မြွေအား ယဉ်ပါးစေခြင်း
Vol. 020 Ch. 1902
“အဆင့်ရှစ်မိစ္ဆာအင်ပါယာ...” ရီဖူရှင်းက ထိုနေရာသို့ရောက်သည်နှင့် ပြင်းထန်သောယင်ဓာတ်များနှင့် တိုက်စားလာသော လှိုင်းများကို ခံစားရသည်။ ထိုနေရာကား ကြောက်စရာကောင်း၏။ ထိုနေရာတွင်ရပ်နေခြင်းက တစ်စုံတစ်ယောက်သည် မည်သည့်အချိန်၌မဆို သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု ဆိုလိုသည်။
အောက်တွင်ကား သေဆုံးခြင်းပင်လယ်ရှိသည်။ ထိုသေဆုံးခြင်းပင်လယ်ကား ငရဲကြာပန်းများဖြင့် ပြည့်နေ၏။ များစွာသော ငရဲကြာပန်းများသည် ကျွန်းတခွင် ပြည့်နှက်နေကာ သက်ရှိများအားလုံးကို ဝါးမျိုလျှက် သေဆုံးခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
မြွေမိစ္ဆာ၏ဘေး၌ကား ဧရာမကြာပန်းနက်တစ်ခုရှိသည်။ ကြာပန်းတွင် ပွင့်လွှာကိုးချပ်ရှိ၏။ အနက်ရောင်ပွင့်ချက်များသည် သေဆုံးခြင်းအလင်းများဖြင့် စိုတောက်နေသည်။ ပွင့်ချပ်များသည် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ ပွင့်လွှာတစ်ခုစီသည် လူတစ်ရာခန့်ကို သယ်ဆောင်နိုင်လောက်အောင် ကြီးမား၏။ ကြာပန်းသည်လည်း လူသားစားပန်းတစ်မျိုးဖြစ်ဟန်ရသည်။
ဧရာမမြွေကြီးသည် အပင်၏ဘေးနားတွင် ရစ်ပတ်ကာ ၄င်းအား ကာကွယ်လျှင် စွမ်းအားများကို စုပ်ယူနေသည်။
“ငရဲကြာပန်းဘုရင်... ငရဲသားရဲကြာပန်းတွေ...” အင်ပါယာဟယ်လျန်က ရေရွက်သည် “ဒီသတ္တဝါဟာ ကြောက်စရာယင်ဓာတ်ဆေးလုံးအဖြစ် ဖန်တီးနိုင်တယ်။ သာမန်လူတွေသာ စားသုံးရင် သေချာပေါက် သေလိမ့်မယ်။ ဒါပေမဲ့ သေဆုံးခြင်းလမ်းစဉ်ကို ကျင့်ကြံသူတွေသာ စားသုံးရင် ဒါက အရမ်းကို အကျိုးကျေးဇူးဖြစ်လိမ့်မယ်။ ဒါကို ဆေးလုံးအဖြစ် မလုပ်ခဲ့ရင်တောင်မှ ငရဲသားရဲကြာပန်းကိုယ်တိုင်က အရမ်းအားကောင်းတဲ့ သေဆုံးခြင်းသစ်ပင်ဖြစ်နေမှာပဲ”
ရီဖူရှင်းကလည်း လှမ်းကြည့်သည်။ သူက သူနှင့် အရောင်းအဝယ်ပြုလုပ်ရန် ငြင်းဆန်ခဲ့သော ငရဲကြာပန်းပိုင်ရှင်ကိုလည်း တွေ့၏။ ငရဲကြာပန်းများ မည်မျှ တန်ဖိုးကြီးသည်ကို သူသိ၏။ သို့သော်လည်း လက်ရှိတွင် ပင်လယ်ကြီးတမျှ များပြားသော ငရဲကြာပန်းများကို သူမြင်နေရသည်။
ထို့အပြင် ငရဲသားရဲကြာပန်းနှင့် အနီးတဝိုက်မှ ကြာပန်းများမှာ အရည်အသွေးမြင့်ကြ၏။ ၄င်းတို့သည် သတ္တမအဆင့် သို့မဟုတ် ပို၍အဆင့်မြင့်သော ဝိညာဉ်လက်နက်များနှင့် ညီမျှသည်။
ထိုပင်လယ်တမျှ များပြားသော ငရဲကြာပန်းများက မည်မျှကြီးမားသော ကြွယ်ဝမှုကို ပေးစွမ်းနိုင်သည်အား လူတိုင်း ခန့်မှန်းနိုင်သည်။ အဆင့်မြင့်ရန်ဟောင်များအတွက် ကြီးမားသော ကြွယ်ဝချမ်းသာမှုဖြစ်၏။
