ဆေးမြို့တော်သို့
Vol. 10 Ch. 916
"ဆေးဧကရာဇ်ချန်း… အဲဒါက နားလည်မှု လွဲတာ သက်သက်ပါ"
စီတုချန်းက အားတင်းကာ ပြုံးရင်း ပြောလိုက်သည်။
"နားလည်မှု လွဲတာ ဟုတ်လား…"
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်၏။
"မင်းပြောတော့ ဆေးပညာ အစည်းအရုံးမှာ ငါ့လို လူလိမ် တစ်ယောက် အတွက် နေရာ မရှိဘူးဆို…"
"မဟုတ်ပါဘူး… ကျုပ်တို့ အားလုံးက ဆေးဧကရာဇ်ချန်းရဲ့ နတ်ဘုရား တစ်ပါးလို အစွမ်းထက်တဲ့ ဆေးပညာကို လေးစား ပြီးသားပါ… နောက်ပြီး ခင်ဗျားက ဆေးဧကရာဇ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ် ဆိုတာ မြောက်နတ္ထိနယ် တစ်ခုလုံး သိကြပါတယ်… တစ်စုံတစ်ယောက်က အဲဒါကို သံသယ ရှိတယ် ဆိုရင်တောင် ကျုပ်တို့ ဆေးပညာ အစည်းအရုံးက ဆေးဧကရာဇ်ချန်းရဲ့ ဘက်မှာ ပထမဆုံး ရပ်တည် ပေးမှာပါ"
စီတုချန်းက လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
"ဟဟ…"
ချန်းဖန်က ရယ်မောကာ စီတုချန်း၏ အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ် လိုက်သည်။ စီတုချန်းမှာ သူ၏ လက်နှင့် သတ်ဖြတ်ရန် ထိုက်တန်သည့် အဆင့်အတန်း မဟုတ်ချေ။
"စီနီယာချန်း… ကျွန်မတို့ ဘယ်ကို သွားကြ မလဲ…"
မူဟုန်တိ၏ မေးလိုက်၏။
"ဆေးပညာ အစည်းအရုံးကို သွားကြမယ်… ငါ့ကို ယုံကြည်ပြီး ပံ့ပိုးပေးတဲ့ အတွက် အကြီးအကဲတွေနဲ့ အစည်းအရုံး ခေါင်းဆောင်ကို ကျေးဇူးတင် ရဦးမယ်လေ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြောလိုက်သည်။
…
ကျန်းဟိုင် ပြည်နယ်နှင့် ရှေးဟောင်းဆေး ပြည်နယ် တို့မှာ မိုင်သောင်းချီ ကွာဝေးသည်။ ရက်အနည်းငယ် ကြာပြီးနောက်၌ ချန်းဖန်တို့သည် ရှေးဟောင်းဆေး ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြ၏။
အနက်ရောင် မြင်းရထားလုံး တစ်ခု ကောင်းကင်တွင် ပေါ်လာသည်နှင့် ဆေးမြို့တော် တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။ ဆေးမြို့တော်ရှိ လူတိုင်း လိုလိုမှာ လင်ကျင်းမြို့၌ ချန်းဖန် ပြုလုပ်ခဲ့သည်များကို သိရှိထားခဲ့ကြပြီး ဖြစ်သည်။
သို့သော်လည်း သူတို့ နားမလည်သည့် အချက်မှာ ဆေးဧကရာဇ်ချန်းက အဘယ်ကြောင့် ရှေးဟောင်းဆေး ပြည်နယ်သို့ ပြန်လာရ သနည်း။ သူက ဘာကို လိုချင် သနည်း။
