင့်ရှောက်နေမည်ဆိုလျှင် သိုင်းအရှင်သခင် သို့မဟုတ် စစ်မှန်သောရည်ရွယ်ချက် ပင်ကိုသိုင်းဆရာတစ်ယောက်သာ မလှုပ်ရှားဘူးဆိုပါက ပြဿနာကြီးကြီးမားမားရှိမည်မဟုတ်ပေ။
ကုယန်က သိုင်းဆရာတွေ၏ကာကွယ်ခြင်းကိုခံစားရရုံတင်မကဘဲ သူက စစ်သည်တစ်သိန်းကိုလည်းအမိန့်ပေးထားသည်။
ရန်သူက တစ်ချက်တည်းနှင့်မအောင်မြင်နိုင်ရင် သူတို့ကိုကြီးမားသည့်စစ်တပ်ကြီးက ဝန်းရံလိုက်သည်နှင့် သူတို့သေကြရမည်ပဲဖြစ်သည်။
သူ့စွမ်းအားက နှစ်ပေါင်းများစွာမတိုးတက်ခဲ့ရုံသာမက သိုင်းကျမ်းတစ်ခုကို အပြည့်အဝကျင့်ကြံဖို့လည်းကျရှုံးခဲ့သော်လည်း ကုယန်၏စွမ်းအားအရင်းအမြစ်ကိုထည့်တွက်မည်ဆိုလျှင် ကုယန်သည် အခြားအင်အားစုတွေထက် ပိုပြီးစွမ်းအားကြီးနေပြီးသားဖြစ်သည်။
တစ်ချိန်တည်းမှာပဲ လျှို့ဝှက်အစောင့်အရှောက်က ပစ္စည်းတွေကို သယ်သွားဖို့အချိန်သိပ်မယူခဲ့ပေ။
နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ထဲသို့ နတ်ဆိုးဝိဉာဉ်ကိုချုပ်ထားသည့် ရွှေရောင်ခေါင်းတလားကို ပစ်သွင်းပြီးနောက် ကုချင်းဖန်က အထဲကနတ်ဆိုးဝိဉာဉ်ကို လွှတ်ပေးလိုက်ပြီး အကြွင်းမဲ့စွမ်းအားဖြင့် နှိမ်နင်းသတ်ဖြတ်လိုက်သည်။
ကျိန်စာကလွဲ၍အခြားမဖြစ်နိုင်သောထိုအရာများကို ကုချင်းဖန်လျစ်လျူမရှုနိုင်ပေ။
ပြီးနောက် ၎င်းသည် အနီရောင်မီးလျှံဂိုဏ်း၏သိုင်းကျမ်းနှင့် အထူးသိုင်းပညာဖြစ်သည်။
“ကောင်းကင်သွေးပြန်ကြော ကျမ်းစာ”
“ဒါက ယန်အာရခဲ့တဲ့ ထူးဆန်းတဲ့အမွေအနှစ်ပဲထင်တယ်”
ကုချင်းဖန်သည် သူ့လက်ထဲက ကောင်းကင်သွေးပြန်ကြောကျမ်းစာကို ကြည့်လိုက်သည်နှင့် ဒီသိုင်းကျမ်းကို အဘယ်ကြောင့်ထူးခြားသည်ဟုမှတ်တမ်းထင်ထားရကြောင်း သတိထားမိသွားသည်။ သူအားနှင့်အနည်းငယ်ဆွဲဖြဲကြည့်ဖို့ ကြိုးစားခဲ့ပေမယ့် လျို့ဝှက်သိုင်းကျမ်းက ပကတိတိုင်းရှိနေသည်။
ကုချင်းဖန်အမူအရာက ပိုပြီးအံ့အားသင့်သွားသည်။
သူ့ကျင့်ကြံမှုအဆင့်သည် လက်ညိုးတစ်ချောင်းဖြင့်တောင် ကြီးမားသည့်စွမ်းအားကိုထုတ်လွှတ်နိုင်ပြီး ဒဏ္ဍာရီလာနတ်လက်နက်များကိုတောင်ပျက်ဆီးပစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီစွမ်းအားက စာရွက်ပေါ်တွင် အသုံးမဝင်သည်က လျှို့ဝှက်သိုင်းကျမ်း၏ထူးခြားသည့်သဘာဝကိုဖော်ပြနေသည်။
ထို့နောက် ကုချင်းဖန်၏အကြည့်သည် ကောင်းကင်သွေးပြန်ကြောကျမ်းစာ၏အကြောင်းအရာဆီသို့ရောက်သွားသည်။
နာရီဝက်ကြာပြီးနောက် ကုချင်းဖန်အသိပြန်ဝင်လာသည်။
