← Chapters

အမဲလိုက်ခြင်း

Vol. 45 Ch. 450

အမဲလိုက်ခြင်း

Vol. 45 Ch. 450

မိမိကိုယ်ကို ဖုံးကွယ်ပြီးသည်နှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် စုချန်းအား တောင်တန်းများ၏ တောင်ဘက်ဆီသို့ ပို့ဆောင်ပေးလိုက်လေသည်။

တော်ဝင်မျိုးနွယ်စုများဘက်မှ မိမိအား မြို့ထဲသို့ အလွယ်တကူ ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း စုချန်းက ကောင်းကောင်းသဘောပေါက်ထား၏။ အကယ်၍ မြို့ထဲသို့ ရောက်နိုင်သည်ထားအုံး၊ အန်းစီယွမ် မြို့တော်တွင် မရှိလေရာ ဘာမှမထူးလှ။ လုချိန်ကွမ်းကလည်း သူ့အား ကူညီမည်မဟုတ်ပေ။

ဤအနေအထားတွင် သူသာ မြို့တော်ဘက်သို့ ထွက်ပြေးပါက လှောင်ချိုင့်ထဲရောက်သွားသည့် ယုန်သဖွယ် ဖြစ်နေပေလိမ့်မည်။

ဤသို့ဆိုလျင် သူ့အနေနှင့် အဘယ်ကြောင့် ဤလူအုပ်နှင့် နည်းနည်းပါးပါး မကစားရမည်နည်း။ အခြေအနေသည် ရုတ်တရက် ဖြစ်ပေါ်လာသည်ဆိုသော်ငြား ဤအချိန်ကို စုချန်း စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပြီ။ လိုအပ်သည့် ပြင်ဆင်မှုများလည်း ကောင်းကောင်း ဆောင်ရွက်ထားခဲ့ပြီးလေပြီ။

အတွေးနှင့်အတူ စုချန်းသည် တောအုပ်အတွင်းသို့ ဖြတ်ခနဲ ပြေးဝင်လိုက်၏။ သူ၏ လှုပ်ရှားမှုမှာ လျပ်ပြက်သည့်နှယ် မြန်ဆန်လှသည်။

သူ့အနေနှင့် အဝေးဆုံးရောက်သည်အထိ ပြေးသွားသည်တော့မဟုတ်။ လူသံကြားရလောက်သည့်နေရာမှာပင် ခြေလှမ်းများကို သူ ရပ်တန့်လိုက်လေသည်။ စိတ်ပျက်စရာကောင်းသည်မှာကား လူသံ၊ ဆူညံသံများအကြားတွင် ခွေးဟောင်သံများကိုပါ ကြားနေရခြင်းပင်။

အမှောင်ထုဖုံးကွယ်ခြင်းနည်းစနစ်သည် အရာဝတ္တုတခုကို ပျောက်ကွယ်သွားစေနိုင်သည့် နည်းစနစ်မျိုး မဟုတ်။ ၄ကို တန်ပြန်နိုင်သည့် နည်းလမ်းများစွာ ရှိနေ၏။ အလွယ်ဆုံး နည်းလမ်းမှာ ခွေးများကို အသုံးပြုခြင်းပင်တည်း။

မြီးတိုမြေခွေးလိုက်ခွေးများသည် အလွန်ထက်မြက်သော အနံ့ခံအာရုံကို ပိုင်ဆိုင်ထားသည့် အလယ်အလတ်ဆင့် သားရဲသတ္တဝါများ ဖြစ်၏။

လွန်ခဲ့သည့် နှစ်တချို့တည်းက စုချန်း၏ အရိပ်အစေခံများပင် လျှို့ဝှက်ချက်တရပ် မဟုတ်တော့။ ထို့ကြောင့် တော်ဝင်မျိုးနွယ်စုများဘက်မှ စုချန်းအား တန်ပြန်တိုက်ခိုက်ရန် ဤခွေးများအား မွေးမြူလေ့ကျင့်ထားကြခြင်းပင်။ သို့သော် စုချန်းတယောက် အလင်းတုန်ခါုခင်းနယ်ပယ်ပညာရှင်လက်ထဲမှ ထွက်ပြေးနိင်လိမ့်မည်ဟု မည်သူမှ မထင်ကြလေရာ အမဲလိုက်ခွေးများသည် အရန်အစီအစဉ်တရပ်သာ ဖြစ်လေသည်။

မိမိ၏ အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်မှာ အလုပ်မဖြစ်တော့မှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။ ထိုအခါ သူက ထိုနည်းစနစ်ကို ပယ်ဖျက်လိုက်ပြီး တောအုပ်အတွင်း ဖြတ်ကာ ပြေးလွှားလိုက်၏။

ရွှီ!! ရွှီ!! ရွှီ!!

