← Chapters

#ကျောက်တုံး၊ လမ်းညွှန်၊ အင်မော်တယ်နယ်မြေ#

Vol. 87 Ch. 1220

#ကျောက်တုံး၊ လမ်းညွှန်၊ အင်မော်တယ်နယ်မြေ#

Vol. 87 Ch. 1220

ဗလာနတ္ထိပုံတူကို လုချန်ရှန်း ထာ၀ရသက်တမ်းကမ္ဘာသို့ ယူဆောင်လာခဲ့သည်။

သူအထဲကတစ်ယောက်ကိုမှ ထွက်ခွင့်မပေးခဲ့ဘဲ ဗလာနတ္ထိပုံတူနှင့်အတူ တာအိုနိယာမအမြင်ကို တိုးမြှင့်စေနိုင်သည့် အစီအရင်များစွာကို တည်ဆောက်ခဲ့သလို သူသေမျိုးနယ်မြေကမထွက်သေးခင် ကျင့်ကြံခြင်းနှင့် နားလည်မှုအရှိန်ကို တိုးစေရန်အတွက်လည်း ဆေးလုံးဖိုများစွာကို ချန်ထားခဲ့သည်။

အင်မော်တယ်နယ်မြေက သေမျိုးနယ်မြေနှင့် အတော်လေးဝေးကွာလွန်းသဖြင့် ‌မျှော်လင့်မထားသည့် အဖြစ်အပျက်များကနေ တားဆီးကာကွယ်ရန်အတွက် လုချန်ရှန်း သူ့တပည့်များကို ထာ၀ရသက်တမ်းကမ္ဘာသို့ ပထမဆုံးပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် အနည်းဆုံးတော့ မိုးမခပင်၏ တည်ရှိမှုနှင့် ဘေးကင်းလုံခြုံမှုအကြောင်း အရမ်းကြီးစိတ်ပူနေစရာမလိုတော့။

သူအင်မော်တယ်နယ်မြေ၀င်ပေါက်ကို ရောက်လာသောအခါ ဒီနေရာက မိစ္ဆာနတ်ဆိုးစွမ်းအင်က ၀င်ပေါက်တစ်၀က်ကျော်ကိုပင် အတိနက်မှောင်အောင်လုပ်ထားသည်။

အောက်က အသူရာချောက်တနက်ကဲ့သို့ အမှောင်ထု၌ ကောင်းကင်ဖိနှိပ်စေတီကသာ ကြယ်တစ်စင်းကဲ့သို့ တောက်ပနေပြီး ခပ်မှိန်မှိန်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ လုချန်ရှန်း အရှိန်ပိုမြှင့်တင်လိုက်သည်။

အမွေးတိုင်တစ်၀က်စာအကြာ၌ အင်မော်တယ်ဧကရာဇ်နန်းတော်တွင် အင်မော်တယ်ဧကရာဇ်က မျက်မှောင်ကြုတ်ရင်း အကြီးအကဲများနှင့် ကိစ္စရပ်များဆွေးနွေးနေစဉ် လုချန်ရှန်းကို မြင်လိုက်ရသောအခါ တစ်ခဏမျှ ကြက်သေသေသွားသည်။

သို့သော် တခြားအကြီးအကဲများ၏ အမူအရာများကမူ အကြီးအကျယ် ပြောင်းလဲသွားကြ၏။

"မင်းဘယ်သူလဲ၊ အင်မော်တယ်ဧကရာဇ်နန်းတော်ကို ဘယ်လိုလုပ်၀င်လာရဲတာလဲ"

သို့တိုင် ဒီအဖြူ၀တ်လူက သူတို့သတိမထားခင် နောက်တွင်ရောက်နေပြီဖြစ်ကာ သူ့တည်ရှိမှုကိုပင် သူတို့အာရုံမခံနိုင်ကြသဖြင့် ထိတ်လန့်သွားကြသည်။

တစ်ခဏအကြာတွင် အကြီးအကဲအားလုံးတွင် လေးနက်သည့်အမူအရာများ ရှိနေကြပြီး သူတို့၏အော်ရာများက ပေါက်ကွဲကာ လုချန်ရှန်းကို အချိန်မရွေး အစွမ်းကုန် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

