← Chapters

လျှောက်ရမည့်လမ်း

Vol. 42 Ch. 414

လျှောက်ရမည့်လမ်း

Vol. 42 Ch. 414

ပိတ်လော့ သဘောပေါက်လိုက်ပေပြီ။

စုချန်းကား အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်တယောက် သူ့ကို ရန်ပြုလာနိုင်ဖွယ်ရှိသည့်တိုင် သူများကို အကူအညီမတောင်းပဲ ကိုယ့်အားကိုယ်ကိုးကာ ရင်ဆိုင်ရန် ပြင်ဆင်လျက်ရှိလေသည်တကား။

ဒါသည်ပင်လျင် စုချန်း၏ စိတ်ဓာတ်ပေတည်း။

စုချန်းသည် ထိုသို့သော လူစားမျိုး ဖြစ်သည်။ ကမ္ဘာလောကကြီးတခုလုံးရှိ တော်ဝင်မျိုးနွယ်စုများအားလုံးအား ရင်ဆိုင်ရန် ကြိုးစားနေသော သူ့အဖို့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်လောက်နှင့် သူတပါးအကူအညီကို ယူလိုက်ရပါက သူ၏ ကြီးကျယ်မြင့်မြတ်လှသော ရည်မှန်းချက်သည် မည်သည့်အခြေအနေသို့ ဆိုက်ရောက်သွားမည်နည်း။

ထို့ကြောင့် စုချန်းက ဤပြသနာကို သူတယောက်တည်း ရင်ဆိုင်ရန် ဆုံးဖြတ်ထားလေသည်။ ပိတ်လော့အဖို့ကား စုချန်းကို ကူညီရန် အစီအစဉ်များ ချမှတ်ပေး၍ အကြံညဏ်များ ပေးရုံသာ ရှိတော့သည်။

ထိုအခါ ပိတ်လော့က အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ပြောလိုက်သည်။

"သခင့်ရဲ့ လက်ရှိစွမ်းအားဟာ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်နဲ့ ယှဉ်လိုက်ရင် ကွာဟချက် အလွန်များပြားနေတယ် ဒီပြသနာကို ဖြေရှင်းဖို့ အလွယ်ဆုံးနည်းလမ်းက သခင့်အနေနဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို အမြန်ဆုံး တက်လှမ်းနိုင်ဖို့ပဲ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့က သခင့်အနေနဲ့ အချိန်အကြာကြီး စောင့်ရအုံးမယ် သခင့်မှာ သွေးဗီဇဆေးဝါးတွေကို အသုံးပြုဖို့ စိတ်ကူးမရှိဘူးဆိုရင် ရှီကိုင်းဟွမ်ဘက်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မဲ့နည်းလမ်း ဖန်တီးနိုင်ခဲ့သည့်တိုင်အောင် မလွယ်လှဘူး အိပ်မက်မက်နေသလိုပဲ ရှိလိမ့်မယ်"

စုချန်းတယောက် သွေးဆူပွက်ခြင်းနယ်ပယ် နောက်ဆုံးအလွှာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီမှန်း ယခုအချိန်ထိ ပိတ်လော့ မသိသေးပေ။ သူ့မျက်လုံးထဲတွင် စုချန်းသည် တိုးတက်မှုရရှိလာရန် များစွာ လိုအပ်နေသေး၏။ တကယ်တမ်းတွင်တော့ စုချန်းသည် လမ်းဆုံလမ်းခွသို့တိုင် ရောက်ရှိနေခဲ့လေပြီ။

စုချန်းကလည်း ထိုအကြောင်းကို ပိတ်လော့အား ရှင်းပြမနေတော့။ မည်သို့ဆိုစေ သူ့အနေနှင့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည့်တိုင်အောင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ခရီးရှည်ကြီးကို လျှောက်လှမ်းရအုံးမည် မဟုတ်ပါလား။

ထပ်ပြောရလျင် စုချန်းသည် အမြဲတမ်းလိုလို အုတ်မြစ်ခိုင်မာခြင်းကို အလေးထားတတ်သူ ဖြစ်သည်။ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်စဉ်ကလည်း ထိုနည်းအတိုင်း သူ ဆောင်ရွက်ခဲ့သည် မဟုတ်ပါလား။

