#လုချန်ရှန်း၊ အင်မော်တယ်ဧကရာဇ်ကို နှစ်ချက်လောက်ရိုက်ချက်တယ်#
Vol. 87 Ch. 1222
လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ အင်မော်တယ်ဧကရာဇ် တွေးတောနိုင်စွမ်းမရှိတော့။
သူကိုယ်တိုင် ထိုစကားကို စတင်ပြောဆိုခဲ့သော်လည်း မည်သည့်အတွက်ကြောင့် မဆီလျော်ဟု ခံစားရလေသနည်း။
မည်သို့ပင်ဆိုစေကာမူ သူက အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ဧကရာဇ်ပင် မဟုတ်ပေလော။
သူကလူထုအထက်ရှိနေသူဖြစ်သည်။
ငါ့ကိုနည်းနည်းလေးပိုပါးနပ်ပုံရအောင် လုပ်ပေးလို့ရမလား၊ ငါ့ကိုယ်ငါ နည်းနည်းဂုဏ်သိက္ခာရှိအောင် လုပ်လို့ရမလား!
"ဒီတော့မင်းဘယ်လို တိုက်ခိုက်ဖို့အတွက် စီစဉ်ထားလဲ" အင်မော်တယ်ဧကရာဇ် အနီရောင်စစ်တုရင်အပိုင်းအစတစ်ခုရှိသည့် နေရာကို လက်ညိုးထိုးရင်းပြောသည်။
"ငါတို့လူတွေဒီမှာရှိတယ်၊ မင်းလိုအပ်တယ်ဆိုရင် ငါမင်းကို အင်မော်တယ်ဧကရာဇ်ပုံ ပေးလို့ရတယ်၊ ဒါဆို မင်း....."
သို့စေကာမူ လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"မလိုဘူး၊ အရမ်း၀င့်ကြွားအောင် လုပ်နေစရာမလိုဘူး၊ ငါ့အတွက် ပြိုင်ဘက်ရဲ့ သတင်းအချက်အလက်တစ်ချို့ကို စုစည်းထောက်လှမ်းနိုင်အောင် ကိုယ်ပိုင်လက္ခဏာတစ်ခုခုပဲ စီစဉ်ပေး"
ကိုယ်ပိုင်လက္ခဏာတစ်ခုခုပဲလား၊ အရမ်းကြီး၀င့်ကြွားနေစရာမလိုဘူးလား!
အင်မော်တယ်ဧကရာဇ်ခေါင်းညိတ်သည်။
"ကောင်းပြီ၊ ငါနားလည်ပြီ၊ မင်းအခုသွားသင့်နေပြီ၊ ဘာပဲဆိုဆို ငါတို့က အချိန်သိပ်မရှိ...."
သို့စေကာမူ အင်မော်တယ်ဧကရာဇ် ပြောမပြီးသေးခင်မှာပင် လုချန်ရှန်း၏ပုံရိပ်က ထိုနေရာကနေ ပျောက်ကွယ်သွားလေပြီ။
အင်မော်တယ်ဧကရာဇ် လက်သီးကျစ်ကျစ်ဆုပ်ထားသည်။
သေစမ်း၊ ဒီကောင်ငါ့ကို လုံး၀မျက်နှာသာမပေးဘူးဘဲ!
"ကောင်းပြီ၊ မင်းကငါ့ထက်ပိုအားကောင်းတော့ ဆက်ပြီးကြမ်းကြမ်းတမ်းတမ်းပြုမူနေပေါ့၊ ငါမင်းကို တစ်ကြိမ်တစ်ခါလောက်တော့ အရှက်ရအောင် လုပ်ပေးမယ်"
....
ဒီလိုနှင့် လုချန်ရှန်း အင်မော်တယ်ဧကရာဇ်နန်းတော် အခြေစိုက်စခန်းကို ရောက်လာခဲ့သည်။
လူအုပ်စုကြီးက စခန်းရှေ့တွင် စုစည်းနေကြသည်။
လုချန်ရှန်း စိတ်ရှုပ်ထွေးစွာ ပတ်၀န်းကျင်ကို လှည့်ကြည့်နေစဉ် ထိုအုပ်စုက ရုတ်တရက်ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"ကြိုဆိုပါတယ်၊ ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသား"
ဒါ.....ဒါကဘာလဲ!
