← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၃

Vol. 44 Ch. 438

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၃

Vol. 44 Ch. 438

လုချိန်ကွမ်း၏မျက်နှာတွင် အံ့သြထိတ်လန့်ဟန် ပေါ်ပေါက်လာ၏။

"မင်း အံ့သြသွားသလား"

တိတ်ဆိတ်သူက ခပ်ရဲ့ရဲ့ ပြုံးရင်း ပြောလိုက်သည်။

"မင်းတို့လူသားတွေဟာ သိပ်ပြီးမာန်ထောင်တယ် ဒါပေမဲ့ ကိုယ့်နှလုံးသားကိုတော့ သန့်စင်အောင် မွေးမြူရကောင်းမှန်း မင်းတို့ ဘယ်တော့မှ မသိကြဘူး ကျွှနု်ပ်ရဲ့ နေရာကိုတောင် မင်းမသိမှတော့ ကျွနု်ပ်ကို ထိအောင် ဘယ်လိုလုပ် တိုက်နိုင်ပါအုံးမလဲ"

စကားဆုံးသည်နှင့် ခန်းမ၏ နံရံများဆီမှ မရေမတွက်နိုင်သော သလင်းနံရံများ တိုးထွက်လာ၏။ နံရံတိုင်းလိုလို၏ နောက်တွင် တိတ်ဆိတ်သူ ရှိနေကြောင်း သူတို့ မြင်တွေ့နေရလေသည်။

အဆိုပါ တိတ်ဆိတ်သူများသည် နံရံများနောက်ကွယ်မှ တပြိုင်နက်တည်း စကားပြောနေကြ၏။ မှန်ချပ်များပေါ်တွင် ပုံရိပ်ထင်နေသည့်သဘောပင်။

"ကျောက်သလင်းဝင်္ကပါ ပါလား"

စုချန်း လွှတ်ခနဲ ရေရွတ်လိုက်မိသည်။

"အိုး ဒီကောင်လေးက ဒီလို ရှေးဟောင်းအာကင်နာနည်းစနစ်ကိုတောင် သိနေပါလား"

တိတ်ဆိတ်သူက စုချန်းကို လှမ်းကြည့်ရင်း အံ့သြသင့်ဟန်ဖြင့် ပြောလိုက်၏။

စုချန်း၏ စကားမှာ မှန်ပေ၏။ တိတ်ဆိတ်သူသည် သလင်းနံရံနည်းစနစ်ကိုပင် အဆင့်မြှင့်တင်ထားသော ပုံစံကွဲတမျိုးကို အသုံးပြုနေခြင်း ဖြစ်သည်။ အလင်းယိုင်ခြင်းကိုသုံးပြီး မိမိ၏ တည်နေရာကို ဖုံးကွယ်ကာ ရန်သူအား လျပ်တပြက် တိုက်ခိုက်နိုင်၍ ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါက အလွန်ထိရောက်သော နည်းစနစ်ဟုလည်း ဆိုနိုင်ပေသည်။

ဤအတိုင်းဆိုလျင် တိတ်ဆိတ်သူသည် သူတို့ မြင်တွေ့နေရသည့် နေရာ၌ပင် တကယ် ရှိနေဟန်မတူ။ ထို့ကြောင့်သာ ဂျီဟန်းယင်နှင့် လုချိန်ကွမ်းတို့၏ တိုက်ခိုက်မှု လွဲချော်သွားရခြင်းပေတကား။

"ဒီလောက်နဲ့ ကျုပ်ကို ဟန့်တားနိုင်မယ် ထင်နေသလား"

လုချိန်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်ပြီး လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ လှိုင်းဂယက်များက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့််သွား၏။ လုချိန်ကွမ်းသည် အနှီ လှိုင်းဂယက်များကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပုံရ၍ ထိုနည်းစနစ်အား အတော်ပင် ကျွမ်းကျင်သည့်ပုံပင်။

