#စံအိမ်တော်သခင်ဟောင်း#
Vol. 87 Ch. 1221
အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်အလယ်တွင် လုချန်ရှန်း သူ့၀န်းကျင်၌ အစီအရင်တစ်ခုကို ချပြီးနောက် နို့ဖြူကျောက်တုံးနှစ်တုံးကို ထုတ်ယူလိုက်၏။
လက်တစ်ဖက်တွင် တစ်တုံးစီကိုင်ရင်း လုချန်ရှန်းအတူတကွပူးကပ်တော့မည့်အချိန် ရုတ်တရက်ရပ်လိုက်သည်။ တစ်ခဏမျှ တွေးပြီးနောက် သူလက်တံဆိပ်တစ်ခု ဖန်တီးလိုက်စဉ် လုချန်ရှန်းဘေး၌ ကိုယ်ပွားတစ်ခုပေါ်လာသည်။ ၎င်းနောက် ကျောက်တုံးနှစ်တုံးကို ကိုယ်ပွားအားပေးပြီး သူ့မူလခန္ဓာကမူ အဝေးကနေ စောင့်ကြည့်နေသည်။
အင်း၊ ဘာပဲဆိုဆို ဒါက ငါမသိတဲ့အရာတစ်ခုဖြစ်နေတော့ စိတ်မကောင်းဖြစ်ရမယ့် အခြေအနေအတွက် ဘေးကင်းအောင် လုပ်ထားတာ ပိုကောင်းတယ်!
နို့ဖြူကျောက်နှစ်တုံးကို ပူးကပ်လိုက်သောအခါ အဖြူရောင်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ပတ်၀န်းကျင်က ဒီအလင်းဖြူ၏ အလျင်အမြန် လွှမ်းခြုံခြင်းကိုခံရပြီး လုချန်ရှန်း၏မူလခန္ဓာကိုရော ကိုယ်ပွားကိုပါ အထဲသို့ ထည့်ပစ်သည်။
လုချန်ရှန်းလှည့်ကြည့်လိုက်သောအခါ အရာအားလုံးက လုံး၀အဖြူရောင်ဖြစ်နေသည်။
လုချန်ရှန်း၏မျက်လုံးရှေ့တွင် မုတ်ဆိတ်ဗရပွနှင့် ဖရိုဖရဲဖြစ်နေသည့် အဖိုးအိုတစ်ဦး၏ ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။
အဖိုးအိုကို မြင်သောအခါ လုချန်ရှန်း မျက်လုံးကို မယုံနိုင်လောက်အောင် ကျယ်ပြောစွာ ဖွင့်လိုက်မိသည်။
"အဖိုးကြီးတင်း၊ ဒီကိုဘယ်လိုရောက်လာတာလဲ"
အကယ်၍ ချင်းတျန်နျန်သာ ဒီမှာရှိပါက ထိုအဖိုးအိုကို မှတ်မိလောက်ပေသည်။
အဖိုးအိုက စံအိမ်တော်၏ အရင်စံအိမ်သခင်ဟောင်းပေတည်း။
အဖိုးအို လုချန်ရှန်းကို ကြည့်ရင်းပြုံးသည်။
"မင်း၊ ကောင်စုတ်လေး၊ အရင်ကလို မင်းက သတိထားနေတုန်းပဲ"
လုချန်ရှန်း ကျောက်တုံးအပိုင်းအစများကို ပူးကပ်ရန်အတွက် ကိုယ်ပွားကို အသုံးပြုခဲ့တာကို အဖိုးအိုမြင်ပါသည်။