"ဘုန်း…"
ရုတ်တရက် မရေ မတွက်နိုင်သော ရှေးဟောင်း ဓမ္မ အစီအရင်များသည် နိုးထ လာကာ ကောင်းကင်သို့ ရောင်စုံ အလင်းများကို စေလွှတ်၏။ ထိုအလင်းများသည် ဆေးမျှော်စင်ကို ဗဟိုပြု၍ ဆေးမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။
"တောင်တန်း အကာအကွယ် အစီအရင်… ဆေးပညာ အစည်းအရုံးက အဲဒီ အစီအရင်ကို ဖန်မိသားစုနဲ့ လင်းမိသားစု မဟာမိတ် တပ်ဖွဲ့ လာတိုက်တုန်းက နောက်ဆုံး သုံးခဲ့တာ မလား…"
"သူတို့က ချန်းပေ့ရွှမ်းကို ကြောက်နေ တာလား…"
"ကြောက်တာလည်း မပြောနဲ့လေ… သူက ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်ကိုတောင် တစ်ကိုယ်တည်း အနိုင်ယူခဲ့တာ မလား"
များစွာသော လူများမှာ စိတ်လှုပ်ရှားမှုကို ခံစား နေရ၏။ တစ်ချိန်တည်း၌ လူအချို့မှာမူ မတူညီသော တစ်စုံတစ်ခုကို စဉ်းစား နေမိကြသည်။
"သူက အစည်းအရုံးကို မေးခွန်းထုတ်ဖို့ ပြန်လာတာများလား…"
"ဘာအတွက်လဲ… ဆေးပညာ အစည်းအရုံးက ဘယ်ဘက်ကမှ ဝင်မပါခဲ့ဘူးလေ… သူက တကယ့် လက်သည်ကို လိုချင်တယ် ဆိုရင် ဟူမိသားစုနဲ့ ဖန်မိသားစုတို့ဆီကို သွားသင့်တာပေါ့"
"ငါကြားတာတော့ ချန်းပေ့ရွှမ်းက ဆေးဧကရာဇ် ဂုဏ်ပုဒ်နဲ့ မထိုက်တန်ဘူး လို့ စီတုချန်းက အများရှေ့မှာ ပြောခဲ့တယ် တဲ့…"
ကျန်းဟန်နှင့် ရန်ဝူဝမ် တို့မှာ ကျောက်တုံး မျှော်စင် တစ်ခု၏ ထိပ်တွင် ရပ်ရင်း ကောင်းကင်သို့ မျှော်ငေးကြည့် နေခဲ့၏။
"သူက ဆေးပညာမှာတင် မဟုတ်ပဲ တိုက်ခိုက်တဲ့ နေရာမှာပါ ပြိုင်ဘက်ကင်းမယ် လို့ ဘယ်သူက ထင်မိမှာလဲ"
ကျန်းဟန်က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။
"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား မြေရိုင်းနယ်တွေကို စိုးမိုးနိုင်ခဲ့တဲ့ အကြောင်းရင်းက ဆေးပညာကြောင့်တင် မဟုတ်ဘူး… သူရဲ့ ပြိုင်ဘက်ကင်း သစ်သား ဒြပ်စင် ဓမ္မ အစီအရင်တွေ ကြောင့်ပဲ… မင်းတို့က အစတည်းက သူ့ကို လျှော့တွက် ခဲ့ကြတာ"
ရန်ဝူဝမ်က ခေါင်းအား ခါယမ်းကာ ပြောလိုက်သည်။
ချန်းပေ့ရွှမ်း ဆေးပညာ အစည်းအရုံးမှ ထွက်ခွာစဉ်က လူတိုင်းသည် သူ့အား ယဉ်ကျေးစွာ ဆက်ဆံ ခဲ့ကြသည်။ သို့သော်လည်း မည်သူမျှ သူ့အား မကြောက်ခဲ့ကြချေ။
သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းသည် ဟန်ရှုံး သတ်မှတ်ချက်ဝင် လေးယောက်ကို အနိုင်ယူပြီး ပြန်လည် ရောက်ရှိ လာခဲ့သည်။ ဆေးပညာ အစည်းအရုံးရှိ အမောက်မာဆုံး သမားတော် ပင်လျှင် သူ့အား ပေါ့ပေါ့ဆဆ မတွေးရဲတော့ချေ။
"ဝှစ်…"
အလင်းတန်း တစ်ခုသည် ဓမ္မ အစီအရင်၏ အပြင်ဘက်သို့ ပျံသန်း လာကာ အနက်ရောင် ရထားလုံး အနီးသို့ ရောက်ရှိ လာ၏။ ထို့နောက် ရှုယွမ်က အလင်းထဲမှ ထွက်ပေါ်လာကာ ချန်းဖန်အား ဦးညွှတ် လိုက်သည်။
"ဆေး ဧကရာဇ်ချန်း… ဒီကို ဘာလာလုပ်ဝာာလဲ သိပါရစေ"
"ဟမ့်…"
ကျိုးကျူရှင်းက နှာခေါင်းတစ်ချက် ရှုံ့ကာ မေးခွန်းထုတ် လိုက်၏။
"ဆေးပညာ အစည်းအရုံးက ဖန်မိသားစု ဟူမိသားစုတွေနဲ့ ပူးပေါင်းပြီး ငါ့သခင်ကို အပြစ်ပြုခဲ့တယ်… ဒါတောင် မင်းက ဖြူစင်တဲ့ လူတစ်ယောက်လို ဟန်ဆောင်ရဲ သေးတာလား…"
"အဓိပ္ပာယ် မရှိတာ… ဆေးပညာ အစည်းအရုံးက ဆေးဧကရာဇ်ချန်းကို အမြဲ လေးလေးစားစား ဆက်ဆံခဲ့တယ်… သူ့ကို အပြစ်ပြုဖို့ ဘယ်တုန်းကမှ စိတ်မကူး ကြဘူး… အလိမ်အညာတွေကို သုံးပြီး ကျုပ်တို့ အကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာကို ရပ်လိုက်ပါ"
ရှုယွမ်က တင်းမာသော မျက်နှာထားဖြင့် ဆိုလိုက်၏။
"ဆေးသခင်ကို တွေ့တဲ့ အခါကျရင် ငါပြောတာက အလိမ်အညာလား ဆိုတာ သိရမှာပါ"
ကျိုးကျူရှင်းက ပြောလိုက်သည်။
"အဲဒါက…"
ရှုယွမ်က အနည်းငယ် အခက်တွေ့ဟန် ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။
"ကျုပ် တကယ်ပဲ စိတ်မကောင်းပါဘူး… ဆေးဧကရာဇ်ချန်း ထွက်သွားကတည်းက ဆေးသခင်က အစည်းအရုံး ခေါင်းဆောင် ရာထူးကို ကျုပ်ဆီ လွှဲပေးပြီး တံခါးပိတ် ကျင့်ကြံ နေခဲ့တာပါ… သူက ဘယ်သူမှ သူ့ကို မနှောက်ယှက်ဖို့ မှာထားပါတယ်"
"မင်း ပြောပုံ အရဆို သူက ငါ့ကို မတွေ့ချင်ဘူးပေါ့ ဟုတ်လား…"
ချန်းဖန်၏ အေးစက်သော အသံက အနက်ရောင် ရထားလုံးထဲမှ ထွက်ပေါ် လာခဲ့၏။
"အဲ့လို မဟုတ်ပါဘူး… တကယ်လို့ ဆေးဧကရာဇ်ချန်းသာ ဆန္ဒရှိမယ် ဆိုရင် သူ ထွက်လာတဲ့ အထိ စောင့်နေလို့ ရပါတယ် ခင်ဗျာ"
ရှုယွမ်က ယဉ်ကျေးသော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ… ဒါဆိုလည်း ငါ သူ့ကို ဆေးမျှော်စင်မှာ နေပြီး စောင့်မယ်"
