← Chapters

အညံ့ခံခြင်း

Vol. 42 Ch. 416

အညံ့ခံခြင်း

Vol. 42 Ch. 416

လင်းယွမ်စိမ့်တောတွင် ဖြစ်သည်။

ကျူးကျွန်ကျာ့နှင့် ထန်းမင်တို့သည် လှေကုန်းပတ်တွင် မတ်တပ်ရပ်ရင်း အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှုနေကြ၏။

အဝေးတနေရာတွင်ကား ကြီးမားလှသည့် ရေဝဲကတော့ကြီးသည် ရေမျက်နှာပြင်ပေါ်ရှိ အရာအားလုံးကို ဝါးမြိုစားသောက်သွားတော့မည့်ပမာ ရုန်းကန်လှုပ်ရှားနေ၏။

"ကြည့်စမ်းဟေ့ မိစ္ဆာရေဝဲဂယက်ကြီးပဲ ဒီအနီးအနားမှာ မိစ္ဆာမိကျောင်းကြီး ရှိနေပြီ"

ဓားပြတယောက်က ရေဝဲကတော့ကြီးကို လက်ညိုးထိုးပြပြီး ထအော်လိုက်သည်။ သူ့အသံမှာကား ထိတ်လန့်ခြင်းများဖြင့် ဖုံးလွှမ်းနေ၏။

သူ့အမြင်တွင်တော့ မိစ္ဆာမိကျောင်းသည် လင်းယွမ်စိမ့်တောဝယ် ကြောက်စရာအကောင်းဆုံး ရေသတ္တဝါကြီးပင် ဖြစ်သည်။ သာမာန်အားဖြင့် ဓားပြများသည် အနှီ သတ္တဝါကြီးကို အတတ်နိုင်ဆုံး ရှောင်တိမ်းရန်သာ ကြိုးစားလေ့ရှိသော်လည်း ယခု သူတို့၏ သခင်လက်သစ်များက ရှာဖွေရရှိထားသည့် ဥစ္စာပစ္စည်းများကို ရောင့်ရင်းတင်းတိမ်ခြင်းမရှိဟန်ဖြင့် စိမ့်တော့အတွင်း ကြောက်စရာအကောင်းဆုံး သားရဲကြီးများကိုပါ လိုက်လံဖမ်းဆီးခိုင်းလျက် ရှိကြကုန်၏။ သူတို့၏ သခင်လက်သစ်များသည်ကား အသက်ရှင်နေသည်ကို ငြီးငွေ့နေကြပုံပင်။

ဓားပြများအနေနှင့် စိတ်ထဲတွင် တိတ်တိတ်လေး ကျိန်ဆဲနေကြသော်လည်း သူတို့ စီးနင်းလာသည့် ပင်လယ်ခွေးကား သူတို့အား ဤနေရာသို့ ရောက်လာအောင် ပို့ဆောင်ပေးခဲ့ချေပြီတကား။

ဓားပြ၏ ရှေ့ရှိ ရေဝဲဂယက်သည် နှေးကွေးစွာ လှည့်ပတ်နေ၏။ ဝဲဂယက်၏ အလယ်သို့ ရေများ တဟုန်ထိုး စီးဝင်နေကြလေသည်။ ရေမျက်နှာပြင်ပေါ်တွင်ကား မိကျောင်းကြီးတကောင် ရှိနေ၏။

မိကျောင်းမှာ တကယ်ပင် ကြီးမားလှ၏။ ၎င်းသည် တောင်အသေးစားတလုံးနှင့် တူနေပြီး ခေါင်းတချက်ဝေ့ယမ်းလိုက်ရုံနှင့် လှေကြီးတစင်းကို ထက်ပိုင်းကျိုးသွားစေနိုင်လောက်သည်။ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေပုံမှာ သေမင်း၏ အကြည့်နှင့်င် တူနေသေးသည်။

