← Chapters

ပြင်ဆင်ခြင်း ၂

Vol. 41 Ch. 403

ပြင်ဆင်ခြင်း ၂

Vol. 41 Ch. 403

မြို့တော်အရှင်သခင်၏ အိမ်တော်မှ ထွက်ခွာလာပြီးနောက် စုချန်းသည် သူ့အိမ်တော်သို့ပြန်ရန် ခြေဦးလှည့်လိုက်၏။

ဤတကြိမ်တွင်တော့ သူသည် ရထားလုံးနှင့်သွားခြင်းမဟုတ်။ ခြေကျင်လျှောက်သွားခြင်းဖြစ်သည်။ သူ့နောက်တွင်တော့ သွေးဝတ်ရုံအစောင့်များ လိုက်ပါလာကြ၏။

အတန်ကြာလမ်းလျှောက်မိသည်နှင့် ဆန့်ကျင်ဘက်အရပ်ဆီမှ လူငယ်သုံးဦး ပေါ်ထွက်လာကြောင်း စုချန်း မြင်တွေ့နေရသည်။ ၎င်းတို့နှင့် အတော်လေး ဝေးကွာနေသေးသော်လည်း ၎င်းတို့သည် သူ့ဆီသို့ ဦးတည်လာသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။

ထပ်ပြောရလျင် ၎င်းတို့၏ ပုံစံသည် စုချန်းအတွက် ရင်းနှီးနေခြင်းပင်။

သူက မျက်မှောက်ကုတ်ပြီး လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်၏။ လူငယ်များသည် ပုံမှန်ပင် လျှောက်လာနေကြလေသည်။

စုချန်းနှင့် ဆယ်ပေခန့်အကွာတွင် လူငယ်များက ရပ်တန့်လိုက်၏။

အလယ်ရှိ လူငယ်သည် ရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားပြီး ထိုဆံပင်များကို ရွှေကွင်းလေးနှင့် စုချည်ထားသည့်တိုင် ဆံစများမှာ ပုခုံးစွန်းတိုင် ဝဲကျနေ၏။ ၎င်းက သွားများပေါ်အောင် ပြုံးရယ်ရင်း ပြောလိုက်သည်။

"စုချန်း"

"ရိုင်းစိုင်းလှချည်လား"

စုချန်း၏ နာမည်အား တိုက်ရိုက်ခေါ်ဆိုသံကို ကြားလိုက်ရသည်နှင့် သွေးဝတ်ရုံအစောင့်ခေါင်းဆောင်သည် ဒေါသထွက်သွား၏။ ၎င်း၏ လက်ကလည်း ဓားလက်ကိုင်ရိုးပေါ်သို့ ရောက်သွားသည်။

စုချန်းက ၎င်းအား ဟန့်တားလိုက်သည်။

"မင်းက....."

ရွှေကွင်းနှင့်် လူငယ်က မိတ်ဆက်လိုက်သည်။

"ကျုပ်နာမည် ကေ့မင်ရှောက်လို့ခေါ်တယ် သူတို့ကတော့ ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ကျိုးပိုင်နဲ့ ဝူရှောက်လျန်တို့ပဲ သူတို့နှစ်ယောက်ဟာလည်း နဂါးကျောင်းတော်ကပဲ ဒီတော့ မင်းအနေနဲ့ ကျုပ်တို့ကို အကြီးတန်းအစ်ကိုတွေလို့ ခေါ်သင့်တယ်"

"ဒီတော့ ခင်ဗျားတို့သုံးယောက်က ကျုပ်ရဲ့ အကြီးတန်းအစ်ကိုတွေပေါ့"

စုချန်းက မသိမသာပြုံးလိုက်၏။ ထို့နောက် သူက ဦးခေါင်းကို အနည်းငယ်ညွတ်ပြီး နှုတ်ဆက်လိုက်သည်။

"စုချန်းက အကြီးတန်းအစ်ကိုသုံးဦးကို ကြိုဆိုပါတယ်ဗျာ"

"ဒီလောက်လဲ ကျိုးနွံနေစရာ မလိုပါဘူးကွာ"

ကျုးပိုင်အမည်ရှိ လူငယ်က ပြောလိုက်၏။

"ဘာဖြစ်ဖြစ် မင်းဟာ လူမှုရေးတော့ သိတတ်ဟန်တူတယ် ဒါ ကောင်းတဲ့အချက်ပဲကွ ဒါပေမဲ့ ကျုပ်တို့ကြားထားသလောက် မင်းဟာ ကြည်လင်မြစ်မြို့တော်က တော်ဝင်မျိုးနွယ်စုတွေနဲ့ ဆက်ဆံရေး သိပ်မကောင်းဘူးဆိုကွ"

