သတ်ဖြတ်ခြင်း
Vol. 10 Ch. 909
"ငါ နားကြားမှားတာ များလား... ဆေးဧကရာဇ် ချန်းက လီချန်းကို သတ်မယ်လို့ ပြောလိုက်တာလား..."
"ဘယ်လောက်တောင် အတင့်ရဲ လိုက်သလဲ... ဝမ်မိသားစုက သူ့ရဲ့ ဆေးဧကရာဇ် ဘွဲ့ထူးကို ပြန် ရုတ်သိမ်းလိုက်ပြီ... အခု သူက ဘယ်သူမှ မဟုတ်တော့ဘူး... ကျောက်စိမ်း ဓားမင်းသားလေးက ဆေးပညာ အစည်းအရုံးရဲ့ မျက်နှာနဲ့ သူ့ရဲ့ အသက်ကို မသတ်ဘူး ဆိုရင်တောင် အပြစ် ပေးမှာတော့ သေချာတယ်"
များစွာသော လူများမှာ ခေါင်းခါ နေမိကြတော့သည်။
"ဟမ့်..."
နင်းဟိုင်ချိုးက ချန်းဖန်အား ကြည့်ကာ နှာခေါင်းရှုံ့ လိုက်၏။
"သမားတော်ချန်း... မင်း ကိုယ့် အခြေအနေကို ကိုယ် သိသင့်တယ်"
ဖန်ယုချင်ကလည်း အေးစက်သော လေသံဖြင့် ပြောသည်။
ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ် သုံးယောက် မှာမူ ငြိမ်သက်စွာပင် ပွဲကြည့်သည့် အလား ကြည့်နေကြသည်။ သူတို့သည် ချန်းဖန်အား ရင်ဆိုင်ရာ၌ ကိုယ်တိုင် ဝင်ပါရန်ပင် မလိုဟု တွေးထားကြပုံ ပေါ်သည်။
"ဝူချင်းယန်... သခင်လေးဝမ်က သူ့ရဲ့ ဆေးဧကရာဇ် ဘွဲ့ထူးကို ပြန်ပြီး ရုပ်သိမ်း လိုက်ပြီ... ဘယ်လို အပြစ်ပေးမလဲ မဆုံးဖြတ် ရသေးခင် သူ့ကို ငါတို့ ခေါ်သွားရမယ်"
ဟူရှောင်က အေးစက်စက် ပြုံရင်း ပြောလိုက်သည်။
ဝူပိုင်စုမှာ ဘာမှ ပြန်မပြောပဲ တိတ်ဆိတ် သွား၏။ ဝူမိသားစုသည် ထိုသို့သော ဂိုဏ်း၊ မိသားစုများ ပေါင်းစပ်ထားသော အင်အားကို ကျိန်းသေ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ချန်းဖန်နှင့် ဝူမိသားစု အကြားရှိ ဆက်ဆံမှုမှာလည်း အလုပ် သဘောသာ ဖြစ်သည်။ သူမ နေရာ၌ ဝူဝမ်တင် ဆိုလျှင်ပင် နှစ်ခါပြန် စဉ်းစားလိမ့်မည် ဖြစ်သည်။
"ချန်းပေ့ရွှမ်း... ကျေးဇူးပြုပြီး လိုက်ခဲ့ ပေးပါ... မစိုးရိမ်ပါနဲ့... ကျုပ်တို့ ဟူမိသားစုက မင်းအတွက် တရား မျှတမှုကို လုပ်ဆောင်ပေးမှာပါ"
ဟူရှောင်က တစ်ချက်ပြုံးကာ ချန်းဖန်ထံ ဦးတည်၍ လက်တစ်ဖက်အား တွန်းထုတ် လိုက်သည်။
ရုတ်တရက် ကောင်းကင်တွင် ရွှေရောင် လက်ဝါး တစ်ခု ပေါ်လာ၏။ ၎င်းသည် လေးမီတာခန့် ကျယ်ဝန်းကာ ချန်းဖန် အပေါ်သို့ ဖိကျ လာသည်။
ဟူရှောင်၏ တိုက်ခိုက်မှုသည် အဆင့်မြင့် ရွှေအမြုတေ တစ်ခု၏ စွမ်းအားကို သယ်ဆောင် ထားရာ မြေပြင်မှာ ဖိအားကြောင့် တုန်ရီ လာခဲ့သည်။
"ရပ်စမ်း..."
