#မတည်ငြိမ်သောအော်ရာ#
Vol. 87 Ch. 1219
လုချန်ရှန်း၏မျက်နှာက လေးနက်လာခဲ့သည်။
သူထုတ်လွှတ်သည့် နိယာမစွမ်းအားက ဒီနေရာရှိ နိယာမစွမ်းအားကို ပဲ့တင်ပြန်စေတာကို သူလည်းခံစားနိုင်သည်။
ဒီအမြင့်ဆုံးတာအိုနိယာမစွမ်းအားများကို လူသားဘိုးဘေးများပင်လျှင် ကျင့်ကြံခြင်း၌ မတတ်ကျွမ်းခဲ့ကြပေ။
ဒီလိုဆိုပါက မည်သည့်အတွက်ကြောင့် ဒီနေရာ၌ နိယာမစွမ်းအား အများအပြား တည်ရှိနေရလေသနည်း။
ပထမဆုံးအနေနှင့် လိုအပ်သည့်အခြေအနေရပ်ကို သက်သေပြရန်လိုသည်။
ဒါက ဒီနိယာမစွမ်းအားအသီးသီး၏ ပေါ်ပေါက်လာမှုက ဒီစွမ်းအားများကို ပိုင်ဆိုင်သော သူတစ်ယောက်ယောက် ဒီနေရာတွင် တစ်ကြိမ်တစ်ခါက ကျင့်ကြံခဲ့သည်ဟု ဆိုလိုသည်။
ဒါကိုသိသောအခါ လုချန်ရှန်း ရှန်းလျို အရင်ကသူ့ကိုပြောခဲ့တာကို ထူးထူးခြားခြားပင် တွေးမိသွားသည်။
ဖြစ်ရပ်များအနောက်က ကြိုးကိုင်ခြယ်လှယ်သူလား!
မည်သည့်အတွက်ကြောင့် ရှန်းလျိုက ရှောင်ဟိုင် တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တွင် သူ့ကိုလာကယ်မည်ဟု ပြောခဲ့ရလေသနည်း။ မည်သည့်အတွက်ကြောင့် ရှောင်ဟိုင်၏ စိတ်ဝိဉာဉ်အပိုင်းအစတစ်ခုက ထိုနေရာတွင် ပေါ်လာခဲ့လေသနည်း။
ယခုသူတို့ဒီနေရာကို ရောက်လာပြီးနောက်တွင် လုချန်ရှန်းကိုယ်တိုင်အပါအ၀င် ယဲ့ချိုးပိုင်နှင့် ကျန်သောတပည့်များအားလုံးက ဒီနေရာက နိယာမစွမ်းအားနှင့် ပဲ့တင်ပြန်စေသည့် နိယာမစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ဒါကတိုက်ဆိုင်မှုတစ်ခုမဟုတ်တော့ပါ။
တစ်ဘက်လူက သူတို့၏လုပ်ရှားမှုများကို သေချာပေါက်ခန့်မှန်းထားပြီဖြစ်သည်ဟုပင် လုချန်ရှန်းကောက်ချက်ချခဲ့သည်။ ဒါမှမဟုတ် သူတို့၏လှုပ်ရှားမှုတွေကို ထိန်းချုပ်နေတာလား!
ဒီအတွေး၀င်လာသောအခါ လုချန်ရှန်း၏ အမူအရာက ရုတ်တရက်ပြောင်းသွားသည်။
ကြိုတင်ခန့်မှန်းနိုင်ပြီး တစ်ချို့ဖြစ်ရပ်များ ပေါ်ပေါက်လာခြင်းမှတဆင့် သူတို့လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နေခြင်း!
ဒီလိုလုပ်ရန်အတွက် ဘယ်လိုစွမ်းအားမျိုးကို လိုအပ်မည်နည်း။
လုချန်ရှန်းအံကြိတ်လိုက်စဉ် သူ့၀န်းကျင်က နေရာ၌ အမည်မသိဒေါသတစ်ခု ပြည့်နှက်သွားသည်။
ဗလာနတ္ထိပုံတူထဲက နေရာပင်လျှင် အထိန်းအချုပ်မဲ့တုန်ခါနေသည်။
ဒီစွမ်းအားက လူတိုင်း၏ အံ့ဩသင့်နေသည့်အကြည့်များကိုပင် ဆွဲဆောင်သွားခဲ့သည်။
မစ္စတာပင်လျှင် နိုးကြားသွားရသည်။
ဒီလိုစွမ်းအားမျိုးကို သူအရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါ။
ဒါက လုချန်ရှန်း နတ်ဘုရားသတ်ဓားအစီအရင်နှင့် ပြောင်းပြန်ဓားကို သုံးခဲ့တုန်းကထက် ပိုကြောက်စရာကောင်းသည်။
ဒါပေမယ့် သူဘာလို့ရုတ်တရက် ဒေါသထွက်သွားရတာလဲ!