မိကျောင်း၏ ကြီးမားလှသော ဦးခေါင်းကို မြင်သည်နှင့် ဓားပြက ကြောက်လန့်တကြားနှင့် ထအော်လိုက်၏။

"ဟိုကောင်ကြီး ထွက်လာပြီ ကျုပ်တို့ ဒီနေရာကို မလာသင့်ဘူး ဒီအတိုင်းဆိုရင် ဘယ်သူမှ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး"

"ထွက်ပြေးဖို့လည်း ဘယ်သူမှ မစီစဉ်ထားပါဘူးကွာ"

ထန်းမင်က ရယ်မောရင်း ပြောလိုက်သည်။

"မမိုက်စမ်းပါနဲ့ဗျာ ကျုပ်တို့ ဒီကောင်ကြီးကို အနိုင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ ဒါကြီးက အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါဗျ အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါ ကျောက်စိမ်းတောင်တပ်ဖွဲ့တောင် ဒီကောင်ကြီးနဲ့တွေ့ရင် ထွက်ပြေးရတယ်"

"အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါ"

ကျန့်ဟန်ဖန်းက လေတချက်ချွန်ရင်း ပြောလိုက်၏။

"ကျောက်စိမ်းတောင်တပ်ဖွဲ့တောင် ထွက်ပြေးရတယ် မဆိုးဘူးဟေ့ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ အစ်မကျွန်ကျာ့ ခင်ဗျား ဘယ်လိုထင်သလဲ ဒါကို ကိုင်တွယ်နိုင်ပါ့မလား"

ကျူးကျွန်ကျာ့က လှပစွာ ပြုံးလိုက်၏။

"နည်းနည်းတော့ ခက်မယ် ဒါပေမဲ့ ဘာအရေးလဲ ရှင်တို့အားလုံး ဒီမှာ ရှိနေတာပဲဟာကို မူလပုံစံကွက်တခု အမြန်ဆုံး တည်ဆောက်လိုက်ကြတာပေါ့"

"မူလပုံစံတည်ဆောက်ကြမယ်ဟေ့"

ထိုအချိန်မှာပင် ဝူရှောက်က အဆုံးအဖြတ်ပေးသည့် လေသံနှင့် အော်ဟစ်လိုက်၏။

ဝူရှောက်၏ အော်သံ ထွက်ပေါ်လာသည်နှင့် ကျန့်ဟန်ဖန်း၊ မာချွန်း၊ ဝေယန်နှင့် ယန်လင်းတို့က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြ၏။ သူတို့၏ လက်ထဲတွင်ကား မူလပုံစံငွေပြားတခုစီ ကိုင်စွဲထားကြလေသည်။ ထိုငွေပြားလေးခုသည် တမုဟုတ်ချင်းမှာပင် ဝင်းလက်တောက်ပလာပြီး ကြီးမားလှသော မူလစွမ်းအင်ပုံစံကွက်ကြီးအဖြစ် ပေါင်းစပ်သွား၏။

ကျူးကျွန်ကျာ့သည် ပုံစံကွက်ကြီး၏ အလယ်ဗဟိုတွင် မတ်တပ်ရပ်နေ၏။ သူမ၏ ဆံပင်များမှာကား လေနှင့်တလူလူ လွင့်နေ၏။ သူမ၏ မျက်လုံးအစုံမှာကား ဝင်းလက်တောက်ပနေလေသည်။ ိုထိုအချိန်တွင် သူမသည် စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း စတင်ဖြန့်ကျက်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင်များ လူးလွန့်လှုပ်ရှားလာသည်နှင့် ကျူးကျွန်ကျာ့က လက်တဖက်ကို မြှောက်လိုက်ရာ မရေမတွက်နိုင်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မိကျောင်ကြီး၏ ဦးခေါင်းဆီသို့ တိုးဝင်သွားလေသည်။

မိကျောင်းကြီးထံမှ ခပ်တိုးတိုး ဟိန်းဟောက်သံ ပေါ်ထွက်လာ၏။ ဒေါသထွက်နေသော ပုံစံပေတည်း။