ရန်တောက်ရင်ကား ရီဖူရှင်းအား ငရဲကြာပန်းရောင်းရန် ငြင်းဆန်ခဲ့သော ကျင့်ကြံသူဖြစ်သည်။ သူကလည်း ရီဖူရှင်း၏တည်ရှိမှုကို သတိပြုမိ၏။ သူက ရီဖူရှင်းအား လှမ်းကြည့်သည်။ သည်မတိုင်ခင်က သူသည် ရီဖူရှင်းအား ငရဲကြာပန်းရောင်းရန် ငြင်းဆန်ကာ မလေးမစား ဆက်ဆံခဲ့၏။ ရီဖူရှင်းက သူ့အား လက်စားချေနိုင်သည်ကို သူသိသည်။
ကြည့်ရသည်မှာ သူ့အနေဖြင့် သတိထားရန် လိုသည်ဟု ရန်တောက်ရင်က တွေးမိသည်။
“မင်းတို့ ဆက်နေဦးမယ်ဆိုရင် ကျုပ်က မတတ်သာဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရတော့မှာပဲ” မြွေကြီးက လူတို့၏လေသံဖြင့် ပြောသည်။ သူ စကားပြောလျှင် ပါးစပ်မှ အခိုးအငွေ့များထွက်၏။ ထိုအခိုးအငွေ့များသည် ပတ်ဝန်းကျင်အား မသက်မသာဖြစ်စေသည်။ အားနည်းသော ကျင့်ကြံသူတို့ကား စွမ်းအားများထုတ်ကာ ခုခံကြရသည်။
မြွေမိစ္ဆာကား ရန်ဟောင်အဆင့်ရှစ်သို့ ရောက်နေပြီဖြစ်သည်။ ကျွန်းပေါ်မှ စွမ်းအားများကို စုပ်ယူပြီးပါက သူသည် အဆင့်ကိုးသို့ တက်ရောက်ရန် အခွင့်အလမ်းရှိ၏။ ၄င်းအချိန်သို့ရောက်လျှင် အဝေးသို့ ထွက်သွားခွင့်ရှိနိုင်ပေသည်။ သူသည် ကျွန်း၏အချုပ်အနှောင်မှ လွတ်မြောက်နိုင်ပေသည်။
သူသည် ကျွန်းပေါ်တွင် ပိတ်မိနေသည်မှာ နှစ်ထောင်ပေါင်းများစွာကြာပြီဖြစ်သည်။ သည်နေရာတွင် သူ ဆက်မနေလိုတော့။ သူ့အား ဖမ်းကာ သည်နေရာတွင် ထားပစ်ခဲ့သောလူသည် သေဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူတို့က သူ့အား လွှတ်ပေးလိုခြင်းမရှိသေးပေ။
သူသည် ထွက်ပြေးရန် ကြံရွယ်ဖူးသော်လည်း အကြိမ်တိုင်း ပြန်အဖမ်းခံရကာ ရိုက်နှက်အပြစ်ပေးခံရလေ့ရှိသည်။ နောက်ပိုင်းတွင် သူသည် ထွက်ပြေးမည့်အစား ကျင့်ကြံခြင်း၌ ပို၍ အာရုံစိုက်ခဲ့၏။ သူ့အား ဖမ်းဆီးခဲ့သောလူကား သေဆုံးသွားပြီးဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုတွင်လည်း နဝမအဆင့်နတ်ဝင်ရိုးပိုင်ရှင် မရှိလောက်တော့ရာ သူသာလျှင် ၄င်းအဆင့်သို့ တက်ရောက်ခဲ့ပါက ဤကျွန်းမှ ထွက်သွားနိုင်ပေမည်။
သို့သော်လည်း အရှေ့နတ်ဘုရားကျွန်းစုသည် ဆယ်စုနှစ်တစ်ခုကြာတိုင်း ကျွန်းပေါ်သို့ လူများခေါ်ဆောင်လေ့ရှိသည်။ ထိုလူများသည် သူ့ထံသို့ လာရောက်ကာ အသေခံကြလေ့ရှိ၏။ သူကလည်း ငရဲကြာပန်းများ၏မြေသြဇာများအဖြစ် ထိုလူများကို သတ်ဖြတ်ရန် ဝန်မလေးခဲ့ပေ။
ယခု ထပ်မံ၍ သေမည့်လူများ ရောက်လာကြပြန်လေသည်။
