← Chapters

လျူယု

Vol. 43 Ch. 427

လျူယု

Vol. 43 Ch. 427

လူသားမျိုးနွယ် ပိုင်ဆိုင်သည့် သွေးဗီဇများအနက် အင်အားအကြီးမားဆုံး သွေးဗီဇမှာ မူလသတ္တဝါဖြစ်သည့် တောက်ပခြင်းနဂါးထံမှ ရရှိထားသည့် သွေးဗီဇပင် ဖြစ်သည်။ ဤအဆိုကိုတော့ မည်သူမှ ငြင်းချက်ထုတ်လိမ့်မည် မဟုတ်ပေ။

မူလသတ္တဝါကြီးများ၏ အောက်တွင်တော့ အစွမ်းထက်ဆုံး သွေးဗီဇအဖြစ် ရပ်တည်နေသည်မှာ နတ်ဆိုးဧကရာဇ်သွေးဗီဇမဟုတ်ပဲ ပျက်စီးခြင်းသားရဲသွေးဗီဇပင် ဖြစ်သည်။

မူလသတ္တဝါကြီးများ ပျောက်ကွယ်သွားပြီးနောက်ပိုင်း မူလကမ္ဘာကြီးပေါ်ဝယ် သမိုင်းမတွင်မီ သားရဲသတ္တဝါကြီးများသည် အရှင်သခင်များ ဖြစ်လာခဲ့၏။ အချိန်အတော်ကြာသည်အထိ ၎င်းတို့သည် ညဏ်ရည်မြင့်မျိုးစိတ်များ၏ အိပ်မက်ဆိုး ဖြစ်နေခဲ့သည်ကတော့ အမှန်ပင်။ သ်ု့ိသော် ကမ္ဘာကြီးပေါ်တွင် မူလစွမ်းအင်များ ပါးလျားလာသည်နှင့်အမျှ ပျက်စီးခြင်းသားရဲကြီးများမှာလည်း ရပ်တည်နိုင်ရန် ပို၍ ခက်ခဲလာ၏။ ညဏ်ရည်မြင့်မျိုးစိတ်များ၏ ခေတ်သစ်သည်လည်း ထိုအချိန်မှ စတင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

အချိန်တခုအကြာတွင်တော့ စည်းမျဉ်းဥပဒေများသည် ပြောင်းလဲလာပုံရ၏။ ကြွင်းကျန်ရစ်သော ပျက်စီးခြင်းသားရဲတချို့သည် အသစ်ပေါ်ထွန်းလာသော မျိုးစိတ်သစ်များအား စတင်တိုက်ခိုက်လာကြတော့သည်။

တခေတ်တခါက မူလသားရဲကြီးများ၏ လက်ချက်ကြောင့်် ပျက်စီးသွားခဲ့ရသည့် အာကင်နာနိုင်ငံတော်ကြီးနှင့် မတူသည်မှာကား ဤတကြိမ်တွင် ညဏ်ရည်မြင့်မျိုူးစိတ်များဘက်မှ အနိုင်ရခဲ့ခြင်းပင်။

မူလသားရဲကြီးများ၏ သွေးဗီဇကို ပိုင်ဆိုင်ထားသည့် အလင်းနတ်ဘုရားမင်းဆက်သည် မရေမတွက်နိုင်သော သူရဲကောင်းများအား စေလွှတ်ပြီး ပျက်စီးခြင်းသားရဲကြီးများအား သတ်ဖြတ်ခဲ့စေ၏။ အချိန်ကာလအားဖြင့်ကား အလင်းနတ်ဘုရားနိင်ငံတော်တ ည်ထောင်ပြီး နှစ်ပေါင်းတသိန်း နှစ်ပတ်လည်နေ့ပင် ဖြစ်သည်။ ဤနည်းအားဖြင့် အလင်းနတ်ဘုရားနိင်ငံတော်ကြီးသည် ပျက်စီးခြင်းသားရဲသွေးဗီဇများကို ရယူပိုင်ဆိုင်နိုင်ခဲ့ကြပြီး ပျက်စီးခြင်းသားရဲသွေးဗီဇ ပိုင်ဆိုင်ထားသည့် မျိုးနွယ်စု ၉စုမှာလည်း အသီးသီး ပေါ်ပေါက်လာခဲ့၏။