လုချန်ရှန်းစိတ်ရှုပ်ထွေးနေသည်။
ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသားလား!
ငါ့အတွက် နိမ့်ကျသည့်ပုံရိပ်တစ်ခု စီစဉ်ပေးဖို့ သဘောတူထားခဲ့ကြတာမလား!
သေစမ်း၊ ဒီငနဲငါ့ကိုလှည့်စားလိုက်တာပဲ!
လူအုပ်စုထဲတွင် ဖင်းယန်နှင့် အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းမှ ချိုင့်ဝှမ်းသခင်တို့ကလည်း လုချန်ရှန်းကိုမြင်သောအခါ ပဟေဠိဖြစ်နေသည့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ဘာလို့စီနီယာလု ဒီမှာရှိနေရတာလဲ!
ပြီးတော့ သူဘယ်လိုလုပ် အင်မော်တယ်ဧကရာဇ် ခန့်အပ်ထားတဲ့ ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသားဖြစ်လာရတာလဲ!
လုချန်ရှန်းနဖူးက သိသိသာသာပင် ကွေးသွားသည်။ သို့သော် ယခုအချိန်က ဒါကို တွေးနေရမည့်အချိန်မဟုတ်သဖြင့် လူတိုင်း၏ ပဟေဠိဖြစ်နေသည့် အကြည့်များအောက်တွင် သူတဲထဲသို့ ၀င်သွား၏။
တဲထဲတွင် ရေခဲစိုင်တစ်ခုကဲ့သို့ အေးစက်ပုံရသည့် အေးစက်သောအမျိုးသမီးတစ်ဦး မြေပုံတစ်ခုကို ကြည့်နေသည်။
လုချန်ရှန်းရောက်လာသောအခါ သူမမော့ကြည့်ရင်းပြောသည်။
"အင်မော်တယ်ဧကရာဇ် ကျွန်မကို ရှင့်ရဲ့အခြေအနေကို အသိပေးပြီးပါပြီ၊ လာကူညီပေးတဲ့အတွက် ကျေးဇူးပါ"
ဒီအမျိုးသမီးက ဆရာသခင်သုံးဦးနှင့် အမြဲလိုလိုအတူရှိနေခဲ့သည့် စီနီယာဟန်ကလွဲ၍ တခြားမည်သူဖြစ်ဦးမည်နည်း။ သူမ၏ ခွန်အားက မယုံနိုင်လောက်အောင် မြင့်မားပြီး နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေသည်။
လုချန်ရှန်း ယုံကြည်မှုရှိဟန်ဆောင်ရင်း ရှေ့တိုးကာမေးသည်။
"ပြိုင်ဘက်ရဲ့အခြေအနေက ဘယ်လိုလဲ"
ရှောင်ဟန်မျက်ခုံးကြုံ့ရင်းပြောသည်။
"အရင်အချိန်ကာလက ကျွန်မ ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်တွေကို ရှာနေခဲ့တာ၊ အုပ်စုတစ်စုကို တွေ့ပြီးနောက်မှာ လမ်းကြောင်းအတိုင်းလိုက်သွားတော့ အဓိကပထမတန်းစားဂိုဏ်းလေးခုအဖြစ် ကွဲသွားတယ်၊ တစ်ခုက နတ်အင်ပါယာနယ်ပယ်တိုက်ခိုက်ရေးသမားတစ်ယောက်နဲ့ ပထမတန်းစားဂိုဏ်းဆိုတာထက် ပိုမြင့်တယ်"
"ပြီးတော့ တခြားဒုတိယတန်းစားဂိုဏ်းရှစ်ဂိုဏ်းနဲ့ တတိယတန်းစား အင်အားစုတစ်ချို့လည်း ပါ၀င်သေးတယ်"
လုချန်ရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။
