ဝိညာဉ်မျိုးစိတ် ၂
Vol. 43 Ch. 424
ရှေးယခင်က မူလကမ္ဘာကြီးဝယ် မည်သည့် ဝိညာဉ်မှ မရှိခဲ့ပေ။ လူတယောက်သည် သေဆုံးသွားပြီဆိုပါက ကမ္ဘာကြီးပေါ်မှ အပြီးတိုင် ပျောက်ဆုံးသွားခြင်းသာ ဖြစ်သည်။ ၎င်း၏ မည်သည့် အစိတ်အပိုင်းမှ ကြွင်းကျန်ရစ်ခဲ့တော့သည်မဟုတ်။
ထို့ကြောင့် ဝိညာဉ်မျိုးစိတ်များ ပေါ်မလာမီအချိန်ထိ ၎င်းတို့သည် သာမာန်စိတ်ကူးယဉ်ဇတ်လမ်းများထက် မပိုချေ။
သို့သော် ဝိညာဉ်မျိုးစိတ်ဟူသော အမည်နာမနှင့်အတူ ဤမဟာပထဝီမြေကြီးဝယ် ဝိညာဉ်များ ကုဋေကုဋာ ပေါ်ပေါက်လာခဲ့လေသည်။
တခြားမျိုးစိတ်များနှင့် မတူညီသည်မှာကား ဝိညာဉ်မျိုးစိတ်သည် သူ့အလိုလို ပေါ်ပေါက်လာခြင်းမဟုတ်ပဲ တခြားမျိုးစိတ်တခု၏ ဖန်တီးမှုကြောင့်သာ ပေါ်ပေါက်လာရခြင်းပေတည်း။
သင့််အနေနှင့် ဝိညာဉ်မျိုးစိတ်ဝင်တဦးဖြစ်လာပါက ထာဝရ အသက်ရှင်နိုင်သွားတော့မည် ဖြစ်သည်။
ဤမျိုးစိတ်ဝင်များ၏ အသက်သည် ဘယ်အချိန်ထိ ရှည်နေမည်ကို မည်သူမှမသိချေ။ သို့သော် ဝိညာဉ်မျိုးစိတ်ဝင်တဦး အိုမင်းမစွမ်းဖြစ်လာ၍ သေဆုံးသွားခြင်းမျိုးတော့ ယခုအချိန်ထိ မရှိသေး။ ပိတ်လော့သည်ပင် တနည်းတဖုံအားဖြင့် ဝိညာဉ်မျိုးစိတ်ဟု ဆိုနိုင်သည်။ သို့သော် သူ့အခြေအနေမှာကား တသမတ်တည်းသာ ဖြစ်သည်။ သူ့အနေနှင့် ရုပ်ပိုင်းဆိုင်ရာ ပုံစံအဖြစ်သို့ သူ့ကိုယ်သူ ပြောင်းလဲနိုင်စွမ်းမရှိချေ။ သူဘဝသည် ဝိညာဉ်ကျောက်ပြားအပေါ်တွင်သာ မှီခိုနေရလေသည်။ ထိုတချက်မှလွဲ၍ သူနှင့် ကျန်ဝိညာဉ်မျိုးစိတ်ဝင်များသည် ကျန်အချက်များတွင်တော့ အတူတူသာ ဖြစ်သည်။ ဝိညာဉ်ဖြစ်နေ၍သာ ပိတ်လော့တယောက် နှစ်ပေါင်းသိန်းနှင့်ချီအောင် ဘာမှမဖြစ်ပဲ အသက်ရှင်နေထိုင်နိုင်ခဲ့သည် မဟုတ်ပါလား။
အစ်နာတီးယပ်စ်သည် စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူသည် အောင်မြင်မှု၏ လမ်းဆုံလမ်းခွဆီသို့ ရောက်ရှိနိုင်ခဲ့ပုံရလေသည်။ သို့သော် စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာ၏ ကန့်သတ်ချက်များကိုတော့ အစ်နာတီးယပ်စ်အနေနှင့် အသက်သေဆုံးသွားသည့်တိုင်အောင် ချိုးဖျက်နိုင်ခဲ့ပုံမရချေ။
သုတေသနများသည် တခုပြီးတခု ရှုံးနိမ့်ကုန်၏။ ထာဝရရှင်သန်ခြင်းအပေါ် အာကင်နာများ၏ စိတ်ထက်သန်မှုမှာလည်း တဖြည်းဖြည်း လျော့ပါးကုန်လေသည်။ နောက်ဆုံးတွင်တော့ အနည်းငယ်သော အာကင်နာများသာလျင် အဆိုပါ အချည်းနှီးသော သုတေသနကို ဆက်လက်လုပ်ကိုင်ကြတော့သည်။