အင်မော်တယ်ဧကရာဇ် သတိပြန်၀င်လာသောအခါမှသာ အနည်းငယ်အားကိုးရာမဲ့နေသည့်အသွင် လက်ဝှေ့ယမ်းပြသည်။

"ကောင်းပြီ၊ အားလုံးထွက်သွားနိုင်ပြီ၊ ဒီလူက ငါ့မိတ်ဆွေပါ"

အကြီးအကဲများစိတ်ရှုပ်ထွေးသွားကြပြီးနောက် အနည်းကယ်စိတ်သက်သာရာရသွားကြကာ လုချန်ရှန်းကို သိချင်စိတ်ဖြင့် နောက်တစ်ကြိမ်လှည့်ကြည့်ရင်း ထွက်သွားကြလေတော့သည်။

လူတိုင်းထွက်သွားကြပြီးနောက် အင်မော်တယ်ဧကရာဇ် ခုံတွင်ထိုင်ပြီး မဲ့ရွဲ့စွာပြုံးသည်။

"ဟေး၊ ညီအစ်ကို၊ နောက်တစ်ကြိမ် မင်းငါ့နေရာကို လာတဲ့အခါ ငါ့ကိုကြိုပြီး သတိပေးလို့ရမလား၊ ဒီလိုဆိုမှ မင်းကို ကြိုဆိုဖို့အတွက် ငါတစ်ယောက်ယောက်ကို စေလွှတ်ပေးမှာပေါ့ ၊ မင်းဒီလို ငါ့ခွင့်ပြုချက်မပါဘဲ ၀င်လိုက်ထွက်လိုက်လုပ်နေတော့ ငါ့ကိုမျက်နှာပျက်စေတယ်လေ"

လုချန်ရှန်း ထူးမခြားနားသည့်အမူအရာဖြင့် သူ့ဆန့်ကျင်ဘက်တွင်ထိုင်ပြီး နို့နှစ်ရောင်ကျောက်တုံးဖြူကို အင်မော်တယ်ဧကရာဇ်ရှေ့တွင် တိုက်ရိုက်ပစ်ချကာပြောသည်။

"အဓိပ္ပာယ်မရှိတာတွေရပ်ပြီး ဒါကို သေချာကြည့်၊ မင်းဒါကိုသိလား"

အင်မော်တယ်ဧကရာဇ် ကျောက်တုံးကို သိချင်စိတ်ဖြင့် ကောက်ယူပြီး အထဲက အက္ခရာများကို ကြည့်လိုက်စဉ် ရုတ်တရက် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းဒီကျောက်တုံးကို ဘယ်ကရခဲ့တာလဲ"

လုချန်ရှန်းပြောသည်။

"သေမျိုးနယ်မြေအတွင်း တားမြစ်မြေတစ်ခုထဲက"

ကျောက်တုံးကို ကောက်ကိုင်ကာ ထရပ်ပြီးနောက် အင်မော်တယ်ဧကရာဇ် အနည်းငယ်တွန့်ဆုတ်ရင်း ပြောသည်။

"ဒီလိုလား၊ ဒါဆိုငါ့သတင်းစကားကို စောင့်ပေးပါဦး"

ထို့နောက် အင်မော်တယ်ဧကရာဇ် ခန်းမကြီးနောက်က အခန်းတစ်ခန်းထဲ၀င်သွားသည်။

တစ်ခဏအကြာတွင် သူပြန်ထွက်လာသည်။

"ငါ့နောက်ကလိုက်ခဲ့ပါ"

လုချန်ရှန်းထရပ်ပြီး အင်မော်တယ်ဧကရာဇ်နောက်မှ လိုက်သွားသည်။

အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို ရောက်ပြီး ဂူထဲကနေ ဖြတ်သွားသောအခါ သူတို့ကျယ်ပြန့်သည့် မြက်ခင်းပြင်တစ်ခုကို ရောက်လာကြ၏။