သူ့မျက်လုံးထဲတွင် အံ့အားသင့်ရသည့်အပိုင်းသုံးပိုင်းနှင့် သံသယဖြစ်ဖွယ်အပိုင်းခုနစ်ပိုင်းကိုတွေ့သည်။
“ကောင်းကင်သွေးပြန်ကြောကိုးခုကိုစုစည်းပြီး တိုက်ခိုက်နိုင်စွမ်းကိုကိုးဆထိမြှင့်နိုင်တယ်”
“ဒီလောကကြီးမှာ ဒီလိုမျိုးကောင်းကင်ကိုဆန့်ကျင့်တဲ့သိုင်းပညာရှိလို့လား”
ကုချင်းဖန်မယုံနိုင်ဖြစ်နေသည်။
ကုယန်ကဲ့သို့ပင် ကောင်းကင်သွေးပြန်ကြောကျမ်းစာ၏စစ်မှန်မှုကို သူသံသယဖြစ်မိသည်။
သို့သော်လည်း ကုချင်းဖန် အချက်အလက်ပြဇယားကို ကြည့်လိုက်သည့်အချိန်တွင် သူကြက်သေသေသွားသည်။
အချက်အလက်ပြဇယားပေါ်တွက် စာကြောင်းအပိုတစ်ကြောင်းကို တွေ့လိုက်၏။
ကောင်းကင်သွေးပြန်ကြောကျမ်းစာ (မဝင်ရသေး)
“ဒီသိုင်းပညာကတကယ်အစစ်ပဲ”
ကုချင်းဖန်မျက်နှာအမူအရာက တစ်ဖန်ပြောင်းလဲသွားသည်။
အချက်အလက်ပြဇယားတွင်မှတ်တမ်းတင်နိုင်လျှင် ကောင်းကင်သွေးပြန်ကြောကျမ်းစာက တကယ်အစစ်ဟု ဆိုလိုခြင်းဖြစ်သည်။
အချက်အလက်ပြဇယားသည် သိုင်းပညာများနှင့်သိုင်းကျမ်းများ၏စစ်မှန်မှုကို အတည်ပြုရန်နည်းတွေထဲက တစ်နည်းပဲဖြစ်သည်။
ထိုအတွေးဖြင့် ကုချင်းဖန်သည် ကောင်းကင်သွေးပြန်ကြောကျမ်းစာကို အဆင့်မြှင့်တင်ဖို့ ကြိုးစားခဲ့သော်လည်း ကောင်းကင်သွေးပြန်ကြောကျမ်းစာက မလှုပ်ရှားပေ။
တစ်ချိန်တည်းမှာပဲ ကုချင်းဖန်က ကောင်းကင်သွေးပြန်ကြောကျမ်းစာကို အဆင့်မြှင့်တင်ဖို့ ဘာကြောင့်ခက်ခဲရတယ်ဆိုသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိသွားသည်။
"ပထမအဆင့် အဆင့်မြှင့်တင်ဖို့ အဆင့်မြှင့်တင်ရေးအမှတ် တစ်ရာ လိုအပ်တယ် သိုင်းဆရာရဲ့သိုင်းပညာက အမှတ်ငါးဆယ်ပဲ လိုအပ်တယ် ကောင်းကင်သွေးပြန်ကြောကျမ်းစာရဲ့ အဆင့်က သိုင်းအရှင်သခင်ရဲ့ သိုင်းပညာနဲ့ နှိုင်းယှဉ်နိုင်တာလား"
ဒီအပေါ်မှာ ကုချင်းဖန်က ပုံမှန်လို့ ခံစားခဲ့ရသည်။
ကောင်းကင်သွေးပြန်ကြောကျမ်းစာက အမှန်ဆိုလျှင် ဒီ သိုင်းပညာကို ဖန်တီးခဲ့သည့် ခွန်အားကြီးမားသူဟာ ထူးခြားရမှာဖြစ်ပြီး သိုင်းအရှင်သခင်လို့ ခေါ်တာက လက်မခံနိုင်စရာ မရှိပေ။
ဒါပေမယ့် အဆင့်မြှင့်တင်ရေးအမှတ် တစ်ရာ။
ကုချင်းဖန် အခုအချိန်မှာ အဲဒီပမာဏကို မရရှိသေးပေ။
သူ့မှာရှိတဲ့ စုစုပေါင်း အဆင့်မြှင့်တင်ရေးအမှတ်က ဆယ့်သုံးမှတ်သာ ရှိသည်။
အဆင့်မြှင့်တင်ရေးအမှတ်တွေရဖို့ ကုယန်နှင့် တခြားသူတွေ၏ကျင့်ကြံမှုက တိုးတက်ရမည် သို့မဟုတ် တခြားသူတွေက အောင်မြင်မှုတစ်မျိုးမျိုး ရရှိရမည်။
