← Chapters

အသက်ရှည်ကျင့်စဉ်

Vol. 11 Ch. 149

အသက်ရှည်ကျင့်စဉ်

Vol. 11 Ch. 149

"သင်၏သား 'ကုယန်' သည် ကွမ်းယန်နယ်မြေကို သိမ်းပိုက်ပြီး သူ၏စွမ်းအားကို သိသိသာသာ မြှင့်တင်လိုက်ပြီ"

"သင်၏သား 'ကုယန်' ၏ နာမည်ဂုဏ်သတင်း တိုးတက်လာပြီ”

"သင်၏သား 'ကုယန်' သည် အတွင်းအင်္ဂါသန့်စင်ခြင်းအဆင့်မှ သိုင်းပညာရှင် သုံးဦး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီ"

"သင်၏သား'ကုယန်'..."

...

"သူ အောင်မြင်သွားတဲ့ပုံပဲ"

အချက်အလက်ပြဇယားကို တစ်ချက်ကြည့်လိုက်သည့်အခါမှာ ကုယန်က ကွမ်းယန်နယ်မြေကို သိမ်းပိုက်လိုက်တာကို မြင်လိုက်ရတာနှင့် သူက အရေးပါတဲ့ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ပြီဆိုတာ ကုချင်းဖန် သိလိုက်သည်။

ကမ္ဘာပေါ်မှာ အာဏာလုဖို့အတွက်ဆိုရင် အနည်းဆုံး နယ်မြေတစ်ခုလုံးရဲ့ အခြေခံအုတ်မြစ် ရှိရမည်။

နယ်မြေတစ်ခုတောင်မှ ကိုယ်ပိုင်ထိန်းချုပ်မှုအောက်မှာ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ကမ္ဘာကို ယှဉ်နိုင်မလဲ။

ကုချင်းဖန်အတွက် နောင်တရစရာတစ်ခုတည်းက...ကုယန် ကွမ်းယန်နယ်မြေကို သိမ်းပိုက်လိုက်သည့်အခါမှာ သူက ဘာအောင်မြင်မှုမှ မရရှိခဲ့ပေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး...ကုချင်းဖန် အနည်းငယ် စိတ်ပျက်မိပေမဲ့ သူက အလျင်အမြန်ပဲ လက်ခံလိုက်သည်။

အောင်မြင်မှုတွေဟာ အလွယ်တကူ ဖြစ်ပေါ်လာတာ မဟုတ်ပေ။

ကွမ်းယန်နယ်မြေကို သိမ်းပိုက်လိုက်တာနှင့် ဘာအောင်မြင်မှုမှ မဖြစ်ပေါ်ခဲ့ဘူးဆိုတာက ဒီကိစ္စက အင်အားကြီးမားလောက်အောင် မဟုတ်သေးဘူးဆိုတာကို ဆိုလိုသည်။

ဒါဆိုရင် တိုင်းရှန်နယ်မြေကို သိမ်းပိုက်သည့်အချိန် ဒါမှမဟုတ် ချင်ယွင်ပြည်နယ်ကို သိမ်းပိုက်သည့်အချိန် ဒါမှမဟုတ် ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်တဲ့အချိန်ကျရင် အောင်မြင်မှုတွေ ဖြစ်ပေါ်လာမှာ သေချာသည်။

ဒါ့အပြင်...တကယ်လို့ ကမ္ဘာကို သိမ်းပိုက်သည့်အတွက် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဆုလာဘ်ဟာလည်း အလွန်အမင်း ရက်ရောလိမ့်မယ်လို့ ကုချင်းဖန် ယုံကြည်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး...ကုချင်းဖန်က အာရုံပြန်စုစည်းပြီး သူ့ရဲ့အချက်အလက်ပြဇယားကို ကြည့်လိုက်သည်။

...

