← Chapters

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၆

Vol. 45 Ch. 441

ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း ၆

Vol. 45 Ch. 441

ပုံရိပ်ယောင်ပုံစံကွက်ဆိုပါကလား...

ထိုစကားကို ကြားလိုက်မှ လူတိုင်းလိုလိုသည် ဘာတွေဖြစ်နေမှန်း နားလည်သွားကြ၏။

ဥမင်လှိုဏ်ခေါင်းသည်လည်းကောင်း၊ ဟောခန်းမသည်လည်းကောင်း၊ သလင်းနံရံများသည်လည်းကောင်း အရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်နေချေသည်တကား။

ဝိညာဉ်မျိုးစိတ်ဝင်ကား သူတို့ကို ပွဲစကတည်းက လှည့်စားနေခဲ့ခြင်းပင်။

၎င်းသည် စုချန်းတို့လူစု တောင်ပေါ်သို့တက်လာကတည်းက ကြီးမားလှသော ပုံစံကွက်ကြီးတခုကို ပြင်ဆင်ထားခဲ့၏။ တောင်ပေါ်သို့ရောက်သောအခါ စုချန်းတို့လူစုသည် ၎င်းပုံစံကွက်အတွင်းသို့ ကျရောက်သွားခြင်းပင်။ သူတို့ မြင်မြင်သမျှ အရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်နေချေသည်တကား။

အန်းစီယွမ်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်နေလျက်သားနှင့် အနိမ့်စားဝိညာဉ်မျိုးစိတ်ဝင်တယောက်ကိုမှ မနိုင်သည်မှာ ဤအတိုင်းဆိုလျင် အံ့သြစရာ မဟုတ်တော့။

"ဒီတော့ ဒါက ပုံရိပ်ယောင်နည်းစနစ်ပေါ့လေ"

အန်းစီယွမ်က နားလည်သဘောပေါက်သွားဟန်ဖြင့် မေးလိုက်သည်။

ပုံရိပ်ယောင်နည်းစနစ်များဟူသည် ကိုယ်ခန္ဓာစွမ်းအင်အဆင့််အတန်းအား ထည့်တွက်နေစရာမလိုသည့် နည်းစနစ်များပင် ဖြစ်သည်။ ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါက မည်သူကိုမဆို လှည့်စားနိုင်၏။ သို့သော် လှည့်ကွက်ဟူသည် လှည့်ကွက်မျှသာ ဖြစ်သည်။ ၎င်းကို အသုံးပြု၍ တစုံတယောက်ကို သတ်ဖြတ်ရန်မှာတော့ ထင်သလောက် မလွယ်ကူလှချေ။

ထို့ပြင် ပုံရိပ်ယောင်ပညာရှင်တယောက်အတွက် ပုံရိပ်ယောင်များကို တကယ့်အစစ်အမှန်အဖြစ် ပြောင်းလဲရန်မှာလည်း ကြီးမားသော စိမ်ခေါ်မှုတရပ် ဖြစ်နေသေးသည်ကတော့ အမှန်ပင်။

စုချန်းသည် တချိန်က ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ပညာရှင်၂ယောက်အား သတ်ဖြတ်ရန် သေစေနိုင်သောစုန်းမကို အသုံးပြုခဲ့ဖူး၏။သို့သော် ယခု ဝိညာဉ်မျိုးစိတ်ဝင်သည်ကား စုချန်းထက်ပင် ပို၍ ကောက်ကျစ်နေသေးသည်တကား။

ပထမဆုံးအနေနှင့် ဝိညာဉ်မျိုးစိတ်ဝင်သည် ပုံရိပ်ယောင်များ၏ သက်ရောက်မှုအတိုင်းအတာပမာဏကို များစွာ ချဲ့ထွင်နိုင်သည့် ပုံစံကွက်မျိုးကို ကျွမ်းကျင်စွာ အသုံးပြုခဲ့၏။ ပြီးမှ စုချန်းတို့လူစုအား တယောက်ချင်းစီ အမှဲ့ချွေ့ပစ်ခြင်းပင်။