"ဒီလောက်များတာလား၊ ဒီလိုအချိန်တိုအတွင်းမှာ သတင်းအချက်အလက်အနည်းငယ်ကို အခြေခံရုံနဲ့ အများကြီးကို ရှာတွေ့နိုင်ဖို့ဆိုတာ ဒီလောက်မလွယ်ဘူး၊ ငရဲနတ်ဆိုးဒေသက ချထားတဲ့ အနက်ရောငါစစ်တုရင်မှာ ဒီလောက်ကြာကြာတည်တံ့ဖို့အတွက် အရေးပါတဲ့နည်းဗျူဟာတွေရှိမှာပဲ"
ရှောင်ဟန်ခေါင်းညိတ်ရင်း ထပ်ပြောသည်။
"ကျွန်မလည်းအဲလိုတွေးခဲ့တာ၊ ငရဲနတ်ဆိုးဒေသက ဖိနှိပ်မှုကို ချိုးဖျက်တော့မှာဆိုတော့ သူတို့ရဲ့လုပ်ရပ်တွေက ပိုပိုပြီး တက်ကြွလာပြီး ရှာဖွေဖို့ ပိုလွယ်ကူလာအောင် လုပ်နေသလိုပဲ"
"အံဒီနတ်အင်သခင်နယ်ပယ် အလယ်အလတ်အဆင့်လူက တခြားပထမတန်းစားဂိုဏ်းတွေနဲ့ပူးပေါင်းပြီး ကျွန်မကို လျှို့ဝှက်နည်းစနစ်တွေနဲ့ တားဆီးထားနိုင်တယ်"
ဒီအခိုက်အတန့်မှာပင် အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ကလည်း ရှေ့တိုးလာသည်။
"ဒါပေမယ့် အခုအဓိကပြဿာနာက သူတို့ပေါင်းစည်းထားတဲ့ အစီအရင်ဖြစ်ပြီး ငါတို့ရဲ့ လက်ရှိတပ်တွေက မကျော်လွှားနိုင်ဘူး၊ ဒါကိုချိုးဖျက်ဖို့ကဆိုရင် အတည်းဆုံး ရက်သုံးဆယ်လောက်ကြာလိမ့်မယ်"
ရက်သုံးဆယ်လား!
ဒီလိုဆိုပါက အတော်လေးနောက်ကျသွားပေလိမ့်မည်။
အင်မော်တယ်ဧကရာဇ်က အဓိကရှေ့ပိုင်းစစ်မျက်နှာတစ်ခုကို စောင့်ကြည့်နေရန် လိုအပ်သဖြင့် သူကိုယ်တိုင်လုပ်ဆောင်ရန်ဟူသည် မဖြစ်နိုင်ပေ။
လုချန်ရှန်းကို ဒီကိုပို့လိုက်သည်မှာ အံ့ဩသင့်စရာမရှိတော့။
"ဒါပေမယ့် စီနီယာလုသာရှိမယ်ဆိုရင် ငါတို့ဘာမှ စိတ်ပူမနေသင့်ဘူး" အင်မော်တယ်လောင်ကျွမ်းချုင့်ဝှမ်းသခင် ကျယ်လောင်စွာရယ်မောသည်။
"ဒီကိစ္စကို အမြန်ဖြေရှင်းရမယ်"
ဒါကိုကြားသော် ရှောင်ဟန်အနည်းငယ် မျက်ခုံးကြုတ်ကာ အမူအရာက အတော်လေးတည်ငြိမ်နေသည့် လုချန်ရှန်းကို တစ်ချက်ကြည့်လိုက်၏။
အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ဆီက ဒီလိုလေးစားမှုမျိုးကို ရထားသည့် သူတစ်ယောက်က အမှန်တကယ်ပဲ ကြီးမားနက်ရှိုင်းလှသည့် ခွန်အားကို ပိုင်ဆိုင်ထားနိုင်မည်လား။
ကျန်သောသူများပင်လျှင် အနည်းငယ်အံ့ဩသင့်ကာ သံသယဖြစ်နေကြ၏။
အင်မော်တယ်ဧကရာဇ်နှင့် နှိုင်းယှဉ်၍ရသည့် စီနီယာဟန်ပင်လျှင် ဒီအခြေအနေကို အလျင်အမြန် မဖြေရှင်းနိုင်လေရာ ဒီအသစ်ခန့်အပ်ခံရသော ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသားက ဘယ်လိုလုပ် ဖြေရှင်းနိုင်မည်နည်း။
ဒီလူက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ထက် ပိုအားကောင်းတာများလား!