"ဒီတော့"

"ဘာမှတော့မဟုတ်ပါဘူးကွာ ကျုပ်ပြောချင်တာက တော်ဝင်မျိုးနွယ်စုတွေဟာ များပြားလှတဲ့တခြားမျိုးစိတ်တွေကို ခုခံတွန်းလှန်ဖို့ လူသားတွေရဲ့ အခြေခံအုတ်မြစ်ပဲကွ ဒီတော့ သူတို့ကို နည်းနည်းပါးပါးတော့ လေးစားသမှုထားပြီး ဆက်ဆံသင့်တာပေါ့"

စုချန်း မျက်မှောင်ကုတ်သွား၏။

"ဒီတော့ ခင်ဗျားတို့သုံးယောက် ဒီကိုလာတာ တော်ဝင်မျိုးနွယ်စုတွေကြောင့်ပေါ့ ဟုတ်လား ကျုပ်ကတော့ ခင်ဗျားတို့ ကျုပ်အပေါ် နားလည်မှုလွဲနေပြီ ထင်တာပဲ တကယ်တော့ ကျုပ်ဟာ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတာ သက်သက်ပဲဗျ ကျုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ကျုပ် ဘယ်တော့မှ မလုပ်ဘူး ဒီတော့ ပြသနာတခုခု ရှိနေတယ်လို့ ထင်ရင် ခင်ဗျားတို့အနေနဲ့ သွားမေးသင့်တာ တော်ဝင်မျိုးနွယ်စုတွေဆီကိုပဲဗျ ကျုပ်ကို မဟုတ်ဘူး"

စုချန်း၏ စကားကြောင့် ဝူရှောက်လျန်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"စုချန်း ဒီအတိုင်းဆိုရင် မင်းက ငြိမ်းချမ်းရေးမယူချင်ဘူးပေါ့"

စုချန်းက ၎င်းကို လှည့်၍ပင်မကြည့်။ ၎င်းတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ကေ့မင်ရှောက်ကိုသာ ကြည့်ရင်း ပြောလိုက်၏။

"လက်စသတ်တော့ ခင်ဗျားတို့သုံးယောက်ဟာ ကျုပ်ကို ဆွဲဆောင်သိမ်းသွင်းဖို့ ကြိုးစားနေတာမှ မဟုတ်ပဲကိုးကွ ကျုပ်ပြောတာ ဟုတ်ရဲ့လား တကယ်တေမ်းသာ ဆွဲဆောင်ချင်ရင် ခင်ဗျားတို့ဟာ ကျုပ်ရဲ့အိမ်တော်ကို အရင်ဆုံး အလည်အပတ်လာပြီး ရင်းနှီးမှုရအောင် ကြိုးစား ပြီးမှ ဖြည်းဖြည်းချင် ပြောသင့်တာပေါ့ ခုတော့ ခင်ဗျားတို့က ဒီလို မဟုတ်ဘူး လမ်းခုလတ်မှာ ဗြုန်းစားကြီး ပေါ်လာတယ် အဓိပ္ပါယ်မရှိတဲ့စကားတွေ လာပြောနေတယ် ဒါကြောင့် ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ခင်ဗျားတို့ ဒီကို ရောက်နေပြီဆိုတာ ကျုပ်ကို သတိလာပေးနေတာပဲ ခင်ဗျားတို့ကို ကြည့်ရတာ ချိုချိုသာသာ ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တော့ စစ်ကြေညာနေတာပဲကွ ဘာပဲပြောပြော မဆိုးပါဘူး ဟန်ဆောင်တာ တော်ကြပါပေတယ်"

စုချန်း၏ စကားကို ကြားလိုက်သည်နှင့် လူငယ်သုံးယာက်၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။

စုချန်းက သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ ဟန်ဆောင်အမူအရာများ ပေါ်ပေါက်သွား၍ သူတို့၏ မျက်နှာကို ဖြတ်ရိုက်ထားသကဲ့သို့ ကေ့မင်ရှောက်တို့ ခံစားလိုက်ရ၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ကဲ ခု ခင်ဗျားတို့ ဒီရောက်နေမှန်းလဲ ကျုပ်သိပြီ ခင်ဗျားတို့ ဘာပြောချင်မှန်းလဲ ကျုပ် သိပြီ ဒီတော့ ကျုပ်သွားတော့မယ်"

စကားဆုံးသည်နှင့် စုချန်းသည် ကေ့မင်ရှောက်တို့အား လှည့်၍ပင် မကြည့်တော့ပဲ ကျောခိုင်းထွက်ခွာလာခဲ့၏။

ကေ့မင်ရှောက်၏ မျက်နှာမှာ အေးစက်တင်းမာသွားသည်။

"ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဟာ မင်းရဲ့ အကြီးတန်အစ်ကိုတွေ ဖြစ်နေတုန်းက မင်းက ကျုပ်တို့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း..."