ချန်းဖန်က ဆိုလိုက်သည်။
"အဲဒါက… အားတော့ နာပါတယ်… ခု လောလောဆယ် ဆေးပညာ အစည်းအရုံးက လုံခြုံရေး အရ ပိတ်ထားပါတယ်… နောက်ပြီး ဆေးမြို့တော်ရောပါပဲ"
ရှုယွမ်က ခေါင်းကို ငုံ့ရင်း တိုက်ရိုက် ငြင်းဆို လိုက်သည်။
"မင်း ပြောချင်တာက ငါက ဆေးမြို့တော် ထဲကိုတောင် ဝင်လို့ မရဘူးပေါ့… ဟုတ်လား…"
ချန်းဖန်၏ အသံက အေးစက် နေသည်။
"ဟုတ်ပါတယ်…"
ရှုယွမ်က အသံကို နှိမ့်ကာ ခံစားချက် ကင်းမဲ့သော ပုံစံဖြင့် ပြောလိုက်သည်။
"ဘုန်း…"
ရုတ်တရက် အနက်ရောင် ရထားလုံးထဲမှ လှိုင်း တစ်ခု ပျံ့နှံ့လာ၏။ ထိုလှိုင်း ရှုယွမ်၏ ဖိနှိပ်မှု အောက်၌ ရှုယွမ်၏ ခန္ဓာကိုယ်ထဲရှိ သွေးများမှာ လည်ချောင်း အထိ ပျို့တက် လာခဲ့သည်။ သို့သော်လည်း တစ်ခဏ ကြာပြီး နောက်၌ ဖိအားမှာ တဖြည်းဖြည်း လျော့ပါးကာ ပျောက်ကွယ်သွား၏။
"ငါ နားလည်ပြီ… ငါ ဒီကနေပဲ သူ့ကို စောင့်နေမယ်"
ချန်းဖန်၏ စကားအဆုံး၌ ကျိုးကျူရှင်းက ရထားလုံးအား အနီးရှိ တောင်ထိပ် တစ်ခုထံသို့ ဦးတည်၍ မောင်းနှင် သွားဝောာ့သည်။
"ဝေါ့…"
ရထားလုံး ပျောက်ကွယ် သွားပြီးနောက် ရှုယွမ်မှာ သွေးတစ်လုတ် အန်ထုတ်လိုက်ကာ ဖြူရော် သွား၏။
"သူက ဘာလို့ ဒီလောက်တောင် အစွမ်းထက် ရတာလဲ… ဘာပဲဖြစ်ဖြစ် သူ မြို့ထဲကို အတင်း မဝင်တာ ကံကောင်းတာပဲ… မဟုတ်ရင် ဘယ်သူမှ ငါတို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"
ရှုယွမ်က နှုတ်ခမ်းထောင့်ရှိ သွေးစများကို သုတ်ကာ မြို့တော် အတွင်းသို့ ပြန်လည် ဝင်ရောက် သွားတော့၏။
…
ချန်းဖန်၊ ကျိုးကျူရှင်း၊ စီတုချန်းနှင့် မိန်းကလေး သုံးယောက်သည် မြို့ပြင်ရှိ တောင်ထိပ်၌ စခန်းချ ရပ်နား လိုက်ကြသည်။
ရှေးဟောင်းဆေး ကောင်းကင် အရှင်သည် ဆေးမြို့တော်ကို တည်ထောင်ရာ၌ ဝိညာဉ်ကြော တည်ရှိရာ နေရာအား ရွေးချယ် ခဲ့သည်။ ထို့ကြောင့်ပင် အကျိုးဆက် အနေဖြင့် ထိုဧရိယာ တစ်ဝိုက်လုံးမှာ ထူထပ်သော ဝိညာဉ်ချီများဖြင့် ပြည့်နှက် နေခဲ့သည်။
