← Chapters

ငါးကြင်းဆီနှင့် ငါကြင်းပြန်ကြော်

Vol. 41 Ch. 408

ငါးကြင်းဆီနှင့် ငါကြင်းပြန်ကြော်

Vol. 41 Ch. 408

ကုန်တင်လှေကြီး၏ ကုန်းပတ်ပေါ်တွင် ဖြစ်သည်။ စုချန်း၏ ရှေ့တွင် လူတစု ဒူးထောက်လျက် ထိုင်နေကြ၏။ လက်နက်ချ အညံ့ခံလိုက်သော ဓားပြများပင်တည်း။

"စုစုပေါင်း ၁၆၂ ယောက်ရှိပါတယ် အဲဒီထဲမှာမှ ယန်ဖွင့်လှစ်ခြင်းပညာရှင် ၁ယောက် သွေးဆူပွက်ခြင်းပညာရှင် ၁၈ယောက်နဲ့ ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင် ၄၁ယောက်တို့ ပါဝင်ပါတယ် ယန်ဖွင့်လှစ်ခြင်းပညာရှင် ၁ယောက် သွေးဆူပွက်ခြင်းပညာရှင် ၅ယောက်နဲ့ ချီစုဆောင်းခြင်းပညာရှင် ၁၂ယောက်တို့ကတော့ သေဆုံးသွားပါတယ် သခင်"

သံမဏိက စာရင်းကို ဖတ်ရှုရင်း စုချန်းကို အစီရင် ခံလိုက်၏။

စုချန်းက သူ့နှင့် အနီးကပ်ဆုံးတွင် ဒူးထောက်နေသော ဓားပြကို လှမ်းကြည့်လိုက်သည်။

ထိုသူမှာ ထန်းမင်နှင့် တိုက်ခိုက်ခဲ့သူ ဓားကိုင်ဓားပြဖြစ်ပြီး နာမည်မှာ ကျောက်ယင်ကွမ်းဟု ခေါ်၏။ ကျောက်တုံးတံစဉ်သားရဲ သွေးဗီဇကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အတော်လေး အင်အားကြီးမားသူဟု သတ်မှတ်နိုင်ပေသည်။

ဓားပြအဖွဲ့၏ နာမည်ကို တတိယမြစ်တပ်ဖွဲ့ဟုခေါ်ကြောင်း စုချန်းက သိထားပြီး ဖြစ်သည်။ ၎င်းအဖွဲ့သည် လင်းယွမ်စိမ့်တောတွင် အတော်လေး နာမည်ကျော်ကြားသော အဖွဲ့ဖြစ်ပြီး အလယ်အလတ်အဆင့် ဓားပြအဖွဲ့တဖွဲ့ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ တတိယမြစ်တပ်ဖွဲ့သည်ကား စုချန်း ထံပါးတွင် ဒူးထောက်ခဲ့ရလေပြီ။

"ဒီကောင်တွေကို ဘာလုပ်ပစ်ဖို့ စီစဉ်ထားသလဲ အကုန်လုံး သတ်ပစ်မလား ဒါမှမဟုတ် အာဏာပိုင်တွေ လက်ထဲပဲ အပ်လိုက်မလား"

ထန်းမင်က မေးလိုက်သည်။

တကယ်တော့ ထန်းမင်ဟူသည် အလွန်တရာ မောက်ကြွားတတ်သည့် လူစားမျိုးပင်။ သို့သော် ရွှေရောင်အပျက်အစီးသိုက်ကတည်းက စုချန်းသည် ထန်းမင် လေးစားသည့် လူတဦး ဖြစ်လာခဲ့၏။ သို့တိုင်အောင် ထန်းမင် လေးစားသည်မှာ စုချန်း၏ အင်အားကိုမဟုတ်ပဲ စဉ်းစားညဏ်ကိုသာ ဖြစ်သည်။

ကနဦးမေးခွန်းကို ထန်းမင် မေးမြန်းရသည်မှာလည်း အနှီဓားပြများအား စုချန် မည်သို့ကိုင်တွယ်မည်ကို မြင်တွေ့လို၍ပင်။

စုချန်းက ပြန်ဖြေလိုက်သည်။

"အာဏာပိုင်တွေလက်ထဲ အပ်ဖို့ ဟုတ်လား ကျုပ်ကိုယ်တိုင်က အစိုးရအရာရှိတယောက်ပဲလေ သူများဆီ သွားအပ်နေစရာမှ မလိုတာ သူတို့ကို သတ်ပစ်ဖို့ဆိုတာကလဲ..."