စုချန်းက စကားဖြတ်ပြောလိုက်၏။

"နဂါးကျောင်းတော်က တနှစ်ကို ကျောင်းသားပေါင်း ထောင်ချီပြီး မွေးထုတ်ပေးနေတယ် ကျုပ်ရဲ့ အကြီးတန်းအစ်ကိုလို့ ယူဆလို့ရတဲ့လူတွ လောင်စန်းတနိုင်ငံတည်းမှာပဲ ကျောင်းသားပေါင်း သန်းနဲ့ချီပြီး ရှိနေတယ် ဒီတော့ ခင်ဗျားတို့ သုံးယောက်ကိုမှ ကျုပ်က ဘာဖြစ်လို့ အရေးတယူ လုပ်နေရမှာလဲ"

စကားဆုံးသည်နှင့် သူသည် ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ကေ့မင်ရှောက်တို့သုံးယောက်မှာကား ဒေါသအိုးပေါက်ကွဲကာ ကျန်ရစ်ခဲ့ကြ၏။

"ကောင်းတယ် သိပ်ကောင်းတယ် နဂါးကျောင်းတော်က ဒီလို ရိုင်းစိုင်းတဲ့ ကျောင်းသားတယောက်ကို မွေးထုတ်ပေးလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ သူ့ကို တယောက်ယောက်က သင်ခန်းစာပေးဖို့တော့ လိုနေပြီ"

ကျိုးပိုင်က ဒေါသတကြီးနှင့် ပြောလိုက်၏။

"သိပ်မှန်တာပေါ့ကွာ"

ကေ့မင်ရှောက်နှင့် ဝူရှောက်လျန်တို့ကလည်း ထောက်ခံလိုက်ကြသည်။

________________×××___________×××_________

တကယ်တော့ စုချန်းသည် ကေ့မင်ရှောက်တို့သုံးဦးအား အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ သူသည် ပင်လယ်ဓားပြများအား ရှင်းလင်ရန်ကိစ္စနှင့်ပတ်သက်ပြီး ဦးနှောက်ကို အကြီးအကျယ် အလုပ်ပေးနေ၏။

စုအိမ်တော်သို့ ပြန်ရောက်သည်နှင့် စုချန်းသည် အရိပ်အစေခံများအား ဝန်ဝေစင်းကို လိုက်ရှာရန် အမိန့်ပေးလိုက်၏။ ဝန်ဝေစင်းနှင့်အတူ သူစိတ်ချယုံကြည်ရသည့် ကြည်လင်ခြင်းအဖွဲ့သား ၅၀ကိုပါ ခေါ်လာရန် တပါတည်း အမိန့်ပေးလိုက်၏။

ကြည်လင်ခြင်းအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာသည်နှင့်တပြိုင်နက် ဝန်ဝေစင်းသည် အဖွဲ့အား အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့၏။ ယခုဆိုလျင် သူ့အနေနှင့် တဖွဲ့လုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အပေါ်ယံအားဖြင့် သူသည် လိုင်မျိုးနွယ်စု၏ စကားကို နားထောင်နေသေးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် စုချန်းဘက်သို့ ရောက်နေခဲ့သည်မှာ အချိန်အတော်ပင် ကြာခဲ့လေပြီ။ တော်ဝင်မျိုးနွယ်စုများထဲတွင် သူ့လူတယောက်အား ထည့်ထားချင်သော စုချန်းက ဝန်ဝေစင်းအား ထိုအကြောင်းကို လျှို့ဝှက်ထားစေ၏။

သို့သော်ငြားလည်း ဤယနေ့တွင်တော့ သူ့အတွက် တစုံတခု လုပ်ဆောင်ပေးနိုင်ရန် ကြည်လင်ခြင်းအဖွဲ့အား စုချန်း လိုအပ်လာခဲ့ပြီ ဖြစ်သည်။