သို့သော် လူဆိုသည်က သေခါနီးအချိန်ကျလျင် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုမှန်း ခွဲခြားသိမြင်နိုင်တတ်သောကြောင့် သူ၏ ပုံရိပ်ယောင်နယ်ပယ်မှား ထိုလူများ သိမသွားစေရန် ပစ်မှတ်ရွေးချယ်ရခြင်းက ဝိညာဉ်မျိုးစိတ်ဝင်အတွက် အခက်ခဲဆုံးဟု ဆိုနိုင်သည်။ ထိုအတွက် ဝိညာဉ်မျိုးစိတ်ဝင် သို့မဟုတ် တိတ်ဆိတ်သူသည် စုချန်းတို့လူစုထဲမှ အရည်အချင်း အနည်းဆုံးဟုဆိုနိင်သော မြို့စောင့်တပ်သားများနှင့် ကင်းထောက်သမားများကိုသာ ရွေးချယ်သတ်ဖြတ်ခဲ့ခြင်းဟု ဆိုနိုင်သည်။

သို့သော် စုချန်းကတော့ တိတ်ဆိတ်သူ၏ အဆိုပါ ပစ်မှတ်ရွေးချယ်ပုံကို နားလည်သိမြင်နိုင်ခဲ့လေသည်။

ပို၍ အရေးကြီးသည်မှာ ပုံရိပ်ယောင်နယ်ပယ်တွင် တိတ်ဆိတ်သူသည် အလွန်အင်အားကြီးမားသော်လည်း ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ချေ။

ထို့ပြင် အင်အားကို အလွန်အကျွံ သုံးစွဲခြင်းသည် ပုံရိပ်ယောင်နယ်ပယ်အတွက် အမြဲတမ်း စိန်ခေါ်မှုတပ်ဖြစ်နေတတ်ပြီး ထိုသို့ သုံးစွဲလိုက်ခြင်းဖြင့် အဖြစ်မှန်မှာ မြန်မြန်ဆန်ဆန်ပင် ပေါ်ပေါက်သွားလေ့ရှိသည်။ တိတ်ဆိတ်သူအနေနှင့် အင်အားကြီးသော ရန်သူကို သတ်ဖြတ်ရန် ကြိုးစားပါက သူ့အနေနှင့် အင်အားကို ပိုမို စိုက်ထုတ်ရတော့မည် ဖြစ်သည်။ ထိုအခါ ရန်သူ့ဘက်မှလည်း အဖြစ်မှန်ကို အမြန်ဆုံး ရိပ်စားသွားမိနိုင်သည့် အန္တရာယ် ရှိပေသည်။ ဤသည်ကလည်း အင်အားနည်းပါးသော မြို့စောင့်တပ်သားများကိုသာ တိတ်ဆိတ်သူ ရွေးချယ်သတ်ဖြတ်ရခြင်းအတွက် အကြောင်းတရားတခုဟု ဆိုနိင်ပေသည်။

မည်သို့ဆိုစေ စုချန်းကား ထိုအခြေအနေကို ကောင်းကောင်းကြီး ရိပ်စားမိခဲ့ပုံရ၏။ ထို့နောက် သူသည် မပြည့််စုံသေးသည့် မူလစွမ်းရည်ကို အသုံးပြုကာ သူတို့ ရောက်ရှိနေသော နေရာသည် ပုံရိပ်ယောင်နယ်ပယ်တခု ဖြစ်ကြောင်း ထပ်မံ ဖော်ထုတ်နိုင်ခဲ့ပြန်သည်။ အကြောင်းမှာ ပုံရိပ်ယောင်နယ်ပယ်ဟူသည် အသုံးပြုလိုက်သူ၏ မှတ်ညဏ်ကိုဖတ်ကာ မူလစွမ်းရည်ကို ဆပွားပေးနိုင်သည့် စွမ်းအင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်း၏ မပြည့်စုံသေးသည် မူလစွမ်းရည်ကို ပြီးပြည့်စုံသော ပုံစံနှင့် ဖော်ထုတ်နိုင်ခဲ့ခြင်းပင်။