စုချန်းက စကားကို ရည်ရွယ်ချက်ရှိရှိနှင့် ဖြတ်တောက်လိုက်၏။ အောက်တွင် ဒူးထောက်လျက်သား ရှိနေကြသော ဓားပြများမှာ စုချန်း၏ စကားကို ကြားသည်နှင့် ထိတ်လန့်ကြောက်ရွံ့ကုန်ကြ၏။ တချို့မှာ ငိုယိုကုန်ပြီး သွေးရူးသွေးတန်းနှင့် အသနားခံကြရှာသည်။

"ဒီလောက် လူအများကြီးသာ စုပေါင်းလိုက်ရင် အင်မတန်ကြီးမားတဲ့ တိုက်စွမ်းအားကို ရလာမှာပဲ သတ်ပစ်ဖို့ရာ နှမြောဖို့ကောင်းလှတယ် ပြီးတော့ သူတို့သာ လက်နက်ချ အညံ့ခံရင် မသတ်ဘူးလို့ ကျုပ်တို့ ပြောထားတယ်လေ ကျုပ်တို့အနေနဲ့ ကိုယ့်စကားကို တည်သင့်တာပေါ့"

ထိုအခါကျမှ ဓားပြများမှာ စိတ်သက်သာရသွားကြကုန်၏။

သို့သော် ကျောက်ယင်ကွမ်းက အတွန့်တက်လိုက်၏။

"ကျုပ်တို့ ခေါင်းဆောင်ကို သတ်ပစ်တာကျတော့ ဘယ်လိုလုပ်မလဲ ဒါ စကားတည်တာတဲ့လား"

ကျောက်ယင်ကွမ်း၏ အလိုက်ကမ်းဆိုးမသိမှုကိုဟသတိပေးသည့်အနေနှင့် ဝူရှောက်က ၎င်းအား ပိတ်ကန်ထည့်လိုက်၏။ သို့သော် စုချန်းက ဂရုမစိုက်ပဲ စကားဆက်လိုက်သည်။

"မင်းတို့လို လူစားမျိုးတွေအတွက် ကျုပ်တို့မှာ လုပ်ထုံးလုပ်နည်းလေးတွေ ရှိတယ် ဟုတ်တယ်မလား သံမဏိ"

သံမဏိက ခေါင်းကုတ်ရင်း ပြောလိုက်သည်။

"မှန်ပါတယ်သခင် သူတို့ကို အမိန့်နာခံတတ်လာအောင် ကျွန်တော်က လေ့ကျင့်ပေးရပါမယ် အရင်လူတွေကိုလည်း ကျွန်တော်တို့ ဒီလိုပဲ လုပ်ခဲ့တာပါပဲ"

လက်ရှိ စုချန်းလက်အောက်ရှိ တပည့်တပန်းများမှာ တောင်ပေါ်မှ ဓားပြများ ဖြစ်သည်။ ထိုလူအုပ်ထဲသို့ ပင်လယ်ဓားပြများအား ပေါင်းထည့်လိုက်ခြင်းမှာ သိပ်မဆန်းလှပေ။

ထိုအချိန်မှာပင် ယခင် တောင်ပေါ်ဓားပြတဦး ဖြစ်ခဲ့ဖူးသည့် ငယ်သားတယောက်က ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"မင်းတို့ ဘာမှ ကြောက်နေစရာ မလိုဘူး သခင့်ရဲ့ နောက်လိုက်တယောက် ဖြစ်ရတာဟာ အင်မတန် ဂုဏ်ယူစရာကောင်းတယ် ငါတို့ဟာလည်း တချိန်က မင်းတို့လို ဓားပြတွေပဲ အလံလေးခုနယ်မြေမှာ သခင့်ရဲ့ ပစ္စည်းတွေကို ဓားပြတိုက်ဖို့ ကြိုးစားလို့ ငါတို့အားလုံး အဖမ်းခံခဲ့ရတယ် ဒါပေမဲ့ အံ့သြစရာကာင်းတာက သူ့နောက်လိုက်တွေ ဖြစ်လာတာနဲ့ သခင်ဟာ ငါတို့ကို အံ့သြစရာကောင်းတဲ့ နည်းစနစ်တွေ သင်ကြားပေးခဲ့တယ် ခုနက မင်းတို့အားလုံး နဂါးငါးအသွင်ပြောင်းခြင်းနည်းစနစ်ကို တွေ့လိုက်ကြတယ်မလား အဲဒါ သခင်က ငါတို့ကို သင်ကြားပေးထားတဲ့ နည်းစနစ်ပဲ"