အာကင်နာနိုင်ငံတော်ကြီး ပြိုလဲပျက်စီးသွားသည့် နောက်ပိုင်းတွင်တော့ အနက်ရောင် ဝိညာဉ်မျိုးစိတ်များ ဦးဆောင်သည့် အုပ်စုတစုက စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာအား ရရှိသွားခဲ့၏။
သို့သော် အဆိုပါ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာအား ရရှိသွားခဲ့သည့် အနက်ရောင်ဝိညာဉ်မျိုးစိတ်အုပ်စုထဲတွင်လည်း အသုံးချပုံနှင့် ပတ်သက်၍ သဘောမတူညီမှုများ ပေါ်ပေါက်လာပြန်၏။
တချို့သော အနက်ရောင်ဝိညာဉ်မျိုးစိတ်ဝင်တချို့က သူတို့ မျိုးနွယ်စု လွတ်လပ်သွားစေရန် ဤကိရိယာအား ဖျက်ဆီးပစ်လို၏။ သို့သော် ဤကိရိယာနှင့် ပြောင်းလဲခြင်းခံလိုက်ရပြီး အသစ်ထွက်ပေါ်လာသည့် ဝိညာဉ်မျိုးစိတ်ဝင်များကမူ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာအား ဖျက်ဆီးပစ်မည့်ကိစ္စကို သဘောမတူခဲ့ချေ။
ဤနည်းအားဖြင့် နောက်ဆုံးတွင် ဝိညာဉ်မျိုးစိတ်များ အုပ်စုနှစ်စုအဖြစ် ကွဲထွက်သွားတော့သည်။
ထိုအထဲမှ အုပ်စုတစုသည်ကား မူလအုပ်စုကြီးဆီမှ ခွဲထွက်သွားပြီး ၎င်းတို့၏ နေရင်းဌာနေများဆီသို့ ပြန်ရစ်ကြကုန်၏။ တနည်းအားဖြင့် ထာဝရမှောင်မိုက်စိုစွတ်နေသော မြေကြီးအောက်ဆီသို့ပေတည်း။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အမှောင်ထုထဲတွင် ပို၍ မြင်နိုင်လာသလို အမှောင်ထဲဝယ် တစ္ဆေတကောင်ကဲ့သို့ သွားလာလှုပ်ရှားနိုင်လာတော့သည်။ သို့သော် ကြည့်ရဆိုးသော ရုပ်သွင်ကို ရှက်ရွံ့ကြသည်ဖြစ်၍ ၎င်းတို့သည် အနက်ရောင်ဝိညာဉ်မျိုးစိတ်ဟု အမည်မခံကြတော့ပဲ ညမျိုးစိတ် သို့မဟုတ် အမှောင်မျိုးစိတ်ဟု ကိုယ့်ကိုယ်ကို သုံးနှုံးကြလေသည်။
နောက်ထပ် အုပ်စုတစုမှာကား တီထွင်သူများ၏ ခြေလှမ်းအတိုင်း တထပ်တည်း လှမ်းရစ်ကြကုန်၏။ ၎င်းတို့သည် စိတ်ဝိညာဉ်ပြောင်းလဲခြင်းကိရိယာကို အသုံးပြုကာ ကိုယ့်ကိုယ်ကို စိတ်ဝိညာဉ်အခြေခံသက်ရှိပုံစံများအဖြစ်သို့ အလုံးစုံ ပြောင်းလဲလိုက်ကြလေသည်။
ဤအုပ်စုသည်ပင် ဝိညာဉ်မျိုးစိတ် ဖြစ်လာ၏။
တကိုယ်လုံးကို ထူထပ်သိပ်သည်းသည့် မူလစွမ်းအင်များနှင့် ဖန်တီးထားခြင်းကြောင့် ဝိညာဉ်မျိုးစိတ်များတွင် မွေးရာပါ မူလစွမ်းအင်များကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိကြ၏။ ၎င်းတို့၏ တဦးချင်း အင်အားမှာလည်း ကျန်မျိုးစိတ်ကြီး ငါးစိတ်ထက် သာလွန်နေကြသည်က အမှန်ပင်။ ဘယ်တော့မှ မပုပ်သိုးနိုင်သည့် ကိုယ်ခန္ဓာနှင့် ဘယ်တော့မှ မသေဆုံးနိုင်သည့် အသက်ဓာတ်ကို ပိုင်ဆိုင်ထား၍လည်း ကြီးမားသော အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည့် ထာဝရစစ်သားများဟုလည်း ဆိုနိုင်ပေသည်။