ထို့နောက်တွင်တော့ အရာအားလုံးမှာ ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့လေပြီ။ စုချန်းသည် ပုံစံကွက်၏ အဓိကဆုံမှတ်ဖြစ်သော ကျောက်တုံးကို ဖျက်ဆီးလိုက်၏။ တိတ်ဆိတ်သူ၏ လှည့်စားမှုမှာလည်း အဟောသိကံ ဖြစ်သွားရလေသည်။

အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီးနောက် စုချန်းတို့ဘက်မှ လူများက အားရပါးရ ရယ်မောလိုက်ကြသည်။

"ဒီကောင် ဒီတခေါက် ထောင်လွှားနိုင်အုံးမလား ကြည့်ကြသေးတာပေါ့ကွာ"

များပြားလှသော တိုက်ခိုက်မှုများကား တိတ်ဆိတ်သူထံသို့ ဦးတည်လာကြပေပြီ။

တိတ်ဆိတ်သူ ဟင့်ခနဲ တချက် အသံပြုလိုက်သည်။

"မင်းတို့စိတ်ထဲမှာ တော်ဝင်ဝိညာဉ်မျိုးစိတ်ဝင်တွေပဲ ပုံရိပ်ယောင်နည်းစနစ်တွေကို ကောင်းကောင်းအသုံးပြုတတ်တယ်လို့ ထင်နေတာလား ကောင်းပြီလေ ကျွနု်ပ်ရဲ့အစွမ်းကို ပြရသေးတာပေါ့ ဟေ့ ထွက်လာစမ်း"

တိတ်ဆိတ်သူ၏ အော်သံအဆုံးတွင် တောင်တခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး သူတို့အောက်ရှိ မြေပြင်သည် အုန်းခနဲ ပွင့်ထွက်သွား၏။ ထို့နောက် အက်ကွဲကြောင်းများမှတဆင့် အလွန်ကြီးမားသော မြွေကြီးတကောင် ထွက်ပေါ်လာတော့သည်။ ဤတကြိမ် သူတို့ တွေ့လိုက်ရသည့် မြွေကြီးကတော့ ပုံရိပ်ယောင်မဟုတ်ချေ။

မြွေကြီးသည် ပေါ်လာချင်းချင်းမှာပင် သူတို့ဘက်သို့လှည့်ကာ ပါးစပ်ကြီးကို ဖြဲပြီး ခြိမ်းခြောက်လိုက်သည်။ မြွေကြီး၏ ပုပ်ဟောင်နံစော်လှသော ခံတွင်းနံ့ကြောင့် သူတို့အားလုံး နောက်သို့ ဆုတ်ပေးလိုက်ရလေသည်။

ထိုအချိန်တွင် အန်းစီယွမ်က အော်ဟစ်လိုက်သည်။

"အဖြစ်မှန်ပေါ်သွားတာတောင် မင်းက နိင်မယ်ထင်နေသေးတာလား"

စကားဆုံးသည်နှင့် သူက ရှေးနည်းအတိုင်း ရိုးစင်းလှသော လက်သီးကွက်ကို ဖော်ထုတ်လိုက်ပြန်၏။ သို့သော် ဤတကြိမ်တွင်တော့ အန်းစီယွမ်၏ လက်သီးသည် အလင်းတုန်ခါခြင်းနယ်ပယ် ပညာရှင်တယောက်၏ အင်အားအစစ်အမှန်ကို ပြသနိုင်ခဲ့လေပြီ။