"ဒါမှန်တယ် မင်းတို့ သခင့်ရဲ့ သစ္စာရှိနောက်လိုက်တွေ ဖြစ်လာတာနဲ့အမျှ အခွင့်အလမ်းတွေ အများကြီး ရလာလိမ့်မယ်"

"ဒါပေမဲ့ တယောက်ယောက်က သခင်ကို သစ္စာဖောက်ဖို့ ကြိုးစားတာနဲ့ အဲဒီလူဟာ သေတာထက် အဆပေါင်း သိန်းနဲ့ချီတဲ့ နာကြင်မှုကို ခံစားရလိမ့်မယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်"

"ဘယ်လိုလူစားမျိုးက သခင်ကို သစ္စာဖောက်ရဲမှာလဲ သူ့မှာ အစမ်းသပ်ခံတွေ အမြဲတမ်း လိုနေတာကွ"

"ဒါအမှန်ပဲ ဒါပေမဲ့ အစမ်းသပ်ခံ ဖြစ်တိုင်းလဲ ကံဆိုးလှတယ် မဟုတ်ဘူး ကံကောင်းထောက်မရင် ကြောက်စရာကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်လာနိုင်သေးတယ်"

တောင်ပေါ်ဓားပြများသည် အထက်ပါနည်းအတိုင်း တယောက်တပေါက်နှင့် ပြောဆိုနေကြလေသည်။

စုချန်းကား အလွန်စည်းကမ်းတင်းကြပ်သူ ဖြစ်သည်။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများအား အထက်ပါနည်းအတိုင်း ပြောဆိုနေကြခြင်းကို ခွင့်ပြုထားသည်မှာ အံ့သြစရာပင် ကောင်းနေသေး၏။

မည်သို့ဆိုစေ တောင်ပေါ်ဓားပြများ၏ စကားကြောင့် ပင်လယ်ဓားပြများ ရင်ထဲတွင် မျှော်လင့်ချက်များ တိုးပွားလာ၏။ စိတ်ဓာတ်တက်ကြွလာ၏။ နောက်ဆုံးတွင် သူတို့က တယောက်မျက်နှာကို တယောက်ကြည့်ကာ သံပြိုင်အော်ဟစ်လိုက်ကြလေသည်။

"ကျုပ်တို့အားလုံး သခင့်အတွက် အသက်ပေးရဲပါတယ်"

ထိုအခါ စုချန်းက ပျင်းတွဲတွဲ ဟန်ပန်နှင့် ပြောလိုက်သည်။

"မင်းတို့ ကျုပ်စကားကို နားထောင်မယ်ဆိုတော့ ကောင်းတာပေါ့ ဒါပေမဲ့ ကျုပ်အတွက် မင်းတို့ အသက်ပေးစရာမလိုပါဘူးကွ ဘာကြောင့်လဲဆိုတော့ အသက်သေရမှာသာ မကြောက်ဘူးဆိုရင် မင်းတို့ ဒီလို အညံ့ခံမှာ မဟုတ်ဘူးလေ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ကျုပ်လက်ထဲကို ရောက်နေပြီ ဒီတော့ မင်းတို့ အသက် ပေးတာ မပေးတာ ကျုပ် တွေးပူနေဖို့ မလိုတော့ဘူး ပြီးတော့ မင်းတို့ ကျုပ်အကြောင်း မသိသေးတာတွေ ရှိနေသေးတယ် နောက်ကျရင် သံမဏိက မင်းတို့ကို လေ့ကျင့်ရင်းနဲ့ ရှင်းပြလိမ့်မယ် ကျုပ်က မင်းတို့အမှားတခုခု လုပ်မိရင် အင်မတန်ပျော်တယ် ကျုပ်ရဲ့ သုတေသနခန်းမှာ အစမ်းသပ်ခံတွေက အမြဲတမ်း လိုအပ်နေတော့ မင်းတို့ မကြောက်ဘူးဆိုရင် စမ်းကြည့်ကြပေါ့လေ"