လူ၅၀မှာ မများသလို နည်းသည်ဟုလည်း မဆိုနိုင်။ အရေးကြီးသော အချက်မှာ ထိုလူများအားလုံးသည် ဝန်ဝေစင်း ယုံကြည်စိတ်ချရသည့် လူများ ဖြစ်နေခြင်းပင်။ ဤတချက်သည် ကြည်လင်ခြင်းအဖွဲ့၏ အမာခံများအား ရွေးထုတ်ပေးနိုင်ပြီး ဝန်ဝေစင်းအတွက်လည်း ပထမဆုံး စမ်းသပ်မှုဟု ဆိုနိုင်သည်။

စုချန်း ဘာကြောင့် ထိုလူများအား လိုအပ်သည်ကို ဝန်ဝေစင်းမသိ။ ထို့ကြောင့် သူက အတန်ကြာအောင် စဉ်းစားတွေးတောနေပြီးမှ နောက်ဆုံးတွင် လက်ခံလိုက်လေသည်။

နှစ်ရက်ခန့်အကြာ ကြည်လင်ခြင်းအဖွဲ့ဝင်၅၀လုံး စုချန်း အိမ်တော်ဝင်းအတွင်းသို့ စုရုံးရောက်ရှိလာ၏။ မူလရှိရင်းစွဲ ဓားပြများနှင့် ပေါင်းစပ်လိုက်သောအခါ လူ၁၅၀ခန့်ရှိ တပ်ဖွဲ့တဖွဲ့ ရရှိလာတော့သည်။

စုချန်း ဘာကြောင့် ထိုလူများကို လိုအပ်နေမှန်း မည်သူမှ မသိချေ။ သို့သော် ၎င်း၏ သုတေသနအခန်းတွင်းမှ နာကျင်စွာ အော်ဟစ်ငြီးငြူသံများ၊ မာန်သွင်းသံများ မကြာခန ထွက်ပေါ်လာတတ်၏။ သုတေသနအခန်းတွင်းသို့ ဝင်သွားသူများအနက် မည်သူမှ ပြန်ထွက်မလာခဲ့လျင် လူတိုင်းလိုလိုသည် ဆောက်တည်ရာမရ ဖြစ်သွားနိုင်၏။

သို့သော် အခန်းထဲမှ ပြန်ထွက်လာသူတချို့၏ အင်အားကို မြင်တွေ့ရသောအခါတွင်တော့ လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ခြင်းများနှင့် ပြည့်နှက်လာတော့သည်။

စွမ်းအင်သည် သူတို့အား မျှော်လင့်ချက်များ ဖြစ်ထွန်းလာစေ၏။ စွမ်းအင်နှင့် အင်အားအတွက် အတိုင်းအတာတခုထိ ပေးဆပ်ရလျင်ပင် ထိုက်တန်သည်ဟု သူတို့အားလုံး ယူဆထားကြသည် မဟုတ်ပါလား။

အချိန်များ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ မျက်စေ့တမှိတ်အတွင်းမှာပင် လဝက်ဟူသော အချိန်သည် တမုဟုတ်ချင်း ကုန်ဆုံးသွားလေသည်။

ထိုနေ့မှာပင် စုချန်းသည် နောက်ဆုံးကျန်သော ဓားပြကို တိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့၏။

ဤရက်ပိုင်းအတွင်းတွင် စုချန်းသည် လူဆယ်ယောက်စာခန့် လုပ်ရမည့်အလုပ်ကို တယောက်တည်း လုပ်ခဲ့ရ၏။ ရှိသမျှ စွမ်းအားကို မီးကုန်ယမ်းကုန် ထုတ်သုံးခဲ့ရ၏။ ရှ်ိသမျှအာရုံကို ဤအလုပ်ထဲတွင်သာ နှစ်မြုပ်ထားခဲ့ရ၏။ ယခုတော့ သူ အလုပ်ပြီးသွားလေပြီ။

သူ၏ ဖန်တီးနိုင်စွမ်းကို စုချန်းတယောက် တစိမ့်စိမ့်နှင့် တွေးတောကြည်နူးနေ၏။ ထိုအချိန်မှာပင် အပြင်ဘက်မှ စကားပြောသံ ပေါ်လာသည်။

"သခင်လေး သခင်လေးကို လူတယောက်က တွေ့ချင်လို့တဲ့"

မင်ချူး၏ စကားသံ ဖြစ်သည်။

"ဘယ်သူလဲကွ"

"သူ့ကိုယ်သူ ကျန့်ဟန်ဖန်းလို့ ပြောတာပဲ သခင်လေး"

"ဟန်ဖန်း ဟုတ်လား"