သူ့လက်သီးသည် မြွေကြီး၏ ဦးခေါင်းကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး လေထဲတွင် သွေးများ ရဲခနဲ ဖြစ်သွား၏။

ပုံရိပ်ယောင်နှင့် အစစ်အမှန်၏ အကြီးဆုံး ကွဲပြားခြားနားချက်မှာ တကယ့်ကမ္ဘာတွင် မည်သူမဆို ထိခိုက်ဒဏ်ရာရနိုင်ခြင်းပင်ဖြစ်သည်။

မြွေကြီးသည် ပြင်းထန်သော နာကျင်မှုကြောင့် ဟစ်ကြွေးလိုက်၏။ ထို့နောက် ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်စွာ အန်းစီယွမ်တို့လူစုအား တိုက်ခိုက်တော့သည်။

အန်းစီယွမ်၏ နောက်ကျောတွင် အဖြူရောင်ခြင်္သေ့၏ ပုံရိပ် ပြန်ပေါ်လာ၏။ ထို့နောက် အဖြူရောင်အရှိန်အဝါတခုသည် ရှေ့သို့ တိုးထွက်သွားပြီး မြွေကြီးအား အဖြူရောင်ကြိုးတချောင်းသဖွယ် ရစ်ပတ်ထားလိုက်လေသည်။

တချိန်တည်းမှာပင် အန်းစီယွမ်၏ နောက်ထပ်လက်သီးချက်တချက် ထပ်မံ ပေါ်ထွက်လာပြန်၏။ ဤတကြိမ်တွင်တော့ အန်းစီယွမ်၏ လက်သီးသည် မြွေကြီး၏ ဝမ်းဗိုက်ကို ထိုးဖောက်ဝင်ရောက်သွားလေရာ ကြီးမားသော အပေါက်ကြီးတပေါက် ပေါ်ပေါက်လာတော့သည်။

အန်းစီယွမ်ကား အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ စစ်မှန်သော အင်အားကို အစွမ်းကုတ် ဖော်ထုတ်ပြသနေခဲ့လေပြီ။ သူ၏ ပြင်းထန်သောလက်သီးချက်များကြောင့် မြွေကြီး၏ တကိုယ်လုံးတွင် ဒဏ်ရာများ ဗလပွ ဖြစ်ပေါ်လာ၏။

"မင်းတို့ ဝိညာဉ်မျိုးစိတ်ဝင်ကို သွားပြီး ဖမ်းဆီးကြ"

အန်းစီယွမ်က မြွေကြီးနှင့် တိုက်ခိုက်နေရင်း ချန်းဝမ်ဟွေ၏ လက်အောက်ငယ်သားများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

ချန်းဝမ်ဟွေ၏ လက်အောက်ငယ်သားများကား တွန့်ဆုတ်ဆုတ်လုပ်နေကာ ချန်းဝမ်ဟွေကို လှမ်းကြည့်နေကြ၏။ မြွေကြီးကို အန်းစီယွမ် တာဝန်ယူထားသည်မှန်သော်လည်း ဝိညာဉ်မျိုးစိတ်ဝင်ထံတွင် များပြားသော ပရိယာယ်များ ရှိနေကြောင်း သူတို့ မြင်တွေ့ထားသည် မဟုတ်ပါလား။ အခန့်မသင့်ပါက သူတို့အနေနှင့် အသက်ပေါင်းများစွာ ထပ်မံ ဆုံးရှုံးသွားနိုင်၏။

ထိုအချင်းအရာကို မြင်သောအခါ အန်းစီယွမ်သည် အေးစက်သော လေသံဖြင့် ရယ်မောလိုက်ပြီး မြွေကြီးလိုက်မီလာစေရန် ဖြေးညှင်းနှေးကွေးစွာ ပြေးကာ ချန်းဝမ်ဟွေ၏ လက်အောက်ငယ်သားများထံသို့ မျှားခေါ်လာ၏။