ပိတ်လော့က စကားဆက်ပြန်သည်။

"ကျုပ်တို့မှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးဆိုတော့ ဒုတိယအကောင်းဆုံးဖြစ်မဲ့နည်းလမ်းကိုပဲ ရွေးချယ်ရတော့မယ် ကျုပ်စိတ်ထင် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်နဲ့ ရင်ဆိုင်ဖို့ဆိုတာ အိပ်မက်ဆန်လွန်းနေတယ် လက်တွေ့မကျဘူး ဒါကြောင့် ကျုပ်တို့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်မဲ့အစား ထွက်ပြေးမဲ့နည်းလမ်းကိုပဲ ဦးစားပေး စဉ်းစားသင့်တယ် ဒါက ပိုပြီး ဖြစ်နိုင်ချေရှိတယ်လေ"

စုချန်း၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်လှုပ်သွား၏။

လူအိုများသည် လူအိုများသာ ဖြစ်ကြသည်။ သူတို့တွင် အတွေ့အကြုံများစွာ ရှိနေကြ၏။ ထို့ကြောင့် ပိတ်လော့သည်လည်း ပြသနာ၏ အခရာအကျဆုံးအချက်ကို ချက်ချင်းလိုလိုပင် ဖော်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။

အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်လက်မှ ထွက်ပြေးနိုင်ရန် ကြိုးစားခြင်းသည် ၎င်းကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခြင်းထက် များစွာ လွယ်ကူနေမည် မဟုတ်ပါလား။

ပိတ်လော့ကား စုချန်း ရွေးချယ်သင့်သည့် နည်းလမ်းကို စတင် ဖော်ထုတ်ပေးနိုင်ခဲ့လေပြီ။

"ဒါဆိုရင် ကျုပ် ထွက်ပြေးနိုင်ဖို့ ဘာလုပ်သင့်သလဲ"

စုချန်းက မေးလိုက်သည်။

"သခင့်ရဲ့ အရိပ်မူလပစ္စည်းက အတော်လေး ကောင်းတယ် ဒါနဲ့သာဆိုရင် အမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားဖို့ ဖြစ်နိုင်ချေရှိတယ်"

စုချန်းက ခေါင်းခါလိုက်၏။

"ကျုပ် သွေးနီဥပြုကွဲဆေးမင်အပေါ် လုပ်နေတဲ့ သုတေသနက မပြီးဆုံးသေးဘူး ဒါကို ကျုပ်အတွက် အသုံးပြုလိုက်မယ်ဆိုရင် နောက်ထပ် ရလာနိုင်တဲ့ တိုးတက်မှုတွေ အကုန်လုံးကို ကျုပ် လက်လွှတ်လိုက်ရလိမ့်မယ်"

စုချန်း၏ စကားကြောင့် ပိတ်လော့ ရယ်မောလိုက်၏။

"ဒီဆေးမင်ကို သခင် ကိုယ်တိုင်သုံးမယ်လို့ ဘယ်သူ ပြောသလဲ ဆေးမင်ကို သယ်ဆောင်ပေးနိုင်မဲ့ မူလကိရိယာတမျိုး သခင် လုပ်နိုင်သားပဲလေ"

"ဟင်"

စုချန်း ကြောင်အမ်းအမ်း ဖြစ်သွား၏။

ပိတ်လော့၏ စိတ်ကူးမှာ စုချန်း မေ့လျော့နေသော အချက်ကို ထောက်ပြလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ဤအတောအတွင်းဝယ် စုချန်းသည် လူတယောက်၏ ကိုယ်ပိုင်အင်အား မြင့်မားလာစေရန်သာ ဦးစားပေး လုပ်ဆောင်နေခဲ့၏။ သူ ရှာဖွေတွေ့ရှိထားသည့် နည်းစနစ်များအား မူလကိရိယာများပေါ်တွင် ထည့်သွင်းအသုံးပြုရန် တခါမှ မစဉ်းစားခဲ့ဖူးပေ။

တကယ်တော့ ၎င်းမှာ လက်ရှိ ခေတ်သုံး မူလစွမ်းရည်များနှင့် ပတ်သက်သည့်် သဘောထား အယူအဆများနှင့် ခပ်ဆင်ဆင်သာ။

လူသားများသည် သတ်ဖြတ်သူများနှင့် သားရဲသတ္တဝါများထက် အင်အာနည်းသည့်တိုင် အာကင်နာများထက်တော့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်မာကြ၏။ ထို့ကြောင့်လည်း လူသားများသည် ပြင်ပအရာဝတ္တုများကို မှီခိုအားထားခြင်းမရှိပဲ ၎င်းတို့ ကိုယ်ခန္ဓာစွမ်းအင် မြင့်မားတိုးတက်လာစေရန်သာ ကျင့်ကြံအားထုတ်လေ့ ရှိကြလေသည်။