ရုတ်တရက် လင်းဝူဟွာက ဓားအား ထုတ်ကာ တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဟူရှောင်က ပိုမို လျှင်မြန်စွာ လက်ညိုးအား ဆန့်ထုတ်၍ သူမအား တိုက်ခိုက်လိုက်သည်။ အကယ်၍ ကျိုးကျူရှင်းသာ အချိန်မှီ ဝင်မကာ လိုက်ပါက ထိုတိုက်ခိုက်မှုတွင်ပင် သူမ သေဆုံး သွားလောက်ပြီ ဖြစ်သည်။
"ဘုန်း..."
လင်းဝူဟွာအား ကယ်တင်ပြီးနောက် ကျိုးကျူရှင်းက ကြီးမားသော ကောင်းကင်မြို မြွေကြီး အသွင် ပြောင်းလဲ လိုက်၏။ ထို့နောက် ၎င်းက ကောင်းကင်သို့ ပျံတက်ကာ ရွှေရောင် လက်ဝါး တိုက်ခိုက်မှုကို တားဆီး လိုက်သည်။
"ဒါက ဘာ အဓိပ္ပာယ်လဲ... မင်းက ငါနဲ့ ထပ်ပြီး တိုက်ခိုက်ချင်လို့လား"
ဟူရှောင်က နှာခေါင်းရှုံ့ လိုက်၏။
"ကောင်းပြီလေ... ဒါဆိုလည်း မင်းတို့ နှစ်ယောက် စလုံး ဒူးထောက်အောင် ငါက လုပ်ရမှာပေါ့"
ရုတ်တရက် ဟူရှောင်၏ မျက်လုံးရှိ သင်္ကေတ ခြောက်ခုမှာ ပျံသန်း ထွက်လာကာ အခြား ဟူရှောင် ခြောက်ယောက် အဖြစ် ဖွဲ့စည်းသည်။
"ကောင်းကင် မြေခွေး ပုံရိပ်ယောင် ကိုးခု ကျင့်စဉ်..."
ထိုအရာကား ဟူမိသားစု၏ လျှို့ဝှက် ကျင့်စဉ် ဖြစ်သည်။ ယခု တစ်ကြိမ်၌ ဟူရှောင်၏ ကိုယ်ပွားများသည် ပထမ တစ်ကြိမ်ကထက် ပိုမို ထင်ရှားလာ၏။ ၎င်းတို့၏ ကိုယ်တွင်းမှ စွမ်းအားမှာလည်း နှစ်ဆ အထိ တိုးတက် လာခဲ့သည်။
"ဘုန်း..."
ဟူရှောင်နှင့် ကိုယ်ပွား ခြောက်ခုမှာ ကျိုးကျူရှင်းနှင့် ချန်းဖန်တို့ထံ တိုးဝင် သွား၏။ ကျိုးကျူရှင်းသည် ကိုယ်ပွား ခြောက်ခုကို တားဆီးနိုင်ခဲ့သော်လည်း ဟူရှောင်ကိုမူ မတားနိုင်ခဲ့ချေ။
"ဟူး…"
မျက်စိ တစ်မှိတ် အတွင်းမှာပင် ဟူရှောင်သည် ကျိုးကျူရှင်း၏ ခံစစ်ကို မြွေတစ်ကောင် အလား ကျော်ဖြတ်ကာ ချန်းဖန်၏ အရှေ့သို့ ရောက်ရှိ သွားသည်။ ထို့နောက် သူက တစ်ဖက်ကို မြှောက်ကာ ချန်းဖန် ထံသို့ ဆန့်ထုတ် လိုက်၏။
"ငါနဲ့ လိုက်ခဲ့..."