"တခြားအကြောင်းအရာတွေကို မပြောနဲ့ဦး၊ ဘာလို့ဒီမှာရှိနေရတာလဲ၊ လွန်ခဲ့တဲ့နှစ်တွေက ခင်ဗျားနှုတ်မဆက်ဘဲ ထွက်သွားခဲ့တယ်၊ ခင်ဗျားတကယ်ပဲ ဘာလုပ်ဖို့ သွားခဲ့တာလဲ"
ဒါကိုကြားသော် အဖိုးအိုပြုံးသည်။
"တော်တော့၊ ငါ့မှာအချိန်သိပ်မရှိပါဘူး၊ ဒီမေးခွန်းတွေကို မင်းကိုယ်တိုင်ပဲ ရှာဖွေတော့"
"မင်းအခုလောလောဆယ် ငါက အရာရာတိုင်းကို နောက်ကွယ်ကနေ ခြယ်လှယ်နေသူဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို တွေးနေတာမလား"
လုချန်ရှန်းခေါင်းညိတ်ပြီးနောက် လက်ဝှေ့ယမ်းသည်။
"ခင်ဗျားဒါကိုတောင်ပြောပြီဆိုမှတော့ သေချာပေါက် ခင်ဗျားမဟုတ်ဘူးမလား"
အဖိုးအိုခေါင်းညိတ်ရင်းပြောသည်။
"မှန်တယ်၊ တကယ်တော့ငါမဟုတ်ပါဘူး၊ ငါမင်းကိုပြောချင်တာက ဒီကိစ္စကို သိပ်ပြီး စိုးရိမ်မနေနဲ့၊ ကြိုးအားလုံးကို ဆွဲနေတဲ့သူမှာ မင်းအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိဘူး၊ သူတို့က မင်းဘက်ကပဲ"
လုချန်ရှန်းမျက်မှောင်ကြုတ်ရင်း မေးသည်။
"အဖိုးကြီးတင်း၊ ဆိုလိုတာက ဒီလူကို ဘယ်သူလဲဆိုတာကို ခင်ဗျားသိတယ်ပေါ့"
"ငါသိတယ်၊ ဒါပေမယ့် မင်းကိုမပြောပြနိုင်ဘူး"
"ဒီတော့ ဒါလေးကိုပြောဖို့အတွက် ကျွန်တော့်ကို ဒီလောက်ဒုက္ခခံပြီး ဒီကို ခေါ်လာတာပေါ့"
အဖိုးအိုရယ်မောကာ ခေါင်းခါယမ်းသည်။
"ဒါကတစ်စိတ်တစ်ပိုင်းပါ၊ ဘာပဲဆိုဆို မင်းက အတော်လေး အတွေးများတာပဲ၊ ကောင်လေး၊ ဒါပေမယ့် မင်းဒီကိုရောက်လာပြီ ဆိုမှတော့ ငရဲနတ်ဆိုးဒေသက ဖိနှိပ်မှုကို ချိုးဖျက်ဖို့အချိန်ကျပြီလို့ ငါယူဆလို့ရတာပေါ့"
"မင်းခွန်အားနဲ့ ငရဲနတ်ဆိုးဒေသကို ကိုင်တွယ်ဖို့ဆိုတာက ပြဿာနာအများကြီးရှိမှာမဟုတ်ဘူး"
"ဒါပေမယ့်...ငါမင်းကိုပြောချင်တာက"
ဒီနေရာတွင် အဖိုးအို၏ ဂရုမစိုက်သည့် အမူအရာက အနည်းငယ်ပိုလေးနက်လာသည်။
"ငရဲနတ်ဆိုးဒေသ သေမျိုးနယ်မြေကို တိုက်ခိုက်တဲ့အခါကျရင် မင်းခွန်အားကို ဖုံးကွယ်ဖို့အတွက် တတ်နိုင်သမျှအကောင်းဆုံးကြိုးစားပြီး အရမ်းကြီးမဖော်ထုတ်မိစေနဲ့"
ဟမ်!
