အဆင့်ချိုးဖျက်ခြင်း
Vol. 019 Ch. 1900
ရီဖူရှင်းသည် မိုးကြိုးလောကဓာတ်စွမ်းအားအတွင်း၌နစ်မြုပ်နေဆဲဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် သူ၏နားလည်သဘောပေါက်မှုနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပေ့ကုန်းအော့နှင့်မျှဝေနေသည်။ သူနားလည်လာသည်နှင့်အမျှ မိုးကြိုးနည်းလမ်း၏အစွမ်းထက်ပုံကို ပိုပြီးနားလည်သဘောပေါက်လာသည်။ ကျင့်ကြံခြင်းအထွတ်အထိပ်ကိုရောက်သည့်လူများသည် သူတို့၏မဟာလမ်းစဉ်စွမ်းအားနှင့်တိုက်ခိုက်ရေးပညာရပ်ကို အပြည့်အဝအတူတကွပေါင်းစည်းလိုက်ပြီး အဆုံးစွန်သောတိုက်ခိုက်မှုသဘာဝလွန်စွမ်းအားဖြစ်လာသည်။ ထိုတိုက်ခြင်းစွမ်းအားသည်ကြောက်မက်ဖွယ်ဖြစ်သည်
အထွတ်အထိပ်သို့ရောက်သွားသောထိုသူသည် နတ်ဆေးလုံးကိုရှာဖွေရန် သူ၏စိတ်အသိကြိုးတမျှင်တည်းဖြင့် အရှေ့နတ်ဘုရားကျွန်းစုကိုအမှန်တကယ်သွားရောက်နိုင်ကတည်းက သူချန်ထားရစ်ခဲ့သည့် လောကဓာတ်စွမ်းအားသည် သာမန်မဟုတ်ချေ။ ထို့ကြောင့် ၎င်းသည်မယုံကြည်လောက်အောင် အစွမ်းထက်ပေသည်။
ရီဖူရှင်း၏စိတ်ထဲတွင် စွမ်းအားကြီးပုဂ္ဂိုလ်သည် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်ဟုခံစားလိုက်ရသည်။ တိုက်ခိုက်မှုသည် မယုံကြည်လောက်အောင်ပြင်းထန်သည့် မဟာလမ်းစဉ်စွမ်းအားစုစည်းမှုဖြစ်သည်။ စွမ်းအားသည်သူ၏လက်မောင်းတွင်စုစည်းလာပြီး ပတ်ဝန်းကျင်လေဟာနယ်၌ မြည်ဟည်းသံဖြစ်ပေါ်လာသည်။ ထို့နောက် စွမ်းအားအစုအဝေးကိုထုတ်လွှတ်လိုက်ပြီး ချက်ချင်းပင်မိုးကြိုးပစ်ဒဏ်စွမ်းအားကိုဖန်တီးထားသကဲ့သို့ ပြင်းထန်သော မိုးကြိုးလှိုင်းကိုဖန်တီးလိုက်သည်။ ထိုသည်က နေရာတခုလုံးကိုဖျက်ဆီးပစ်နိုင်သလို ပစ်မှတ်တစ်ခုတည်းကို ဦးတည်တိုက်ခိုက်နိုင်စွမ်းလည်းရှိသည်။
ထို့အပြင် တိုက်ခိုက်မှုသည် လှိုင်းပုံစံဖြစ်သည်။ ထိုလှိုင်းသည် ယခင်က ရီဖူရှင်းကြုံတွေ့ခဲ့ဖူးသည့် ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားနှင့် အနည်းငယ်ဆင်တူသည်။ မိုးကြိုးပြစ်ဒဏ်စွမ်းအားက သူ၏ပစ်မှတ်ကိုထိမှန်သည့်အခါ ထိုထိမှန်သည့်နေရာသည် ချက်ချင်းပျက်စီးသွားလိမ့်မည်ဖြစ်သည်။ သို့သော် နောက်ခဏအကြာတွင် မိုးကြိုးလှိုင်းတစ်ခုသည်အရာအားလုံးကိုနစ်မြှုပ်စေပြီးပျံ့နှံကာ အခြားနေရာသို့ရောက်ရှိလာသည်။ မိုးကြိုးစွမ်းအား၏အမြန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအမြန်နှုန်းဖြင့် ထိပ်တိုက်တွေ့သည့်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်အင်အားကြီးမြည်ဟည်းသံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံကာ အရာအားလုံးကိုဖျက်ဆီးပစ်လိုက်သည်။