စိတ်ထဲ၌ သံသယနှင့်အတူ လုချန်ရှန်းစိတ်ဆုံးဖြတ်လိုက်သည်။
"ပြိုင်ဘက်က ဝှက်ဖဲအားလုံးကို ပြသပြီးပြီလား"
ရှောင်ဟန်ခေါင်းညိတ်သည်။
"သူတို့မှာသာ လှုပ်ရှားမှုတစ်ခုခုရှိဦးမယ်ဆိုရင် အစွမ်းကုန်ထုတ်သုံးပြီး ကျွန်မတို့ကို အချိန်ဆွဲဖို့ ဒီလောက်ထိ ရုန်းကန်ကြိုးစားနေကြမှာ မဟုတ်ဘူး"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ငါ့သတင်းကို အရင်ဆုံးစောင့်နေပါ"
ရှင့်သတင်းကိုစောင့်ရမယ်!
"ရှင့်ဘာသွားလုပ်မလို့လဲ"
လုချန်ရှန်း ရုတ်တရက် ထိုနေရာကနေ ပျောက်ကွယ်သွားပြီး စကားလုံးများသာ ချန်ထားခဲ့သည်။
"မင်းတို့အားလုံး သူတို့ရဲ့အဓိကနေရာကို တိုက်ရိုက်ဦးတည်သွားကြ၊ ငါအစွန်ပိုင်းက နေရာလေးနေရာကို အရင်ရှင်းပစ်လိုက်မယ်၊ ပြီးရင် ငါတို့အဓိကနေရာမှာ တွေ့ကြမယ်"
ရှောင်ဟန်နှင့် ကျန်သောသူများ၏ မျက်နှာများက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
ကျန်သောသူများကလည်း ဆွေးနွေးသံများနှင့် ပြည့်လျှံသွားကြ၏။
"လာနောက်နေတာလား၊ ဒါဘယ်လို ကြောက်စရာကောင်းတဲ့စိတ်ကူးလဲ"
"နေရာလေးခုက အရမ်းဝေးလွန်းတယ်၊ တစ်နေရာကတစ်နေရာကို သွားပြီး သူတို့နဲ့ တိုက်ခိုက်ဖို့ ဘယ်လောက်ကြာဦးမလဲ"
"ပြီးတော့ လေးနေရာစလုံးကို တစ်ယောက်တည်းရှင်းပြီး ငါတို့နဲ့တွေ့ဆုံတဲ့အချိန်ကျရင် ဟင်းပွဲတွေကတောင် အေးနေလောက်ပြီ"
ငရဲနတ်ဆိုးဂိုဏ်း၏ အစွန်ပိုင်းကဂိုဏ်းလေးဂိုဏ်းသာ အမှန်တကယ် နောက်ဆုတ်သွားပြီး အဓိကနေရာဖြစ်စေ သို့မဟုတ် တခြားအင်အားစုတစ်ခုခုကသာ ဖျက်ဆီးခံရပါက သူတို့ထောက်လှမ်းရေး သတင်းအချက်အလက်များကို ဝေမျှရင်း အခြေစိုက်စခန်းများကို ချက်ချင်းပြောင်းပစ်ကြပေလိမ့်မည်။
ဒါက ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်များကို အပြီးတိုင်ဖယ်ရှားရန်အတွက် မစွမ်းဆောင်သည့်အဖြစ်သို့ ဦးတည်သွားစေနိုင်သည်။
ထို့ကြောင့် သူတို့၏တစ်ခုတည်းသော ရွေးချယ်မှုက အဓိကနေရာကို တိုက်ခိုက်ရန်ပင်။ ထိုနေရာ၌ အင်အားစုများပို၍ စုစည်းနေသလို ခွန်အားကလည်း ပိုကြီးမားသည့်မဟုတ်ပေလော။ ငရဲနတ်ဆိုးဒေသ စည်းတံဆိပ်များကို ချိုးဖျက်နိုင်လျှင်ပင် သူတို့ကို အကူအညီပေးနိုင်သောသူ ပိုနည်းသွားပေလိမ့်မည်။
သို့စေကာမူ အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ရယ်မောသည်။