မြင်ခင်းပြင်၌ သစ်သားတဲသုံးလုံးရှိသည်။

ဒီတဒင်္ဂ၌ သစ်သားတဲသုံးလုံးရှေ့တွင် အကြီးအကဲတစ်ဦးစီရပ်နေကြသည်။

ဒါကိုမြင်သော် အင်မော်တယ်ဧကရာဇ်၏ မျက်နှာက တင်းမာသွား၏။

ဆရာသုံးယောက်လုံးက တကယ်ပဲ ငါတို့ကို နှုတ်ဆက်ဖို့ ထွက်လာကြတာလား!

သူတို့ရောက်လာပြီးနောက် အလယ်က အကြီးအကဲ အင်မော်တယ်ဧကရာဇ်ကို ကြည့်သည်။

"ကောင်းပြီ၊ မင်းအပြင်သွားတော့၊ ငါတို့ အခုကိစ္စတစ်ချို့ကို ဆွေးနွေးကြမလို့"

အင်မော်တယ်ဧကရာဇ် တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ဦးညွတ်သည်။

"ဟုတ်ကဲ့"

အင်မော်တယ်ဧကရာဇ်ထွက်သွားသောအခါ အလယ်က အကြီးအကဲ နို့ဖြူကျောက်ကိုကိုင်ကာ ရှုပ်ထွေးသည့် အမူအရာဖြင့် အက္ခရာများကို ကြည့်ရင်း လုချန်ရှန်းဘက်လှည့်လာသည်။

"အဲဒီလူပြောခဲ့တယ်၊ နတ်ဆိုးနယ်မြေရဲ့ ဖိနှိပ်မှုကို ချိုးဖျက်မယ့်အချိန်မှာ မင်းဒီကို ရောက်လာမယ်တဲ့"

လုချန်ရှန်း၏အမူအရာက တင်းမာခက်ထန်လာသည်။

ဘယ်အချိန်၊ ဘယ်နေရာတွင် သူရောက်လာမလဲဆိုတာကိုပင် တွက်ချက်ထားခဲ့သည်လား။

ဒီအတွေးနှင့်အတူ လုချန်ရှန်း နက်ရှိုင်းသည့်အသံဖြင့်မေးသည်။

"ကျောက်တုံးပေါ်က ဒီအက္ခရာတွေကဘာလဲ၊ ပြီးတော့ ဘာလို့ဒီအက္ခရာက ငရဲနတ်ဆိုးဒေသ အကြွင်းအကျန်တွေရဲ့ လက်ထဲမှာပေါ်လာရတာလဲ၊ ပြီးတော့ ခင်ဗျားပြောနေတဲ့ အဲဒီလူဆိုတာ တကယ်ပဲဘယ်သူလဲ"

ဘယ်ဘက်က အဖိုးအိုက ကြင်နာတတ်သည့်အမူအရာဖြင့် ငဲ့ကြည့်ကာ ညင်သာစွာပြုံးရင်း လက်ကိုဖိချလိုက်၏။

"လူငယ်လေး၊ ဒီလောက်ထိစိတ်မပူပါနဲ့၊ ငါတို့မင်းမေးခွန်းတွေကို တစ်ခုချင်းစီ ဖြေပေးမှာပါ"

"ပထမဆုံးအနေနဲ့ ဒီအက္ခရာအတွက်တော့ ငရဲနတ်ဆိုးဒေသဆိုတာ တကယ်တော့ မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေတို့ရဲ့ ပေါင်းစပ်မှုတစ်ခုဆိုတာ မင်းသိမှာပါ"

လုချန်ရှန်းခေါင်းညိတ်သည်။

"ဒီတော့ ဒီအက္ခရာက နတ်ဆိုးနယ်မြေ၊ တော်၀င်မိသားစုရဲ့ သင်္ကေတတစ်ခုပဲ" ဘယ်ဘက်ကအဖိုးအိုဆက်ပြောပြီး သူ့အပြုံးက ဖြည်းဖြည်းချင်းမှေးမှိန်သွားရသည်။