ကျောက်နံရံပေါ်ရှိမှတ်တမ်းထဲတွင်ရှိသည့် ထိုအသိစိတ်တမျှင်အတွင်း၌ ထိုလျှို့ဝှက်တိုက်ကွက်ကို ပြစ်ဒဏ်တစ်ထောင်ပညာရပ်ဟု အမည်ပေးထားကြောင်းရေးမှတ်ထားသည်။
ရီဖူရှင်းသည် ထိုအသိကိုတိတ်တဆိတ် နားလည်လိုက်သည်။ သူ၏စိတ်အသိသည် ဖိအားကြီးတစ်ခုကိုခံစားရသည်။ သူသည် အသိကိုနားလည်ပြီးအဓိပ္ပါယ်ဖွင့်ဆိုသည့်အခါ သူ၏စိတ်ထဲတွင် မိုးကြိုးစွမ်းအားသည်အကြီးအကျယ်ပျက်စီးသွားသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် မိုးကြိုးစွမ်းအားမဟာလမ်းစဉ်၏ အဆုံးမဲ့လှိုင်းများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ စီးဆင်းသွားသည်။
ပေ့ကုန်းအော့သည် အခြားတစ်ဖက်သို့ တစ်ဆင့်ချင်းလျှောက်သွားသည်။ သူသည်လည်း ဖိအားတော်တော်များများခံစားနေရသည်။ သူ၏ခန္ဓာကိုယ်မှမိုးကြိုးစွမ်းအားသည် လင်းလက်လာပြီး ဤလေဟာနယ်ထဲရှိ မိုးကြိုးဇုန်နှင့် သိမ်မွေ့၍စိတ်ဝင်စားဖွယ် ဆက်သွယ်ချက်တစ်ခုဖန်တီးပေးလိုက်သည်။
"ဒါက အံ့ဩစရာကောင်းတဲ့ သဘောပေါက်နားလည်မှုပဲ" ပေ့ကုန်းအော့ကပြောလိုက်သည်။ ဤနေရာသို့လာရောက်ခြင်းသည် သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။
သို့သော် ဤနေရာသို့ သူပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းကိုပေါင်းလိုက်လျှင် မိုးကြိုးစစ်နတ်ဘုရား၏အသိအပေါ်သူ၏သဘောပေါက်နားလည်မှုသည် ယခင်က ဤအဆင့်သို့ပင်မရောက်ရှိခဲ့ပေ။ ရီဖူရှင်းသည် ဤနေရာသို့ယခုမှရောက်သော်လည်း သူ၏အသိကိုနားလည်နိုင်စွမ်းသည် တဖြည်းဖြည်းပို၍အားကောင်းလာနေဆဲဖြစ်သည်။
ရုပ်တုကိုနိုးထစေပြီး ပန်းသစ်ပင်ကိုရူးသွပ်သွားစေသည့် ပါရမီရှင်ရန်ဟောင်အဖြစ် သတ်မှတ်ခံရသည်မှာ အံ့ဩစရာမဟုတ်ပေ။
ရီဖူရှင်းသည် လောကဓာတ်စွမ်းအား၏စွမ်းအင်ကို ခံစားမိနေဆဲဖြစ်သည်။ သူ၏စိတ်ထဲတွင် စတင်ပြီးအဆက်မပြတ်တိုးဝင်လာသည်။ သူသည်မြင်ကွင်းများကိုပို၍မြင်လာရပြီး စွမ်းအားအသိ၏အောက်တွင် မိုးကြိုးမဟာလမ်းစဉ်သည် မိုးကြိုးပြစ်ဒဏ်ေရာင်စဥ်တန်းအဖြစ်ပြောင်းသွားပြီး ထိုရောင်စဥ်တန်းများသည် နောက်ဆက်တွဲစွမ်းအင်များကိုထုတ်လွှတ်မည်ဖြစ်သည်။
ထိုသည်မှာ သူဓားအသိကိုကျွမ်းကျင်ခဲ့သည်နှင့်ဆင်တူသည်။ သို့သော် ထိုလောက်တော့အားမကောင်းပေ။