သူ့အကြံအစည်မှာ တိတ်ဆိတ်သူနှင့် ရင်မဆိုင်ခင် ကျောက်သလင်း ဝင်္ကပါအား အလုံးစုံ ဖျက်ဆီးပစ်မည့် သဘောတွင် ရှိနေ၏။

"ဒီလိုနဲ့တော့ ဘယ်ရမလဲကွာ"

တိတ်ဆိတ်သူက တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက် သူက လက်ချောင်းများကို ငြင်သာစွာ ဝေ့ယမ်းလိုက်သည်။ ထိုအချိန်မှာပင် ပတ်ပတ်လည်ရှိလေထုသည် ရုတ်ချည်းပင် ထူထည်းသိပ်သည်းလာပြီး လုချိန်ကွမ်း၏ လှိုင်းဂယက်များမှာ သလင်းနံရံများအရောက်တွင် အားပျော့သွားတော့၏။

"ဟာ လေထု ထူထပ်ခြင်းနည်းစနစ်ပါလား"

စုချန်းထံမှ နောက်ထပ်တကြိမ် အာမေဋိတ်သံ ထွက်ပေါ်လာပြန်၏။

ထိုနည်းစနစ်မှာ စူမာရုလေဟာနယ်နှင့်် ခပ်ဆင်ဆင် တူနေ၏။ နည်းစနစ်နှစ်မျိုးစလုံးသည်ပင် အနီးအနားရှိ လေထုကို ထူထပ်သိပ်သည်းသွားစေနိုင်၏။ ၎င်းနည်းစနစ်နှစ်မျိုးအနက် အဓိက ကွဲပြားခြားနားချက်မှာ လေထု ထူထပ်ခြင်းနည်းစနစ်သည် ပတ်ဝန်းကျင်ရှိ လေထုကို ထူထပ်သွားစေရုံသာ တတ်နိုင်ပြီး စူမာရုလေဟာနယ်ကတော့ အတွင်းရှိ လေထုတခုလုံးကို ရပ်တန့်သွားစေနိုင်သော စွမ်းရည်ရှိနေ၏။ ၎င်းတို့၏ ဖော်ထုတ်နိင်သော စွမ်းရည်မှာလည်း အဆင့်ကွာခြားချက်ကို လိုက်၍ ကွဲပြားသွားနိုင်ပေသည်။

"အိုး ဒီတခါလဲ မင်း သိနေပြန်တာလား"

တိတ်ဆိတ်သူက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

"ကျွနု်ပ်တော့ မင်းကို မချီးကျူးပဲ မနေနိုင်တော့ဘူး မင်းဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေနဲ့ ပတ်သက်ပြီး တကယ် နှံ့စပ်ပေတာကိုး"

စုချန်း မျက်မှောင်ကုတ်လိုက်၏။ သူ့အနေနှင့် အခြေအနေတခုလုံးကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးသော်လည်း တစုံတခု မှားယွင်းနေသည်ဟု ခံစားနေရသည် မဟုတ်ပါလား။

ထိုအချိန်တွင် ကျန်လူများကတော့ သည်းမခံနိုင်တော့ချေ။

တယောက်က ထအော်လိုက်၏။

"ကြာပါတယ် အကုန်ဝိုင်းတိုက်ရအောင် ဒီကောင် လူတိုင်း ဝိုင်းတိုက်ရင် ဘယ်ခံနိုင်မလဲ"

အုန်း!! အုန်း!!

မြို့တော်အစောင့်တချို့ ရှေ့သို့ ခုန်ဝင်လာပြီး သလင်းနံရံများအား ပြိုင်တူတိုက်ခိုက်လိုက်ကြလေသည်။ ်မြို့တော်အစောင့်များ၏ စွမ်းရည်က မခေလှပေ။ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာပြီး သလင်းနံရံများအား ရိုက်ခတ်သွား၏။ ဤတကြိမ်တွင်တော့ သလင်းနံရံများ ပြိုကျသွားတော့မည်ဟုပင် ထင်မှတ်ရလေသည်။