ချန်းဖန်တို့ စခန်းချရာ တောင်ထိပ်မှာ သာမန် အမြင်ဖြင့် ကြည့်ပါက မြေရိုင်း တစ်ခုသာ ဖြစ်သော်လည်း ဝိညာဉ်ချီ ထူထပ်မှုမှာမူ ပေ့ဟန်နယ် တော်ဝင်မြို့ထက်ပင် ပိုမို များပြား နေသေးသည်။ ထို့ကြောင့်ပင် ချန်းဖန်က ထိုနေရာ၌ ဆေးသခင်ကို စောင့်ဆိုင်းရင်း ဆေးသန့်စင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်သည် ခရီးစဉ်၌ ကောင်းကင် ဆေးမြစ် ဆယ်ခု ခန့်ကို ရရှိခဲ့သည်။ မူလ ရှိသောဆေးမြစ်များကိုပါ ထည့်ပေါင်းပါက သူ့တွင် ကောင်းကင်ဆေးမြစ် နှစ်ဆယ်ခန့် ပိုင်ဆိုင် ထားခဲ့ပြီ ဖြစ်သည်။ ထိုကောင်းကင် ဆေးမြစ် အရေအတွက်မှာ သူ့အတွက် ကောင်းကင်ဆေး တစ်သုတ် ဖော်စပ်ရန် လုံလောက်သော ပမာဏ ဖြစ်သည်။
"ကောင်းကင် အဆင့် ဆေးတွေမှာ မတူညီတဲ့ အဆင့်တွေ ရှိတယ်…"
"ကမ္ဘာ အမတေ ကောင်းကင်ဆေးနဲ့ သစ်သား အမတေ ကောင်းကင်ဆေး တွေက အဆင့်နိမ့် ကောင်းကင်ဆေး တွေပဲ… အခြေတည် ဝိညာဉ် အဆင့် မဟုတ်တဲ့ လူတွေတောင် ဖန်တီးနိုင်တယ်"
"ဒါပေမဲ့ တကယ့် ကောင်းကင်ဆေးတွေ ကတော့ ကောင်းကင် ကိုးခုရဲ့ အင်အားနဲ့ ရာသီ လေးခုရဲ့ လေကို သုံးပြီး ဖန်တီးဖို့ လိုအပ်တယ်… ဖန်တီးမယ့် သမားတော်က ဆေးပညာမှာ အခြေခိုင်မာဖို့ လိုအပ်သလို အခြေတည် ဝိညာဉ် အဆင့်ကိုလည်း ရောက်ရှိနေဖို့ လိုအပ်တယ်… ကောင်းကင်ဆေးတွေက အခြေတည် ဝိညာဉ် အဆင့်တွေလို ရှားပါးပြီး အစွမ်းထက် ကြတယ်… ငါ့ရဲ့ အဇူရာ သက်ရှည် ခန္ဓာ ကျင့်စဉ် အောင်မြင်ဖို့ ဆိုရင် ကောင်းကင်ဆေး တစ်သုတ် ဖန်တီးနိုင်မှ ဖြစ်လိမ့်မယ်"
ချန်းဖန်က တွေးရင်း ကျင့်စဉ် တစ်ခုကို အသက်သွင်းကာ မြေအောက်ရှိ မီးစွမ်းအင်များကို ဆင့်ခေါ် လိုက်၏။
ကောင်းကင် အရှင် ရှေးဟောင်းဆေး ဤနေရာ၌ မြို့တော် တည်ထောင်ရန် ရွေးချယ် ခဲ့ခြင်းမှာ ဝိညာဉ်ကြော တစ်ခုတည်းကြောင့် မဟုတ်ချေ။ ကမ္ဘာ မီးဝိညာဉ်ကြောပါ တည်ရှိ နေခြင်းကြောင့် ဖြစ်သည်။ ဝိညာဉ်ကြောနှင့် ကမ္ဘာမီး ဝိညာဉ်ကြောတို့မှာ သမားတော်များ အတွက် အလွန် အရေးပါသော အရာများ ဖြစ်သည်။
"ဘုန်း…"
အားကောင်းသော မီးစွမ်းအင်များသည် ကမ္ဘာမီး ဝိညာဉ်ကြောမှ နေ၍ ကောင်းကင်အထက် မီတာ သုံးထောင် အထိ မြင့်တက် လာ၏။
မီးအား ဆင့်ခေါ်ပြီးနောက် ချန်းဖန်က ဆေးအိုး တစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုဆေးအိုးသည် မီတာ တစ်ရာကျော် ကြီးမားကာ ၎င်း၏ မျက်နှာပြင်မှာ ဝိညာဉ် သားရဲ မျိုးစုံ၏ ဒဏ္ဍာရီများကို ထွင်းထုထားသည့် ပန်းပု လက်ရာများဖြင့် ပြည့်နှက် နေ၏။ ၎င်းကား ဆေးသခင်၏ ရတနာ ဆေးအိုး ဖြစ်သည့် ဆေးတစ်ရာ ဆေးအိုးပင် ဖြစ်သည်။