လုချန်ရှန်းအံ့ဩသင့်သွားရသည်။
"ဘာလို့လဲ"
"ငရဲနတ်ဆိုးဒေသက လက်ကိုင်တုတ်တစ်ခုသာသာပဲ၊ တကယ့်ရန်သူအစစ်က သူတို့မဟုတ်ဘူး၊ အဲဒီဂိုဏ်းရဲ့စွမ်းအားကတော့ မင်းစွမ်းအားအတွက် သိပ်ကြီးမားတဲ့ ဖိအားတစ်ခုတော့ မဟုတ်ပါဘူး" အဖိုးအိုဆက်ပြောသည်။
"ဒါပေမယ့် မင်းခြိမ်းခြောက်နိုင်တဲ့အဆင့်ကို အစောကြီးဖော်ပြလိုက်မယ်ဆိုရင် သူတို့ သေမျိုးနယ်မြေကို တိုက်ခိုက်ဖို့ စီစဉ်တဲ့အခါ ဒါက သေမျိုးနယ်မြေအတွက်ဖြစ်ဖြစ် မင်းတပည့်တွေအတွက်ဖြစ်ဖြစ် ကောင်းတဲ့ အရာတစ်ခုတော့မဟုတ်ဘူး၊ မင်းလည်း မင်းတပည့်တွေကို ရုတ်တရက် မသေသွားစေချင်ဘူးမလား"
ဒါကရိုးရှင်းသည်။ လုချန်ရှန်းအစွမ်းထက်သော်လည်း အဆုံးတွင် သူ့တပည့်များကို တစ်ချိန်လုံးမကာကွယ်ပေးနိုင်ပါ။
သူ့တိုက်ရိုက်အကာအကွယ်သာမရှိပါက အရိပ်ထဲတွင် ပုန်းနေသည့် ရန်သူက သူ့တပည့်များကို ထိခိုက်လာပါက ဒါကို ကာကွယ်ရန်ဟူသည် မဖြစ်နိုင်တော့။
လုချန်ရှန်း၏အမူအရာက သုန်မှုန်လာသည်။
"ကျွန်တော်က ငရဲနတ်ဆိုးဒေသကို အဟန့်အတားမရှိ ရှေ့ဆက်ခွင့်ပြုသင့်တယ်လို့ ခင်ဗျားအကြံပေးနေတာလား"
"လုံး၀မဟုတ်ဘူးပေါ့" အဖိုးအိုပြုံးရင်း တုံ့ပြန်သည်။
"လုံး၀လိုအပ်တဲ့အခါမှ အရေးယူဆောင်ရွက်တာက အဆင်ပြေပါတယ်၊ မင်းလုပ်ဆောင်တဲ့အချိန် အလွန်အကျွံ မလုပ်မိပါစေနဲ့၊ ဥပမာပြောရရင် ငရဲကိုးသွယ်မြေအောက်အစီအရင်ကို မသုံးနဲ့"
"ဒါ့အပြင်ဒီလိုလုပ်တာက မင်းတပည့်တွေရဲ့ ကြီးထွားမှုအတွက်လည်း ပိုအကျိုးရှိတယ်မလား"
သူက ငရဲကိုးသွယ်မြေအောက်အစီအရင်ကိုတောင် သိနေတာလား!
လုချန်ရှန်း အဖိုးအိုကို သိသာထင်ရှားသည့် ရန်လိုစိတ်နှင့်စိုက်ကြည့်သည်။
"ခင်ဗျားတကယ်ပဲ အခုဘယ်မှာလဲ၊ ဘာလို့ ခင်ဗျား ကျွန်တော့်ကို အမြဲစောင့်ကြည့်နေသလို ခံစားရတာလဲ၊ ဒါကတကယ်စိတ်တိုစရာကောင်းလွန်းတယ်၊ ကျွန်တော်ခင်ဗျားကို အကြိမ်ရေအနည်းငယ်လောက် ရိုက်ပစ်ချင်စိတ်ပါ ပေါ်လာတယ်"
"ဘာ၊ မင်းကအခု မင်းဆရာကိုတောင် သစ္စာဖောက်ဖို့ အဆင်သင့်ဖြစ်နေပြီလား"