နာမည်- ကုချင်းဖန်

အသက်- ၄၂/၃၀၀၀

အဆင့်- အထွတ်အထိပ်တာအိုသခင်အဆင့်အစပိုင်း

သိုင်းပညာ- ကုမိသားစုလက်သီး (မကျိုးပဲ့နိုင်သောအဆင့် ၁)၊ ကောင်းကင်မိုးကြိုးဓားပညာ (အစပြုသူ)၊ ရွှေရောင်ကိုယ်ထည် (ရွှေကိုယ်မကျိုးပဲ့နိုင်သောအဆင့် ၉)၊ခုနစ်သက်ဓားပညာ (သတ်ဖြတ်မှုစစ်မှန်သော ရည်ရွယ်ချက်အဆင့် ၃)၊ ကောင်းကင်ဂုံလွှမ်းမိုးခန္ဓာ (ကာကွယ်ရေးဂန်းချီအဆင့် ၄)၊ ကောင်းကင်ဂန်နတ်ဘုရားခန္ဓာ (မသေနိုင်သောနတ်ခန္ဓာအဆင့် ၁)၊ အစိမ်းရောင်နေကျင့်စဉ် (ကိုးလွှာပြီးပြည့်စုံမှု၊ စင်ကြယ်သောရန်ချီသွေးအဆင့် ၈)၊ အတွင်းအင်္ဂါငါးခုကျမ်း (ငါးလွှာ အတွင်းအင်္ဂါငါးခုနတ်ဘုရားအဆင့် ၅)၊ ယွမ်ရတနာကျမ်း (ငါးလွှာ အင်္ဂါသန့်စင်ခြင်းအဆင့် ၅)၊ပြိုင်ဘက်ကင်းဓားခုတ်ချက် (ပြီးပြည့်စုံမှု၊ ဓားရည်ရွယ်ချက်အဆင့် ၉)၊အနီရောင်မီးလျှံသိုင်းပညာ (ကိုးလွှာပြီးပြည့်စုံ၊ နေမီးနတ်ဘုရားလက်ဝါးအဆင့် ၈)၊ နက်နဲသောနှလုံးသားနတ်ခန္ဓာ (သုံးလွှာပြီးပြည့်စုံမှု၊ အသားအရေကျောက်စိမ်းသဖွယ်အဆင့် ၂)၊ မဟာဝဇီရပြိုင်ဘက်ကင်းခန္ဓာ (သုံးလွှာပြီးပြည့်စုံမှု၊ စိန်ခန္ဓာအဆင့် ၂)၊ ပရက်နာပါရမီတာ သုတ္တန်

(ဆယ်သုံးလွှာပြီးပြည့်စုံမှု၊ ပရက်နာပါရမီတာ သုတ္တန်စစ်မှန်သောကိုယ်ခန္ဓာအဆင့် ၁၂)၊ နေလလက်သီးကျမ်း (မဝင်ရောက်ရသေး)၊ လေမိုးကြိုးဓားပညာ (ပြီးပြည့်စုံမှု၊ လေမိုးကြိုးဓားရည်ရွယ်ချက်အဆင့် ၃)၊ ကောင်းကင်သွေးပြန်ကြောကျမ်းစာ (ပထမအဆင့်)၊ အသက်ရှည်ကျင့်စဉ် (ပြီးပြည့်စုံမှု၊ အသက်ရှည်အဆင့် ၁)

အဆင့်မြှင့်တင်မှုအမှတ်- ၁၃မှတ်

...

ဒါက ကုချင်းဖန်ရဲ့ အချက်အလက်ပြဇယားရဲ့ လက်ရှိအခြေအနေပဲဖြစ်သည်။

အချက်အလက်ပြဇယားမှာ...အရင်က အဆင့်နိမ့်သိုင်းပညာ အများအပြားဟာ ပျောက်ကွယ်သွားပြီး အသက်ရှည်ကျင့်စဉ် လို့ခေါ်တဲ့ သိုင်းပညာတစ်ခုနဲ့ အစားထိုးလိုက်သည်။

ဒီသိုင်းပညာက...ကုချင်းဖန်က ရာနဲ့ချီတဲ့သိုင်းပညာကျောင်းတွေရဲ့ သိုင်းပညာတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ တကယ့်ကို ပြည့်စုံသောသိုင်းပညာ ပဲဖြစ်သည်။