သို့သော် စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"အလုပ်မဖြစ်နိုင်ဘူး"

စုချန်း၏ စကားအတိုင်းပင် ပတ်ပတ်လည်ရှိသလင်းနံရံများသည် အလင်းရောင်များ ထွက်ပေါ်လာပြီး မြို့တော်အစောင့်များ၏ တိုက်ခိုက်မှုကို စုပ်ယူသွားလေသည်။ ဤသည်မှာပင် သလင်းဝင်္ကပါ၏ ကိုယ်ပိုင်ကာကွယ်ရေးစနစ်ဟု ဆိုနိုင်၏။ အလွယ်တကူသာ ဖျက်ဆီးပစ်နိုင်ပါက ထိပ်တန်းအာကင်နာနည်းစနစ်ဟူ၍ အဘယ်မှာ ခေါ်ဆိုနိုင်ပါအံ့နည်း။

တချိန်တည်းမှာပင် တိတ်ဆိတ်သူ၏ မနှစ်မြို့ဟန်ရှိသည့် လေသံ ထွက်ပေါ်လာသည်။

"ဒီလို ရိုင်းစိုင်းတာမျိုးကိုတော့ ကျွနု်ပ် အင်မတန် မုန်းတယ် ဒီအတိုင်းဆိုရင်တော့ မင်းတို့ကို ပညာာပေးမှ ရတော့မယ်ထင်တယ်"

စကားဆုံးသည်နှင့် သူက လက်အစုံကို လှပစွာ ဝေ့ယမ်းလိုက်ရာ လေထုသည်ပါးလွှာသည့် ကျည်ဆံများအဖြစ် ပြောင်းလဲသွားပြီး တဟုန်ထိုး ပျံသန်းလာတော့၏။

၎င်းကို မြင်သည်နှင့် စုချန်းက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။

"သတိထား အဲဒါ လေတံခွန်ကျည်ဆံတွေး၏

လေတံခွန်ကျည်ဆံများသည် အင်အားပြင်းထန်သည့် အာကင်နာနည်းစနစ်ဟု မသတ်မှတ်နိုင်သည့်တိုင် လေထုထူထပ်ခြင်းနည်းစနစ်နှင့် စာလျင်တော့ ၎င်း၏ ပျက်စီးနိုင်စွမ်းမှာ များစွာ ပြင်းထန်၏။ တဖန် ၎င်းကို လေထုထူထပ်ခြင်းနည်းစနစ်နှင့် ပေါင်းစပ်အသုံးပြုလိုက်သည့် အချိန်တွင်တော့ အင်အားမှာ သာမန်ထက် ဆယ်ဆခန့် ပိုမို ပြင်းထန်လာတော့သည်။

မရေမတွက်နိုင်သော လေတံခွန်ကျည်ဆံများ ပျံသန်းလာခြင်းကြောင့် မြို့တော်အစောင့်များသည် အသည်းအသန် ခုခံကြရတော့သည်။ သို့တိုင်အောင် အများစုမှာ တလိမ့်ခေါက်ကွေးနှင့် လွင့်စင်သွားကြကုန်၏။

ကျေးဇူးတင်စရာကောင်းသည်မှာ ထိုအချိန်တွင် အန်းစီယွမ်က ချိန်သားကိုက် လှုပ်ရှားလာခြင်းပင်။ အန်းစီယွမ်းသည် ၎င်း၏ လက်ဝါးကြီးကို ဖြန့်ကားကာ လေထဲသို့ ရိုက်ချလိုက်သည်နှင့် လေတံခွန်ကျည်ဆံများ တဖြုတ်ဖြုတ် ကြွေကျကုန်၏။

ထိုအခါ အန်းစီယွမ်က ကျုံးဝါးလိုက်သည်။

"ကျုပ် ရှိနေတာတောင် မင်းက ဒီလိုလုပ်လို့ ရမယ်ထင်သေးလားကွ"

သို့သော် တိတ်ဆိတ်သူက ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"သူတို့ သေကို သေရမယ်"

