ပြသနာနှင့် တွေ့ကြုံခြင်း
Vol. 45 Ch. 449
ပျံသန်းခြင်းနန်းဆောင်စားသောက်ဆိုင်သည် ကြည်လင်မြစ်မြို့တော်၏ တောင်အရပ်တွင် တည်ရှိပြီး ၄အား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း၇၀ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၄နန်းဆောင်အား မျိုးနွယ်စုငယ်တစုက ပိုင်ဆိုင်ထား၏။
ဤဆိုင်ရှိ အစားအသောက်များသည် အရသာရှိသည့်အပြင် နှစ်ပေါင်းများစွာ ကြာလှသည့်တိုင်အောင် ၄တို့၏ မူရင်းအရသာကို ထိမ်းသိမ်းထားနိုင်၏။ အစားအသောက်များ၏ အရသာကလည်း စုချန်းတို့ တောင်သုံးလုံးဒေသနှင့် အတော်လေး ဆင်တူသည် ဖြစ်လေရာ စုချန်းကိုယ်တိုင် ဤဆိုင်မှ အစားအသောက်များကို နှစ်သက်၏။ ထို့ကြောင့် တခြားလူတယောက်က ဤဆိုင်သို့ သူ့အား ဖိတိခေါ်လိုက်ခြင်းမှာ မှန်ကန်သော ရွေးချယ်မှုဟု ဆိုနိင်ပေသည်။
တဖန် ဆိုင်ပတ်ပတ်လည်ရှိ ရှုမျှော်ခင်းများမှာလည်း အလွန်လှပ၏။ ဆိုင်အပေါ်ဆုံးထပ်မှ လှမ်းမျှော်ကြည့်လျင် ကြည်လင်မြစ်မြို့တော်တခွင်ကို မြင်တွေ့နိုင်ပြီး မြောက်မှတောင်သို့ သွယ်တန်းလျင်ရှိသော သာမောဖွယ်ရာ တောင်ကြောများကို မြင်တွေ့နိုင်၏။
နေ့လယ်ခင်းတွင်တော့ စုချန်းတယောက် ပျံသန်းခြင်းနန်းဆောင်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာ၏။
စုချန်း ရောက်လျင်ရောက်ချင်းမှာပင် စာပွဲထိုးတယောက်က ဘေးဖက်ရှိ အခန်းတခန်းသို့ ခေါ်ဆောင်သွားလေသည်။ အခန်းထဲတွင်ကား ငြိမ်းချမ်းသင်းထုံထုံခန်းမပိုင်ရှင်သူဌေးကျူး ရောက်မလာသေး။ ထိုအစား ခြေမြန်တော်တယောက်သာ အဆင်သင့် စောင့်ဆိုင်းလျက်ရှိသည်။
စုချန်းကို မြင်သည်နှင့် ခြေမြန်တော်က ပြောလိုက်သည်။
"ဗျူရိုအကြီးအကဲစု ခနလေး စောင့်ပါအုံးခင်ဗျာ ကျွန်တော့သခင် အခုပဲ ရောက်လာတော့မှာပါ"
စုချန်း မသိမသာ မျက်မှောင်ကုတ်လိုက်သည်။ လက်ရှိ သူ့အဆင့်အတန်းအရ တခြားလူများကသာလျင် သူ့ကို စောင့်ဆိုင်းနေရမည် ဖြစ်သည်။ ယခုတော့ သူကပင် တပြန်စီး စောင့်နေရပါကလား။ အဘယ်ကြောင့်နည်း။ ထို့ပြင် လက်ရှိ တွေ့ဆုံပွဲတွင် သူသည် ဖိတ်ခေါ်ခံရသူ ဖြစ်သည်။ ဖိတ်ခေါ်ခံရသူက အလျင် ရောက်လာလျက်ကယ်နှယ့် ဖိတ်ခေါ်သူများက နောက်ကျနေ၏။ ၄မှာ ယဉ်ကျေးမှုနှင့် မလျော်ညီချေ။ စုချန်းအဖို့ကား ပြောစရာစကားပင် မရှိတော့။
သို့သော် စုချန်းက တခွန်းမှ ပြန်မပြောသေးပဲ အခန်းထဲသို့ ဝင်လာပြီး ပြောလိုက်၏။
"သူဌေးကျူး ဘာဟင်းတွေများ မှာထားသေးလဲ"
စုချန်းသည် လွန်ခဲ့သော နှစ်ဝက်က ဤဆိုင်သို့ရောက်ခဲ့စဉ် ရွှေရောင်အရေပြားဘဲကင်ကို မှာစားခဲ့ရာ အရသာမှာ အတော်လေး ကောင်းမွန်၏။ ဤတကြိမ်တွင်လည်း သူက ဤဘဲကင်ကိုပင် ထပ်မံမှာစားရန် စိတ်ကူးထားလေသည်။
အခန်းတွင်းရှိလူက ပြန်ဖြေလိုက်သည်။
"ဘာမှ မမှာရသေးပါဘူးခင်ဗျာ"