ဓားပြများအားလုံး ရင်တုန်ပန်းတုန် ဖြစ်သွား၏။ နေ့စဉ်နေ့တိုင်း လက်အောက်ငယ်သားများ အမှားလုပ်မလုပ် စောင့်ကြည့်နေတတ်သည့် သခင်မျိုးမှာ မည်သည့် သခင်မျိုးများ ဖြစ်နေမည်နည်း။ သူတို့ မတွေးတတ်တော့။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ကောင်းပြီ သူတို့ကို ခေါ်သွားပေတော့ သူတို့သောက်ဖို့ ဆေးတွေ ကျုပ် စီစဉ်ထားတယ် သေသေချာချာ လေ့ကျင့်ပေးပေတော့"

စုချန်း၏ အမိန့်သံဆုံးသည်နှင့် ငယ်သားတယောက် ရှေ့ထွက်လာပြီး ဓားပြများအား လှေဝမ်းဗိုက်အတွင်းသို့ ဦးဆောင်ခေါ်ယူသွားလေသည်။

ဓားပြများ အဝေးသို့ ရောက်သွားသည်နှင့် စုချန်းက ထန်းမင်နှင့် ကျန်လူများကို ပြောလိုက်သည်။

"တကယ်တော့ ကျုပ်ရဲ့ အစီအစဉ်က သူတို့ကို ကျုပ်နဲ့အတူ ပြန်ခေါ်သွားဖို့ မဟုတ်ဘူး"

"ဟမ် ခုနက ခင်ဗျားပြောတော့ သူတို့ကို ငယ်သားမွေးဖို့ ကြံထားတယ်ဆို"

စုချန်းက ခေါင်းခါပြလိုက်သည်။

"သူတို့ကို တပ်ဖွဲ့ဝင်တွေအဖြစ်ထားဖို့ ကျုပ် ကြံစည်ထားတာတော့ အမှန်ပဲ ဒါပေမဲ့ စုအိမ်တော်ကိုတော့ ခေါ်သွားမှာမဟုတ်ဘူး ဟန်ဖန်း ထန်းမင် ကျုပ်မှာ အစီအစဉ်တခု ရှိတယ် ဒီအတွက် မင်းတို့ရဲ့ အကူအညီကို ကျုပ်လိုတယ်"

"ဘယ်လိုဗျ"

"ကျုပ် တတိယမြစ်တပ်ဖွဲ့ကို ပြန်ဖွဲ့စည်းဖို့ စဉ်းစားထားတယ်"

"ဟင်"

လူတိုင်းလိုလိုသည် မျက်လုံးပြူးသွား၏။

"ဘယ်လို တတိယမြစ်တပ်ဖွဲ့ကို ပြန်ဖွဲ့မယ် ဟုတ်လား"

"ဟုတ်တယ် တတိယမြစ်တပ်ဖွဲ့ကို ပြန်ဖွဲ့မယ်"

စုချန်းက ယုံကြည်စိတ်ချမှုရှိသော လေသံနှင့် ပြောလိုက်သည်။

"လင်းယွမ်စိမ့်တောက ပင်လယ်ဓားပြပြသနာကို တိုက်ပွဲတပွဲတည်းနဲ့ မဖြေရှင်းနိုင်ဘူး တတိယမြစ်တပ်ဖွဲ့ဆိုတာ ဒီဒေသကြီးတခုလုံးရဲ့ ပင်လယ်ဓားပြအုပ်စုကြီးနဲ့ ယှဉ်လိုက်ရင် အစိတ်အပိုင်း သေးသေးလေးပဲ ရှိသေးတယ် ပြီးတော့ တတိယမြစ်တပ်ဖွဲ့ဟာ ကြည်လင်မြစ်မြို့တော်ရဲ့ တော်ဝင်မျိုးနွယ်စုတွေကို သစ္စာခံထားတာ မဟုတ်ဘူး ကျုပ်တို့အနေနဲ့ တော်ဝင်မျိုးနွယ်စုတွေရဲ့ လွှမ်းမိုးမှုကို ချေဖျက်ချင်ရင် သူတို့ရဲ့ သစ္စာခံတွေကို ရှင်းပစ်ရမယ် ဒါကြောင့် ကျုပ်တို့ ဆက်ပြီး တိုက်ခိုက်ဖို့ လိုအပ်နေသေးတယ်"

"ဆက်ပြီး တိုက်ခိုက်ဖို့ လိုအပ်နေသေးတယ် ဟုတ်လား"

ထန်းမင်က စုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

"ဒါဆိုရင်...."