စုချန်း စိတ်လှုပ်ရှားသွား၏။

"သူ့ကို အမြန်ဆုံး ဖိတ်ခေါ်လိုက်...ဟာ...နေ နေ ကျုပ်ကိုယ်တိုင်ပဲ အပြင်ထွက်ပြီး သူ့ကို ကြိုဆိုလိုက်မယ်"

အတော်လေး မောပန်းနေသော်လည်း စုချန်းက ဂရုမစိုက်ပဲ အခန်းပြင်သို့ ထွက်လာ၏။ ပင်မခန်းမဆောင်အတွင်းဝယ် လူငယ်တချို့ ရောက်နေ၏။ ထိုလူငယ်များမှာ ကျန့်ဟန်ဖန်း၊ ကျူးကျွန်ကျာ့၊ မာချွန်း၊ ဝေယန်၊ ထန်းမင်၊ ဝူရှောက်၊ ကျုးစင်း၊ ယန်လင်းနှင့် ခန်ဟွားလီ၊ စုစုပေါင်း ၉ဦးပင် ဖြစ်သည်။

စုချန်းကို မြင်သည်နှင့် လူငယ်များအားလုံး တယောက်တပေါက်နှင့် နှုတ်ဆက်လိုက်ကြသည်။

စုချန်းက အားရပါးရ ရယ်မောလိုက်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။

"မင်းတို့အားလုံး ရောက်လာကြပြီကိုး"

နဂါးကျောင်းတော်မှ စစ်ကူများ ရောက်ရှိလာကြပေပြီ။

ဤအချိန်တွင် စုချန်းနှင့် တနှစ်တည်းကျောင်းတက်ခဲ့သူအားလုံးမှာ ဘွဲ့ရကုန်ကြပြီ ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် နဂါးကျောင်းတော်မှ အကူအညီ တောင်းခံပါက သူ့ထက် ကျောင်းသက်ငယ်သူများကိုသာ ရရှိနိုင်မည် ဖြစ်သည်။

ယခုဆိုလျင် ကျန့်ဟန်ဖန်းအပါအဝင် ကျန်ကျောင်းသားများမှာ ဒသမနှစ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သိပ်မကြာခင် သူတို့အားလုံး ကျောင်းဆင်းကြပေလိမ့်မည်။ ဤအနေအထားတွင် စုချန်းကို ကူညီလိုက်ခြင်းဖြင့် သူတို့အတွက် ထောက်ပံ့ကြေးရမှတ်များ ပိုမို ရရှိနိုင်မည့်အပြင် ပြင်ပလောကတွင်လည်း သူငယ်ချင်းများ ရရှိလာပေလိမ့်မည်။

မည်သို့ဆိုစေ စုချန်း၏ ဘေးနားတွင် တိုက်ခိုက်ရမည်ဖြစ်သဖြင့် သူတို့အားလုံး အလွန်ပျော်ရွှင်နေကြ၏။

"ဟုတ်တယ်ဗျို့"

ကျန့်ဟန်ဖန်း ဝမ်းမြောက်ဝမ်းသာနှင့် ပြောလိုက်သည်။

"ဒါတောင် ဟန်လင်းရှနဲ့ လေးဆယ်ကလေးတို့ အလုပ်ရှိနေလို့ဗျ နို့မဟုတ်ရင် ကျုပ်တို့အားလုံး ဒီကို ရောက်နေလောက်တယ်"

"ကိစ္စမရှိပါဘူး မင်းတို့ရောက်လာတာနဲ့တင် ပြည့်စုံပါပြီ ကျုပ်မှာလည်း လူအင်အားက တကယ်လိုနေတာ မင်းတို့ရောက်လာတာ ကျုပ်အတွက် တကယ် အကူအညီရတယ်"

"တတိယအစ်ကို ကျုပ်တို့ ဘယ်သူနဲ့ တိုက်ရမှာလဲ လက်ညိုးသာထိုးပြလိုက်ပါ ကျုပ်တို့က တိုက်ပြီးသားပဲ"

လူတိုင်းက သံပြိုင်ပြောလိုက်သည်။ ထုံးစံအတိုင်း ထန်းမင်တယောက်သာ နှုတ်ဆိတ်နေ၏။ သူ့မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုစိတ်များ ယှက်သန်းနေလေသည်။

"ဒါဆို ကျုပ်က ရေပြင်ကြီးကို လက်ညိုးထိုးပြလိုက်ရင်ကောကွာ"

စုချန်းက ရယ်မောရင်း စနောက်လိုက်၏။

All Chapters