ရီဖူရှင်းက ငရဲကြာပန်းများကို ကြည့်သည်။ ဤကြာပန်းများသည်ကား ယခင် ရီဖူရှင်း ဝယ်ယူရန် ကြိုးစားခဲ့သော ကြာပန်းများထက် အရည်အသွေးမြင့်၏။ ကြာပန်းများသည် ရှားရှင်းယွန်အတွက် အလွန်အကျိုးများပေမည်။
“အိမ်တော်သခင်... ကျုပ်က မိန်းကလေးရှားအတွက် ကြာပန်းခူးပေးပါ့မယ်” ပေ့ကုန်းအော့က ဆိုသည်။ သူ၏ခွန်အားကို စမ်းသပ်ရန် အချိန်ကောင်းရောက်လာပြီဖြစ်သည်။ သူကား ရန်ဟောင်အဆင့်ရှစ်သို့ တက်လှမ်းခဲ့ကာ ၄င်းအား ရီဖူရှင်းက အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ ယခု သူက ရီဖူရှင်းအတွက် တစ်စုံတစ်ခု အကျိုးပြုရန် အချိန်ကို ရောက်လာပြီဖြစ်သည်။
မြွေမိစ္ဆာက ပေ့ကုန်းအော့ကို ကြည့်သည်။ သူ့မျက်လုံးများမှ သေဆုံးခြင်းအငွေ့အသက်များ ထွက်ပေါ်လာ၏။ ၄င်းကား အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ခြေတစ်လှမ်းဖြင့် ပေ့ကုန်းအော့သည် ရှေ့ကို ရွေ့လျားသွားသည်။ သူသည် မြွေကြီးအပေါ်မှ လေထဲတွင် ရပ်နေကာ ချက်ချင်း သူ့အပေါ်မှ မိုးကြိုးလျှပ်စီးများသည် ကျွန်းတစ်ခုလုံးကို ဖုံးအုပ်လာတော့သည်။ လျှပ်စီးတန်းများသည် အဆက်မပြတ်ကျဆင်းလာခဲ့ကာ မကောင်းသော အငွေ့အသက်များကို ပယ်ဖျက်၏။
မိုးကြိုးလျှပ်စီးသည် မကောင်းသော အငွေ့အသက်များ၏ရန်သူဖြစ်ပေသည်။
ပေ့ကုန်းအော့က လက်ဆန့်တန်းကာ ရိုက်ချလိုက်သည်။ ချက်ချင်းပင် ဧရာမလက်ဝါးပုံရိပ်သည် ပြင်းထန်သော မိုးကြိုးစွမ်းအားကို သယ်ဆောင်ကာ မြွေကြီးထံသို့ ဆင်းလာခဲ့သည်။
မြွေကြီးက မာန်တစ်ချက်ဖီလိုက်လျှင် သေဆုံးခြင်းအငွေ့အသက်များသည် ကောင်းကင်ကို ဖုံးအုပ်သွား၏။ သို့သော်လည်း ပေ့ကုန်းအော့ကား မိုးကြိုးလျပ်စစ်များဖြင့် ရစ်ပတ်ထားရာ မကောင်းဆိုးဝါးစွမ်းအားများ သူ့ကို မထိခိုက်စေနိုင်ပေ။
မြွေကြီးအား အနက်ရောင်အကြေးခွံများဖြင့် ရစ်ပတ်ထားသည်။ ၄င်း၏ဧရာမအမြီးက မိုးကြိုးလက်ဝါးအား ရင်ဆိုင်ခုခံသည်။ ၄င်းတို့ ရင်ဆိုင်တွေ့လျှင် ဧရာမပေါက်ကွဲမှုတစ်ခုသည် လေထုကို တုန်ခါစေပြီး မြွေအမြီးမှာ အကြေးခွံများ အက်ကွဲပျက်စီးရပြီး သွေးများ အလိမ်းလိမ်း ဖြစ်ပေါ်လာသည်။
ပေ့ကုန်းအော့က နောက်တစ်လှမ်းတိုးလိုက်၏။ များစွာသော လျှပ်စီးတန်းများသည် ကောင်းကင်ကို ခွင်းကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်၏။ ထိုအခိုက်တွင် ပေ့ကုန်းအော့၏ခန္ဓာကိုယ်သည် မိုးကြိုးလျပ်စီးများကို ဝါးမျိုနေဟန်ရသည်။ သူ့အပေါ်တွင် မိုးကြိုးနတ်ဘုရားပုံရိပ်တစ်ခုဖြစ်ပေါ်လာ၏။
ဝုန်း...