နတ်ဆိုးသတ္တဝါများဟူသည် သာမာန် သားရဲများနှင့် မတူချေ။ ၎င်းတို့တွင် စဉ်းစားညဏ်ရှိ၏။ ထို့ကြောင့်သူ့ထံသို့ တိုးဝင်လာသော စွမ်းအင်လှိုင်းများအား တစုံတဦးက ထိန်းချုပ်ထားမှန်း သဘောပေါက်နိုင်စွမ်း ရှိလေသည်။

မိကျောင်းကြီးထံမှ နောက်ထပ် ဟိန်းဟောက်သံတချက် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုအခါ စွမ်းအင်လှိုင်းများသည် ရုတ်ချည်းဆိုသလို နောက်ဘက်သို့ ပြန်လည်ကွေ့ဝိုက်သွားပြီး ကျူးကျွန်ကျာ့ထံသို့ ပြန်လည်ဦးတည်လာ၏။

"အား"

ကျူးကျွန်ကျာ့၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး သူမ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ ယိုစီးကျလာကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ဤအနေအထားလောက်နှင့်တော့ ကျူးကျွန်ကျာ့က အလျော့ပေးလိမ့်မည်မဟုတ်။ သူမက နှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးရင်း ရေရွတ်လိုက်သည်။

"မင်းအစွမ်း ဒါ အကုန်ပဲလားကွ"

ထို့နောက် သူမက စိတ်စွမ်းအင်များကို မြှင့်တင်ပြီး မိကျောင်းကြီး၏ စိတ်အာရုံကို ထိုးဖောက်ရန် ကြိုးစားလိုက်၏။

ချင်းလင်အာနှင့် မတူသည်မှာ ကျူးကျွန်ကျာ့၏ နတ်ဆိုးသတ္တဝါများအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပို၍ တိုက်ရိုက်ဆန်ပြီး ပို၍ ပေါက်ကွဲအား ပြင်းထန်နေခြင်းပင်တည်း။

ချင်းလင်အာ၏ ညှို့ငင်လိပ်ပြာနည်းစနစ်သည် ရန်သူကို ထိန်းချုပ်နိုင်ရန် အပျော့ဆွဲပုံစံကို အသုံးပြုရခြင်းဖြစ်ပြီး ကျူးကျွန်ကျာ့၏ နည်းစနစ်မှာကားအမာအားကို အသုံးပြုကာ ရန်သူကို ကျွန်ပြုခိုင်းစေရန် ရည်ရွယ်၏။ ထို့ကြောင့် ကျူးကျွန်ကျာ့အနေနှင့် တစုံတယောက်ကို ထိန်းချုပ်လိုတိုင်း စိတ်စွမ်းအားချင်းသာ ပြိုင်ဆိုင်ရလေ့ရှိသည်။

ဤနည်းစနစ်၏ အဓိက အားနည်းချက်မှာ ရန်သူကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးစားနေရ၍ ရုပ်တရက် ရပ်တန့်ရန် ခဲယဉ်းပြီး အခန့်မသင့်ပါက တန်ပြန်ရိုက်ခတ်မှု ဖြစ်ပေါ်ကာ မိမိကိုယ်တိုင် ဒဏ်ရာရရှိသွားနိုင်ခြင်းပင်တည်း။

ထို့ပြင် သူမအနေနှင့် ရန်သူကို ထိန်းချုပ်နိင်လျင်ပင် စွမ်းအင်အများအပြားကို ဆုံးရှုံးခံရလေ့ရှိသည်။