သို့သော် အာကင်နာများကျတော့ တမျိုးတဘာသာပင်။ မွေးရာပင် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် အာကင်နာများသည် ပြင်ပအရာဝတ္တုများကိုသာ အားကိုးအားထားပြု၍ ၎င်းတို့ဘဝကို တည်ဆောက်ကြရရှာသည်။

သွေးဗီဇထုတ်ယူကိရိယာ၊ မူလစွမ်းအင်မျှော်စင်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာ၊ ဆပ်ခ် နူကလိယ စသည့် အရာများအားလုံးကို အာကင်နာများ တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းပစ္စည်းများကို ကြည့်လျင် အာကင်နာများ၏ ပြင်ပပစ္စည်းများအပေါ် အသုံးချစွမ်းရည်သည် ဘယ်အဆင့်ကို ရောက်နေပြီမှန်း အတိုင်းသား မြင်သာနေ၏။

"ဆေးမင်ကို မူလကိရိယာထဲ ထည့်သွင်းဖို့ ဟုတ်လား"

စုချန်းက ရေရွတ်လိုက်၏။

"ဟုတ်တယ် အဲဒီအတိုင်းပဲ သခင် သခင့်အနေနဲ့ သွေးနီဥပြိုကွဲဆေးမင်ကို မူလကိရိယာထဲ ထည့်သွင်းနိင်တယ် ဒါဆိုရင် လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် အသုံးပြုနိုင်လာလိမ့်မယ် ပြီးတော့ အလားအလာကောင်းတွေ ဆုံးရှုံးသွားမှာကိုလဲ စိတ်ပူနေစရာ မရှိတော့ဘူးလေ"

"ဒါပေမဲ့ ကျုပ်ရဲ့ သွေးနီဥပြိုကွဲဆေးမင်က လူတွေအပေါ်မှာ အစွမ်းပြနိုင်အောင်ပဲ ပုံစံထုတ်ထားတာ မူလကိရိယာတွေကျတော့ မူလကျောက်တုံးတွေက စွမ်းအင်ပေးတာ ဒီနှစ်ခုက အများကြီး ကွာခြားနေယ် ခင်ဗျား ပြောသလိုလုပ်ဖို့ သိပ်မလွယ်လှဘူး"

"ဒါပေမဲ့ လုံးဝ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူးသခင် အာကင်နာနိုင်ငံတော်ကြီး ကောင်းစားခဲ့စဉ်က မူလကိရိယာတွေကို ကိုယ်ခန္ဓာအတွင်း ထည့်သွင်းပေါင်းစပ်တဲ့ သုတေသနမျိုးတွေ ထွန်းကားခဲ့တယ်ဆိုတာ သခင် သိရဲ့လား"

"မူလကိရိယာတွေကို ကိုယ်ခန္ဓာအတွင်း ထည့်သွင်းပေါင်းစပ်တဲ့ သုတေသနမျိုး ဟုတ်လား"

"မှန်တာပေါ့သခင် အာကင်နာနိုင်ငံတော်ကြီး ကောင်းစားစဉ်က အာကင်နာပညာရှင်တွေဟာ ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းအမျိုးမျိုးကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ် တချို့ ရှုံးနိမ့်သလို တချို့လဲ အောင်မြင်ခဲ့ကြတာပေါ့ ကျုပ်ခုနက ပြောခဲ့တဲ့ နည်းစနစ်ကတော့ အာကင်နာမျိုးစိတ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖာထေးဖို့ အာကင်နာပညာရှင်တွေ ကြိုးစားခဲ့ကြတာပေါ့ ကျုပ်တို့က သူတို့ကို စက်ပိုင်းဆိုင်ရာ အာကင်နာပညာရှင်တွေလို့ ခေါ်ကြတယ်"

"ခင်ဗျားကော ဒီလို နည်းစနစ်မျိုးကို ကျွမ်းကျင်သလား"

"ကျုပ်က သက်ရှိပုံစံပြောင်းလဲခြင်းကိုသာ ကျွမ်းကျင်တဲ့သူပါသခင် စက်ပိုင်းဆိုင်ရာတွေကိုတော့ သဘောလောက်ပဲ သိပါတယ် သခင့်ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ သိပ်ပြီးမခက်ခဲလှတဲ့ အရာတချို့ကိုတော့ ကျုပ် လုပ်နိုင်ပါလိမ့်မယ် ကျုပ်အထင် သခင် ခုလိုအပ်နေတဲ့ ပစ္စည်းမျိုးက သိပ်ရှုပ်ထွေးလှမယ် မထင်ဘူး"