"ဒီဆေးအိုးက တော်တော်လေး ကိုင်လို့ ကောင်းသားပဲ… သူတို့ ပြောတာတော့ ရှေးဟောင်းဆေး ကောင်းကင် အရှင်နဲ့ ရတနာ ဆေးအိုး ခုနစ်ခုထဲက တစ်ခုတဲ့… ဒီဆေးအိုးက မြို့ပြင်မှာ ရှိတဲ့ ဆေးအိုးကြီးလောက် အသုံး မဝင်ပေမဲ့လည်း အလုပ်တော့ ဖြစ်မယ့် ပုံပါ"
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
ဘေးမှ ကြည့်နေသော စီတုချန်းမှာ သူ၏ မုန်းတီးမှု ဆန္ဒကို ဖုံးကွယ်ရန် အတွက် အပြုံးတု တစ်ခုအား ဆင်မြန်း လိုက်၏။
ဆေးတစ်ရာ ရတနာ ဆေးအိုးမှာ ဆေးသခင်၏ အဖိုးတန် ရတနာ ဖြစ်သည်။ ပို၍ ဆိုးသည်မှာ ဆေးသခင်က ထိုဆေးအိုးကို စီတုချန်းထံ လွှဲပြောင်းပေးရန် ကတိပြုပြီးခါမှ ချန်းဖန်က သိမ်းပိုက်သွားခြင်း ဖြစ်သည်။ ဆေးသခင်က အခြား ရတနာများနှင့် အစားထိုးပေးမည် ဟု နှစ်သိမ့်ထားသည့်တိုင် ထိုအရာက စီတုချန်းအား ခံရခက်စေသည်။
"ငါ မင်းဆရာကို စောင့်ဆိုင်း ဆေးတစ်သုတ် သန့်စင် လိုက်ဦးမယ်… သူ မကြာခင် ထွက်လာမယ်လို့ ငါ မျှော်လင့်တယ်"
ချန်းဖန်က မျက်လုံးများကို ပိတ်ကာ ဆေးအိုး၏ အရှေ့၌ တင်ပျဉ်ချိတ်ကာ လိုက်သည်။
"ဟူး… ဟူး…"
ကမ္ဘာမီး ဝိညာဉ်ကြောမှ မီးတောက်များသည် အဆုံးမဲ့ ထွက်ပေါ်ကာ ဆေးအိုး၏ နံဘေး၌ ဝန်းရံနေ၏။ ဆေးအိုး ပူလာပြီးနောက် ချန်းဖန်က ကောင်းကင်ဆေးများကို ထုတ်ကာ ဆေးအိုး အတွင်း ပစ်ထည့် လိုက်သည်။ သူ၏ ပုံစံက စတင် ဆေးဖော်စပ်သည်နှင့် ပတ်ဝန်းကျင်ရှိ အရာ အားလုံးကိုပင် မေ့လျော့သွားပုံ ရလေသည်။
"ချန်းပေ့ရွှမ်း… မင်း ဘယ်နေ့ အထိ ခုလို မောက်မာနိုင်မလဲ ငါ စောင့်ကြည့် နေမယ်"
စီတုချန်းက စိတ်ထဲမှ နေ၍ အေးစက်စွာ ရေရွတ် လိုက်၏။
မကြာခင်မှာပင် ချန်းဖန် ဆေးမြို့တော် အပြင်၌ စခန်းချ နေထိုင်သည် ဆိုသော သတင်းမှာ မြောက်နတ္ထိနယ် တစ်ခုလုံးသို့ ပျံ့နှံ့ သွားခဲ့သည်။ များစွာသော ကောင်းကင် အရှင် မိသားစုများမှာ မကောင်းသော အငွေ့အသက်များကို ခံစားနေရ၏။
ဆေးမြို့တော် ကောင်းကင်၌ တိမ်ညိုများမှာ ထူထဲစွာ ရစ်ဆိုင်းနေသည်။ မုန်တိုင်းကား မကြာခင် လာတော့မည် ဖြစ်သည်။
***