"ဟုတ်တယ် ဓားပြတွေကို ဓားပြတွေနဲ့ ပြန်တိုက်ခိုင်းမယ်"

စုချန်းသည် တတိယမြစ်တပ်ဖွဲ့ကို အသုံးပြုပြီး လင်းယွမ်စိမ့်တောတွင် ကိုယ်ပိုင်တပ်ဖွဲ့တခု တည်ဆောက်လိုက်သည့် သဘောပင်။ သူ၏ ပစ်မှတ်များမှာ တော်ဝင်မျိုးနွယ်စုများကို သစ္စာခံထားသည့် ဓားပြတပ်ဖွဲ့များသာမက တော်ဝင်မျိုးနွယ်စုများ ပိုင်ဆိုင်သည့် ကုန်စည်လှေများပင် ပါဝင်လေသည်။

လွန်ခဲ့သည့် နှစ်များစွာအတွင်း တော်ဝင်မျိုးနွယ်စုများသည် ရေလမ်းခရီးကို ထိန်းချုပ်ထားခြင်းအားဖြင့် သဘာဝအရင်းအမြစ်များစွာ တင်ပို့နိင်ခဲ့ကာ အမြတ်အစွန်းများစွာ ရှာဖွေနိုင်ခဲ့ကြသည် မဟုတ်ပါလား။

ယခုတော့ စုချန်း၏ ကြားဝင်နှောင့်ယှက်မှုကြောင့် သူတို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ များစွာ ထိခိုက်သွားတော့မည် ဖြစ်သည်။ ဤနည်းလမ်းနှင့် တော်ဝင်မျိုးနွယ်စုများ၏ သြဇာလွှမ်းမိုးမှုကို ယိုင်နဲ့သွားစေရန် စုချန်း ရည်ရွယ်ထား၏။

လက်ရှိအချိန်တွင် တော်ဝင်မျိုးနွယ်စုများသည် ရွာသားများနှင့် ပဋိပက္ခ ဖြစ်နေဆဲပင်။ ထိုအနေအထားတွင် ရေကြောင်းကုန်သွယ်ရေးပြသနာပါ ထပ်ပေါ်လာပါက ၎င်းတို့အဖို့ အတော်ပင် အာရုံများသွားပေလိမ့်မည်။ ထိုအခါ စုချန်းအတွက် အလုပ်လုပ်ရန် အချိန်ပိုရလာပေလိမ့်မည်။

စုချန်းအတွက် အမှန်တကယ် လိုအပ်နေသော အရာမှာလည်း အချိန်ကာလပင် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ စုချန်းအဖို့ ပိုမိုအင်အားတောင့်တင်းလာပေလိမ့်မည်။ တချိန်တည်းမှာပင် ရန်သူများကား အင်အား ပိုမိုဆုတ်ယုတ်သွားပေလိမ့်မည်။

တော်ဝင်မျိုးနွယ်စုများနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဟူသည် အလွန်လေးလံရှည်လျားလှသည့် စီမံကိန်းကြီး ဖြစ်လေရာ စုချန်းအနေနှင့် အနည်းငယ်မျှ အလျင်မလိုလှ။

ထို့ပြင် တော်ဝင်မျိုးနွယ်စုများအပြင် ပို၍ ကြောက်စရာကောင်းသည့် ရန်သူက စောင့်ကြိုလျက်ရှိသည်ဟု စုချန်း ယူဆထား၏။ ထို့ကြောင့် သူ့အင်အားကို တော်ဝင်မျိုးနွယ်စုများအတွက် ပုံအော အသုံးမပြုနိုင်။

ငါးကြင်းဆီနှင့် ငါကြင်းပြန်ကြော်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဟု စုချန်း ယူဆထား၏။

စုချန်း၏ စိတ်ကူးစိတ်သန်းကို ထန်းမင် သဘောပေါက်သွားပြီ ဖြစ်သည်။ ထိုအခါ သူက မေးလိုက်၏။

"ဒီလိုဆိုတော့ အချိန်ကြာအုံးမယ် ဒါဆိုရင် ဟိုကအခြေအနေတွေကို ပစ်ထားလို့ မရသေးတော့ ခင်ဗျားအနေနဲ့ ကြည်လင်မြစ်မြို့တော်ကိုတော့ ပြန်ရအုံးမှာပေါ့"

"ဒါကြောင့် ကျုပ်အနေနဲ့ မင်းတို့ကို လိုအပ်တယ်လို့ ပြောတာပေါ့ ဒီက အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ မင်းတို့ကို ဒီမှာ နေစေချင်တယ်"

All Chapters