ထာဝရရှင်သန်ခြင်းနှင့် ကြီးမားသော အင်အားကို ပိုင်ဆိုင်ထားခြင်းကြောင့် ဝိညာဉ်မျိုးစိတ်များအနေနှင့် မူလကမ္ဘာ၏ သမိုင်းကြောင်းတလျှောက်တွင် အခမ်းနားဆုံးသော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သင့်၏။
သို့သော် ကျေးဇူတင်စရာကောင်းသည်မှာကား ဝိညာဉ်မျိုးစိတ်များတွင် အားနည်းချက်ကြီးနှစ်ချက် ရှိနေခြင်းပင်။
ပထမတချက်အနေနှင့် ဝိညာဉ်မျိုးစိတ်များတွင် မျိုးပွားနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် သူတို့သည် ဂလွမ်းမြို့တော်ရှိ မျိုးဆက်ပွားခြင်းကျောင်းတော်၏ အသည်းနှလုံးဆီသို့ သွားရောက်ကာ မျိုးဆက်သစ်များ မွေးထုတ်ကြရလေသည်။ ၎င်းကို မွေးဖွားခြင်း မိခင်များဟု ဝိညာဉ်မျိုးစိတ်များက ခေါ်ဆိုကြသည်။
ဒုတိယအချက်မှာကား ဝိညာဉ်မျိုးစိတ်တိုင်းလိုလိုသည် သီးသန့်နေထိုင်တတ်သူများ ဖြစ်နေခြင်းပင်။
အဆုံးမဲ့သက်တမ်းမျိုးကို ပိုင်ဆိုင်ထားခြင်းသည် ဝိညာဉ်မျိုးစိတ်များအား ပျင်းရိငြီးငွေ့လာစေ၏။ ထိုအခါ ၎င်းတို့သည် ကမ္ဘာအနှံ့အပြားသို့ ခြေဆန့်နေကြတော့သည်။
တဖက်တွင်လည်း သူတို့သည် မူလစွမ်းအင်၏ အဆုံးအစမရှိနိုင်သော လျှို့ဝှက်ချက်များအား လိုက်လံရှာဖွေလျက် ရှိကြကုန်၏။ ထိုသို့ဖြစ်ရခြင်းမှာ အာကင်နာမျိုးစိတ်များ၏ ညဏ်ပညာမှ မွေးဖွားလာသည်ဟုဆိုနိုင်သော ဝိညာဉ်မျိုးစိတ်များ ကိုယ်နှိုက်ကိုယ်က ကမ္ဘာကြီး၏ ဆန်းကြယ်မှုများအား သုတေသန ပြုလုပ်ရန် အထူးတလည် ဝါသနာပါနေကြခြင်းကြောင့်ပင်။
ထိုသို့ သီးသန့်နေထိုင်တတ်ခြင်း၊ စုပေါင်းလုပ်ကိုင်ရာတွင် အလေ့အကျင့်မရှိခြင်းတို့ကြောင့် ဝိညာဉ်မျိုးစိတ်များသည် တိုက်ပွဲကြီးများ တိုက်နိုင်စွမ်းမရှိတော့ပဲ အထက်က ဆိုခဲ့သည့် နိုင်ငံတော်မျိုးလည်း ဘယ်တော့မှ တည်ဆောက်နိုင်ခြင်း မရှိခဲ့တော့ပေ။
ကြယ်စုနှစ်သစ် ၈၃၀၀နှစ်တွင်တော့ ဝိညာဉ်မျိုးစိတ်များအကြား အဖြစ်အပျက်ကြီးတခု ဖြစ်ပွားခဲ့တော့သည်။
ဝိညာဉ်မျိုးစိတ်ဌာနချုပ်တွင် မတော်တဆ ပေါက်ကွဲမှုကြီး ပေါ်ပေါက်ခဲ့ပြီး မျိုးဆက်ပွားခြင်းကျောင်းတော်မှာ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့၏။ မွေးဖွားခြင်းမိခင်များမှာလည်း တပါတည်း အသက်ပျောက်ကုန်ကြလေသည်။
ထိုအခါ ဝိညာဉ်မျိုးစိတ်များသည် ၎င်းတို့၏ မူလဘူျ မျိုးစိတ်များဖြစ်သည့် အမှောင်မျိုးစိတ်များထံသို့ သွားရောက်ကာ မွေးဖွားခြင်းမိခင်တစုံ ထပ်မံတောင်းခံခဲ့ကြ၏။ သို့သော် အမှောင်မျိုးစိတ်များသည်ကား မြေအောက်တွင် နေထိုင်လာခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်လေရာ ၎င်းတို့၏ မျိုးဆက်ဗီဇများက ဝိညာဉ်မျိုးစိတ်များနှင့် ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။