မိုးကြိုးပြစ်ဒဏ်အလင်းတန်းသို့ပေါင်းစည်းသွားသည့် မဟာလမ်းစဉ်မိုးကြိုးရောင်စဉ်တန်းများသည် တဖြည်းဖြည်းပို၍ရှင်းလင်းလာသည်။ မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်စွမ်းအားသည် သူမတိုက်ခိုက်မှီ ပြစ်ဒဏ်တစ်ထောင်စွမ်းအားနှင့်ပေါင်းစည်းသွားသကဲ့သို့ စွမ်းအားများပေါက်ကွဲထွက်ပေါ်လာသည်။ ထိုသည်က မယုံကြည်နိုင်ဖွယ်စွမ်းအားပမာဏကို ထုတ်ပေးသည်။
‘ပြစ်ဒဏ်တစ်ထောင်’ ရီဖူရှင်းတွေးလိုက်သည်။သူသည် ဝိုးတိုးဝါးတားသာနားလည်လိုက်သည်။ သူ၏ခန္ဓာက်ိုယ်ပတ်လည်တွင် မိုးခြိမ်းသံများကိုကြားရသည်။ မဟာလမ်းစဉ်၏မိုးကြိုးစွမ်းအင်များသည် မိုးကြိုးအသိရောင်စဉ်တန်းအဖြစ် မပြောင်းလဲမှီစတင်တွေ့ဆုံခဲ့ကြသည်။ မိုးကြိုးပြစ်ဒဏ်အလင်းတန်းကဲ့သို့ ထိုအရာသည် ကောင်းကင်မှ ဖြောင့်တန်းစွာဆင်းသက်လာသည်။
ရီဖူရှင်း၏မျက်နှာတွင် စူးစမ်းလိုသည့်အမူအရာကျန်ရစ်ခဲ့သည်။ ပြစ်ဒဏ်တစ်ထောင်ပညာရပ်ကို တစ်ခဏအတွင်းထုတ်လွှတ်ရန် မိုးကြိုးမဟာလမ်းစဉ်ကိုမည်မျှကျွမ်းကျင်အောင်လုပ်ရမည်နည်း။
ထို့အပြင် ပြစ်ဒဏ်တစ်ထောင်မိုးကြိုးအားကျွမ်းကျင်ခြင်းပင်လျှင် ခက်ခဲသည့်လုပ်ဆောင်ချက်ဖြစ်သည်။
သို့သော် ထိုအခိုက် ပို၍ကြောက်မက်ဖွယ်မိုးကြိုးစွမ်းအားများသည် ကျွန်းပေါ်သို့ဆင်းသက်လာနေကြောင်း သူခံစားမိလိုက်သည်။ မိုးကြိုးကပ်ဘေးရောက်လာသကဲ့သို့ လျှပ်စီးကြီးတစ်စင်းပေါ်လာသည်။
အဝေးမှလူများသည် သူတို့ဆီကို မျှော်ကြည့်နေကြသည်။ ကောင်းကင်မှကြောက်မက်ဖွယ်မြင်ကွင်းကို မြင်သည့်အခါ သူတို့နှလုံးသားများ တုန်လှုပ်သွားကြသည်။
တစ်စုံတစ်ယောက်သည် ပြစ်ဒဏ်တစ်ထောင်ကျွန်းပေါ်တွင် မိုးကြိုးအသိဖြင့် မြည်ဟည်းသံကိုဖန်တီးခဲ့ပြီး ထိုမြင်ကွင်းကိုသူတို့မြင်သည့်အခါ အရှေ့နတ်ဘုရားကျွန်းစု၏နတ်ဘုရားများကို တွေးမိသွားသည်။ ပုံမှန်အားဖြင့် ထိုဖြစ်စဉ်မှာ အဘယ်ကြောင့်ဖြစ်ပွားရသည်ကို သူတို့ကောင်းကောင်းနားလည်ကြသည်။ ထိုအခိုက် များစွာသောပုဂ္ဂိုလ်များသည် တည်နေရာသို့တိုးဝင်သွားကြသည်။
အရှေ့နတ်ဘုရားကျွန်းစုပေါ်သို့ ရောက်လာသူများတွင် အလွန်စွမ်းအားကြီးသည့်တစ်စုံတစ်ယောက် ရှိနေသည်လော။
ဤအချိန်တိုအတွင်း ပြစ်ဒဏ်တစ်ထောင်ကျွန်းစု၏အသိနှင့် မြည်ဟည်းသံတစ်ခုဖန်တီးရန်ဖြစ်သည်။ ထို့အပြင် ပြစ်ဒဏ်တစ်ထောင်ကျွန်းစုရှိ မိုးကြိုးပိုင်နက်အတွင်းတွင် အခြားနတ်ရတနာကိုချိတ်ပိတ်ထားကြောင်း သူတို့သတိရသွားသည်။