မိုးကြိုးလျပ်စီးတန်းများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာ၏။ ၄င်းတို့သည် ပေ့ကုန်းအော့အနီးတွင် ရစ်ပတ်နေကာ သူ့အား မိုးကြိုးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
သူ့ရှေ့မှ မြင်ကွင်းကိုတွေ့မြင်ပြီးနောက်တွင် ပေ့ကုန်းအော့သည် အဆင့်တက်ပြီးနောက် မဟာလမ်းစဉ်အပေါ် သူ၏နားလည်သဘောပေါက်မှုသည် ပိုမို၍ နက်ရှိုင်းလာသည်ဟု သိနားလိုက်လိုက်သည်။ သူကား မိုးကြိုးလျှပ်စီးဓားတ်၏အနှစ်သာရကို ဖမ်းဆုပ်မိလုနီးပါး အဆင့်ကို ရောက်နေပြီဖြစ်သည်။
လျပ်စီးတန်းများသည် အရာအားလုံးကို ဖြတ်တောက်ဖျက်ဆီးသွား၏။ လေထဲမှ ပေ့ကုန်းအော့၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအခိုက်တွင် သူသည် မြွေကြီး၏ရှေ့၌ ရုတ်တရက်ပေါ်လာပြီး လက်ကိုမြှောက်ကာ တိုက်ခိုက်လိုက်သည်။
ချက်ချင်းပင် မိစ္ဆာမြွေသည် မိုးကြိုးလျှပ်စီးများဖြင့် ဖုံးအုပ်သွား၏။ သွေးများအလိမ်းလိမ်းဖြင့် မြွေကြီးသည် နာကျင်စွာ အော်ဟစ်နေသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် အဆက်မပြတ် တွန့်လိမ်နေခဲ့ကာ သေဆုံးခြင်းစွမ်းအားများ ထိုနေရာတစ်ခုလုံးကို လွင့်ပျံ့လာတော့သည်။
“တိုက်ကြဟေ့...” တခြားလူများကလည်း စတင်လှုပ်ရှားကြသည်။ သူတို့က စွမ်းအားများကိုထုတ်ကာ မြွေကြီးအား စတင်တိုက်ခိုက်ကြ၏။ သို့သော်လည်း သူတို့၏မျက်လုံးများသည် ငရဲသားရဲကြာပန်းထံသို့သာ ရောက်ရှိနေကြသည်။ ထိုအရာသည်သာ သူတို့၏ရည်ရွယ်ချက်ဖြစ်သည်။
မြွေမိစ္ဆာကား တိုက်ခိုက်မှုများကြောင့် နောက်ဆုတ်သွားရသည်။ ထို့နောက် လူအများအပြားသည် မြန်ဆန်စွာဖြင့် ငရဲသားရဲကြာပန်းထံသို့ ဦးတည်သွားကြသည်။ သူတို့အားလုံးသည် လျှပ်စီးများအလား မြန်ဆန်ကြ၏။
ရီဖူရှင်းကား လေထဲတွင် ရပ်နေဆဲဖြစ်သည်။ လူအများအပြားက ငရဲကြာပန်းကို လုယက်ရန် ကြိုးစားနေကြသည်ကို မြင်လျှင် မျက်မှောင်ကြုတ်လိုက်သည်။ မြွေကြီးကား သူ၏မျက်လုံးများမှ အေးစက်သော အငွေ့အသက်များ ရှိနေသည်ကို မြင်ရ၏။ သူက ထိုလောဘကြီးသော လူသားများအား လှောင်ပြောင်နေသည့်အလား ထင်မှတ်ရ၏။