ထိုအချိန်မှာပင် မြွေကြီးသည် ၎င်း၏ ကြီးမားကျယ်ပြန့်သော ပါးစပ်ကြီးကိုဟကာ ချန်းဝမ်ဟွေ၏ လက်အောက်ငယ်သား ၇ယောက်ခန့်ကိုတပြိုင်နက်တည်း ဝါးမြိုလိုက်လေသည်။

"အန်းစီယွမ် မင်း...မင်း"

ချန်းဝမ်ဟွေ ထိတ်လန့်သွား၏။ တချိန်တည်းမှာပင် အကြီးအကျယ် ဒေါသထွက်သွားလေသည်။

အန်းစီယွမ် တစုံတခု ပြုလုပ်လိမ့်မည်ကို သူ သိနေသော်လည်း ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မထင်မိပေ။

အန်းစီယွမ်က ခပ်မာမာပင် တုံ့ပြန်လိုက်သည်။

"ချန်းဝမ်ဟွေ မင်း သူများ ကာကွယ်ပေးထားတိုင်း ကျုပ်ကို အတိုက်အခံ လုပ်လို့ရမယ် ထင်မနေနဲ့ ဒီကနေ့ မင်းတာဝန်ဟာ ဝိညာဉ်မျိုးစိတ်ဝင်ကို ဖမ်းဆီးဖို့ပဲ ဒီတော့ မင်းအနေနဲ့ ဒီထက်ပိုပြီး အားထုတ်ရင်ကောင်းမယ် ဒီလိုမှမဟုတ်ရင်တော့ ဒီကလူတွေအကုန်လုံးက ဒီတိုက်ပွဲမှာ မင်း ရေသာခိုအချောင်လိုက်နေတယ်ဆိုတာ သက်သေခံကြလိမ့်မယ် အဲဒီကျတော့မှ ကျုပ် ရိုင်းတယ်လို့ မင်း မပြောနဲ့"

အန်းစီယွမ်အနေနှင့် သူ့ကို မသတ်ဝံ့ကြောင်း ချန်းဝမ်ဟွေ သိထား၏။ ထို့ကြောင့် အန်းစီယွမ်ကို သူမကြောက်ချေ။

သို့သော် ပြသနာက ဤနေရာတွင် ဂျီဟန်းယင် ရှိနေ၏။ သူ့သာ ဤတိုက်ပွဲတွင် အချောင်ခိုနေခဲ့ပါက ဂျီဟန်းယင်အနေနှင့် အထက်အကြီးအကဲများထံတွင် ဤအကြောင်းကို အစီရင်ခံနိုင်ဖွယ်ရာ ရှိနေ၏။

ထိုအခါ ချန်းဝမ်ဟွေက ဤတပွဲတွင် သူ့လူများအား အသေခံတပ်သားအဖြစ် ထားရန် ဆုံးဖြတ်လိုက်၏။ တစုံတယောက်ကသာ စေတနာ့ဝန်ထမ်း အသေခံတပ်သား လုပ်ပေးပါက မည်သူမှ စောဒကတက်တော့မည် မဟုတ်ပေ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချန်းဝမ်ဟွေသည် အံကိုတင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်သည်။

"ရှေ့တက်ကြဟေ့"

သူ့စိတ်ထဲတွင်ကား တိတ်ဆိတ်သူထံတွင် အခြားမည်သည့်လှည့််ကွက်မှ မရှိတော့ပါစေနှင့်ဟု ကြိတ်၍ ဆုတောင်းနေမိလေ၏။

ချန်းဝမ်ဟွေထံမှ အမိန့်ရသည်နှင့် ၎င်း၏ လက်အောက်ငယ်သားများသည် တိတ်ဆိတ်သူထံသို့ ခုန်ဝင်လိုက်ကြ၏။

တိတ်ဆိတ်သူက ဟင့်ခနဲ အသံပြုလိုက်သည်။

"မင်းတို့ သေချင်နေကြပြီနဲ့ တူတယ်"