တဖက်တွင်လည်း ချင်းလင်အာ၏ နည်းစနစ်နှင့် မတူညီပဲ ကျူးကျွန်ကျာ့၏ နည်းစနစ်တွင် ကောင်းကျိုးတချို့တော့ ရှိနေပြန်၏။ ၎င်းမှာ ချင်းလင်အာသည် သားရဲသတ္တဝါတကောင်အား ထိန်းချုပ်ထားပါက အချိန်နှင့်အမျှ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုထားရလေ့ရှိသည်။ တနည်းအားဖြင့် အချိန်ပြည့် အာရုံစိုက်ထားရလေ့ရှိသည်။ ကျူးကျွန်ကျာ့အဖို့မှာကား ထိုသို့ မဟုတ်ချေ။ သူမအနေနှင့် သားရဲသတ္တဝါတကောင်ကို ထိန်းချုပ်ထားပါက အချိန်ပြည့်အာရုံစိုက်ထားရန် မလိုသည့်အပြင် သူမ၏ ဘေးနားတွင်ပါ အစောင့်တယောက်သဖွယ် ခေါ်ထား၍ ရသည်။ ထို့ကြောင့်် သူမ၏ နည်းစနစ်က ဤတချက်တွင် ချင်းလင်အာထက် ပို၍ အသုံးတည့်နေ၏။

ထို့ကြောင့် လင်းယွမ်စိမ့်တောသို့ ရောက်ရှိလာပြီးကတည်းက ရေသတ္တဝါတမျိုးမျိုးကို ထိန်းချုပ်ထားရန်မှာ ကျူးကျွန်ကျာ့၏ ပထမဆုံး ရည်ရွယ်ချက်ပင် ဖြစ်သည်။

တကယ်တော့ အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါဟူသည်မှာ ကျူးကျွန်ကျာ့ ထိန်းချုပ်နိုင်သည့် အတန်းအစားတော့ မဟုတ်ချေ။ သို့သော် လက်ရှိတွင်ကား မူလပုံစံကွက်ကြီးကြောင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ တိုးပွားနေသည့်အပြင် သူမ၏ အင်အားမှာလည်း ဆထက်တံပိုး တိုးပွားနေသည် မဟုတ်ပါလား။

ကျူးကျွန်ကျာ့၏ ရက်စက်ကြမ်းကြုတ်လှသော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများက သမုဒ္ဒရာမှ ရေလှိုင်းကြီးများပမာ မိကျောင်းကြီးထံသို့ အဆက်မပြတ် ရိုက်ခတ်နေ၏။ မျက်စေ့နှင့် မမြင်တွေ့နိုင်သော သတ်ဖြတ်ခြင်းဟုပင် ခေါ်ဆိုနိုင်လောက်သည်။

သု့ိသော် စိတ်ဝိညာဉ်စွမ်းအင်တခုတည်းကိုသာ မှီခိုနေရပါက မူလပုံစံကွက် တည်ဆောက်ထားသည့်တိုင် မိကျောင်းကြီးအား တိုက်ခိုက်ရန် ကျုးကျွန်ကျာ့အနေနှင့် ယုံကြည်မှုမရှိလှပေ။

ကံကောင်းသည်မှာကား ယခုအချိန်တွင် သူမအတွက် ကူညီသူများ ရှိနေ၏။

ကျူးကျွန်ကျာ့နှင့် မိကျောင်းကြီးတို့ စိတ်စွမ်းအားချင်း အပြင်းအထန် တိုက်ခိုက်နေကြစဉ်မှာပင် ထန်းမင်က လက်တဖက်ကို မြှောက်လိုက်ရာ ရေနဂါးကြီးတကောင် ဖြစ်ပေါ်လာပြီး မိကျောင်းကြီးထံသို့ တိုးဝင်သွားတော့သည်။

သာမန်အချိန်ဆိုလျင် အနှီ ရေနဂါးမျိုးက မိကျောင်းကြီးအတွက် မှုလောက်စရာမဟုတ်။ ယခုတွင်ကား အခြေအနေမှာ မတူညီတော့။ မိကျောင်းကြီးသည် ကျူးကျွန်ကျာ့နှင့် စိတ်စွမ်းအားချင်း ယှဉ်ပြိုင်နေလျက်ရှိရာ ထန်းမင်၏ တိုက်ခိုက်မှုကို တောင့်ခံရန်သာ ရှိနေတော့သည်။