"ဘာမှ မမှာရသေးဘူးလားဟေ့"
စုချန်းက အခန်းပြင်သို့ အော်ဟစ်မေးမြန်းလိုက်သည်။
အစားအသောက်မှာထားခြင်းဟူသည် ဘာမှ အရေးမကြီးလှသော ကိစ္စဖြစ်သော်လည်း တဖက်လူများအနေနှင့် သူ့အပေါ် အလေးမထားမှန်း စုချန်း သဘောပေါက်နေခဲ့လေပြီ။
အကယ်၍ ထိုလူများအနေနှင့် သူ့အပေါ် အလေးမထားပါက အဘယ်ကြောင့် ဖိတ်ခေါ်နေသေးသနည်း။
စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွား၏။ ထို့နောက် သူက စိတ်အာရုံကို အရပ်ရှစ်မျက်နှာသို့ ဖြန့်ကျက်လိုက်လေသည်။
လက်ရှိတွင် စုချန်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ အထူးပင် သန်မာအားကောင်းနေခဲ့လေပြီ။ ချက်ချင်းပင် ပျံသန်းခြင်းနန်းဆောင်အတွင်း ခွေးတကောင်ကြောင်တမြီးပင် မရှိကြောင်း သူ ချက်ချင်းတွေ့လိုက်ရ၏။
အခြေအနေမှာ သိပ်မလှတော့မှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။ သူက ပြတင်းပေါက်ကို လျင်မြန်စွာ တွန်းဖွင့်လိုက်၏။ ထိုအချိန်မှာပင် သူ့ထံသို့ ဉီးတည်ပျံသန်းလာသော အလင်းတန်းတခုကို စုချန်း တွေ့လိုက်ရသည်။
ဒီကောင်တွေ ရောက်လာတာ တယ်မြန်ပါကလား...
စုချန်းက ခေါင်းကို ဖြတ်ခနဲငုံ့ပြီး အလင်းတန်းကို ရှောင်တိမ်းလိုက်၏။
စုချန်း၏ နောက်ကျောရှိ စားပွဲနှင့် ကုလားထိုင်များမှာ ပေါက်ကွဲမှုကြောင့် လွင့်စင်သွားလေသည်။
ပေါက်ကွဲအားကိုယူပြီး စုချန်းသည် ခေါင်မိုးကို ဖောက်ထွက်ကာ လေထဲသို့ ခုန်ထွက်လိုက်၏။ လေထဲမှနေ၍ မြေကြီးသို့ ပြန်မဆင်းနိုင်မီမှာပင်...
ဟင်..
အလင်းတုန်ခါခြင်းနယ်ပယ်ပါလား...
ဤသို့ဖြစ်လာမည်မှန်း စုချန်း ကြိုတင်မျှော်တွေးထားပြီးသားပင်။
ယခု စုချန်း ကြုံတွေ့လိုက်ရသည့် လှည့်ကွက်မှာ တော်ဝင်မျိုးနွယ်စုများ၏ အကြံအစည်မှန်း ဗေဒင်မေးနေစရာမလိုတော့။
၄တို့သည် ငြိမ်းချမ်းသင်းထုံထုံခန်းမ၏ ဂုဏ်သတင်းကို အသုံးချပြီး စုချန်းအား အပြင်သို့ ခေါ်ထုတ်ခဲ့၏။ ထို့နောက် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်အား စုချန်း၏ အသက်ကို နှုတ်ယူရန် စေလွှတ်ခဲ့ချေပြီတကား။
၄တို့သည် ပြင်ပပယောဂများ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ရန် လုပ်ကြံသတ်ဖြတ်မည့်နေရာကို မြို့ပြင်ရှိ ပျံသန်းခြင်းနန်းဆောင်စားသောက်ဆိုင်အား ရွေးချယ်ထားပုံရ၏။ ဤနေရာရှိ မြင်ကွင်းကလည်း ကျယ်ပြောကာ ပုန်းအောင်းရန် အလွန်ခက်ခဲ၏။ အန်းစီယွမ်သည်လည်း အစိုးရကိစ္စနှင့် မြို့တော်တွင် မရှိချေ။
တော်ဝင်မျိုးနွယ်စုများဘက်မှ အချိန်နှင့်နေရာ ရွေးချယ်ထားပုံမှာကား စေ့စပ်လှသည်။ စုချန်းအား သေချာပေါက် သတ်ဖြတ်နိုင်ရန် စီစဉ်ထားကြပုံပင်တကား။