"အား"

ထိုအချိန်မှာပင် စူးရှနာကျင်စွာ အော်ဟစ်လိုက်သည့် အသံနက်ကြီး ထွက်ပေါ်လာ၏။

အန်းစီယွမ် ရင်တုန်သွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ မြို့တော်အစောင့်များထဲမှ တယောက်သည် ရင်ဘတ်ပွင့်လျက်ရှိကာ ၎င်း၏ နှလုံးသားသည်လည်း ဆွဲနှုတ်ခံထားရကြောင်း တွေ့လိုက်ရ၏။

မြင်ကွင်းကြောင့် လူတိုင်းလိုလို ထိတ်လန့်တုန်လှုပ်သွားလေသည်။

ထိုအစောင့််ကို တိတ်ဆိတ်သူ မည်သို့ သတ်ဖြတ်လိုက်လေသနည်း။

သွေးစွန်းနေသည့် သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ထုတ်ပြီး တိတ်ဆိတ်သူက မေးလိုက်သည်။

"ဒါကော ဘာနည်းစနစ်လဲ သိရဲ့လား ကောင်လေး"

"လေဟာနယ်လက် ပုန်းကွယ်နေသော မြွေလက်တံများ ဝိညာဉ်လက်သည်း"

စုချန်းကလည်း တိတ်ဆိတ်သူ အသုံးပြုသွားသည့် နည်းစနစ်များကို မြန်မြန်ဆန်ဆန်ပင် ရွတ်ပြလိုက်သည်။

"အိုး မင်းရဲ့ သိမြင်နိုင်စွမ်းက တကယ်ကို လေးစားလောက်စရာပဲဟေ့ ဒါပေမဲ့ လိုအပ်ချက်လေးတွေ ရှိနေသေးတယ် မင်းသာ ရန်သူ မဟုတ်ဘူးဆိုရင် ကျွနု်ပ်အနေနဲ့ မင်းကို တပည့်အဖြစ် မွေးလိုက်ပါရဲ့"

စကားဆုံးသည်နှင့် တိတ်ဆိတ်သူသည် လေဟာနယ်အတွင်း လှစ်ခနဲ ပြန်လည်ပျောက်ကွယ်သွားပြန်၏။ တချိန်တည်းမှာပင် နောက်ထပ် မြို့တော်အစောင့်တယောက် ရင်ဘတ်ပွင့်လျက် သေဆုံးသွားပြန်သည်။

စုချန်းအနေနှင့် စုမာရုလေဟာနယ်ကိုသုံးကာ တိတ်ဆိတ်သူကို တားမြစ်ရန် ကြိုးစားသေးသည်။ သို့သော် သူ့အဆင့်နှင့် တိတ်ဆိတ်သူ၏ အဆင့်မှာ များစွာ ကွာခြားလေရာ သူ့ကြိုးစားမှုမှာ မည်သို့မှ အရာမထင်ပဲ ဖြစ်သွားလေသည်။

"ခွေးမသားကြီး"

နောက်ထပ် မြို့စောင့်တယောက် သေဆုံးသွားသည်ကို မြင်သည်နှင့် လုချိန်ကွမ်းသည် ပြင်းထန်စွာ ဒေါသထွက်လာပြီး ကျိန်ဆဲလိုက်သည်။

"အားလုံး ဝိုင်းတိုက်ကြစမ်းဟေ့"

ကနဦး၌ သူတို့သည် စကားစမြည် ပြောဆိုကာ ဟန်ဆောင်ထားနိုင်ကြသေးသည်။ သို့သော် လူနှစ်ယောက် သေဆုံးသွားချိန်တွင်တော့ သူတု့ိ၏ ဟန်ဆောင်မျက်နှာဖုံးများ ကွာကျသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးကျန်ရှိသည့်အရာဟူ၍ သွေးစွန်းသော တိုက်ပွဲသာ ဖြစ်လေတော့သည်။