၎င်းတို့ကို အထင်ကရ မျိုးနွယ်စုကြီး ၉စုဟု ခေါ်၏။

အချိန်ကြာလာသည်နှင့််အမျှ အလင်းနတ်ဘုရားနိုင်ငံတော် တဖြည်းဖြည်း တိမ်းပါးလာသလို မျိုးနွယ်စုကြီး ၉စု၏ ထင်ရှားကျော်ကြားမှုမှာလည်း ပို၍ နိမ့်ကျလာခဲ့လေသည်။

ထိုအထဲမှ မျိုးနွယ်စုနှစ်စုမှာ လုံးဝ ပျောက်ကွယ်သွားပြီး မျိုးနွယ်စု ၇စုသာလျင် ကျန်ရစ်ခဲ့၏။ ၎င်းတို့ကိုကား အထင်ကရ မျိုးနွယ်စု ၇စုဟု ခေါ်လေသည်။

ကျန်အခြားညဏ်ရည်မြင့်မျိုးစိတ်များနှင့် မတူသည်မှာကား အနှီ အထင်ကရ မျိုးနွယ်စုကြီး ၇စုသည် သွေးဗီဇမှ ရရှိသည့် စွမ်းအားကြောင့် ၎င်းတို့၏ သာမာန်မဟုတ်သော အဆင့်အတန်းကို နှစ်ပေါင်းများစွာကြာအောင် တသမတ်တည်း ထိမ်းသိမ်းထားနိုင်ခြင်းပင်။

အလင်းနတ်ဘုရားနိုင်ငံတော်၏ နောက်ဆုံးနေ့များသို့ ရောက်ရှိလာသောအခါ တချိန်က ဤမင်းဆက်၏ အဓီက ဒေါက်တိုင်များ ဖြစ်ခဲ့ဖူးသော မျိုးနွယ်စုကြီး ၇စုသည်ပင် ဤမင်းဆက်ကို ဖြုတ်ချရင် ပင်မ အင်အားစုကြီးများ ဖြစ်လာပြန်၏။

နောက်ဆုံးတွင်တော့ မျိုးနွယ်စု၇စု၏ ဦးဆောင်မှုဖြင့် အလင်းနတ်ဘုရားမင်းဆက် ပြုတ်ကျသွားခဲ့ရှာ၏။ တချိန်တည်းမှာပင် မျိုးနွယ်စု ၇စု ဦးဆောင်သည့် နိုင်ငံ ၇နိုင်ငံ ပေါ်ထွန်းလာကာ ခုနှစ်နိုင်ငံ ခေတ်သစ် အစပြုခဲ့လေသည်။

ထို့ကြောင့် ခုနှစ်နိုင်ငံစည်းမျဉ်းအရ ပျက်စီးခြင်းသားရဲသွေးဗီဇ ပိုင်ဆိုင်သူ မျိုးနွယ်စုဝင်များသာလျင် ဘုရင်ဖြစ်ထိုက်သည်ဟု သတ်မှတ်ထားလေသည်။ ၎င်းတို့သည် အဆင့်အတန်းအားဖြင့် မူလသတ္တဝါကြီးများ၏ သွေးဗီ ပိုင်ဆိုင်ထားသူများထက်ပင် မြင့်မားကြကုန်၏။

ကျန်းစီချွေ့သည် ပျက်စီးခြင်းသားရဲသွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်လိမ့်မည်ဟု တိမ်တိုက်ကျားသစ် လုံးဝ ထင်မထားချေ။

တဖန် ကျန်းစီချွေ့၏ မျိုးနွယ်စုနာမည်သည် ကျန်း ဖြစ်နေ၍ လင်းမျိုးနွယ်မှ ဆင်းသက်လာသူ မဟုတ်ချေ။ အတန်ကြာအောင် စဉ်းစားပြီးနောက် တိမ်တိုက်ကျားသစ်သည် တစုံတခုကို သဘောပေါက်လာ၏။

"ဒါဆိုရင် ခင်ဗျားဟာ ရေ...ရေ....ရေတောက်ပခြင်း..."