"ကျွန်တော့်အတွက်တော့ ပြဿာနာမရှိပါဘူး"
"ကောင်းပြီ၊ ကောင်းပြီ" အဖိုးအိုပြောပြီး လက်ကို ဖိချလိုက်၏။
"မင်းနဲ့ဟာသလုပ်ရင်း ငါအချိန်မဖြုန်းတော့ဘူး၊ ငါ့မှာလုပ်စရာတွေ တစ်ပြုံကြီးရှိသေးတယ်၊ အေးအေးဆေးဆေးပဲနေ၊ မင်းတပည့်တွေမကြီးထွားလာသေးခင် ဆူဆူပူပူသိပ်မလုပ်နဲ့၊ မဟုတ်ဘူးဆိုရင် နောက်ပိုင်း မင်းနောင်တရလာလိမ့်မယ်၊ အဲဒီအဆင့်ကိုမရောက်သွားစေနဲ့၊ ကြားလား"
ထိုသို့ပြောပြီးနောက် အဖိုးအို လုချန်ရှန်းကို ပြန်ပြောရန်ပင် အခွင့်အလမ်းမပေးဘဲ သူ့ပုံရိပ်က ကြယ်ရောက်အစက်အပျောက်လေးများအဖြစ် ပြောင်းသွားပြီး ပျောက်ကွယ်သွား၏။
ထို့နောက် 'ခရက်ခ်' ဟူသောအသံနှင့်အတူ နို့ဖြူကျောက်ကလည်း ကျိုးကြေသွားရသည်။
အလင်းဖြူပျောက်ကွယ်သွားသည်နှင့် လုချန်ရှန်း၏ပုံရိပ်က အင်မော်တယ်တွေ့ဆုံခြင်းကောင်းကင်ထိုးဖောက်တောင်၌ ပြန်ပေါ်လာသည်။
သူထိုင်ပြီး အချိန်အတော်ကြာတွေးနေမိသည်။
ဒီသတင်းအချက်အလက်ကနေတဆင့် ငရဲနတ်ဆိုးဒေသက လက်ကိုင်တုတ်သက်သက်သာဖြစ်ပြီး နောက်ကွယ်တွင် ပိုအားကောင်းသည့်အင်အားစုရှိတာကို သူကောက်ချက်ချနိုင်ခဲ့သည်။
ထို့ကြောင့်သူလှုပ်ရှားရန်လိုသော်လည်း အစွမ်းကုန်လှုပ်ရှား၍မရပေ။
အဖိုးအို၏အသံအနေအထားအရ သူ့တပည့်များ၏ အနာဂတ်အခြေအနေက အန္တရာယ်များပုံရသည်။
ဆိုလိုတာက ဒီလူဆိုးအုပ်စုကို သူတို့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ရန်အတွက် သူတိုက်တွန်းပေးရန် လိုနေခြင်းပင်။
အချိန်အတော်ကြာတွေးနေပြီးနောက် လုချန်ရှန်းမော့ကြည့်ကာ သက်ပြင်းချသည်။
"ဒီအဖိုးကြီးကတော့၊ အနည်းဆုံးတော့ လိပ်စာ ဒါမှမဟုတ် တစ်ခုခု ချန်ထားခဲ့လို့ မရဘူးလား"
"သူ့ကိုမမြင်ရတာ ဆယ်စုနှစ်တစ်ခုကျော်သွားပြီဆိုတော့ ငါသူ့ကို တကယ်လွမ်းနေမိသလိုပဲ....."
မည်သို့ပင်ဆိုစေကာမူ သူတို့က သွေးချင်းဆက်နွယ်မှုမရှိသည့်တိုင် သူက ဒီကမ္ဘာ၌ လုချန်း၏ တစ်ဦးတည်းသော မိသားစုပေတည်း။
.....