လုချိန်ကွမ်း၏ အသံနက်ကြီး ထွက်ပေါ်လာသည်နှင့် လူတိုင်းလိုလိုသည် ရှေ့သို့ ခုန်ဝင်တိုက်ခိုက်လိုက်ကြ၏။ အန်းစီယွမ်၏ အမိန့်ကို ဘယ်သောအခါမှ မနာခံတတ်သည့် ချန်းဝမ်ဟွေပင် ကျန်မနေခဲ့ချေ။

ပြင်းထန်လှသည့် အားလှိုင်းကြီးများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။ လျင်လျင်မြန်မြန်ပင် မြင့်တက်လာသည့်် စွမ်းအင်များကြောင့် သလင်းနံရံများသည် အနှေးနှင့် အမြန်ဆိုသလို ပျက်စီးသွားတော့မည် ဖြစ်သည်။

ထိုအချိန်သည်ပင် တိတ်ဆိတ်သူ၏ အဆုံးသတ် ဖြစ်ပေလိမ့်မည်။

ထိုအတောအတွင်းတွင်တော့ တိတ်ဆိတ်သူသည် သူ့ရန်သူများကို စိတ်ထင်သလို သတ်ဖြတ်နေ၏။

မျက်စေ့တမှိတ်အတွင်း နောက်ထပ် မြို့တော်အစောင့်တယောက် သွေးပွက်ပွက်အန်ကာ ပက်လက်လန်သွားပြန်သည်။

အချိန်အနည်းငယ်အတွင်းမှာပင် တိတ်ဆိတ်သူ၏ လက်ချက်ကြောင့် မြို့တော်အစောင့်သုံးယောက် အသက်ပျောက်သွားခဲ့လေပြီ။

တိတ်ဆိတ်သူက ရယ်စက်ကြမ်းကြုတ်သော အသံနှင့် ရယ်မောလိုက်၏။

"လူမိုက်တွေ မင်းတို့အားလုံး တယောက်ပြီး တယောက် သေရမယ်"

စကားသံအဆုံးမှာပင် နောက်ထပ် လူတယောက် လဲကျသွားပြန်၏။ ဤတကြိမ် အလှည့််ကျသွားသူကတော့ ဂျီဟန်းယင်နှင့် အတူပါလာသည့် ကင်းထောက်အဖွဲ့ဝင်တယောက်ပင် ဖြစ်သည်။

တဖန် တိတ်ဆိတ်သူက နောက်ထပ်လူတယောက်ကို လက်ညိုးထိုးပြီး ပြောလိုက်ပြန်၏။

"နောက်တခေါက် သေရမဲ့ကောင်က အဲဒီကောင်ပဲ"

ထိုလူမှာလည်း ဂျီဟန်းယင်၏ နောက်လိုက်တဦးပင် ဖြစ်သည်။ တိတ်ဆိတ်သူ၏ စကားကိုကြားသည်နှင့် ဂျီဟန်းယင်သည် ရှေ့သို့တဟုန်ထိုး ခုန်ထွက်ပြီး လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ ထိုလူ၏ ပတ်ပတ်လည်တွင် သိပ်သည်းထူထပ်လှသော ရေခဲထုများ ဝန်းရံလာ၏။ိုသို့သော် အချည်းနှီးသာတည်း။ ထိုလူသည်လည်း မည်သို့ ဖြစ်ပျက်သွားသည်မှန်းမသိပဲ ရင်ဘတ်ပွင့်ကာ လဲကျသေဆုံးသွားပြန်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းလိုလို သွေးပျက်သွားသည်ကတော့ အမှန်ပင်။

ထိုစဉ် လုချိန်ကွမ်းက အန်းစီယွမ်ကို စိုက်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သခင်ကြီး"

လက်ရှိအချိန်တွင် တိတ်ဆိတ်သူနှင့် လက်ရည်တူ ယှဉ်နိုင်မည့်သူဟူ၍ အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်ဖြစ်သော အန်းစီယွမ်သာလျင် ကျန်တော့သည် မဟုတ်ပါလား။

All Chapters