သူ၏ လက်က လျှင်မြန်စွာပင် အရွယ်အစား ကြီးမားလာကာ ကောင်းကင် မြေခွေး လက် အသွင် ပြောင်းလဲ သွားသည်။ ထိုလက်သည် ချန်းဖန်၏ လွတ်လမ်း မှန်သမျှကို ပိတ်ဆို့ကာ ချုပ်နှောင်ရန် ကြိုးစား၏။
ဝူချင်းယန်မှာ ပိုမို၍ စိုးရိမ် လာသည်။ သူမက ဝူပိုင်စုအား အကူအညီ တောင်းသည့်နှယ် ကြည့်သော်လည်း အခြေအနေက ထူးခြား မလာခဲ့ချေ။
တစ်ချိန်တည်း၌ များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အသက် မရှူနိုင်အောင် ဖြစ်နေကြသည်။ ချန်းဖန်သည် မြောက်နတ္ထိနယ် ခရီးစဉ်၌ မိတ်ဆွေများစွာ ရှိလာခဲ့သော်လည်း များစွာသော ရန်သူများကိုပါ ဖန်တီးမိခဲ့သည်။ အကယ်၍ သူသာ လိုက်လျောညီထွေ ဆက်ဆံတတ်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး ရောက်လာလိမ့်မည် မဟုတ်ချေ။
"ချန်းပေ့ရွှမ်း... ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့က အလကားပဲကွ... ဒီကမ္ဘာကြီးက မိသားစုကြီးတွေရဲ့ လက်ထဲမှာပဲ ရှိတာ... မင်း ငါ့ကို စော်ကားတဲ့ အတွက် တစ်သက်လုံး နောင်တ ရရလိမ့်မယ်"
လက်ဖျား တစ်ထောက်စာသာ လိုတော့သော အနိုင်ရခြင်းအား ကြည့်ကာ ဟူရှောင်၏ မျက်နှာက ပြုံးယောင်သမ်း လာသည်။ သို့သော်လည်း နောက် တစ်စက္ကန့်မျှ အကြာ၌ ထိုအပြုံးကား ရုတ်ချည်း အေးခဲ သွား၏။
သူ၏ အကြည့် အောက်တွင်ပင် ချန်းဖန်က လက်ညိုး တစ်ဖက်ကို ဆန့်ထုတ် လိုက်သည်။ သူ၏ လှုပ်ရှားမှုသည် နှေးကွေးကာ အလွန် ပျင်းရိနေပုံ ပေါ်၏။
"ဘုန်း..."
ရုတ်တရက် လက်ညိုး၏ ထိပ်မှ အဇူရာ အလင်းများ တောက်ပလာ၏။ ထိုအလင်းက မျက်စိ တစ်မှိတ် အတွင်းမှာပင် တောင်တစ်လုံး အရွယ်သို့ ရောက်ရှိ သွားသည်။
"အဇူရာ သက်ရှည်... နတ်ဘုရား ဖြိုခွဲခြင်း လက်ညိုး..."
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ လက်ညိုးက ဟူရှောင်၏ ကောင်းကင် မြွေခွေး လက်ကို အစိတ်စိတ် အမွှာမွှာ အဖြစ် ဖျက်ဆီးသွား၏။ အဇူရာ အလင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်၌ မည်သည့် အရာကမျှ တာဆီးရန် စွမ်းအား မရှိခဲ့ချေ။
"မကောင်းတော့ဘူး..."
ဟူရှောင်၏ မျက်နှာက မည်းမှောင် သွားကာ သူ၏ ကိုယ်ပွား ခြောက်ခုမှာ သူ၏ အနားသို့ ပြန်လည် ရောက်ရှိလာသည်။ ထို့နောက် ဟူရှောင်နှင့် ကိုယ်ပွား ခြောက်ခုမှာ အရိပ်များ အဖြစ် ရောနှောသွားပြီး မည်သည်က အစစ်၊ မည်သည်က အတုမှန်း မသိနိုင်အောင် ဖြစ်သွားသည်။
သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။ သူက အဇူရာ အလင်းကိုသာ တည်ငြိမ်စွာဖြင့် ထိန်းချုပ်၏။
"ဘုန်း..."
အဇူရာ အလင်းက ချန်းဖန်၏ ထိန်းချုပ်မှု အတိုင်း လျှင်မြန်စွာ ရွေ့လျားကာ ဟူရှောင် တစ်ယောက်၏ ကိုယ်ပေါ်သို့ ညင်သာစွာ ကျသည်။
"ဘုန်း..."
ရုတ်တရက် ဟူရှောင် ခြောက်ယောက်မှာ ပူပေါင်းများ အလား ပျောက်ကွယ် သွားသည်။ ၎င်းတို့သည် သင်္ကေတများ အဖြစ် ပြန်လည် ပြောင်းလဲကာ ကောင်းကင်မှ မြေပြင်သို့ ကျလေ၏။ ကောင်းကင်၌ အစစ်အမှန် ဟူရှောင် တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ..."