မျိုးနွယ်စုကြီး ခုနှစ်စုအနက် လင်းမျိုးနွယ်မှ လင်းချွန်ယုသည် လောင်စန်းနိုင်ငံတော်ကို တည်ထောင်ခဲ့၏။ ကျန်းမျိုးနွယ်မှ ကျန်းကျင်းရှိုကား ရေတောက်ပခြင်းနိုင်ငံကို တည်ထောင်ခဲ့ပြီး မြို့တော်ကို မန်ချန်းတွင် အခြေစိုက်ခဲ့၏။ ၎င်းကျန်းမျိုးနွယ်တို့၏ သွေးဗီဇမှာကား သမိုင်းမတိုင်မီ သားရဲသတ္တဝါကြီးဖြစ်သည့် လျူယုသတ္တဝါ၏ သွေးဗီဇပေတည်း။

လျူယုသည် ကီလိုမီတာထောင်နှင့်ချီ၍ ရှည်လျားပြီး အလွန်အင်အားကြီးမားသော သတ္တဝါကြီး ဖြစ်သည်။ လျူယု၏ အစွမ်းမှာ တမိုးအောက်ရှိ ရေဝိညာဉ်မှန်သမျှကို ထိန်းချုပ်နိုင်ပြီး ပုံစံမျိုးစုံ ပြောင်းလဲနိုင်၏။

ကြယ်စုနှစ်သစ် ၈၄၀၀ခုနှစ်တွင် လျူယုသည် အလွန်နက်ရှိုင်းသည့် သမုဒ္ဒရာအောက်မှ ပေါ်ထွက်လာပြီး ကမ္ဘာကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့၏။ ၎င်းသည် အင်အားကြီးမားသည်နှင့်အမျှ ကြောက်စရာကောင်းလှ၏။ ၎င်း၏ ထွက်သက်တချက်သည်ပင် လေပြင်းမုန်တိုင်းများကို ဖြစ်ပေါ်စေပြီး ရာသီဥတုကို ပြောင်းလဲသွားစေနိုင်ပေသည်။

လျူယုသည် ပုံမှန်အားဖြင့်် သိပ်ဆိုးသွမ်းလှသည် မဟုတ်သော်လည်း အင်အားကြီးမားလှသောကြောင့် ၎င်း မရည်ရွယ်ထားပဲနှင့်ပင် ကမ္ဘာကြီး၏ ဗဟိုတွင် ကသောင်းကနင်းဖြစ်ရပ်များစွာကို ပေါ်ပေါက်စေခဲ့တော့သည်။

ထို့ကြောင့် အလင်းနတ်ဘုရားမင်းဆက်သည် ပင်လယ်လူသားများစိတ်များ၊ လူပျံတော်များနှင့် မဟာမိတ်ပြုလုပ်ကာ လျူယုအား တိုက်ခိုက်ခဲ့ရ၏။ တိုက်ခိုက်မှုအား အလင်းနတ်ဘုရားမင်းဆက်၏ တတိယမြောက် ဧကရာဇ်ဖြစ်သူ ကုထင်ချွန်းက ဦးဆောင်ခဲ့လေသည်။ လျုယု၏ သွေးဗီဇသည် လူသားတို့အပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိစေခဲ့၏။ တိုက်ပွဲတွင် ညီအစ်ကို ခုနှစ်ယောက်အနက် တဦးဖြစ်သူ ကျန်းထင်တောက် သေဆုံးသွားခဲ့ပြီး ၎င်းကို ဂုဏ်ပြူသည့်အနေနှင့် ကျန်းမျိုးနွယ်သည် လျူယု၏ သွေးဗီဇကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်။

လျူယု၏ ကိုယ်ခန္ဓာသည် အလွန်ပင် ကြီးမားလှ၏။ ထို့ကြောင့် ကျန်းစီချွေ့၏ သွေးဗီဇပုံရိပ်သည် လျူယုတကိုယ်လုံးကို ဖော်ပြနိုင်စွမ်း မရှိပေ။ ထို့ကြောင့် စုချန်းတို့အနေနှင့် ပျံသန်းနေသော မျက်လုံးကြီးတစုံနှင့် အသက်ရှုသံကိုသာ ကြားသိတွေ့မြင်ရခြင်းပင်။