ဒီအချိန်မှာပင် လုချန်ရှန်းလက်ဝှေ့ယမ်းကာပြောသည်။
"ဆက်ကျင့်ကြံကြ၊ ငါ့မှာအရေးတကြီး လုပ်စရာတွေရှိသေးတယ်"
ထိုသို့ဆိုပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တုံ့ပြန်တာကိုပင် စောင့်မနေတော့ဘဲ လုချန်ရှန်း ထိုနေရာကနေ ပျောက်ကွယ်သွား၏။
လူအုပ်စုက ပဟေဠိဖြစ်နေသည့် အကြည့်များကို ဖလှယ်လိုက်ကြသော်လည်း သူတို့ဆရာကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာများ၌ သူတို့တွင် ကြား၀င်ရန်အတွက် ခွန်အားရှိမနေသေးတာကို သဘောပေါက်သွားကြသည့်အပေါ် အရမ်းကြီးမတွေးတောကြပေ။
ထိုအတွေးနှင့်အတူ သူတို့ဆက်လက်ကျင့်ကြံကြတော့သည်။
.....
တိမ်အိပ်မက်ရွှံ့ဗွက်အိုင်!
ဒီနေရာက အရင်က ရှန်းလျိုကို ဖိနှိပ်ထားခဲ့သည့် နေရာပေတည်း။
လုချန်ရှန်း ရောက်လာသောအခါ ရှန်းလျိုလည်းရှိနေတာကို တွေ့လိုက်ရသည်။
ရှန်းလျိုအံ့ဩတကြီးမေးသည်။
"စီနီယာ၊ ဒီကိုဘယ်လိုရောက်လာတာလဲ"
လုချန်ရှန်းသူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း သူ့နတ်အသိက ချက်ချင်းရှေ့သို့ ပေါက်ကွဲသွားပြီး တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံးကို ဖြတ်သန်းသွား၏။
ဒီနေရာ၌ တာအိုနိယာမစွမ်းအားရှိမရှိ သူရှာဖွေချင်နေသည်။
သို့သော် ရလဒ်က လုချန်ရှန်း မျှော်လင့်မထားသည့်အရာပင်။
တခြားနေရာများကဲ့သို့ပင် ကမ္ဘာကြီးထဲက သာမန်နိယာမစွမ်းအားက တည်ရှိနေဆဲဖြစ်ပြီး လုချန်ရှန်း၏ တာအိုနိယာမကို ပဲဲ့တင်မပြန်ခဲ့ပါ။
ငါ အလွန်အကျွံ သတိထားနေလို့များလား!
ထိုစဉ် ရှန်းလျို၏ အံ့ဩသင့်တကြီး အော်သံကို သူကြားလိုက်ရသည်။
"ဟမ်၊ ဒီနေရာဘယ်လိုပြောင်းသွားတာလဲ"
အရင်က ဒီနေရာက ရှန်းလျိုကို ဖိနှိပ်ခဲ့သည့်နေရာဖြစ်ပြီး ပြန့်ကြဲနေသည့် စိမ့်မြေများနှင့် တောင်ကုန်းလေးများရှိသော်လည်း ယခုတွင်မူ စိမ့်မြေများက ကျက်တီးကုန်းမြေတစ်ခုကို ခြေချလိုက်ရသည့်အလား ပျောက်ကွယ်သွားရသည်။
လုချန်ရှန်း ရုတ်တရက်ခေါင်းလှည့်ကာ မေးသည်။
"ဘာပြောင်းလဲသွားတာလဲ"
ရှန်းလျို လေးနက်နေပုံရပြီး ပြန်ဖြေသည်။
"ရွှံ့ဗွက်အိုင်တွေနဲ့ တောင်ကုန်းလေးတွေ ပျောက်ကွယ်သွားပြီ....."