မယုံကြည်နိုင်ခြင်းများက ဟူရှောင်၏ မျက်နှာတွင် ဖြစ်ပေါ်နေသည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှာ အလင်းမှုန်များ အဖြစ် ပြိုလဲကျနေ၏။ ထို့နောက် မကြာခင်မှာပင် ဟူရှောင်ကား သူ၏ ဝိညာဉ် ရတနာများနှင့် အတူ အမှုန် အဖြစ် လွင့်ပါး ပျောက်ကွယ် သွားတော့သည်။
ဟူရှောင်ကား လက်ညိုး တစ်ချက်ဖြင့်ပင် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
" ... "
ပရိတ်သတ်များ အကြား၌ တိတ်ဆိတ်မှုသည် ရုတ်ချည်း လွှမ်းမိုးသွား၏။ နင်းဟိုင်ချိုး၊ ဖန်ယုချင်၊ ဝမ်ရွှမ်လုံ အပါအဝင် အားလုံးသည် ချန်းဖန်အား ဆွံ့အစွာ ငေးကြည့် လိုက်မိကြသည်။
"ရှင်... ဟူရှောင်ကို သတ်လိုက်တယ်..."
ဝူချင်းယန်က ချန်းဖန်အား ထိတ်လန့်စွာ မေးသည်။ ဝူပိုင်စုမှာမူ ချန်းဖန်အား တစ်ခါမှ မသိဖူးသူ တစ်ယောက် အလယး ငေးမော ကြည့်နေခဲ့၏။
ဟူရှောင်...
သူကား ဒုတိယ သခင်လေးဟူ ဖြစ်ကာ မြောက်နတ္ထိနယ် လူငယ် မျိုးဆက် ထိပ်တန်း ဆယ်ယောက်ဝင် ဖြစ်သည်။ သူသည် ရွှေအမြုတေ အလယ်ဆင့်၌သာ ရှိသေးသည့်တိုင် သူ၏ ရွှေအမြုတေက အဆင့် ခုနစ် ဖြစ်သည်။ ကျိုးကျူရှင်း ပင်လျှင် သူ၏ ထိုက်တန်သော ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူသည် ကောင်းကင် မြေခွေး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရာ သူ၏ ခန္ဓာကိုယ်မှာ အလွန် အမင်း အစွမ်းထက်သည်။ ဟူမိသားစု၏ ဒုတိယ သခင်လေး အနေဖြင့် သူသည် များစွာသော ဓမ္မ ရတနာများကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သို့တိုင်အောင် ချန်းဖန်သည် သူ့အား လက်ညိုး တစ်ချက်ဖြင့် သတ်ဖြတ် ပစ်ခဲ့သည်။ ဝူချင်းယန်မှာ အိပ်မက် မက်သလို ခံစားနေရကာ ခရမ်းရောင် လနတ်သမီး၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုဖြင့် ပြည့်နှက် နေ၏။
"နင် ငါ့အကိုကို သတ်တယ်..."
ဟူမေ့မှာ သတိဝင်လာသည်နှင့် အရူး တစ်ယောက်အလား ထအော် လိုက်၏။
"ချန်းပေ့ရွှမ်း... နင် သေရမယ်... ငါတို့ ဟူမိသားစုက နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး... နင် ဘယ်သူ ဖြစ်ဖြစ် ဘယ်နေရာက လာတာ ဖြစ်ဖြစ် ဂရု မစိုက်ဘူး... ငါတို့ နင့်ကို ရအောင် သတ်မယ်... နောက်ပြီး..."
"ပါးစပ်ကို ပိတ်ထားစမ်း..."
သူမ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က အင်္ကျီလက် တစ်ဖက်ကို ခါယမ်း လိုက်၏။ ထိုအခါ အဇူရာ အလင်း တစ်ခု ထွက်ပေါ် လာကာ ဟူမေ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျသည်။ ရုတ်တရက် မိန်းကလေး၏ ခန္ဓာကိုယ်မှာ အေးခဲကာ အတွင်းမှ နေ၍ တစ်စစီ ပေါက်ကွဲသွား၏။
ချန်းဖန်အား ဟူမိသားစု၏ နောက်ထပ် လူငယ် မျိုးဆက် တစ်ယောက်ကို သတ်ဖြတ် လိုက်ပြန်ပြီ ဖြစ်သည်။
"ဘယ်သူ သေချင်သေးလဲ..."
ချန်းဖန်က ရှေးဟောင်း နတ်ဘုရား ကုန်းမြင့်ထက်ရှိ လူများကို အေးစက်စွာ ကြည့်ကာ မေးလိုက်၏။
သို့သော်လည်း မည်သူမျှ စကား ပြန်မပြော ကြချေ။
လွန်ခဲ့သည့် တစ်မိနစ်ခန့်၌ လူတိုင်းသည် ချန်းဖန်ကို အထင်မကြီးခဲ့ကြသော်လည်း ယခုတွင်မူ သူတို့ကား သူ မည်မျှ အစွမ်းထက်ကြောင်းကို နားလည် သွားကြပြီ ဖြစ်လေသည်။
***