စားသောက်ဆိုင် အောက်တွင် သွေးဝတ်ရုံအစောင့်များ ရှိနေသည့်တိုင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့်သာဆိုပါက ၄တို့အနေနှင့် အသုံးမဝင်နိုင်တော့။
စနစ်တကျ ကြိုတင်စီမံထားသည့် လုပ်ကြံသတ်ုဖတ်ရေး စီမံကိန်းပင်တည်း။
"စုချန်းသေပေတော့"
ထိုအချိန်မှာပင် ကျယ်လောင်လှသော အော်ဟစ်သံကြီးနှင့်အတူ တိမ်တိုက်များအကြားမှ လက်ဝါးကြီးတခု ပေါ်ပေါက်လာပြီး စုချန်းနှင့် သက်တော်စောင့်များအပါအဝင် ပျံသန်းခြင်းနန်းဆောင်တခုလုံးကို ဖုံးအုပ်သွားတော့သည်။
ကြောက်စရာကောင်းလှသည့် စွမ်းအင်ပေတည်း။
ဤမျှ ပြင်းထန်သော လက်ဝါးရိုက်ချက်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ စုချန်းတယောက် တိုက်ပွဲဝင်စိတ်ဓါတ်များပင် ပျောက်ဆုံးကုန်၏။
ကြီးမားသော လက်ဖဝါးသည် ကောင်းကင်ကြီးတခုလုံးကိုပင် ဖုံးအုပ်သွားမည်ဟု ထင်ရ၏။ စုချန်း၏ မျက်လုံးထဲတွင်တော့ အလင်းရောင်များကိုသာ မြင်တွေ့နေရလေသည်။ အလင်းရောင်များအကြားတွင်တော့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ကို ဝိုးတဝါး မြင်တွေ့နေရ၏။ စုချန်းက အနှီ အလင်းတုန်ခါခြင်းနယ်ပယ်ကို စိုက်ကြည့်လိုက်ရာ ၄သည် ရုတ်တရက် အေးခဲသွား၏။
ပျံသန်းခြင်းနန်းဆောင်ကား စက္ကန့်ပိုင်းအတွင်းမှာပင် ကြေမွပျက်စီးကုန်တော့မည်အရေးမှ လက်မတင်လေး လွတ်မြောက်သွားတော့သည်။
"ခုချက်ချင်း ထွက်ပြေးကြတော့ဟေ့"
စုချန်းက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
သူ့နောက်လိုက်များအတွက် အတတ်နိုင်ဆုံး စုချန်း ဆောင်ရွက်လိုက်ခြင်းပင်။ ဤထက်ပို၍ သူ ဘာမှ မတတ်နိုင်တော့။
ထိုသို့ အော်ဟစ်ပြီးသည်နှင့် သူ့တကိုယ်လုံးသည် လေထဲတွင် ရိပ်ခနဲ ပျောက်ကွယ်သွား၏။ အမှောင်ထုဖုံးကွယ်ခြင်းနည်းစနစ်နှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို တွဲဖက်အသုံးပြုလိုက်ခြင်းပင်။
ဤသည်မှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် တွေ့ဆုံပါက ထုတ်သုံးနိုင်ရန် စုချန်း ၏ ဝှက်ဖဲပင်။ ယခုတော့ ထိုဝှက်ဖဲကို မတတ်သာပဲ ထုတ်သုံးခဲ့ရလေပြီ။
တိတ်ဆိတ်သူ၏ ပုံရိပ်ယောင်စွမ်းအင်များအား စုပ်ယူပြီးသည့်နောက် စုချန်း၏ သေစေနိုင်သော စုန်းမမှာ များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်သည်ပင် သေစေနိုင်သောစုန်းမလက်အောက်မှ လွတ်မြောက်ရန် မလွယ်လှ။ ၄တယောက်တည်းသာဆိုလျင် လက်ရှိတွင် စုချန်းတယောက် အေးအေးဆေးဆေး ထွက်ပြေးလွတ်မြောက်သွားနိုင်ဖွယ်ရာ ရှိသည်။
သို့သော် အရာအားလုံးမှာကား ကြိုတင်မျှော်လင့်ထားသည့်အတိုင်း ဖြစ်နိုင်သည်မဟုတ်ပေ။ ယ
ထိုစဉ် မီးတောက်မြားတစင်းသည် မြေကြီးပေါ်မှနေ၍ ကောင်းကင်ထဲသို့ တိုးဝင်သွားပြီး အလျံတညီးညီး တောက်ပနေသည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကို ထိမှန်သွား၏။