အင်မော်တယ်ဧကရာဇ်နန်းတော်၌ လုချန်ရှန်းရုတ်တရက်ပေါ်လာတာကို မြင်သောအခါ အင်မော်တယ်ဧကရာဇ် ကြက်သေသေသွားပြန်ကာ ၀မ်းနည်းသည့်အသံနှင့်ပြောသည်။
"ညီအစ်ကို၊ မင်းငါ့ကို တကယ်ပဲ ဒီလိုမလေးမစားလုပ်တော့မှာလား"
လုချန်ရှန်းစိတ်တိုစွာပြန်ဖြေသည်။
"မျက်နှာကဘယ်လောက်ထိုက်တန်လို့လဲ၊ ကြည့်၊ ငါမင်းနဲ့တစ်ခုခုဆွေးနွေးဖို့ လာခဲ့တာ၊ မင်းအရင်ဆုံး သေမျိုးနယ်မြေကို လူတစ်ချို့ စေလွှတ်မယ်ဆိုရင်ရော"
အင်မော်တယ်ဧကရာဇ်ခေါင်းညိတ်သည်။
"အင်မော်တယ်နယ်မြေ၀င်ပေါက်မှာ စစ်တပ်က အဆင်သင့်ဖြစ်နေပါပြီ"
"တစ်ချိန်တည်းမှာပဲ ဆရာသခင်သုံးယောက်က သေမျိုးနယ်မြေကို အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်"
ဆရာသခင်သုံးယောက်လား!
အိုး၊ ဟိုသုံးယောက်ပဲ!
"ဒါပေမယ့် ဒီကတစ်ခုခုနဲ့ပတ်သက်ပြီး မင်းအကူအညီကို ငါလိုအပ်တယ်"
အင်မော်တယ်ဧကရာဇ် ရှေ့ကစားပွဲပေါ်က သဲစားပွဲကို ညွှန်ပြပြီးအပြုံးဖြင့်ပြောသည်။
"အပြန်အလှန်အနေနဲ့ ဒီအင်အားစုတွေကို ကိုင်တွယ်ဖို့ မင်းငါ့ကိုကူညီပေးမယ် ဆိုရင်ရော"
ဒါတွေကဘာတွေလဲ!
လုချန်ရှန်း သဲစားပွဲကို ကြည့်လိုက်သောအခါ တစ်နေရာတည်းတွင် စုရုံးနေကြသည့် တပ်ဖွဲ့အမျိုးမျိုးကို တွေ့လိုက်ရသည်။
သူတို့ပတ်လည်၌ တခြားတပ်ဖွဲ့များစွာက လေးထောင့်ပုံစံအစီအရင်တစ်ခုကို ခင်းကျင်းနေရာချထားကြသည်။
"အရမ်းများတာပဲ" လုချန်ရှန်း၏ မျက်ခုံးများ အဆက်မပြတ်ကျုံ့သွားရသည်။
အင်မော်တယ်ဧကရာဇ် စိတ်ညစ်နေသည့်အပြုံးဖြင့် ခေါင်းကုတ်သည်။
"မတတ်နိုင်ဘူးလေ၊ အင်မော်တယ်ဧကရာဇ်နန်းတော်က လူအများစုကို အင်မော်တယ်နယ်မြေ၀င်ပေါက်မှာ တပ်ဖြန့်ထားပြီဆိုတော့ ဒီငရဲနတ်ဆိုးဒေသ အကြွင်းအကျန်တွေကို မလုံလောက်တဲ့လူအင်အားနဲ့ အမြန် အမြစ်ဖြတ်ပစ်ဖို့ဆိုတာက ခက်ခဲတယ်လေ"
"ဒါပေမယ့် မင်းခွန်အားနဲ့ဆိုရင် ဒီလိုသေးငယ်တဲ့ ပြဿာနာဖန်တီးသူတွကို ကိုင်တွယ်ဖို့ဆိုတာက ဘာမှတော့ မဟုတ်ဘူးမလား"
လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"ငါဘယ်လိုသိမှာလဲ"
အင်မော်တယ်ဧကရာဇ်တုံ့ဆိုင်းနေပြီးနောက် ပြောသည်။
"ငါ့လောက်တောင် အားမကောင်းကြဘူး"
အိုး!
ယင်းနောက်တွင်သာ လုချန်ရှန်းပြုံးသည်။
"ဒီလိုဆိုမှတော့ ပြဿာနာမရှိဘူး၊ ငါ့အတွက် ချန်ထားလိုက်"
အပိုင်း(1222) coming။