ယခု ရတနာသည်နေ့အလင်းရောင်ကိုမြင်ပါမည်လား။
သူတို့အလယ်တွင် ပုန်းနေသောနဂါးနှင့်ကျားများ အမှန်တကယ်ပင်ရှိနေပုံရသည်။
ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် သူတို့ဆီဦးတည်သွားကြသည်။ ရီဖူရှင်း၏နားလည်သဘောပေါက်မှုများသည် ပို၍ပို၍ရှင်းလင်းလာစဉ် သူသည်မလှုပ်ရှားဘဲ အပြင်ဘက်၌ကျန်နေခဲ့သည်။ ထိုအစား သူသည် ပေ့ကုန်းအာကို ချန်ရစ်ခဲ့လိုက်သည်။ မိုးကြိုးအသိကိုသူ့အား အမှန်တကယ်ခံစားမိစေရန်ဖြစ်သည်။
ထို့အပြင် ရီဖူရှင်းက သူ့ကိုကူညီပေးခဲ့သောကြောင့် ပေ့ကုန်းအော့သည်လည်းမိုးကြိုးအသိနှင့်မြည်ဟည်းသံအနည်းငယ်ကိုဖန်တီးခဲ့သည်။ သူသည် ကျွန်းစုအတွင်းသို့ ဖြေးညင်းစွာဝင်ရောက်လာခဲ့ပြီး တိမ်မြူသစ်သားဆီသို့ဆက်လက်လျှောက်သွားသည်။
အချို့သောသူများသည်လည်း အထဲသို့လျှောက်လာရင်း ပေ့ကုန်းအော့ကို ကြည့်လိုက်သည်။ သူတို့၏မျက်ခုံးများသည်အနည်းငယ် တွန့်သွားသည်။ လက်ရှိလုပ်ဆောင်ချက်များအပေါ်မူတည်ပြီး ပေ့ကုန်းအာ့သည် လူအုပ်ကြားမှထွက်လာကာ တိမ်မြူသစ်သားကိုရယူတော့မလို ဖြစ်နေသည်။
ဂျိန်း..
မိုးကြိုးနတ်ဘုရား၏စွမ်းအားရောင်စဉ်တန်းများသည် အထက်မှကျဆင်းလာသည်။ မိုးကြိုးပိုင်နက်အတွင်းသို့ လျှောက်လှမ်းဝင်လာပြီး ပေ့ကုန်းအော့သည် မိုးကြိုးအလင်းတန်းကြားတွင် နစ်မြှုပ်ရင်း ကျွန်းစု၏အလယ်သို့ရောက်သွားသည်။ သူသည် တိမ်မြူသစ်သားနှင့်မဝေးကွာတော့ပေ။
အရှေ့နတ်ဘုရားကျွန်းစု၏ အချို့နတ်ဘုရားများရောက်လာကြသည်။ သူတို့သည် ပေ့ကုန်းအော့ကိုကြည့်ပြီးမေးလိုက်သည် "ဒီလူကဘယ်သူလဲ"
လူများသည် အသာအယာခေါင်းခါလိုက်သည်။ သူတို့သည် သူ့အားမသိပေ။သို့သော် သူသည် မိုးကြိုးမဟာလမ်းစဉ်၏အသိနှင့် မြည်ဟည်းသံဖန်တီးသူဖြစ်ပုံရပြီး တိမ်မြူသစ်သားကိုယူရန်လာခြင်းဖြစ်မည်။
မျှော်လင့်ထားသည့်အတိုင်း ပေ့ကုန်းအော့သည် အလယ်သို့ရောက်သွားပြီး တိမ်မြူသစ်သားအပေါ် လက်တင်လိုက်သည်။ ထိုအခိုက် သူ၏ခန္ဓာကိုယ်သည် မိုးကြိုးနတ်အလင်းတန်းရောင်စဉ်များ ဖြာထွက်သွားသည်။ ၎င်းတို့သည်ဧရိယာတစ်ခုလုံးကိုလွှမ်းခြုံလိုက်ကာ သူ၏လက်ဖဝါးမှလျှပ်စီးကြောင်းများထွက်လာ၍ နေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး အရှေ့နတ်ဘုရားကျွန်းစုကောင်းကင်ထက်တွင်တောက်ပလှပသည့် အလင်းတန်းများကျန်နေပြီး အဝေးမှလူများ၏အကြည့်ကိုဆွဲဆောင်ခဲ့သည်။