"ကောင်းပြီ၊ မစိုးရိမ်ကြနဲ့တော့၊ စီနီယာလုဒီလိုပြောလာမှတော့ သူတင်ပြသလို လုပ်ကြတာပေါ့"
"အင်မော်တယ်ဧကရာဇ်ကိုယ်တိုင်ကလည်း ပြောခဲ့တယ်မလား၊ သူ့ကိုမြင်ရတာက အင်မော်တယ်ဧကရာဇ်ကိုမြင်ရတာနဲ့တူပြီး သူ့အမိန့်တွေက အင်မော်တယ်ဧကရာဇ်ရဲ့ အမိန့်တွေပဲလို့"
တစ်ယောက်ယောက်မေးခွန်းထုတ်သည်။
"အဖိုးကြီးဖင်း၊ ငါမေးပါရစေ၊ သူကတကယ်ပဲ ဘယ်သူလဲ၊ မင်းဘာလို့သူ့ကို ဒီလောက်လေးစားနေရတာလဲ"
အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင် အူလှိုက်သည်းလှိုက်ရယ်မောသည်။
"သူက ငါတို့အားလုံး အတူတူတိုက်ခိုက်မယ်ဆိုရင်တောင် အနိုင်မယူနိုင်တဲ့ သူတစ်ယောက်ပဲ၊ အဲဒီလူတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး"
အဲဒီလူ......!
လူတိုင်းထိတ်လန့်သွားကြသည်။
အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ပြောဆိုသည့် 'အဲဒီလူ' ဆိုတာက အင်မော်တယ်ဧကရာဇ်ကိုပြောတယ်ဆိုတာ သူတို့သိကြသည်။
ထို့နောက် လူတိုင်းကန့်ကွက်နေတာကို ရပ်လိုက်ကြပြီး သံသယများရှိနေကြသည့်တိုင် အဓိကနေရာသို့ ပြေးသွားကြ၏။
......
သူတို့အလျင်အမြန်ပြေးသွားစဉ် အားကောင်းသည့်လူများက သူတို့အသိအာရုံကို အစွမ်းကုန်ထုတ်လွှတ်ကာ ပြင်းထန်သည့် တိုက်ပွဲလက္ခဏာတစ်ခုခုကို အာရုံခံကြည့်ရန်ကြိုးစားကြသည်။
သို့သော် သူတို့ဘာမှမခံစားရပါ။
ယုတ္တိတန်တန်ဆိုရပါက လူတစ်ယောက် စခန်းတစ်ခုကို ဖျက်ဆီးပါက ဖျက်ဆီးခံထားရသည့် ခြေရာတစ်ချို့ကိုတော့ တွေ့ရမည်သာ။
သူတို့ပဟေဠိဖြစ်နေကြပြီးနောက် အဓိကနေရာသို့ ဆက်လက်ပြေးသွားကြသည်။
လူတိုင်းအံ့ဩသင့်နေကြပြီး ရှေ့က အဖြူရောင်၀တ်စုံရှင်ကို မျက်ကန်းများပမာ စိုက်ကြည့်နေကြ၏။
အဖြူ၀တ်လူ သူတို့ကို ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့သည့်အလား တည်ငြိမ်စွာကြည့်ရင်း ပြောသည်။
"မင်းတို့ရောက်လာကြပြီလား၊ ဒါဆို စကြရအောင်"
ဘာတွေဖြစ်နေတာလဲ!
လူတိုင်း၏မျက်နှာက ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားကြသည်။
သူအစွန်လေးနေရာက စခန်းလေးခုစလုံးကို သုတ်သင်ဖျက်ဆီးလိုက်ပြီလား!
အမွေးတိုင်တစ်တိုင်စာတောင် မကြာသေးဘူးလေ!
အားကောင်းသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် စီနီယာဟန်ပင်လျှင် ဒီလိုလုပ်နိုင်စွမ်းမရှိပါ။
အပိုင်း(1223) coming။