ဒါပေမဲ့...လက်ရှိအချိန်မှာ အသက်ရှည်ကျင့်စဉ်က အရေပြားသန့်စင်ခြင်းအဆင့်နဲ့ ပတ်သက်တဲ့ ပထမအဆင့်ကိုပဲ ဖန်တီးနိုင်သေးသည်။

ဆက်လက်ပြီး မြှင့်တင်ဖို့အတွက်...ကုချင်းဖန်က ဆက်ပြီး ဖန်တီးတိုးတက်အောင်လုပ်ဖို့ လိုအပ်နေသေးသည်။

ဒါပေမဲ့...တခြားအဆင့်နိမ့်သိုင်းပညာတွေနဲ့ နှိုင်းယှဉ်ရင် အဆင့်နိမ့်သိုင်းပညာတစ်ခု ဖြစ်နေပေမဲ့ အသက်ရှည်ကျင့်စဉ်က စုံလင်သွားတဲ့အခါမှာ အထူးစွမ်းရည်တစ်ခုကို ဖြစ်ပေါ်လာနိုင်သည်

ပုံမှန်အားဖြင့် သိုင်းပညာတွေမှာ အထူးစွမ်းရည်ရဖို့ဆိုရင် အနည်းဆုံး အလယ်အလတ်အဆင့်ကို ရောက်ရှိရသည်။

ဒါပေမယ့် ကုချင်းဖန်ဖန်တီးထားသည့် အသက်ရှည်ကျင့်စဉ်ကတော့ အဆင့်နိမ့်မှာတောင်မှ အသက်ရှည်ခြင်း ဆိုသည့် အထူးစွမ်းရည်ကို ပေါ်ပေါက်စေသည်။

အရေပြားသန့်စင်ခြင်းအဆင့်ကို စုံလင်အောင်လုပ်နိုင်ရင် အသက်ကို နှစ်တစ်ရာ တိုးပေးနိုင်တာကြောင့် ဒီအသက်ရှည်စွမ်းရည်ဟာလည်း ပုံမှန်ပဲဖြစ်သည်။

“အစက အခက်ဆုံး” ဆိုသလိုပဲ၊ အသက်ရှည်ကျင့်စဉ်ကို ကုချင်းဖန် စတင်ဖန်တီးနိုင်ခဲ့ပြီဖြစ်လို့ နောက်ဆက်တွဲ ပြုပြင်တိုးတက်မှုတွေက ပိုမိုလွယ်ကူလာတော့မှာဖြစ်သည်။

အနည်းဆုံးတော့ အသက်ရှည်ကျင့်စဉ်ကို ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့် ငါးဆင့်အထိ တိုက်ရိုက် ရောက်ရှိနိုင်တဲ့အထိ ဖန်တီးဖို့က သိပ်မခက်ခဲတော့ပေ။

ကုချင်းဖန်ကိုယ်တိုင်က အထွတ်အထိတ်တာအိုသခင်ဖြစ်နေတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို အခြေခံပြီး ဖန်တီးနိုင်သည်။

ဒီသိုင်းပညာကို အသက်ရှည်ကျင့်စဉ် လို့ နာမည်ပေးရသည့် အကြောင်းရင်းကတော့ ပြည့်စုံသောသိုင်းပညာက အသက်ရှည်ခြင်း ကို တိုက်ရိုက်ဦးတည်နိုင်တဲ့ အလားအလာရှိလို့ပဲဖြစ်သည်။

အသက်ရှည်ခြင်းဆိုတာ ကုချင်းဖန်၏ ကိုယ်ပိုင်အိပ်မက်တစ်ခုလည်း ဖြစ်သည်။

အဲဒီနောက် ကုချင်းဖန်က သိုင်းပညာတွေကို ဆက်လက်လေ့လာပြီး ဖန်တီးနေသည်။

အသက်ရှည်ကျင့်စဉ်ရဲ့ ပထမအဆင့်ဟာ အစပဲရှိသေးသည်။

ပြည့်စုံသောသိုင်းပညာကို အသက်ဝင်စေဖို့ဆိုရင် အနည်းဆုံး ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့် ငါးဆင့်အထိ တိုက်ရိုက်ရောက်ရှိနိုင်တဲ့ နည်းစနစ်တွေကို ဖန်တီးရမည်။

ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့် ငါးဆင့်ကို ပြီးမြောက်နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ဘဝအဆင့်အတန်းဟာ ပြောင်းလဲသွားပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းနဲ့တင် လက်ရှိခေတ်ရဲ့ သိုင်းဆရာအင်အားစုတွေနှင့် ယှဉ်နိုင်မှာပဲဖြစ်သည်။ ထိပ်တန်းသိုင်းဆရာကြီးတွေနှင့်တောင် ယှဉ်နိုင်တယ်လို့ ပြောရင် မမှားပေ။

အရင်က ကုချင်းဖန် ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့်ကို မပြီးမြောက်သေးချိန်မှာ နတ်ဘုရားပေါင်းစပ်ခြင်းအဆင့်မှ မှော်ဆရာတွေကို သတ်နိုင်ခဲ့တာက ပြိုင်ဘက်ကင်းဓား၏ စစ်မှန်သော ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်သည်။

အခြေခံအုတ်မြစ်ခိုင်မာမှုနဲ့ အလွန်အစွမ်းထက်သည့် သိုင်းဆရာ၏ စစ်မှန်သော ရည်ရွယ်ချက်တို့ ပေါင်းစပ်လိုက်တဲ့အခါ နတ်ဘုရားပေါင်းစပ်ခြင်းအဆင့်နဲ့ ရိုးရိုးသိုင်းဆရာကြီးတွေကို အဆုံးသတ်နိုင်တာဟာ လွယ်ကူသည့်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

ဒါကြောင့် ရိုးရိုးလူတစ်ယောက်အနေနဲ့ အသက်ရှည်ကျင့်စဉ်ကို ကိုယ်အင်္ဂါသန့်စင်ခြင်းအဆင့် ငါးဆင့်အထိ ကျင့်ကြံနိုင်ရင် ကုချင်းဖန်အဆင့်တော့ မမီနိုင်ပေမယ့် ရန်သူအများအပြားကို နှိမ်နင်းဖို့ လုံလောက်ပြီပဲဖြစ်သည်။

ကုယန်က ကွမ်းယန်နယ်မြေကို သိမ်းပိုက်လိုက်တဲ့သတင်း ပျံ့နှံ့သွားသည့်အခါ ချင်ယွင်ပြည်နယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

လဝက်ကြာပြီးနောက် ကုယန်ဟာ ကုမိသားစုကို ပြန်ရောက်လာသည်။

"အဖေ့ကို အရိုအသေပြုပါတယ်"

သူ့ရှေ့က ကုယန်ကို ကြည့်ပြီး ကုချင်းဖန်ရဲ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လွန်ခဲ့သည့် လအနည်းငယ်ကနှင့် နှိုင်းယှဉ်ရင် ကုယန်၏ပြောင်းလဲမှုက ထင်ရှားနေသည်။

သူ့မျက်နှာပေါ်က ကလေးဆန်သည့်အသွင်အပြင်တွေ ပျောက်ကွယ်သွားပြီး သံမဏိသွေးရောင်ဝါကို ကိုင်စွဲထားသူတစ်ဦး၏ ပြင်းထန်သည့်အငွေ့အသက်တွေ ထွက်နေသည်။

မျက်ခုံးနှစ်ခုကြားမှာလည်း လွှမ်းမိုးချုပ်ကိုင်လိုသည့် အမူအရာတစ်ခု ပေါ်နေသည်။

၎င်းက အထက်လူကြီးတစ်ယောက်၏ အမူအရာပဲဖြစ်သည်။

ရှင်းရှင်းပြောရရင် တပ်တစ်ခုကို ဦးဆောင်ပြီး နယ်မြေတစ်ခုလုံးကို နှိမ်နင်းလိုက်တာက ကုယန်ကို အများကြီး ပြောင်းလဲစေပေမဲ့ အခုချိန်မှာ သူ့အဖေအပေါ်ထားသည့် လေးစားမှုကတော့ အရင်အတိုင်းပဲ ရှိနေသေးသည်။