တိတ်ဆိတ်သူ၏ စကားဆုံးသည်နှင့်် ထူထည်းသိပ်သည်းလှသော မြူခိုးများ ဝုန်းခနဲ ပေါ်ပေါက်လာ၏။ အနှီ မြူခိုးများအတွင်းမှ အသံဗလံ ပေါင်းစုံကိုလည်း ကြားနေရလေသည်။

ဤနည်းစနစ်အား စုချန်း နှစ်ကြိမ်တိုင်တိုင် မြင်ဖူးခဲ့လေပြီ။ ထို့ကြောင့် အနည်းငယ်မှ မအံ့သြတော့။ သို့သော် ချန်းဝမ်ဟွေ၏ နောက်လိုက်များအဖို့တော့ ဤမြူခိုးများအား ရင်ဆိုင်ရန် မလွယ်လှချေ။

စုချန်း စဉ်းစား၍ပင် မဆုံးသေး။ စုံစမ်းစစ်ဆေးရေးဗျုရိုမှ လက်အောက်ငယ်သားများ၏ နာကျင်စွာ အော်ဟစ်ငြီးတွားသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

လက်ရှိအချိန်တွင် သူတို့အား ကယ်တင်ရန် ဖြစ်နိုင်ချေအရှိဆုံးလူမှာ အန်းစီယွမ်ပင် ဖြစ်သည်။ အကြောင်းမှာ မြွေကြီးသည် အန်းစီယွမ်၏ လက်ချက်ကြောင့် ဒဏ်ရာအများအပြားရရှိနေပြီ ဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးရေးဗျူရိုမှ လူများ အခြေအနေမလှသည်ကို မြင်သည်နှင့် အန်းစီယွမ်က ကူညီရမည့်အစား အေးစက်သော လေသံဖြင့် ရယ်မောလိုက်သည်။ လုချိန်ကွမ်းနှင့် ကျန်လူများကလည်း သူတို့၏ တိုက်ခိုက်မှုနှုန်းထားအား သိသိသာသာပင် လျော့ချလိုက်ကြ၏။အခန်း ၄၄၁ ဝိညာဉ်မျိုးစိတ်နောက်သို့ လိုက်ပါခြင်း

၆

ဤနည်းစနစ်အား စုချန်း နှစ်ကြိမ်တိုင်တိုင် မြင်ဖူးခဲ့ေ လပြီ။ ထို့ကြောင့် အနည်းငယ်မှ မအံ့သြတော့။ သို့သော် ချန်းဝမ်ဟွေ၏ နောက်လိုက်များအဖို့တော့ ဤမြူခိုးများအား ရင်ဆိုင်ရန် မလွယ်လှချေ။

စုချန်း စဉ်းစား၍ပင် မဆုံးသေး။ စုံစမ်းစစ်ဆေးရေးဗျုရိုမှ လက်အောက်ငယ်သားများ၏ နာကျင်စွာ အော်ဟစ်ငြီးတွားသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

လက်ရှိအချိန်တွင် သူတို့အား ကယ်တင်ရန် ဖြစ်နိုင်ချေအရှိဆုံးလူမှာ အန်းစီယွမ်ပင် ဖြစ်သည်။ အကြောင်းမှာ မြွေကြီးသည် အန်းစီယွမ်၏ လက်ချက်ကြောင့် ဒဏ်ရာအများအပြားရရှိနေပြီ ဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးရေးဗျူရိုမှ လူများ အခြေအနေမလှသည်ကို မြင်သည်နှင့် အန်းစီယွမ်က ကူညီရမည့်အစား အေးစက်သော လေသံဖြင့် ရယ်မောလိုက်သည်။ လုချိန်ကွမ်းနှင့် ကျန်လူများကလည်း သူတို့၏ တိုက်ခိုက်မှုနှုန်းထားအား သိသိသာသာပင် လျော့ချလိုက်ကြ၏။

All Chapters