"နတ်ဆိုးနယ်မြေရဲ့ တော်၀င်မိသားစုက တကယ်တော့ နယ်မြေနှစ်ခုမပေါင်းစည်းခင်ကတည်းက ပျောက်ကွယ်သွားပြီး အမည်မသိ အကြောင်းရင်းတစ်ချို့ကြောင့် နတ်ဆိုးနယ်မြေမှာ တော်၀င်မိသားစုမရှိတော့ဘူး"

"နယ်မြေနှစ်ခုမပေါင်းစည်းခင်က နတ်ဆိုးနယ်မြေရဲ့ တော်၀င်မိသားစုက နတ်ဆိုးနယ်မြေကို အမြဲလိုလိုအုပ်ချုပ်ခဲ့ပြီး တခြားနယ်မြေငါးခုကို တိုက်ရိုက်ဖို့အတွက် ရည်ရွယ်ချက်မရှိခဲ့ဘူး"

နတ်ဆိုးနယ်မြေ၊ တော်၀င်မိသားစု၏ တုံကင်!

လုချန်ရှန်းမျက်မှောင်ကြုတ်သည်။

ဘာကြောင့်ဒီတုံပင်က ရှင်းမိသားစုမှာ ပေါ်လာရတာလဲ!

ဒီကျောက်တုံးကို တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တွင် ထားခြင်းက ရှန်းလျိုကို ဒီအက္ခရာ၏ တည်ရှိမှုကိုသိစေပြီး ဒီနေရာကို ခေါ်လာရန်အတွက်ဆိုပါက ဒီကိုရောက်ပြီးနောက် တခြားသဲလွန်စမရှိတော့ဘူးလား။

တစ်ယောက်ယောက်က ဇာတ်ကွက်ကို ဖျက်ဆီးနေသဖြင့် သင်ကရွံရှာဆက်စုပ်သလို ခံစားရပြီး စတင်စုံစမ်းဖျက်ဆီးသောအခါတွင်မူ သူတို့က တစ်၀က်တစ်ပျက်တွင် ရပ်လိုက်ကြသည့်အသွင်။

ဒါကလုံး၀ကို အထင်အမြင်သေးစရာ ကောင်းလွန်းသည်ဟု ဆို၍ရသည်။

ကျင်ငယ်စွန့်ထုတ်ဖို့အတွက် အူမရဲ့ အလယ်တည့်တည့်ကို ရောက်နေချိန်မှာပဲ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရတဲ့ ခံစားချက်ကို နားလည်လား!

ဒါကလုချန်ရှန်းယခုခံစားနေရခြင်းပင်။

"ဒါဆို ဒီအက္ခရာကို ခင်ဗျားဘာကြောင့် သိတာလဲ" လုချန်ရှန်း စိတ်ရှုပ်နေသည့်အသွင်မေးသည်။

အဖိုးအိုရယ်မောသည်။

"တကယ်တော့ ဒီကျောက်တုံးက သော့တစ်ချောင်းပဲ၊ တစ်ယောက်ယောက် ငါတို့ဆီ တစ်ခါကလာခဲ့ပြီး ငါတို့မငြင်းနိုင်တဲ့ သဘောတူညီမှုတစ်ခုကို ကမ်းလှမ်းခဲ့တယ်၊ ပြီးတော့ ဒီပစ္စည်းကို ငါတို့နဲ့အတူ ချန်ထားခဲ့တယ်၊ အခုမင်းရောက်လာပြီဆိုမှတော့ ငါတို့ဒါကို တရား၀င်ပိုင်ရှင်ဆီ ပြန်ပို့လိုက်ပြီလို့ ယူဆနိုင်ပါပြီ"

"ဒါကဘာလဲဆိုတာကိုတော့ ငါတို့လည်းမသိဘူး ၊ ဒါပေမယ့် မင်းရဲ့နောက်ဆုံးမေးခွန်းရဲ့အဖြေက အထဲမှာရှိလောက်တယ်"