"သူရသွားပြီ" အင်ပါယာဟယ်လျန်ပင်လျှင် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ပေ့ကုန်းအော့သည် အမှန်တကယ်ပင် တိမ်မြူသစ်သားကို ရရှိရန် လုပ်ဆောင်နိုင်ခဲ့သည်။
သူသည် ရီဖူရှင်းကိုကြည့်လိုက်ရာ ရီဖူရှင်းကို မိုးကြိုးနှင့်အလင်းတန်းများ ဝန်းရံထားလျက်ရှိကြောင်းတွေ့လိုက်ရသည်။ သူ၏မျက်လုံးများသည်လည်း ခရမ်းရောင်အလင်းတန်းများနှင့်ပြည့်နေပြီး ၎င်းတို့သည် သူ့ကိုနတ်ဆိုးနှင့်တူစေသော်လည်း အလွန်ခန့်ညားစေသည်။ အင်ပါယာဟယ်လျန်သည် ပေ့ကုန်းအော့၏အမှန်တကယ်စွမ်းအားကိုသိခဲ့သည်။ သူ ဤအခြေအနေသို့ရောက်စေနိုင်ခဲ့သည့် အကြောင်းမှာ ရီဖူရှင်းသည် သူ့အားကူညီခဲ့၍ဖြစ်သည်။
တိမ်မြူသစ်သားကိုရယူပြီးနောက် ပေ့ကုန်းအော့သည် ချက်ချင်းမထွက်သွားပေ။သူသည် ထိုနေရာ၌ထိုင်နေပြီး မိုးကြိုးမဟာလမ်းစဉ်၏အလင်းတန်းများ သူ့အပေါ်ကျရောက်စေရန်ကျင့်ကြံခဲ့သည်။ သို့သော် လူအများသည် သူ့အားကြည့်နေကြပြီး သူပြန်ထွက်လာစေရန် စောင့်ဆိုင်းနေကြသည်။
တိမ်မြူသစ်သားသည် အထွတ်အထိပ်မိုးကြိုးရတနာဖြစ်သည်။ အဆင့်မြင့်ရန်ဟောင်များ၊ အထူးသဖြင့် မိုးကြိုးစွမ်းအားကိုကျွမ်းကျင်သည့် ကျင့်ကြံသူများအတွက် ထို့ကဲ့သို့သော ရတနာြ အလွန်ဆွဲဆောင်မှုရှိပေသည်။
အဓိကနယ်မြေအမျိုးမျိုးမှလာရောက်ခဲ့ကြသော ထိုသူများမှ အများစုသည် အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့်ရန်ဟောင်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် တိမ်မြူသစ်သားကို မည်မျှလိုချင်နေကြမည်ကိုအလွယ်တကူသိနိုင်ပေသည်။
"ငါတို့ပြဿနာတချို့ရှိလာမှာကို စိုးရိမ်မိတယ်" သူတို့ပတ်လည်ရှိ အားကောင်းသောကျင့်ကြံသူများကိုမြင်ပြီး အင်ပါယာဟယ်လျန်သည် ရီဖူရှင်းကိုတိုးတိုးပြောလိုက်သည်။ သူတို့အရှေ့နတ်ဘုရားကျွန်းစုမှာခြေချခဲ့သည်နှင့် သူတို့တွင်အခွင့်အရေးများရှိခဲ့သည်။ သို့သော် အရှေ့နတ်ဘုရားကျွန်းစုရှိလူများသည် ကျွန်းပေါ်တွင်ဖြစ်ပျက်သည့် မည်သည့်အငြင်းပွားမှုများ၊ ကိစ္စရပ်များကိုဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ သူတို့သည်စောင့်ကြည့်နိုင်သော်လည်း ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။
ယခုအခါ တိမ်မြူသစ်သားကို လိုချင်တက်မက်နေသည့် အင်အားကြီးကျင့်ကြံသူအများအပြားရှိနေခြင်းမှာ ကောင်းသည့်ကိစ္စရပ်မဟုတ်ပေ။ ပေ့ကုန်းအော့ထွက်ခွာသည်နှင့် သူသည် အင်အားကြီးကျင့်ကြံသူအများအပြား၏ပစ်မှတ် ဖြစ်လာလိမ့်မည်။