တော်ဝင်မျိုးနွယ်စုများဘက်မှ အခြေအနေအရ အရန်အစီအစဉ်ကို အသက်သွင်းလိုက်ခြင်းပင်။
မီးတောက်မြားသည် အေးခဲနေသော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကို နိုးထသွားစေ၏။
၄သည် ထိုအခါကျမှ ပုံရိပ်ယောင်နည်းစနစ်တခု၏ လှည့်စားမှုအောင်သို့ ကျရောက်သွားမှန်း သဘောပါက်လိုက်ရာ အကြီးအကျယ် ဒေါသထွက်သွား၏။
"ခွေးမသား"
ထိုအချိန်တွင် စုချန်းသည် ပျံသန်းခြင်းနန်းဆောင်အတွင်း မရှိတော့သလို မြင်ကွင်းမှလည်း ပျောက်ကွယ်သွားကြောင်း သူ မြင်တွေ့လိုက်ရ၏။
"မင်းက ထွက်ပြေးဖို့ ကြိုးစားတယ်ပေါ့ ဟုတ်လား မင်း ဘယ်မှ ပြေးမလွတ်စေရဘူးကွ"
၄သည် စုချန်းတယောက် ပျံသန်းခြင်းနန်းဆောင်အတွင်း မရှိတော့မှန်း သဘောပေါက်သော်လည်း ဒေါသကို မထိန်းနိုင်တော့ပဲ တချက်တည်းနှင့် စားသောက်ဆိုင်အား ဖျက်ဆီးပစ်လိုက်လေသည်။
စားသောက်ဆိုင်အား ဖျက်ဆီးပြီးသည်နှင့် ၄သည် ပတ်ဝန်းကျင်အား လက်ဝါးနှင့် ရိုက်ချလိုက်ပြန်သည်။
စုချန်းအနေနှင့် အချိန်တိုအတွင်း အဝေးသို့ ထွက်မပြေးနိုင်သေးမှန်း ၄က ကောင်းစွာ သဘောပေါက်ထား၏။ ထို့ကြောင့် ပျံသန်းခြင်းနန်းဆောင်အား အလယ်ဗဟိုတွင်ထားကာ ပတ်ပတ်လည်အား လက်ဝါးဖြင့် လွှမ်းခြုံရိုက်ချလိုက်ခြင်းပင်။ ပြင်းထန်သော လက်အားကြောင့် သွေးဝတ်ရုံအစောင့်များ ပြားပြားချပ်ကုန်၏။
တဖန် ၄သည် မြို့တော်အဝင်လမ်းဆီသို့ ဉီးတည်ကာ ပြင်းထန်သော အားလှိုင်းများ ပို့လွှတ်လိုက်ပြန်သည်။ အကယ်၍ စုချန်းသည် မြို့တော်ဆီသို့ ပြန်လည်ထွက်ပြေးသွားပါက ဤအားလှိုင်းများ ရိုက်ခတ်မှုမှ လွတ်မြောက်နိုင်စရာမရှိ။ မုချ အသက်ပျောက်ရပေလိမ့်မည်။
သို့သော် ၄ကား စုချန်း၏ အရိပ်အယောင်မျှကိုပင် မတွေ့ရ။
စုချန်း ဘယ်ကိုရောက်သွားလေသနည်း။ ကမ္ဘာမြေကြီးပေါ်မှပင် ပျောက်ကွယ်သွားချေပြီလော။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ မျက်နှာသည် မဲမဲမှောင်လာ၏။
လက်ရှိ သူ့အင်အားနှင့် အဆင့်အတန်းအရ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက်ကို အမိမဖမ်းနိုင်သည်မှာ မဖြစ်သင့်ချေ။ အရှက်ရစရာကောင်းလွန်းနေ၏။
ထိုအခါ ၄က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီကောင် မြို့ဘက်ကို ပြန်ပြေးတာ မဟုတ်ဘူး တောင်တွေဘက်ကို ပြေးတာပဲ ဖြစ်ရမယ် ဒီကောင့်ကို လိုက်ရှာကြစမ်း ဒီကောင့်ကို သတ်နိုင်တဲ့ ဘယ်သူမဆိုကို မူလကျောက်တုံး တသိန်းဆုချမယ်"
တောင်များမှာကား သစ်ပင်ထူထပ်လှသဖြင့် မြင်ကွင်းမှာ ပိတ်ဆို့နေ၏။
မည်သို့ဆိုစေ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်၏ စကားကို ကြားသည်နှင့် လက်အောက်ငယ်သားအများအပြားသည် တောင်တန်းများရှိရာဆီသို့ အလုအယက်ပင် ပြေးထွက်သွားကြလေသည်။