မရေမတွက်နိင်သော လူရိပ်များ တောအုပ်အတွင်း လှုပ်ရှားနေ၏။ တော်ဝင်မျိုးနွယ်စုများဘက်မှ ချီစွမ်းအားပညာရှင်များပေတည်း။

မူလကျောက်တုံးတသိန်းဟူသော ပမာဏမှာ နည်းလှသည်မဟုတ်။ ၄တို့အတွက် လောဘဇောတိုက်ကာ စုချန်းအား သတ်ဖြတ်ရန် လုံလောက်ပေသည်။

ထိုအချိန်မှာပင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သည် လေပေါ်တွင် ပျံသန်းနေရင်းမှ အောက်ဘက်သို့ နိမ့်ဆင်းလာကာ အော်ဟစ်လိုက်သည်။

"ပိုင်ယွမ်"

"အဖေ"

အမဲရောင်မုတ်ဆိတ်မွေးများနှင့် လူတယောက် ပေါ်ပေါက်လာ၏။

ဝမ်မျိုးနွယ် လက်ရှိအကြီးအကဲ ဝမ်ပိုင်ယွမ်ပေတည်း။

ဤအတိုင်းဆိုလျင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မှာ ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ဝမ်ကျန်းယုဖြစ်မည်မှာ သေချာနေခဲ့ပေပြီ။

ဝမ်ကျန်းယုက အမိန့်ပေးလိုက်သည်။

"တောင်ကြောရဲ့ တောင်ဘက်တခြမ်းလုံးကို ပိတ်ဆို့ထားလိုက် ဘယ်ထွက်ပေါက်မှ မကျန်စေနဲ့ ဟိုကောင့်နောက်လိုက်ဖို့ လူတွေ ထပ်ပြီး စေလွှတ်လိုက်"

"ကောင်းပါပြီ အဖေ"

စကားဆုံးသည်နှင့် ဝမ်ကျန်းယုက ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

"အဖေ စုချန်းကို လိုက်မဖမ်းတော့ဘူးလား"

ဝမ်ပိုင်ယွမ် အံ့သြတကြီးနှင့် မေးလိုက်သည်။ ဝမ်ကျန်းယုက ပြန်ဖြေလိုက်၏။

"ကျုပ်က သူတို့ကို ဆုချမယ်လို့ ကြေငြာပြီးပြီပဲ ဒီဆုကို သူတို့နဲ့အပြိုင် လုနေရအုံးမှာလား"

ဝမ်ပိုင်ယွမ် တွေခနဲ ဖြစ်သွား၏။ ပြီးမှ ဝမ်ကျန်းယု၏ စကားက အဓိပ္ပာယ်ရှိမှန်း သူ သဘောပေါက်လိုက်သည်။ ယ

စုချန်းက သတ်နိုင်ပါက မည်ရွေ့မည်မျှ ဆုချမည်ဟု ကြေငြာထားသူကိုယ်တိုင်က အောက်လက်ငယ်သားများနှင့်အပြိုင် စုချန်းကို လိုက်ဖမ်းနေပါက ထိုဆုကို မက်မောသည့် အဓိပ္ပာယ် သက်ရောက်နေမည် မဟုတ်ပါလား။ ၄မှာ ရှက်ဖွယ်ရာကောင်းနေ၏။

"ဒါပေမဲ့ စုချန်းဟာ အင်မတန် ညဏ်များတယ်အဖေ တော်ကြာ သူ ထပ်ပြီး လွတ်သွားခဲ့ရင်..."

ဝမ်ပိုင်ယွမ်၏ လေသံမှာ စိုးရိမ်တကြီး ဖြစ်နေ၏။

"ဒါကြောင့်မို့ မင်းကို ဂရုတစိုက်လုပ်ဖို့ ပြောနေတာပေါ့ သူက တယောက်တည်း မင်းမှာ လူတွေက အများကြီး ဒါတောင်မှ ဒီကောင်တယောက်တည်းကို မဖမ်းနိုင်ဘူးလား ကျုပ်ကချည်း အရာအားလုံးကို လိုက်ပြီး ဖြေရှင်းနေရမှာလား"

ဝမ်ကျန်းယု၏ လေသံမှာ အနည်းငယ် မသာမယာ ဖြစ်လာ၏။

မျိုးနွယ်စုတည်ထောင်သူ ခေါင်းဆောင်ကြီးတယောက်အနေနှင့် ဤမျှလောက် ကိစ္စအတွက် ဝင်ရောက်ဆောင်ရွက်ပေးခြင်းကပင် အတော်လွန်လှပြီ။ ပို၍ဆိုးသည်က ရန်သူမှာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်နေခြင်းပင်။