အောင်မြင်မှုတွေက ရဖို့ခက်ခဲပြီး ကုယန်ရရှိခဲ့သည့် အောင်မြင်မှုတွေက နှစ်ကြိမ် သုံးကြိမ်သာ ရှိသေးသည်။
ပထမအချက်ကတော့ ပိုလွယ်ကူသည်။
ကုယန်နှင့်ကုရွှမ်းတို့ဟာ သူတို့ရဲ့ နယ်ပယ်တွေရဲ့ ပြီးပြည့်စုံခြင်းအခြေအနေမှာ ရှိနေကြသည်။
ကုယန်က အရိုးသန့်စင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ပြီး ကုရွှမ်းက သွေးသန့်စင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်သည်။
ကုရှန့်နန်ကတော့ အသက်ငယ်လွန်းသေးသည်။
"ဒါပေမယ့် ကုယန်က အခု တကယ်မျိုးဆက်တွေပိုထားထားသင့်တယ် မဟုတ်ရင် သူ့ကျင့်ကြံမှု တိုးတက်လာရင် ကလေးယူဖို့ သိပ်လွယ်မှာ မဟုတ်တော့ဘူး"
ကုချင်းဖန် စဉ်းစားမိလိုက်သည်။
ကုယန်၏ လက်ရှိအခြေအနေက ထိုအချိန်က သူ့ကိုယ်ပိုင်အခြေအနေထက် များစွာကောင်းမွန်သည်။
ထိုအချိန်က ကုချင်းဖန်သည် သူ့နောက်ကွယ်မှာ ဘာအင်အားမှ မရှိခဲ့ဘဲ ကုမျိုးနွယ်စုတစ်ခုလုံးကို တစ်ယောက်တည်း ထောက်ပံ့ခဲ့ရတာကြောင့် သတိထားပြီး မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရတာက နောက်ဆုံးနည်းလမ်းဖြစ်ခဲ့သည်။
ဒါပေမယ့် အခုတော့ မတူတော့ပေ။
ကုယန်၏နောက်ကွယ်မှာ ကုမျိုးနွယ်အိမ်တော်တစ်ခုလုံးရှိနေပြီး သိုင်းအရှင်သခင်နှင့် နှိုင်းယှဉ်နိုင်သည့် အဖေရှိနေသည့်အတွက် မျိုးဆက်တွေရရှိပြီး ကုမျိုးနွယ်စုရဲ့ မျိုးရိုးကို ချဲ့ထွင်တာက ပြဿနာသိပ်မရှိတော့ပေ။
ဒီအကြောင်းကို စဉ်းစားပြီး ကုချင်းဖန်က ကုပန်ကို ခေါ်လိုက်သည်။
"ကျွန်တော်မျိုး အိမ်တော်သခင်ဟောင်းကို ဂါရဝပြုပါတယ်"
"ငါ့ရဲ့ သတင်းစကားကို ကုယန်ဆီ ယူသွားလိုက် မျိုးဆက်တွေ ပိုထားပြီး ငါတို့ ကုမျိုးနွယ်စုရဲ့ သွေးသားကို ခိုင်မာအောင် လုပ်ဖို့ သူ့ကို ပြောပြလိုက်"
"… ကျွန်တော်မျိုး အမိန့်ကို လက်ခံပါတယ်"
ကုပန်အံ့အားသင့်သွားသည်။
ကုချင်းဖန်က သူ့ကို ဒီလိုကိစ္စမျိုးအတွက် ခေါ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
ခဏတာ တုန်လှုပ်ပြီးနောက် ကုပန်က အရိုအသေပေးပြီး ထွက်သွားသည်။
ကုချင်းဖန် ပြောသမျှကို သူလုပ်ရမည်။
ကုပန်က သူ့ရဲ့ ကိုယ်ပိုင်အဆင့်နဲ့ ရာထူးကို ကောင်းကောင်း နားလည်သည်။
ကုပန် ထွက်ခွာသွားပြီးနောက် ကုချင်းဖန်က အနီရောင်မီးလျှံဂိုဏ်းကနေ ရခဲ့သည့် များပြားသည့် သိုင်းပညာတွေဆီကို သူ့အကြည့်ကို လှည့်လိုက်သည်။
နတ်ဆိုးသန့်စင်ရေး လျှို့ဝှက်သိုင်း! ထိပ်တန်းအဆင့် မြင့်မားတဲ့ စွမ်းရည်တစ်ခု!