အကျိုးဆက်မှာကား အသစ်ရရှိလာသည့် မွေးဖွားခြင်းမိခင်များမှ မွေးထုတ်ပေးလိုက်သည့် ဝိညာဉ်မျိုးဆက်သစ်များသည် အရည်အသွေး မပြည့်ဝတော့ပေ။
ထိုနေ့ထိုအချိန်မှစ၍ ဝိညာဉ်မျိုးစိတ်များ၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်း ကျဆင်းသွားတော့သည်။
သို့သော် ဝိညာဉ်မျိုးစိတ်များသည်ကား ၎င်းတို့၏ မျိုးဆက်ပွားခြင်းကျောင်းတော်ကို ပြန်လည်ဖန်တီးနိုင်မည့် လမ်းကြောင်းသစ်တခုကို ယနေ့တိုင် ရှာဖွေလျက်ရှိကြလေသည်။
_____________×××______________×××_________
ထို့ကြောင့် နတ်ဆိုးက ကလေးသူငယ်များအား ပို့ဆောင်ခြင်းပြသနာကို ကြားလိုက်သည်နှင့် ၎င်းသည် ဝိညာဉ်မျိုးစိတ်များ၏ မျိုးဆက်ပွားခြင်းဆိုင်ရာ သုတေသနတခု ဖြစ်နိုင်ကြောင်း စုချန်းက သံသယဖြစ်နေခဲ့ခြင်းပင်။ နောက်ပိုင်း ဝေလျန်ချန်းနှင့် ခရမ်းရောင်သလင်းကျောက်တို့ကို ထပ်တွေ့လိုက်ရ၍ စုချန်း၏ သံသယမှာ ပို၍ပင် ခိုင်မာသွားခဲ့လေသည်။
ဂျီဟန်းယင်၏ စကားကို ကြားလိုက်သည်နှင့် စုချနန်းက ရယ်မောလိုက်၏။
"ဒါဆိုရင် ကြည်လင်မြစ်မြို့တော်က ဝိညာဉ်မျိုးစိတ်တွေနဲ့ ပါချွန်းက ဝိညာဉ်မျိုးစိတ်တွေဟာ တူမတူ ကျုပ်တို့ သေသေချာချာ မပြောနိုင်သေးဘူးပေါ့"
"ဒါကတော့ ပြောဖို့ခက်တယ် ဒီဝိညာဉ်မျိုးစိတ်တွေဟာ အလုပ်ကို အင်မတန် လျှို့ဝှက်ပြီး လုပ်တတ်တယ် ဒါ့အပြင် မျိုးဆက်ပွားကျောင်းတော်ဆိုတာကလည်း သူတို့ရဲ့ သမိုင်းကြောင်းတလျှောက်မှာ အရေးအကြီးဆုံး ဆိုတော့ ဒီသုတေသနကို သူတို့ နယ်မြေနှစ်ခုမှာ အုပ်စုနှစ်စု ခွဲပြီးလုပ်နေတယ်ဆိုရင်လဲ ဖြစ်နိုင်တာပဲ"
ဂျီဟန်းယင်က ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ ခင်ဗျားတို့ ကျီးကန်းနယ်မြေကို အလကားသက်သက် လာတာတော့ မဟုတ်ဘူးမလား"
စုချန်းက မေးလိုက်ပြန်၏။
"ကျွန်မတို့ ဒီကိုလာတာ ဝိညာဉ်မျိုးစိတ်တွေနဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး သီးခြားလူတယောက်ကို ရှာဖို့ပဲ"
"ဘယ်သူပါလိမ့်"