ကြီးမြတ်သော မျိုးနွယ်စုခေါင်းဆောင်တဉီးအနေနှင့် ပထမတကြိမ် တိုက်ခိုက်မှု လွဲချော်သွားကတည်းက ဝမ်ကျန်းယုအနေနှင့် စုချန်းကို ထပ်မံ တိုက်ခိုက်ရန် ဆန္ဒမရှိတော့။

ဝမ်ကျန်းယု၏ လေသံကိုကြားသည်နှင့် ဝမ်ပိုင်ယွမ် ဘာမှ ထပ်မပြောဝံ့တော့။

ဝမ်ကျန်းယုကား ထွက်ခွာသွားလေပြီ။

ထိုအခါ ဝမ်ပိုင်ယွမ်က အော်ဟစ်အမိန့်ပေးလိုက်၏။

"ရှိသမျှ လူကုန်သုံးပြီး လိုက်ကြစမ်းဟေ့ ဒီကောင် ပြေးဖို့လမ်းမရှိတော့ဘူး ဒါ အခွင့်အရေးပဲ ဒီအခွင့်အရေးမျိုး ကျုပ်တို့ နောက်တကြိမ် မရနိုင်တော့ဘူး"

_______×××_________×××_________

စုချန်းသည် ဝမ်ပိုင်ယွမ်၏ အမိန့်ပေးသံကို ကောင်းစွာ ကြားလိုက်ရ၏။ ၄အမိန့်သံကြောင့် သူ့အနေနှင့် စိုးရိမ်ပူပန်ဖို့ဝေးစွ၊ ပို၍ပင် စိတ်သက်သာရသွားလေသည်။ ဝမ်ကျန်းယု ထွက်ခွာသွားပြီ မဟုတ်ပါလား။

စုချန်းသည် စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကား အမှန်တကယ်ပင် ထွက်ခွာသွားခဲ့လေပြီတည်း။

သားရဲကြီးကား သွားလေပြီ။ သို့သော် ဝံပုလွေများကား ယခုတိုင် သူ့အား လိုက်ရှာနေကြသေး၏။

စုချန်းသည် နောက်ဘက်ကို တချက်ကြည့်ပြီး အေးစက်သော လေသံနှင့် ရယ်မောကာ အပြေးနှုန်းကို ရည်ရွယ်ချက်ရှိရှိ လျော့ချလိုက်၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သာ မရှိပါက ဤလူအုပ်အား ကြောက်နေစရာအကြောင်းမရှိတော့။

"လိုက်ကြဟေ့ လိုက်ကြ"

"ဖမ်းကြစမ်းဟေ့ ဒီကောင့်ကို မလွတ်စေနဲ့"

ဆူဆူညံညံ အော်ဟစ်သံများနှင့်အတူ ချီစွမ်းအားပညာရှင်အချို့ ရှေ့သို့ ပြေးထွက်လာ၏။

ထိုအထဲမှ ချီစွမ်းအားပညာရှင်တယောက်သည် စုချန်း အရှိန်လျော့သွားသည်ကို မြင်သည်နှင့် လက်တဖက်ကိုမြောက်ကာ အနက်ရောင်အလင်းတန်းတခုကို ပစ်လွှတ်လိုက်လေသည်။

အနက်ရောင်အလင်းတန်းသည် စုချန်း၏ ကျောပြင်ကို ထိမှန်တော့မည့်ဟန်ဖြင့် ပြေးဝင်လာ၏။ ထိုအချိန်မှာပင် စုချန်း၏ တကိုယ်လုံး လေထဲသို့ လှစ်ခနဲ ခုန်တက်သွားလေသည်။

နောက်ထပ် ချီစွမ်းအားပညာရှင်နှစ်ယောက်ကလည်း ခုန်ဝင်လာပြန်၏။ ၄တို့၏ ဓားသွားများမှ အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။

ထိုစဉ် ၄တို့ရှေ့၌ မီးတောက်မီးလျံများ ထွက်ပေါ်လာ၏။

၄တို့၏ စိတ်ထဲတွင် အဆိုပါ မီးတောက်များသည် သာမာန် မီးလျံအမျိုးအစားမူလစွမ်းရည်တမျိုးဟုသာ ထင်ကြလေရာ သာမာန်အကာအကွယ်တခုကိုသာ ဖန်တီးပြီး တုံ့ပြန်လိုက်ကြသည်။ သို့သော် မျက်စေ့တမှိတ်အတွင်းမှာပင် အနှီ မီးတောက်များသည် ကြီးမားသော လူပုံစံအရိပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရှည်လျားသော လက်ကြီးဖြင့် ၄တို့အား ဖမ်းချုပ်ထားလိုက်၏။

ချီစွမ်းအားပညာရှင်နှစ်ယောက်ကား အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံလိုက်ရချေပြီ။ မည်သို့ပင် ကြိုးစားရုန်းကန်စေကာမူ မလွတ်မြောက်နိုင်တော့။

