← Chapters

#ချိုင့်ဝှမ်းသခင်၊ ငါ့ကို ဒီလိုမိုက်မဲတဲ့မေးခွန်းတွေမမေးပါနဲ့#

Vol. 87 Ch. 1223

#ချိုင့်ဝှမ်းသခင်၊ ငါ့ကို ဒီလိုမိုက်မဲတဲ့မေးခွန်းတွေမမေးပါနဲ့#

Vol. 87 Ch. 1223

ထူးမခြားနားသည့်အသွင်ရှိနေသည့် လုချန်ရှန်းကိုမြင်သောအခါ ရှောင်ဟန် ချဉ်းကပ်သွားပြီး ပူပန်စွာမေးသည်။

"ရှင့်ဘယ်လိုလုပ်ခဲ့တာလဲ"

ငါဘယ်လိုလုပ်ခဲ့တာလဲ!

လုချန်ရှန်းတစ်ခဏမျှတွေးလိုက်သည်။ ဒါက ကိုယ်ပွားလေးခုကိုဖန်တီးပြီး ထိုခံတပ်လေးခုကို တစ်ချိန်တည်းတွင် ဖျက်ဆီးပစ်ရန်သာလိုသည်။ မဖျက်ဆီးခင် သူ ဒီခံတပ်လေးခုကို အစီအရင်ဖြင့် ပိတ်ဆို့ထားခဲ့ပြီး အထဲက လေထုသို့မဟုတ် သတင်းအချက်အလက်တစ်ခုမှ ထွက်မလာအောင် တားဆီးခဲ့သည်။

သို့စေကာမူ လုချန်ရှန်း ရှောင်ဟန်ကို ကြည့်ရုံမျှသာတစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ အကြည့်လွှဲလိုက်၏။

လုချန်ရှန်းမပြောချင်တာကို မြင်သောအခါ ရှောင်ဟန်ကလည်း လက်လျှော့လိုက်ရသည်။

ဒါကပုံမှန်သာ။ စွမ်းအားရှိသည့်ပုဂ္ဂိုလ်အများအပြားက သူတို့၏ခွန်အားကို ဖော်ပြရန်အတွက် တွန့်ဆုတ်တတ်ကြသည်။

ထို့နောက်သူမပြောသည်။

"လူတိုင်းပဲ၊ တိုက်ပွဲအတွက်အသင့်ပြင်ကြ"

သူမ၏စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူတိုင်းခေါင်းညိတ်ကာ သူတို့၏အော်ရာများက ပေါက်ကွဲသွားကြပြီး အင်မော်တယ်ဆန္ဒများက တောအုပ်ကို ဖြတ်သန်းသွား၏။

တစ်ချိန်တည်းမှာပင် လူတိုင်းရှေ့တွင် ကြီးမားသည့်အတားအဆီးတစ်ခုပေါ်လာပြီး အတားအဆီးနောက်တွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများ ကောင်းကင်ပေါ်သို့ တက်သွားကြကာ သူတို့၏ပါးစပ်များက အေးစက်သည့်သရော်ပြုံးဖြင့် ကွေးညွတ်နေကြပြီး အင်မော်တယ်ဧကရာဇ်နန်းတော်အား ကြည့်လိုက်ကြ၏။

မီးခိုးရောင်ဆံပင်ရှည်နှင့်ခေါင်းဆောင်က သရော်သည်။

"အကြိမ်များစွာကြိုးစားပြီးတဲ့နောက်မှာ မင်းတို့လက်လျှော့ဖို့ မစီစဉ်ထားကြဘူးလား၊ အင်မော်တယ်ဧကရာဇ်ကို ကိုယ်တိုင်ဆောင်ရွက်ခွင့်ပေးတာက ငါတို့စီနီယာတွေ မချိုးဖျက်ခင် ငါတို့ကိုဖိနှိပ်နိုင်လောက်တာပဲလေ"

ရှောင်ဟန် ကောင်းကင်ပေါ်တက်သွားပြီး နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်က မီးခိုးရောင်ဆံပင်လူရှေ့တွင် ရပ်ပြီး ထူးမခြားနားစွာပြောသည်။