ကံဆိုးလျှင် သူတို့သည် တိမ်မြူသစ်သားကိုလွှဲပြောင်းပေးရန် သူ့ကိုပြောလိမ့်မည်။
ထို့နောက် သူတို့သည် ရတနာကိုခုခံကာကွယ်နိုင်သည်ဖြစ်စေ မကာကွယ်နိုင်သည်ဖြစ်စေ ပြဿနာသည်ရှိနေလိမ့်မည်ဖြစ်သည်။
မိုးခြိမ်းသံများသည် ဆက်လက်ထွက်ပေါ်လာသည်။ ထို့နောက် ပေ့ကုန်းအော့သည် တိမ်မြူသစ်သားကို စတင်သန့်စင်လိုက်သည်။ တိမ်မြူသစ်သားသည် သူနှင့်စတင်ပေါင်းစပ်လာသည်။ ထို့နောက် ရုတ်တရတ်ကောင်းကင်ထက်တွင် ကြေက်မက်ဖွယ်မိုးကြိုးမုန်တိုင်းထွက်ပေါ်လာပြီး ပေ့ကုန်းအော့၏ခန္ဓာကိုယ်သည် ၎င်း၏ဗဟိုချက်ဖြစ်လာကာ မိုးကြိုးမဟာလမ်းစဉ်သည် စတင်၍ပိုအားကောင်းလာသည်။ ကောင်းကင်၌အလင်းတန်းများနှင့်ပြည့်နေပြီး ကောင်းကင်တစ်ခုလုံးကိုဖုံးအုပ်သွားသည်။
"ဒါက..." အင်ပါယာဟယ်လျန်၏မျက်နှာသည် ထူးဆန်းသည့်အမူအယာဖြစ်သွားသည်။ ပေ့ကုန်းအော့သည် ထိုနေရာ၌ သူ၏အဟန့်အတားကိုချိုးဖျက်သွားနိုင်ခြင်းဖြစ်လေမည်လား။
တိမ်မြူသစ်သားသည် တဖြည်းဖြည်း ပေ့ကုန်းအော့ခန္ဓာကိုယ်ထဲသို့ဝင်နေပြီး သူ၏အသားနှင့်အရိုးများထဲသို့ ပေါင်းစပ်သွားသည်။ ထိုအရာသည် ပေ့ကုန်းအော့ခန္ဓာကိုယ်အား မဟာလမ်းစဉ်ကိုပို၍တုံ့ပြန်စေရန် လုပ်ဆောင်ပေးပြီး အလွန်ကြီးမားကြောက်မက်ဖွယ်မဟာလမ်းစဉ်ဖြစ်စဥ်ကို ဖြစ်လာစေသည်။ ဤသည်က မဟာလမ်းစဉ်အခွင့်အရေးတစ်ခုပင်လော။
ရီဖူရှင်းသည်လည်း အနည်းငယ်အံ့ဩသွားသည်။ အသိကိုနားလည်သဘောပေါက်ခြင်းတွင်အာရုံစိုက်ပြီးအလုပ်ရှုပ်နေစဉ် သူသည် ပေ့ကုန်းအော့ကို ငဲ့ကြည့်လိုက်သည်။ သူသည် ရီဖူရှင်း၏အကူအညီကို ထပ်ပြီးလိုအပ်မည်မဟုတ်တော့ပေ။
ပေ့ကုန်းအော့၏အသိနှင့်မြည်ဟည်းသံသည်လည်း ပို၍ပို၍အားကောင်းလာသည်။ မိုးကြိုးမဟာလမ်းစဥ်ကိုကျွမ်းကျင်ခြင်း၊ မိုးကြိုး၏စွမ်းအားထစ်ချုန်းခြင်းနှင့်နတ်မိုးကြိုးများသည် ကောင်းကင်မှ ကျဆင်းလာသည်။
အဝေးမှ ကျင့်ကြံသူအများအပြားသည် သူတို့ကိုကြည့်နေကြသည်။ သူတို့ အရှေ့နတ်ဘုရားကျွန်းစုပေါ်ခြေချခဲ့သည်မှာမည်မျှကြာပြီနည်း။
တစ်စုံတစ်ယောက်သည် မဟာလမ်းစဉ်အခွင့်အရေးကို အမှန်တကယ်ချိုးဖျက်ဖောက်နိုင်ခဲ့ပြီး အဆင့်ချိုးဖျက်တက်လှမ်းမှုအားကြုံတွေ့နေ့ရသည်လား။
ထို့အပြင် ပြင်းထန်မှုအရ ထိုသည်မှာအဆင့်နိမ့်ရန်ဟောင်များ ချိုးဖျက်တက်လှမ်းခြင်းနှင့်မတူပေ။ ထိုသည်မှာ အလွန်မြင့်မားသဖြင့် အဆင့်မြင့်ရန်ဟောင်ကိုချိုးဖျက်တက်လှမ်းခြင်းဖြစ်ရန်များသည်။