ထိုအခါ စုချန်းက ရယ်မောလိုက်၏။

"စက်မှုပိုင်းဆိုင်ရာတွေပေါ့ ဟုတ်လား ဒီအတိုင်းဆိုရင် ကျုပ်တော့ ဘာသာရပ်အသစ်တခုကို လေ့လာရတော့မယ်နဲ့ တူတယ် ဒါပေမဲ့ ကျုပ်ကိုယ်ကျုပ် ပုံဖျက်ဖုံးကွယ်ထားနိုင်ပြီဆိုရင်တောင် အလင်းတုန်ခါခင်းနယ်ပယ် ပညာရှင်ရဲ့လက်ထဲက လွတ်အောင် မပြေးနိုင်သေးဘူးဗျ"

စုချန်း၏ အရိပ်မူလပစ္စည်းသည် လူတယောက်အား ကိုယ်ပျောက်သွားစေနိုင်၏။ သို့သော် ထိုသဘောမှာ သူ့အား မည်သူမှ မတိုက်ခိုက်နိုင်တော့ဟု မဆိုလိုချေ။ တစုံတယောက်သည် အမှောင်ထဲတွင် ပျောက်ကွယ်နေသည့် သူ့အား ထိခိုက်အောင် တိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလား။

တစုံတယောက်သည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပါက ၎င်း၏ အင်အားမှာလည်း ပြောင်းလဲသွား၏။ ထိုအခါ ၎င်းသည် မြို့တမြို့ကို လက်ဝါးရိုက်ချက် တချက်တည်းနှင့် ပျောက်ကွယ်သွားအောင် မလုပ်နိုင်သော်လည်း ဒါဇင်နှင့်ချီသော လူများကိုတော့ လက်တဖက်တည်းနှင့် အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိလာလေသည်။

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်သာ ဆန္ဒရှိပါက စုချန်းအား ကိုက်ရာပေါင်းများစွာ အကွာအဝေးမှနေ၍ အလွယ်တကူ တိုက်ခိုက်နိုင်၏။ ထိုအခါ စုချန်းအနေနှင့် ကိုယ်ပျောက်သွားသည့်တိုင် အန္တရာယ်စက်ကွင်းမှ လွတ်မြောက်အုံးမည် မဟုတ်ပေ။

"ဒါကြောင့် ကျုပ်တို့အနေနဲ့ နောက်ထပ်နည်းစနစ်တမျိုး လိုအပ်နေသေးတာပေါ့ ကိုယ်ပျောက်နည်းစနစ်အပြင် အမြန်ဆုံး ရွေ့လျားနိုင်မဲ့ နည်းစနစ်တမျိုး ကျုပ်တု့ိလိုတယ် ဒီလိုနည်းစနစ်မျိုး သခင်တတ်ကျွမ်းထားတာ ဘာရှိသလဲ"

စုချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"မြူခိုးကြားထဲက မြွေခြေလှမ်း ဒါပေမဲ့ ဒီနည်းစနစ်က အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်ထက်တော့ မမြန်နိုင်ဘူး"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တိုင်းသည် လေထဲတွင် တစ္ဆေသရဲတကောင်ကဲ့သို့ ပျံသန်းနိုင်သည် မဟုတ်ပါလား။

"ကျုပ်က မြူခိုးကြားထဲက မြွေခြေလှမ်းအကြောင်း ပြောနေတာ မဟုတ်ဘူး သူ့ထက် ပိုကောင်းတဲ့ နည်းစနစ်တခုအကြောင်း ပြောနေတာ ဆိုးတာက သခင့်အနေနဲ့ အဲဒီနည်းစနစ်ကို အရေးကြီးတယ်လို့ တခါမှ မတွေးဖူးတာပဲ"

"ဟင်"

စုချန်း နဝေတိမ်တောင် ဖြစ်သွား၏။

"ခင်ဗျားဆိုလိုတာ"

"ကျုပ်ပြောနေတာ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အကြောင်းပဲ သခင့်အနေနဲ့ ဒီရှေးဟောင်းအာကင်နာနည်းစနစ်ဟာ ဘာမှန်း တိတိကျကျ မသိဘူးထင်တယ် ကျုပ်ပြောတာ ဟုတ်ရဲ့လား"

All Chapters