“သတိထား...” ရီဖူရှင်းက ပေ့ကုန်းအော့ကို စိတ်ဖြင့် လှမ်း၍ သတိပေးလိုက်သည်။ ဤတွင် ပေ့ကုန်းအော့၏လှုပ်ရှားမှုက နှေးကွေးသွားပြီး တခြားလူများက သူ့ကိုကျော်ဖြတ်ကာ ရှေ့ကို ရောက်သွားကြသည်။ သူတို့အားလုံးက လက်ဆန့်တန်းကာ ငရဲသားရဲကြာပန်းအား လုယက်ရန် ကြံရွယ်ကြ၏။
သူတို့၏လက်များက ငရဲကြာပန်းနှင့် ထိလုထိခင်အချိန်တွင်ပင် ကြာပန်းပင်လယ်သည် စတင်လှုပ်ရှား၏။ ငရဲကြီးကိုးထပ်ကဲ့သို့ ငရဲကြာပန်းများသည် အစွမ်းကုန်ပွင့်လန်းလာခဲ့ကြကာ ထိုနေရာတစ်ခုလုံးအား စတင်ဝါးမျိုသည်။ ငရဲကြာပန်းများအား ကောင်းကင်တွင်ပင် တွေ့မြင်ရ၏။
ကြာပန်းပင်လယ်၌ ဧရာမရွက်လွှာများသည် စတင်ကြီးထွားလာခဲ့ကြ၏။ သူတို့က ကောင်းကင်သို့ ပျံတက်လာခဲ့ကြသည်။ ကြာပန်းကိုးပွင့်သည် တချိန်တည်းတွင် ဝင်္ကပါအလားဖြစ်တည်လာပြီး လူများအားလုံးကို ပိတ်ဆို့ထားသည်။
“ပုံရိပ်ယောင်...”
ရီဖူရှင်းက မြွေကြီးအား ကြည့်လိုက်သည်။ သူက ထူးဆန်းသည်ဟု ခံစားရသည်မှာ မထူးဆန်းတော့။ ထိုအရာကား ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ မြွေကြီးကား အလွန်ကောက်ကျစ်လှသည်။ ထို့အပြင် သူသည် ပုံရိပ်ယောင်ပညာကိုလည်း တတ်မြောက်၏။ သူက ပုံရိပ်ယောင်ကိုအသုံးပြုကာ တခြားလူများအားလုံးကို လိမ်လည်လှည့်စားပြီး ကြာပန်းဝင်္ကပါထဲ၌ ချုပ်နှောင်သည်။ ထိုနေရာကား တကယ့် ငရဲသားရဲကြာပန်းတည်ရှိရာ နေရာဖြစ်သည်။
ငရဲကြာပန်းအတုကို လုယက်ရန် ကြိုးစားကြသော တန်ခိုးရှင်များအားလုံးမှာ ကြာပန်းများ၏စားသုံးခြင်းကို ခံရသည်။ သူတို့၏ခန္ဓာကိုယ်မှ စွမ်းအားများမှာ ကြာပန်းများအတွက် မြေသြဇာများဖြစ်လာပြီး သူတို့၏အသက်ဓာတ်များမှာ အဆက်မပြတ် စုတ်ယူခံနေရသည်။
“ဒါက တကယ့် ငရဲကြာပန်းအစစ်အမှန်ပဲ။ သေမင်းရဲ့အရသာကို ခံစားကြည့်ကြတော့” မြွေမိစ္ဆာက တန်ခိုးရှင်များကို ကြည့်ကာ ပြောသည်။ လူအများအပြား၏အမူအရာများ ပြောင်းလဲသွားကြသည်။ မြွေမိစ္ဆာကား အမှန်တကယ် အားနည်းချက်များကို ဟန်ဆောင်ထုတ်ဖော်ကာ သူတို့အားလုံးကို ထောင်ချောက်ဆင်ခဲ့သည်။
ရှဲ... ရှဲ... ရှဲ...