ရေနဂါးကြီးသည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းကာ မိကကျောင်းကြီး၏ ကိုယ်ပေါ်မှာ ဖြတ်သန်းသွား၏။ ထိုအခါ မိကျောင်းကြီး၏ ကျောပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာအများအပြား ပေါ်ပေါက်လာတော့သည်။

ဒဏ်ရာများမှာ ချက်ချင်းလိုလို ပြန်ကောင်းသွားသော်လည်း ခံစားလိုက်ရသည့် နာကျင်မှုကြောင့် မိကျောင်းကြီး၏ စိတ်ဝိညာဉ်စွမ်းအားတွင် အားနည်းမှုများ ဖြစ်ပေါ်ခဲ့ရလေသည်။

သိပ်မကြာမီ ကျူးကျွန်ကျာ့၏ ကျောပေါ်တွင် နီရဲသော အရိပ်ကြီးတခု ပေါ်ပေါက်လာ၏။ ထိုအရိပ်၏ ကိုယ်အပေါ်ပိုင်းမှာ လူပုံစံ ဖြစ်နေပြီး အောက်ပိုင်းမှာကား ခြေချောင်း ခြောင်ချောင်းပါသည့် ပင့်ကူကြီး ဖြစ်နေလေသည်။ ၎င်းမှာ ကျူးကျွန်ကျာ့၏ သွေးဗီဇ ဖြစ်သော ကျောက်တုံးပင့်ကူနတ်ဆိုးပင်တည်း။ ၎င်းသည် အလွန်စွမ်းအားကြီးမားသော နတ်ဆိုးဧကရာဇ်ဖြစ်ပြီး တစုံတယောက်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သော အစွမ်းရှိ၏။

ကျောက်တုံးပင့်ကူနတ်ဆိုးကြီးသည် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပါးစပ်ကြီးကို ဖြဲကားကာ ငြီးတွားလိုက်၏။ ထိုအခါ ကြောက်စရာကောင်းသော အရှိန်အဝါတမျိုး ထွက်ပေါ်လာပြီး လူတိုင်း၏ မျက်နှာတွင် အေးစက်သော လေစီးကြောင်းတခု ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။ ဓားပြများအားလုံး ခိုက်ခိုက်တုန်သွားကြ၏။

ယခုအချိတ်ထိ မိစ္ဆာနတ်ဆိုးကြီးကား ကျူးကျွန်ကျာ့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို တောင့်ခံနေဆဲသာ ရှိသေးသည်။ တချီတွင်း ၎င်းက ကိုယ်ကို တချက်လှုပ်ခါလိုက်ရာ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး လှေဆီသု့ိ ရိုက်ခတ်လာ၏။

"တယ်လဲ ထောင်လွှားတဲ့ကောင်ပါလားကွ"

ထန်းမင်က ရေရွတ်လိုက်သည်။ သူ့မျက်လုံးအစုံမှာလည်း ဝင်းဝင်းတောက်လာ၏။

ရုတ်ချည်းလိုလိုပင် ထန်းမင်၏ နောက်ကျောမှ မီးခိုးငွေ့များ ပေါ်ပေါက်လာ၏။ အဆိုပါ မီးခိုးငွေ့များသည် အနီးကပ်ကြည့်လျင် မျက်စေ့နှင့် နှာခေါင်းများ ရှိနေကြောင်း မြင်တွေ့ရ၏။ ခပ်လှမ်းလှမ်းမှ ကြည့်လျင်တော့ ၎င်း၏ ပုံသဏ္ဍာန်သည် မီးခိုးငွေ့များနှင့် ပြုလုပ်ထားသည့် သက်ရှိတမျိုးကဲ့သို့ ဖြစ်နေကြောင်း မြင်တွေ့ရမည် ဖြစ်သည်။