"တစ်ယောက်ယောက် ဒီနေရာမှာ တိုက်ခိုက်ခဲ့တာများလား၊ ဒါပေမယ့် တိုက်ပွဲခြေရာမရှိပါဘူး၊ ပြီးတော့ ဒါက သဘာ၀အတိုင်း ဖြစ်ပေါ်နေတဲ့ ရှုခင်းတစ်ခုနဲ့ ပိုတူပါတယ်"
လုချန်ရှန်း၏ပြေလျော့သွားသည့် မျက်ခုံးများက နက်ရှိုင်းစွာ ကျုံ့လာပြန်သည်။
ကြည့်ရသည်မှာ တစ်ဘက်လူက သူတို့၏ တည်ရှိမှုကို သူ့ကိုဒီလောက်မြန်မြန် မသိစေချင်ပုံရသည်။
"ငါ့ကိုရှာမတွေ့စေချင်ဘူးဆိုမှတော့....." လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ထပ်မပေါ်လာတာပိုကောင်းမယ်"
လက်ရှိလုချန်ရှန်းကို ကြည့်ရင်း လုချန်ရှန်းတွင် တိုက်််ခိုက်ရေးစိတ်ဓာတ်တစ်ခုရှိနေသည်ဟု ရှန်းလျို ခံစားနေရသည်။
အရင်လုချန်ရှန်းက ငါးဆားနယ်တစ်ကောင်နှင့်တူပြီး ကျင့်ကြံဖို့အတွက် စွန့်စားရမည်ကိုထား၊ လှုပ်ပင်မလှုပ်ရှားချင်ပေ။
ပြဿာနာအတွက် ပြေးရမည်ဆိုတာက ဝေးစွ၊ သူ့တပည့်များကို တွေ့ရတိုင်း လုချန်ရှန်းညည်းညူလေ့ရှိသည်။
ထို့နောက် 'တိုက်ခိုက်ရေးစိတ်ဓာတ်' ဟုသော စကားရပ်က လုချန်ရှန်းအတွက် အလွန်ပင် အဓိပ္ပာယ်မရှိသည့် ယူဆချက်တစ်ခုဟု ရှန်းလျိုခံစားရသည်။
သို့သော်ဒါကသူနှင့်မသက်ဆိုင်ပေ။
လုချန်ရှန်းကိုယ်တိုင်က အကြောင်းကိစ္စများနှင့် မပတ်သက်ချင်ပေ။
သို့စေကာမူ ယခုတွင် သူတို့၏လုပ်ရပ်များပြိ နောက်ကွယ်ကနေ ထိန်းချုပ်နေသည့် လျှို့ဝှက်ကြိုးကိုင်သူ ရှိနေတာကို ရုတ်တရက် သဘောပေါက်သွားသောအခါ ဒါက လုချန်ရှန်းကို စိတ်ရှုပ်ထွေးစေပြီး သူတတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းချင်သည်။
ဒီအချိန်တွင် လုချန်ရှန်း ရှန်းလျိုဘက်လှည့်ပြီး မေးသည်။
"ဒီတော့ မင်းဒီကိုဘာလုပ်ဖို့ လာတာလဲ"
ဒါကိုကြားသော် ရှန်းလျို သွေးနီရောင်တုံကင်ကို ထုတ်ယူပြီး အထဲက ဆန်းကြယ်သည့်အက္ခရာများကို ညွှန်ပြသည်။
"ဒီတုံကင်ကို ရှင်းမိသညးစုသွေးအိုင်ထဲမှာ တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်မလား၊ အဲတုန်းက ကျွန်တော် ဒီအက္ခရာတွေကို အရင်က မြင်ဖူးသလို ခံစားရတယ်"
"ပြီးတော့ ဒီနှစ်တွေအတွင်း ကျွန်တော်ဒီမှာ ဖိနှိပ်ခံထားရတာလေ" ရှန်းလျို ခါးသီးစွာပြုံးသည်။
"ဒါကြောင့် ဒီမှာပေါ်လာတာပဲ ဖြစ်နိုင်တယ်"
လုချန်ရှန်းကျက်တီးကုန်းမြေပမာ ပြားချပ်နေသည့် စိမ်းလန်နေသော မြက်ခင်းပြင်ကို လက်ညိုးထိုးပြရင်း မေးသည်။
"ဒီအက္ခရာရဲ့အရင်းအမြစ်ကို မင်းဒီမှာ ရှာနိုင်ဦးမယ်လို့ ထင်လား"
ရှန်းလျို အားကိုးရာမဲ့စွာပြန်ဖြေသည်။
"ကြိုးစားကြည့်မယ်လေ၊ ဒီနေရာကို ပြန်သွားနေတာက ကျွန်တော့်မှတ်ဉာဏ်တွေကို ပြန်လန်းဆန်းလာစေနိုင်တာပဲ"