ဤအဆင့်သို့ရောက်သည်နှင့် ချိုးဖျက်ခြင်းသည် မယုံနိုင်လောက်အောင်ခက်ခဲသည်။ အချို့သူများသည် သူတို့ဘဝတစ်လျှောက်လုံး ဤအဆင့်ကိုချိုးဖျက်ရန်ကျရှုံးလိမ့်မည်။ အရှေ့နတ်ဘုရားကျွန်းစုသို့ဝင်ရောက်ပြီး မကြာခင်တွင် ဤသို့ကြုံတွေ့ရခြင်းမှာ သူတို့အတွက်မဟာလမ်းစဉ်အခွင့်အရေးဖြစ်သည်။
ထိုသည်က လူအများကိုမနာလိုဖြစ်စေသည်။ အရှေ့နတ်ဘုရားကျွန်းစုသည် အမှန်တကယ်ပင် ကျင့်ကြံခြင်းကျွန်းစုတစ်ခုဖြစ်သည်။
"သူ ချိုးဖျက်တော့မယ်" အင်ပါယာဟယ်လျန်က မိုးကြိုးမဟာလမ်းစဉ်အရှိန်အဝါသည် ပေါင်းစပ်ကာ ပို၍အားကောင်းလာသည်ကို မြင်ပြီးနောက်ပြောလိုက်သည်။သူသည် မိုးကြိုးပိုင်နက်အတွင်းရှိပုဂ္ဂိုလ်ကို အားကျစွာကြည့်ပြီး မနာလိုစိတ်အနည်းငယ်ရှိနေသည်။ ထိုသည်က အဘယ်ကြောင့် သူမဖြစ်ခဲ့ရသနည်း။
သူတို့နှစ်ဦးလုံးသည် ရီဖူရှင်းနှင့်အတူလာခဲ့ပြီး ပေ့ကုန်းအော့သည် အခွင့်အရေးကိုရရှိခဲ့သည်။ သူ၏နှလုံးသားသည်မမျှတတော့ပေ။
သို့သော်လည်း ဤသည်ကသူတို့အတွက်ကောင်းသည့်အရာဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုသည် လျှို့ဝှက်အန္တရာယ်များနှင့်ပြည့်နှက်နေပြီး ယခုပေ့ကုန်းအော့သည် အဆင့်ချိုးဖျက်တက်လှမ်းလိုက်သဖြင့် သူသည် ပိုအားကောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်စွမ်းသည်လည်း အဆင့်အနည်းငယ်တိုးတက်လာပေမည်။
သို့သော် သူ၏နောက်မှ ယန်တုံ့ချင်း၏အမူအရာသည် လုံးဝမကောင်းပေ။
ယခင်က သူသည်ရီဖူရှင်းနှင့်ပေ့ကုန်းမိသားစုကြားတွင် သွေးထိုးလှုံ့ဆော်ခဲ့သည်။ ယခုအခါ ပေ့ကုန်းအော့သည်သူ၏အဆင့်ကိုချိုးဖျက်သွားသည့်အပေါ်သူ့အနေနှင့် မည်သို့အဆင်ပြေပါမည်နည်း။
ထို့အပြင် ပေ့ကုန်းအော့အဆင့်ချိုးဖျက်သွားခြင်းက သူသည် သူတို့အား တစ်မိုင်သာလွန်သွားခြင်း ဖြစ်သည်။သူတို့၏နယ်မြေတွင် ပေ့ကုန်းအော့သည် အင်အားအကြီးဆုံးဖြစ်လာလိမ့်မည်။ သူတို့ ပြန်လာသည့်အချိန်တွင် ဟန်ချက်ညီမှုသည် ပျက်ပျယ်သွားပြီး သူ၏ဩဇာကျဆင်းသွားမည်ဖြစ်သည်။
ရီဖူရှင်း၏အကူအညီမပါလျှင်ပင် တုံ့ယွမ်အိမ်တော်သည် သူ့အပိုင်ဖြစ်လာလိမ့်မည်မဟုတ်တော့ပေ။ ပေ့ကုန်းအော့၏လက်တွင်းသို့ အများစုကျရောက်သွားမည်မှာ အသေအချာပင်ဖြစ်သည်။
ဘယ်လောက် ကံကောင်းလိုက်သလဲ။ တိမ်မြူသစ်သားကို လိုချင်တပ်မက်သူများသည်လည်း တွေးနေကြသည်။ ယခုအခါ တိမ်မြူသစ်သားကို လုယူရန် ခက်ခဲလာမည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့သည် အဋ္ဌမတန်းစားနတ်ဝင်ရိုးကိုပိုင်ဆိုင်သူများမဟုတ်ပါက အခွင့်အရေးရှိမည်မဟုတ်ပေ။