ပင်လယ်မှော်နတ်ဆိုးသတ္တဝါပေတည်း။

ပင်လယ်မှော်နတ်ဆိုးသားရဲကြီးသည် ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပါးစပ်ကိုဟကာ အားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ အမှန်တကယ်တွင် မည်သည့်အော်သံမှ ထွက်ပေါ်လာခြင်းမရှိသော်လည်း နတ်ဆိုးဧကရာဇ်တပါး၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါကို လူတိုင်း၏ နှလုံးသားထဲတွင် ခံစားလိုက်ရလေသည်။

ပင်လယ်မှော်နတ်ဆိုးသတ္တဝါကြီး၏ တန်ပြန်မှုကြောင့် လှေဆီသို့ တိုးဝင်လာသော ရေလှိုင်းကြီးများမှာ ရုတ်ချည်းပင် ငြိမ်သက်သွား၏။

၎င်းကိုကြည့်ရင်း မိကျောင်းကြီးက ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်သည်။ ရန်သူများထံမှ အင်အားကြီးမားသော ဖြစ်တည်မှုတချို့ကို သူ ခံစားနေရသည် မဟုတ်ပါလား။

သို့တိုင်အောင် ယခုအချိန်ထိ မိကျောင်းကြီးကား ၎င်း၏ လွတ်လပ်မှုအတွက် အသည်းအသန် ခုခံနေဆဲပင် ဖြစ်သည်။ ထိုအချိန်မှာပင် မိကျောင်းကြီး၏ လှုပ်ရှားမှုကြောင့် နောက်တကြိမ် ကြီးမာလှသော လှိုင်းလုံးကြီးများ ပေါ်ထွက်လာပြန်၏။

ထိုအခိုက်အတန့်ဝယ် ကျူးကျွန်ကျာ့ကိုယ်တိုင်ပင် ပင်ပန်းနွမ်းနယ်လာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအခါ သူမက အော်ဟစ်လိုက်သည်။

"အလယ်အလတ်အဆင့် နတ်ဆိုးသတ္တဝါတကောင်ရဲ့ စွမ်းအင်ဟာ မသေးလှဘူးပဲ ကျွန်မတို့ မူလပုံစံနဲ့ နတ်ဆိုးဧကရာဇ်သွေးဗီဇ ပေါင်းစပ်ထားတာတောင် ဒီကောင်ကြီးကို မထိန်းချုပ်နိုင်ဘူး ဖြစ်နေတယ် ဒီအတိုင်းဆိုရင် ကျွန်မတို့ အားကုန်တဲ့အထိ တိုက်ရလိမ့်မယ်"

တကယ်တော့ သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်များအဖို့ နတ်ဆိုးသတ္တဝါတကောင်နှင့် အင်အားကုန်ခန်းသည်အထိ တိုက်ခိုက်ရန်မှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။

သို့သော် သူမ၏ စကားကို မည်သူကမှ ပြသနာဟု သဘောထားဟန်မရှိချေ။

စကားဆုံးသည်နှင့် ကျူးကျွန်ကျာ့က ဆေးပုလင်းတလုံးကို ဆွဲထုတ်လိုက်၏။

စုချန်း၏ လက်ရာ ဝိညာဉ်တည်ငြိမ်ခြင်းဆေးပေတည်း။

ဆေးသောက်ပြီးသည်နှင့် ကျူးကျွန်ကျာ့၏ စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်းလိုလိုပင် ပြန်လည် ပြည့်ဖြိုးလာ၏။

ထိုအခါ သူမက အားရပါးရ ရယ်မောပြီး ဟစ်ကြွေးလိုက်သည်။

"ကဲ ဆက်တိုက်ကြတာပေါ့ မင်းနဲ့ငါနဲ့ ဘယ်သူ ပိုခံနိင်မလဲ ကြည့်ကြမယ် ဒီကနေ့မှာတော့ ဘာကြီးပဲ ဖြစ်နေနေ မင်းကိုငါ ရအောင်ယူတော့မှာပဲ"

All Chapters