"လွန်ခဲ့တဲ့ တနှစ်ခွဲကပေါ့ ကျွန်မပြောခဲ့တဲ့ လှိုဏ်ဂူကို ရှာတွေ့ခဲ့တဲ့ ပါချွန်းရဲ့ ဒုအုပ်ချုပ်ရေးမှုး ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ် ဒါပေမဲ့ သူပျောက်ဆုံးမသွားခင် စာတစောင်ချန်ရစ်ခဲ့တယ် အဲဒီစာထဲမှာ ဒီပြသနာကို ဖန်တီးခဲ့တဲ့ ဝိညာဉ်မျိုးစိတ်ဝင်နဲ့ ပတ်သက်တဲ့ သဲလွန်စတချု့ိကို သူ ရှာတွေ့ခဲ့သတဲ့ အဲဒီကတည်းက သူ ပျောက်သွားတော့တာပဲရှင့် စုံစမ်းစစ်ဆေးရေးဗျုရိုဟာ သူ့ကို အချိန်အကြာကြီး လိုက်ရှာခဲ့တယ် ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး ပြီးတော့ သိပ်မကြာဘူး ကျွန်မတို့ ကျောင်းဆင်းလာခဲ့တယ် ကျွန်မလဲ သူ့နေရာကို အစားထိုးဖို့ စေလွှတ်ခံရတာပဲလေ"
ဂျီဟန်းယင်က ဆက်လက်ရှင်းပြပြန်၏။
"ကျွန်မလဲ ပါချွန်းကို ရောက်တာနဲ့ သူ့အမှုကို ဆက်လိုက်တယ် ဒါပေမဲ့ ဘာသဲလွန်စမှ မရတာနဲ့ လက်လျှော့လိုက်ရတယ် ဒါပေမဲ့ သူ့သား ဝေရှောက်ဖန်းကတော့ လုံးဝလက်မလျှော့ခဲ့ဘူးရှင့် လွန်ခဲ့တဲ့ သုံးလလောက်က ဝေရှောက်ဖန်းဆီက စာတစောင် ကျွန်မဆီ ရောက်လာတယ် တစုံတယောက်ဟာ သူ့အဖေကို ကျီးကန်းနယ်မြေမှာ တွေ့လိုက်သတဲ့ ဒါကြောင့်် သူ့အဖေကို ရှာဖို့ ကျီးကန်းနယ်မြေကို သူ လိုက်သွားပြီတဲ့ သိပ်မကြာဘူး သူလဲ သူ့အဖေလို ပျောက်သွားတော့တာပဲ ဒါပေမဲ့ သူ ပျောက်မသွားခင် ကျီးကန်းနယ်မြေထဲမှာ ဒါမှမဟုတ် အနီးမှာ ဝိညာဉ်မျိုးစိတ်တွေ ကောင်းကောင်း တည်ရှိနေကြတယ်ဆိုတဲ့ သဲလွန်စတချို့ကိုတော့ ထားရစ်ပစ်ခဲ့တယ်"
"လက်စသတ်တော့ အဲဒီလိုကိုး"
စုချန်းက ရေရွတ်လိုက်သည်။
"ဒီအတိုင်းဆိုရင် ပါချွန်းနဲ့ ဒီက ဝိညာဉ်မျိုးစိတ်တွေဟာ အတူတူပဲလို့ ပြောရမလို ဖြစ်နေပြီ"
"ဖြစ်နိုင်ချေရှိတာပေါ့ရှင် ဒါပေမဲ့ လောလောဆယ် အရေးအကြီးဆုံးက ကျွန်မတို့အနေနဲ့ ဝေရှောက်ဖန်းကို ရှာဖို့ပဲ သူ့ကိုတွေ့ရင် ဝိညာဉ်မျိုးစိတ်တွေကို ရှာတွေ့ပြီ"
"ဝေရှောက်ဖန်း မသေေးဘူးလို့ ခင်ဗျား ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ဝေရှောက်ဖန်းဟာ တော်ဝင်မျိုးနွယ်စုဝင်ပဲ သူ့ရဲ့ သွေးဗီဇက သိပ်မထူးဆန်းလှပေမဲ့ သူ သေမသေဆိုတာကို သွေးဗီဇခြေရာတွေကနေတဆင့် ကျွန်မတို့ကို လှမ်းပြောနိုင်တဲ့ အစွမ်းတော့ရှိတယ် ဒါ့အပြင် ဒီသွေးဗီဇခြေရာဟာ သူဘယ်နေရာမှာ ရှိသလဲဆိုတာကိုပါ ညွှန်ပြနိုင်သေးတယ်ရှင့်် ပြီးခဲ့တဲ့ တလျှောက်လုံးမှာ ဝေရှောက်ဖန်းရဲ့ သွေးဗီဇခြေရာဟာ ကြည်လင်မြို့တော်တဝိုက်ကို ညွှန်ပြနေခဲ့တယ် ဒါကြောင့် ကျွန်မတို့ ဒီကို အမြန်ဆုံး လိုက်လာရတာပဲ"
စုချန်းက ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိုး ဒါနဲ့ နေစမ်းပါအုံး ခင်ဗျားတို့ရဲ့ အရင် ဒုအုပ်ချုပ်ရေးမှုးက ဘယ်သူတဲ့တုန်း"
ဂျီဟန်းယင်က ပြန်ဖြေလိုက်သည်။
"သူ့နာမည် ဝေလျန်ချန်းလို့ ခေါ်တယ်ရှင့်"