အနီရောင်မီးလျှံဂိုဏ်းက နှစ်ပေါင်းထောင်ချီနေသည့် ဂိုဏ်းတစ်ခုအဖြစ် သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်တယ်လို့ ပြောရမည်။
ကွမ်းယန်နယ်ထဲမှာပဲ သူရဲ့အင်အားကို ပြသခဲ့ရင်တောင် သူ့ရဲ့အခြေခံအုတ်မြစ်က ထူးခြားသည်။
ဒီက သိုင်းပညာတွေက သိုင်းဆရာအဆင့် အမြင့်ဆုံးစွမ်းရည်တွေ ချို့ယွင်းနေပေမယ့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနဲ့ တခြားအဆင့် သိုင်းပညာတွေ များစွာပါဝင်သည်။
ချက်ချင်းပဲ ကုချင်းဖန်က ဒီ သိုင်းပညာတွေကို စတင်ဖတ်ရှုခဲ့သည်။
ယခင်ပညာရှင်တွေ ချန်ထားခဲ့သည့် နားလည်မှုကနေ ထိုးထွင်းသိမြင်မှုတွေရပြီး နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ခံစားခဲ့ရသည်။
ဒါတွေက ပြီးပြည့်စုံသော သိုင်းပညာကို ဖန်တီးရာမှာ သူရဲ့ကိုယ်ပိုင်လမ်းကြောင်းကို အထောက်အကူပြုပြီး ပိုမိုတိုးတက်စေခဲ့သည်။
...
"သင်၏ မျိုးဆက် 'ကုယန်' က တော်ဝင်စစ်တပ်ရဲ့ မဟာမိတ်တပ်ဖွဲ့တွေကို အနိုင်ယူပြီး ကြီးမားတဲ့ ကျော်ကြားမှု ရခဲ့တယ်"
"သင်၏ မျိုးဆက် 'ကုယန်' က သုံးရက်အတွင်း မြို့ငါးမြို့ကို သိမ်းပိုက်ခဲ့ပြီး သူ့ရဲ့ အင်အားစုတွေ သိသိသာသာ တိုးလာတယ်"
"သင်၏မျိုးဆက် 'ကုရွှမ်း' က သိုင်းပညာကို ကျင့်ကြံရာမှာ အနည်းငယ် နားလည်လာပြီး ခွန်အား အနည်းငယ် တိုးတက်မှုရှိတယ်"
"
သင်၏ မျိုးဆက် 'ကုရှန့်နန်' က သူ၏ မျိုးရိုးဗီဇကို သန့်စင်ခဲ့ပြီး အရည်အချင်းမှာ အနည်းငယ် တိုးတက်မှုရှိတယ်"
"သင်၏ မျိုးဆက် 'ကုယန်' က အရေပြားသန့်စင်ခြင်းနယ်ပယ် သိုင်းသမား ၆၉၇ ဦးကို သတ်ဖြတ်ခဲ့တယ်"
"သင်၏မျိုးဆက် 'ကုယန်' က စစ်နတ်ဘုရားဘုရင်တပ်၏ အကြွင်းအကျန်တပ်ဖွဲ့တွေကို အနိုင်ယူပြီး ရန်သူအများအပြားကို သတ်ဖြတ်ခဲ့တယ်"
"သင်၏မျိုးဆက် 'ကုယန်' က စစ်နတ်ဘုရားတပ် စစ်သား ၁၇၈၆ ဦးကို သတ်ဖြတ်ခဲ့တယ်"
"သင်၏မျိုးဆက်..."
..
သွေးသန့်စင်ခန်းမမှာ တစ်ယောက်တည်း ရှိနေချိန် ကုချင်းဖန်သည် အချိန်နှင့်အမျှ အသစ်အသစ်တွေ ထပ်ပေါ်လာတဲ့ အချက်အလက်ပြဇယားကို ကြည့်လိုက်ပြီး သူ့၏မျက်ခုံးတွေ အနည်းငယ် မြင့်တက်လာသည်။
အချက်အလက်ပြဇယားအရ ကုယန်က ဒီကာလအတွင်း လူအတော်လေးကို သတ်ဖြတ်ခဲ့ပုံရသည်။