ကြာပန်းပင်လယ်ထဲ၌ ငရဲကြာပန်းများသည် အဆက်မပြတ်ဖူးပွင့်ကာ လူများထံသို့ ဝါးမျိုရန် တိုးဝင်လာကြ၏။ ထိုနေရာတစ်ခုလုံးအား သေဆုံးခြင်းစွမ်းအားများဖြင့် ဖုံးလွှမ်းနေသည်။ တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး ကြာပန်းများ၏တိုက်ခိုက်စားသုံးခြင်းကို ခံနေရသည်။
ပေ့ကုန်းအော့က ရီဖူရှင်းဘေးကို ပြန်ရောက်လာကာ မိုးကြိုးအရံအတားတစ်ခု စီရင်လျှက် ကာကွယ်သည်။ သူက မြွေကြီးကို လှမ်းကြည့်ကာ ပြောသည် “ဒီမြွေက အတော်ဉာဏ်များတယ်”
အနီးအနားမှ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကိုမြင်လျှင် မြွေကြီးသည် အလွန်သန်မာသည်ကို ရီဖူရှင်း သိလိုက်၏။ သူက ပေ့ကုန်းအော့နှင့်တိုက်ခိုက်စဉ်က အားနည်းဟန်ဆောင်ခဲ့သည်။
“ခင်ဗျားက ငရဲသားရဲကြာပန်းရဲ့စွမ်းအားကို အသုံးပြုနေတာလား” ရီဖူရှင်းက မြွေကြီးကို မေးသည်။
မြွေမိစ္ဆာက သူ့အား ကြည့်သည်။ သူ၏မျက်လုံးများက အထင်သေးသော အရိပ်အငွေ့များရှိနေသည်။ လူသားအင်ပါယာတစ်ဦးက သူ့အား ပုံမှန်လေသံဖြင့် စကားပြောရဲသည်လား။
“ခင်ဗျား ကျုပ်နောက်ကို လိုက်သင့်တယ်။ ကျုပ်စီးတော်ဖြစ်ပေးရင် ကျုပ်က ခင်ဗျားကို အသက်ရှင်ခွင့်ပြုမယ်” ရီဖူရှင်းက မြွေကြီးကို ပြောသည်။
ရီဖူရှင်း၏စကားကိုကြားလျှင် မြွေမိစ္ဆာ မှင်တက်သွားသည်။ သူ့နောက်ကို လိုက်ရမည်လား။
ရန်ဟောင်ငယ်တစ်ပါးက သူ့အား ဤသို့ အထင်သေးရဲသည်။
သူက အမြီးကို လှုပ်ယမ်းလိုက်လျှင် ချက်ချင်းပင် ကြာပန်းအများအပြားသည် ရီဖူရှင်းထံသို့ ပျံသန်းလာ၏။ သူက ပြောသည် “မင်းက ငါမြင်ဖူးသမျှ အမိုက်မဲဆုံးရန်ဟောင်ပဲ”
သူကား အဆင့်ရှစ်မိစ္ဆာအင်ပါယာဖြစ်သည်။
“ဒါက မင်းအတွက် ဂုဏ်ယူစရာဖြစ်တယ်” သိမ်းငှက်နက်က မြွေမိစ္ဆာကို ပြောသည်။
ရီဖူရှင်းက မည်သည့်စကားမှ မဆိုတော့။ ငရဲကြာပန်းများ သူ့ထံသို့ပျံသန်းလာသည်ကိုမြင်လျှင် သူက ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ သူက ရှောင်ဖယ်ရန် မကြိုးစားသလို ခုခံရန်လည်း မကြိုးစားပေ။ ပေ့ကုန်းအော့ကလည်း သူ့အား မတားဆီးပေ။
***