ထိုသို့ဆိုပြီးနောက် ရှန်းလျို ဒီနေရာတစ်ဝိုက်တွင် စတင်လျှောက်လှမ်းသည်။
အော်ရာကိုဖျက်ဆီးပြီး မြေပြင်ကို ပြောင်းလဲပစ်သဖြင့် ရှန်းလျို သူဖိနှိပ်ခံခဲ့ရသည့် နေရာအတိအကျကို ရှာမတွေ့နိုင်ပေ။
သူရှာဖွေရန်အတွက် စိတ်အသိကိုသာအားကိုးထားရသည်။
ရှာဖွေမှုက မျှော်လင့်ချက်ကင်းမဲ့သွားပုံရပြီး ရှန်းလျိုထွက်သွားတော့မည့်အချိန်တွင် သူနေရာတစ်နေရာသို့ စူးရှစွာကြည့်လိုက်ပြီး အလျင်အမြန်လျှောက်သွားသည်။
အစွန်း၌ ကိုင်းနေသည့်သစ်ခေါက်နှင့်အတူ အကိုင်းများပါရှိသော သစ်ပင်တစ်ပင်ရှိသည်။
လုချန်ရှန်းသူ့နောက်ကနေ လိုက်လာသည်။
သူတို့နှစ်ဦးစလုံး၏ မျက်လုံးများတွင်ပင် ကွေးနေသည့်သစ်ခေါက်အောက်တွင် နို့နှစ်ရောင်ကျောက်တုံးဖြူတစ်တုံးရှိသည်။
ဒီနို့နှစ်ရောင်ကျောက်တုံးဖြူပေါ်၌ အက္ခရာတစ်ခုကို ရေးထွင်းထားသည်။
ရှန်းလျို သွေးရောင်တုံကင်ကို အလျင်အမြန်ထုတ်ယူကာ နှစ်ခုစလုံးကို နှိုင်းယှဉ်ပြီးနောက် အော်ဟစ်သည်။
"တူညီတဲ့အက္ခရာပဲ၊ အရမ်းကိုတူတယ်"
လုချန်ရှန်း၏အမူအရာက လေးနက်သွားပြီး လက်ထဲတွင် နို့နှစ်ရောင်ကျောက်တုံးဖြူကို ကိုင်ရင်းပြောသည်။
"ဒီကျောက်တုံးထဲမှာ အင်မော်တယ်အော်ရာတစ်ခုရှိတယ်"
အင်မော်တယ်အော်ရာ!
ရှန်းလျိုမေးသည်။
"ဒါကပုံမှန်ပဲမလား၊ ဘာပဲဆိုဆို အဆင့်မြင့်ကြယ်နယ်မြေမှာရှိတဲ့ နယ်ပယ်အမြင့်ဆုံးပက လူတွေက သူတို့ကျင့်ကြံခြင်းမှာ အင်မော်တယ်အော်ရာကို ပြောင်းလဲပစ်ကြတာပဲလေ"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"ဒီကအင်မော်တယ်အော်ရာက အင်မော်တယ်နယ်မြေက သန့်စင်တဲ့အင်မော်တယ်အော်ရာနဲ့ အခြေခံလေးသာကွဲပြားတယ်"
ရှန်းလျို၏မျက်သူငယ်အိမ်များ ပြူးကျယ်သွားသည်။
"စီနီယာဆိုလိုတာက ဒီတုံကင်က အင်မော်တယ်နယ်မြေကလာတာပေါ့"
လုချန်ရှန်းခေါင်းညိတ်သည်။
"သံသယမရှိ ဒီလိုဖြစ်ရမယ်"
ထို့နောက်လုချန်ရှန်းပြောသည်။
"ကောင်းပြီ၊ မင်းလည်းငါနဲ့အတူ လာခဲ့လို့ရတယ်"
ရှန်းလျို မမေးတော့ဘဲ ခေါင်းညိတ်သည်။
လုချန်ရှန်း စိတ်မသက်မသာဖြစ်သလို ခံစားရသည်။
ငရဲနတ်ဆိုးဒေသ စည်းတံဆိပ်ကို မချိုးဖျက်သေးခင် သူတို့ဗလာနတ္ထိပုံတူကို ထာ၀ရသက်တမ်းကမ္ဘာသို့ ယူသွားပြီး အားလုံးကို အထဲတွင် ကျင့်ကြံခွင့်ပေးကာ သူတို့၏ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ရန်အတွက် အစီအရင်များကို အဆက်မပြတ် ဖန်တီးပေးမည်ဟု လုချန်ရှန်း တွေးတောမိသည်။
ထို့နောက် သူအင်မော်တယ်နယ်မြေသို့ နောက်ထပ်ခရီးတစ်ခုသွားရပေမည်။
ဒီကြားထဲက ဆက်စပ်မှုကို ရှင်းလင်းရန် လိုအပ်သည်။
အပိုင်း(1220) coming။