ရီဖူရှင်းသည်ပြုံးလိုက်ပြီး သူ၏နားလည်သဘောပေါက်မှုကို ဆက်လက်လုပ်ဆောင်နေသည်။ ပေ့ကုန်းအော့ ချိုးဖျက်တက်လှမ်းလိုက်ခြင်းသည် ကောင်းသည့်ကိစ္စဖြစ်သည်။ သူတို့သည်ပို၍အားကောင်းလာပြီး သူသည်ကိစ္စရပ်များစွာကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန် မလိုအပ်တော့ပေ။
မိုးကြိုးမဟာလမ်းစဉ်သည် ကောင်းကင်မှ ကျဆင်းလာသည်။ အရှေ့နတ်ဘုရားကျွန်းစု အထက်ကောင်းကင်တစ်ခုလုံးကို အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ မိုးကြိုးမဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်စွမ်းအင်များသည် ပေ့ကုန်းအော့၏ခန္ဓာကိုယ်ဆီသို့ ပစ်ခတ်ပြီး သူ၏ခန္ဓာကိုယ်အားဖြန်းပက်ကာ သူ၏စိတ်ဝိဉာဉ်ကို တည်ငြိမ်စေသည်။
အချိန်အတော်ကြာပြီးနောက် ပေ့ကုန်းအော့သည် ထွက်လာပြီး အထက်ကောင်းကင်မှမိုးကြိုးများသည်လည်း လွင့်မျောပျောက်ကွယ်သွားသည်။ ပေ့ကုန်းအော့သည် မိုးကြိုးပိုင်နက်မှ ခြေလှမ်းကျဲများဖြင့်ထွက်ခွာသွားသည်။ သူသည်ရီဖူရှင်းကိုကြည့်လိုက်သည်။ သူ၏အမူအယာမှတစ်ဆင့်အပြုံးတစ်ခုကိုမြင်လိုက်ရသည်။
ဖြစ်ပျက်သမျှအရာအားလုံးသည် ရီဖူရှင်းကျေးဇူးကြောင့်ဖြစ်သည်ကို သူသည်သေချာနားလည်သည်။ မဟုတ်ခဲ့လျှင် သူသည် ဤအခွင့်အလမ်းကိုတွေ့ဆုံရန်အခွင့်အရေး ဘယ်တော့မှရှိလာလိမ့်မည်မဟုတ်ပေ။
အမှန်တော့ သူသည် သူ၏အဆင့်ကိုချိုးဖျက်တက်လှမ်းနိုင်လိမ့်မည်ဟု တခါမျှမတွေးခဲ့ဖူးပေ။ မိုးကြိုးမဟာလမ်းစဉ်၏အသိကိုနားလည်သဘောပေါက်မှုသည် ထိုသည်ကိုအောင်မြင်ရန် သူ့အားကူညီပေးခဲ့သော်လည်း ပို၍အရေးကြီးသည်မှာ တိမ်မြူသစ်သားဖြစ်သည်။
"ဂုဏ်ယူပါတယ် အကြီးအကဲ" ရီဖူရှင်းကအပြုံးနှင့်ပြောလိုက်သည်။
"ကံကောင်းခြင်းကလွဲပြီး ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးပါပဲ" ပေ့ကုန်းအော့သည် ရယ်မောပြီးပြောလိုက်သည်။ "ငါ တိမ်မြူသစ်သားကို ရွမ်အာဆီမှာထားခဲ့ဖို့တောင်တွေးနေခဲ့တာ။ သူက ငါသူတို့ကိုအကုန်သုံးမယ်လို့ထင်နေတာလေ။ ရှက်စရာကောင်းလိုက်တာ"
ရီဖူရှင်းသည် သူ၏စကားကိုကြားပြီးရယ်မောလိုက်သည်။ ပေ့ကုန်းရွမ်က ထိုသည်ကိုအများကြီးတွေးမည်မဟုတ်ပေ။ သူမသည် သူမ၏အဖေ ချိုးဖျက်တက်လှမ်းခြင်းကို တွေ့ကြုံခဲ့ရသည့်အတွက် ပျော်နေမည်ဖြစ်သည်။
***