သို့တိုင်အောင် လျူယု၏ မျက်လုံးတစုံနှင့် အသက်ရှုသံပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှပေပြီး။ တကယ့် လျူယုကိုသာ တွေ့မြင်ရပါက တိမ်တိုက်ကျားသစ်တယောက် မည်မျှပင် ကြောက်သွားလေမည်မသိ။

ထိုအခါ ကျန်းစီချွေ့သည် မည်မျှ ရင်ဆိုင်ရန် ခက်ခဲသည့် ပြိုင်ဘက်မှန်း တိမ်တိုက်ကျားသစ် သဘောပေါက်လာ၏။ သို့သော် စုချန်းကား အရှုံးမပေးခဲ့ချေ။

ထိုအချိန်တွင် လေထဲသို့ လွင့်စင်သွားသည့် စုချန်းသည် မြေကြီးပေါ်သို့ ပြန်လည်ပြုတ်ကျလာ၏။ သူ့ပါးစပ်မှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။

"အစ်ကိုစု"

ကျန်းစီချွေ့ ကမန်းကတန်းနှင့်ပြေးလာရှာသည်။

စုချန်းက လက်ကာပြလိုက်၏။

"ရပါတယ် မလိုပါဘူးကွာ"

ထို့နောက် သူက ကျန်းစီချွေ့ကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားသော လေသံနှင့် ပြောလိုက်သည်။

"လက်စသတ်တော့ ပျက်စီးခြင်းသားရဲသတ္တဝါကြီးရဲ့ သွေးဗီဇဆိုတာ ဒါပဲကိုး ကောင်းတယ် သိပ်ကောင်းတယ် ဒီသွေးဗီဇဟာ နတ်ဆိုးဧကရာဇ်သွေးဗီဇထက် ဘယ်နှစ်ဆလောက် သာလွန်နေတယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ"

စုချန်းသည် ထန်းမင်နှင့် ပညာစမ်းဖူး၏။ ထိုတိုက်ပွဲတွင်သူသည် အရိပ်မီးတောက်ဘီလူးကို ထုတ်သုံးခဲ့သည့်တိုင် ထန်းမင်အား အနိုင်မရခဲ့ပေ။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်သွေးဗီဇသည် ဘယ်လောက်ထိ အင်အားကြီးမှန်း သူ ကောင်းကောင်းသဘောပေါက်ထားလေသည်။

သို့သော် ကျန်းစီချွေ့နှင့် ရင်ဆိုင်မိချိန်တွင်ကား သူ့အနေနှင့် မည်သို့မှ ခုခံနိုင်စွမ်းမရှိမှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။

သူတို့နှစ်ယောက်၏ ကွာခြားမှုသည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်နှင့် စုချန်း ကွာခြားချက်နှင့်ပင် သွား၍ တူနေ၏။

ထိုအချိန်တွင် ဂျီဟန်းယင်က ဝင်ပြောလိုက်သည်။

"ဒါ ဘာများဆန်းလို့လဲ ပျက်စီးခြင်းသားရဲနဲ့ နတ်ဆိုးတ္တဝါတွေရဲ့ အင်အားက အပြင်မှာလည်း အများကြီး ကွာခြားနေတာပဲဟာ"

မူလသတ္တဝါများ၊ ပျက်စီးခြင်းသတ္တဝါများ၊ နတ်ဆိုးသတ္တဝါများနှင့် သားရဲသတ္တဝါများဟူသည် သားရဲမျိုးစိတ်၏ အဆင့်အတန်းလေးမျိုးပင် ဖြစ်သည်။ နတ်ဆိုးဧကရာဇ်များသည် တကယ်ပင် အင်အားကြီးမားကြသော်လည်း သားရဲမျိုးစိတ်တွင်တော့ အလယ်အလတ်နေရာတွင်သာ ရှိနေ၏။ ၎င်းတို့သည် ပျက်စီးခြင်းသတ္တဝါကြီးများ သို့မဟုတ် သမိုင်းမတိုင်မီသတ္တဝါကြီးများထက် အဆင့် တဆင့်တိတိပင် နိမ့်ကျနေလေသည်။