ထိုသို့ဆိုပြီးနောက် အလယ်ကအဖိုးအို ညင်သာစွာလက်ဝှေ့ယမ်းရင်း ကျောက်တုံးအပိုင်းအစတစ်ခုပေါ်လာသည်။

၎င်းကလည်း နို့ဖြူရောင်ရှိသည်။

အလယ်က ဟာနေသည့်ကွက်လပ်က လုချန်ရှန်း ယူဆောင်လာသည့် နို့ဖြူ‌ကျောက်အပိုင်းအစနှင့် လုံး၀ကိုကိုက်ညီသည်။

"ကောင်းပြီ၊ မင်းထွက်သွားနိုင်ပါပြီ၊ အဲဒီတုန်းက အဲလူက ငါတို့ကို ဒီပစ္စည်းရဲ့ မူလဇစ်မြစ်ကို မပြောခဲ့တော့ ဒါကိုစစ်ဆေးဖို့က ငါတို့နေရာမှာမဖြစ်သင့်ဘူးလို့ ထင်မိတယ်"

လုချန်ရှန်း ဘာမှမပြောတော့ဘဲ သုံးယောက်လုံးကို သုံးကြိမ်ဦးညွတ်ပြီးနောက် ပျောက်ကွယ်သွားသည်။

လုချန်ရှန်းထွက်သွားပြီးနောက် အကြီးအကဲသုံးဦးလုံး၏ အမူအရာများက အနည်းငယ်လေးနက်သွားကြ၏။

"သူ့ခွန်အားကိုခံစားမိလား"

"ဟင့်အင်း" တခြားအကြီးအကဲနှစ်ဦး ခေါင်းခါယမ်းကြသည်။

"ဒါက တကယ်ကြောက်စရာအကောင်းဆုံးပဲ....."

"တကယ်တမ်း ဒီခေတ်မှာ ငါတို့ကို သူတို့ခွန်အားအရိပ်အယောင်ကိုတောင် မမြင်ရအောင် တားဆီးကာကွယ်ထားနိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ၊ ဒီလူငယ်က ‌မရိုးရှင်းလောက်ဘူး"

ညာဘက်က အဖွားအိုကလည်း တုံ့ဆိုင်းနေပုံရပြီးနောက် အံ့ဩသင့်စွာပြောသည်။

"ဒါပေမယ့်.... သေမျိုးနယ်မြေမှာ ဒီလိုအစွမ်းထက်လူတစ်ယောက်သာ ရှိမယ်ဆိုရင် ငရဲနတ်ဆိုးဒေသက ကောင်တွေကို ကြောက်ဖို့ လိုသေးလို့လား၊ ဒီပြဿာနာကို ဖြေရှင်းပြီးသားမဖြစ်သွားဘူးလား"

ဒါကိုကြားသော် ဘယ်ဘက်က အဖိုးအိုရယ်မောသည်။

"ဒီလိုပဲဖြစ်ရမယ်"

သို့စေကာမူ အလယ်ကအဖိုးအိုက ပျော်ရွှင်မှုကို မဝေမျှဘဲ ယင်းအစား ကောင်းကင်ကို မော့ကြည့်ပြီး နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"အရာအားလုံးက ဒီလောက်ချောမွေ့နေရင်တော့ ဒီထက်ပိုကောင်းတာ ဘာမှမရှိတော့ဘူး၊ ဒါပေမယ့် အင်မော်တယ်နယ်မြေက ဒီလိုလူမျိုး ပေါ်ထွန်းလာမှုကို ခွင့်ပြုပေးလိမ့်မယ်လို့ထင်လား"

"မင်းတို့နားလည်ရမယ်၊ ဘာကြောင့် သေမျိုးနယ်မြေ အမွေအနှစ်ဖျက်ဆီးခံရတဲ့ စစ်ပွဲကို ခံစားခဲ့ရတာလဲ၊ အင်မော်တယ်မယ်မြေက ကြားနေခဲ့တာလား ဒါမှမဟုတ် မရှင်းလင်းတဲ့ အခန်းကဏ္ဍက ပါ၀င်နေတာလား"

အပိုင်း(1221) coming။

All Chapters