"ပြန်လာတာ ကောင်းတယ် မင်း ကွမ်းယန်နယ်မြေကို သိမ်းလိုက်ပြီလို့ ကြားတယ် ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ" လို့ ကုချင်းဖန်က အပြုံးလေးနဲ့ မေးလိုက်သည်။

ကုယန်က လေးနက်သည့်အမူအရာနှင့် ပြန်ဖြေသည်။

"ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်နေတယ် ဘုရင့်နန်းတော်ကလည်း ယိုယွင်းနေပြီး မှော်ဆရာတွေကလည်း ကမောက်ကမဖြစ်အောင် လုပ်နေကြတယ် ဒါကြောင့် သားတော်အနေနဲ့ ဒီနိုင်ငံကို သန့်စင်ပြီး ပြည်သူတွေအတွက် မျှော်လင့်ချက်လေးတစ်ခုကို ရှာဖွေပေးရမှာပေါ့”

"မင်းကိုယ်မင်း ဘုရင်အဖြစ် ကြေညာဖို့ ရည်ရွယ်ထားတာလား"

"ဟုတ်ပါတယ်"

ကုယန် ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာအမူအရာက အလွန်လေးနက်နေသည်။

"အခု ကျွန်တော် နယ်မြေတစ်ခုကို ထိန်းချုပ်ထားပြီဖြစ်လို့ တပ်ဖွဲ့တစ်ခုကို တည်ထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာသင့်တယ် ဒီလိုလုပ်လိုက်ရင် ကမ္ဘာတစ်ဝန်းက ဖြောင့်မတ်သူတွေကို ကျွန်တော့်ရဲ့ မဟာလုပ်ငန်းကြီးမှာ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်နိုင်မှာပါ"

သာမန်လူအယောက်နှစ်ဆယ်လောက်က ကုယန်ရဲ့ အတွေးတွေကို ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ပေ။

အဲဒီအချိန်တုန်းက ချင်ယွင်ပြည်နယ်ဟာ ကမောက်ကမ မဖြစ်သေးပေ။

ထိုက်ရွှမ်းမင်းဆက်ကလည်း ရောဂါဝေဒနာ ခံစားနေရပေမဲ့ နိုင်ငံအပေါ်မှာတော့ အနည်းငယ် ထိန်းချုပ်မှု ရှိနေသေးသည်။

ဒါကြောင့် အဲဒီအချိန်တုန်းက ပုန်ကန်ပြီး ဘုရင်အဖြစ် ကြေညာခဲ့မယ်ဆိုရင် နန်းတော်ရဲ့ ပြင်းထန်တဲ့အမျက်ဒေါသကို ရင်ဆိုင်ရမှာ သေချာပေမဲ့ အခုတော့ မတူတော့ပေ။

အခုဆိုရင် ဖြောင့်မတ်တဲ့တပ်တွေ ပေါ်ထွက်လာပြီး ဗဟိုလွင်ပြင်ဒေသမှာလည်း အခြေအနေက အလွန်ရှုပ်ထွေးနေသည်။

ဖေကျင်း ပုန်ကန်မှုအလံကို ထူထောင်လိုက်တာ၊ သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်နေတာနဲ့ နောက်ပိုင်းမှာ သူ့၏သေဆုံးမှုတွေကြောင့် ချင်ယွင်ပြည်နယ်ရဲ့ အခြေအနေက လုံးဝကို ကမောက်ကမ ဖြစ်သွားပြီ။

ဒီအချိန်မှာ ဘုရင်အဖြစ် ကြေညာတာဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများတယ်လို့ ကုယန် ယူဆသည်။

ကုချင်းဖန် ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"မင်း ဒီလိုတွေးရင် လုပ်လိုက် ကောင်းကင်ပြိုကျလာရင်တောင် မင်းအဖေက မင်းအတွက် ထိန်းပေးထားမယ်"

"အဖေ့စကားကြောင့် သားစိတ်အေးရပြီ"

ကုယန့်မျက်နှာမှာ ကျေးဇူးတင်မှုတွေ ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲမှာလည်း ယုံကြည်မှုတွေ အကန့်အသတ်မရှိ ပေါက်ကွဲထွက်လာခဲ့သည်။

All Chapters