ကျန်းစီချွေ့ ပြသခဲ့သည့် အင်အားမှာ သမိုင်းမတိုင်မီ သတ္တဝါကြီးများ၏ အင်အားအစစ်အမှန်နှင့်စာလျင် အပုံတထောင်ပုံ တပုံပင် မရှိချေ။ သို့သော် ထိုအင်အားမျှလောက်နှင့်ပင် ၎င်းအနေနှင့် ကြည်လင်မြစ်မြို့တော်တွင် ကြိုက်သလို ဆောင်ရွက်၍ ရနေပြီ ဖြစ်သည်။

ဤသည်ပင်လျင် ထိပ်တန်းသွေးဗီဇတခု၏ စစ်မှန်သော စွမ်းရည်ပေတည်း။

ထိုအခါ စုချန်းက ပြောလိုက်၏။

"အစ်ကိုကျန်း ကျုပ်အနေနဲ့ ခင်ဗျားဆီမှာ အကူအညီတခု တောင်းချင်တယ်"

"ဘာများလဲ"

"ခင်ဗျားဆီက သွေးကို ချေးမလို့" "ရှင့်ဆီက သွေးကို ချေးမလို့"

တိမ်တိုက်ကျားသစ်နှင့် ဂျီဟန်းယင်တို့ ပြိုင်တူ ပြောလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်သည် သံပြိုင် ရယ်မောလိုက်ကြလေသည်။

ကျန်းစီချွေ့ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။

"ယူလို့တော့ ရပါတယ် ဒါပေမဲ့ ယူတော့ကော ဘာထူးမှာလဲ သိပ်ပြီး အသုံးတည့်လှမယ်မထင်ပါဘူးလေ"

ကျန်းစီချွေ့၏ စကားက စုချန်းကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။

တကယ်တော့ စုချန်းသည် သွေးနီဥပြိုကွဲဆေးမင်နှင့် ပတ်သက်သည့်် သုတေသနများတွင် အတော်လေး အောင်မြင်နေပြီဖြစ်သော်လည်း သွေးဗီဇနှင့် ပတ်သက်သည့်် သုတေသနများတွင်တော့ အနည်းငယ်မှ တိုးတက်လာခြင်း မရှိသေးပေ။

သို့သော် စုချန်းက စိတ်ကွက်ခြင်းမရှ်ိပဲ ရယ်မောရင်း ပြောလိုက်၏။

"သုတေသနဆိုတာ ဒီလိုပဲပေါ့ဗျာ ဖြည်းဖြည်းချင်း သွားရတာပေါ့ ဒါပေမဲ့ တခုတော့ သေချာတယ် ခင်ဗျားမှာ တခါမှ ရှုံးနိမ့်ဖူးတဲ့ အတွေ့အကြုံ မရှိရင် ကိစ္စကြီးကြီးမားမားတွေကိုလဲ စွမ်းဆောင်နိုင်ဖို့ မလွယ်ဘူး"

ကျန်းစီချွေ့ ပြုံးလိုက်၏။

"သွေးလေး နည်းနည်းပါးပါးလောက်ကတော့ ဘာမှ မပြောပလောက်ပါဘူး ကျုပ်အနေနဲ့ ပေးနိုင်ပါတယ် ဒါပေမဲ့ ကျုပ်ဘက်ကလည်း အစ်ကိုစုဆီက တောင်းဆိုစရာ တခု...."

ကျန်းစီချွေ့က စကားကို ဆက်မပြောပဲ ရပ်လိုက်၏။

စုချန်းက လက်နှစ်ချောင်းထောင်ပြရင်း ပြောလိုက်သည်။

"တခု မဟုတ်ဘူး နှစ်ခုရမယ် ခင်ဗျား စိတ်သာချ"

ကျန်းစီချွေ့က ဂျီဟန်းယင်အတွက် သင့်တော်မည့် မူလစွမ်းရည်တမျိုး ဖန်တီးပေးရန် စုချန်းအား တောင်းဆိုလိုက်ခြင်းပင်။ စုချန်းကလည်း ရက်ရက်ရောရောပင် မူလစွမ်းရည်နှစ်မျိုး ဖန်တီးပေးမည်ဟု ကတိပြန်ပေးလိုက်၏။

ကျန်းစီချွေ့အား သူ့ စီမံကိန်းအတွင်း ဆွဲထည့်နိုင်ခဲ့ပြီ ဖြစ်လေရာ မူလစွမ်းရည်နှစ်မျိုးမှာ ပြောပလောက်စရာ မဟုတ်တော့။

All Chapters