စက္ကန့်ပိုင်းအတွင်းမှာပင် သနားစရာ ချီစွမ်းအားပညာရှင်နှစ်ယောက်သည် ပြာမှုန်များဘဝသို့ ပြောင်းလဲသွားရရှာ၏။

ချီစွမ်းအားပညာရှင်နှစ်ယောက် အထက်ပါနည်းအတိုင်း အသက်ပျောက်သွားကြရသော်လည်း ကျန်လူများကား ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ပို၍ပင် ဒေါသထွက်လာဟန်ရှိ၏။ တဟုန်ထိုးအော်ဟစ်ကာ ရှေ့တိုးလာကြလေသည်။

"လူသားတွေဟာ ချမ်းသာကြွယ်ဝမှုအတွက် သေရမှာမကြောက်ကြပဲကိုး"

စုချန်းက အေးစက်သော လေသံနှင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့ ချာခနဲလှည့်ကာ ပြေးလွှားသွားပြန်သည်။

စုချန်း၏ မြူခိုးကြားထဲမှ မြြွေခလှေမ်းသည် အတော်ပင် မြန်ဆန်သည့် နည်းစနစ်ဖြစ်သည်။ သို့သော် တဖက်တွင်လည်း အပြေးသန်သည့်လူတချို့ ပါလာပုံရ၏။ မျက်စေ့တမှိတ်အတွင်း လူနှစ်ယောက် စုချန်းအား မှီလာပြန်သည်။

"မင်းက ဘယ်ကိုထွက်ပြေးချင်သေးတာလဲ"

ထိုလူနှစ်ယောက်က ကျယ်လောင်စွာ ဟိန်းဟောက်ပြီး စုချန်းအား ပြိုင်တူ တိုက်ခိုက်လိုက်ကြပြန်၏။

ဤတကြိမ်တွင်တော့ သင်ခန်းစာရထားပြီးဖြစ်လေရာ ၄တို့သည် စုချန်းအား သတ်ဖြတ်ရန် အလျင်မလိုတော့။ ထိုအစား ၄တို့က ခပ်လှမ်းလှမ်းမှသာ တိုက်ခိုက်လိုက်ကြလေသည်။

သို့သော် ၄တို့ တိုက်ခိုက်လိုက်စဉ်မှာပင် စုချန်၏ တကိုယ်လုံးသည် ရိပ်ခနဲ ပျောက်ကွယ်သွား၏။

ဟင်...ဒီကောင် ဘယ်ရောက်သွားတာလဲ

ချီစွမ်းအားပညာရှင်နှစ်ယောက်ကား မျက်ကလူးဆန်ပြာ ဖြစ်နေကြလေသည်။

"ဟိုကောင် မင်းတို့နောက်မှာကွ"

ခပ်လှမ်းလှမ်းမှ ကျန်လူများက အော်ဟစ်သတိပေးလိုက်ကြသည်။

သူတို့ ထိတ်လန့်တကြားနှင့် နောက်လှည့်လိုက်ကြသည်။ သို့သော် များစွာ နောက်ကျသွားခဲ့လေပြီ။ စုချန်းသည် လက်သီးသည် ၄တို့၏ လည်မြိုကို ဖောက်ထွင်းသွား၏။

သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ပေတည်း။ သွေးများ နေရာအနှံ့ လွင့်စင်သွား၏။

စုချန်းသည် အလောင်းနှစ်လောင်းကို ချန်ရစ်ခဲ့ပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်လိုက်ပြန်၏။ မျက်စေ့တမှိတ်အတွင်း ၄ လူမြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ချီစွမ်းအားပညာရှင်အုပ်စုကြီး၏ ရှေ့ဆုံးတန်းရှိ လူများမှာ အမြန်ဆုံးလူများ ဖြစ်သည်။ ၄တို့ပင် စုချန်းကို လိုက်မမှီရင် ကျန်လူများ အဘယ်မှာ လိုက်မှီအံ့နည်း။

မိမိလူများ သေဆုံးသွားသည်ကိုကြည့်ရင်း တယောက်က ပြောလိုက်သည်။

"အဖွဲ့တိုင်းမှာ ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်ကျစီ ရှေ့မှာတင်ထားမြှဖစ်မယ် ယန်ဖွင့်လှစ်ခြင်းပညာရှင်တယောက်ဟာ သွေးဆူပွက်ခြင်းပညာရှင်နှစ်ယောက ချီစုဆောင်းခြင်းပညာရှင် လေးယောက်နဲ့ သာမာန်သိုင်းသမား ဆယ်လောက်ကို အသားလေး ထိန်းနိုင်တယ် ဒီကောင် ဒီတောအုပ်ထဲမှာသာ ရှိနေသေးရင် အနှေးနဲ့အမြန် သေရမှာပဲ"

All Chapters