"အင်မော်တယ်ဧကရာဇ်ကို ဆောင်ရွက်ဖို့ အတင်းအကျပ်ပြုလုပ်တာက နင်တို့ရဲ့ တကယ့်ပန်းတိုင်မလား"

မီးခိုးရောင်ဆံပင်နှင့်လူရယ်မောသည်။

"ပန်းတိုင်လား၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းတို့လေးတွေနဲ့သာဆိုရင် အချိန်တိုအတွင်း ငါတို့ကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံမိရုံပါ"

"ဒီလိုလား"

ရှောင်ဟန် လုချန်ရှန်းကိုငုံ့ကြည့်လိုက်၏။

"ကျွန်‌မ ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသားကို အရေးယူဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုပါတယ်၊ ကျေးဇူးပြုပြီး"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

ဒီနေရာကလူများက ဘယ်လိုနိမ့်ချနေရမလဲဆိုတာ မသိကြတာမဟုတ်ပါ။

ငါ့ကိုအရေးယူဆောင်ရွက်ပေးဖို့ ပြောတာက အဆင်ပြေပါသေးတယ်၊ ဘာလို့ အမည်တွေကိုပါ ပြောနေရတာတုန်း!

မီးခိုးရောင်ဆံပင်နှင့်လူ လုချန်ရှန်းကို မြင်သောအခါ သူ့မျက်လုံးများက လှောင်ပြောင်မှုနှင့် ပြည့်နှက်နေသည်။

"ရင်ခွင်ပိုက်အုပ်ချုပ်သူမင်းသားလား၊ ဘာလဲ၊ မင်းတို့ပြင်ပအကူအညီတောင်းထားတာလား၊ လူတစ်ယောက်က ဘာအပြောင်းအလဲတွေကို ဆောင်ကြဉ်းပေးနိုင်လို့လဲ"

ခရက်ခ်......!

ဒီစကားလုံးများပြောပြီးသည်နှင့် တစ်ပြိုင်နက် ခရက်ခ်ဟူသောအသံက လူတိုင်းနားထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်လာသည်။

မီးခိုးရောင်ဆံပင်နှင့်လူ သူ့ရှေ့က အတားအဆီး၌ ပေါ်ပေါက်လာသည့် အက်ကြောင်းများကို ကြည့်ရင်း သူ့မျက်သူငယ်အိမ်များက ရုတ်တရင်ကျုံ့သွားရသည်။

ရှောင်ဟန်ကလည်း မယုံနိုင်ဖြစ်သွားပြီး လုချန်ရှန်းကို ကြည့်ရန်အတွက် ခေါင်းငုံ့လိုက်စဉ် လုချန်ရှန်း မည်သည့်အော်ရာကိုမှ မထုတ်ဖော်ထားဘဲ ဘာတစ်ခုမှ လုပ်နေပုံမပေါ်ဘဲ အတားအဆီးကို လက်ညိုးထိုးထားတာကို တွေ့လိုက်ရသည်။

သို့သော် အတားအဆီးကို အက်ကြောင်းများဖြစ်စေတာက လုချန်ရှန်းဆိုတာ လူတိုင်းသိကြသည်။

မီးခိုးရောင်ဆံပင်နှင့်လူ အလျင်အမြန်အော်ဟစ်သည်။

"အတားအဆီးကို အားဖြည့်ကြ"

နောက်ကနေ စိုးရိမ်ပူပန်နေသည့်အသံများ ထွက်လာကြသည်။

"အစီအရင်အခြေခံက ပြိုကွဲသွားပါပြီ၊ ပြန်ပြင်လို့မရတော့ပါဘူး"

သူတို့စကားပြောနေစဉ် လုချန်ရှန်းပြောလိုက်မိသည်။

"တကယ်တွေလား၊ ဒီလိုချို့ယွင်းတဲ့ အစီအရင်က မင်းတို့ကို အကျပ်ရိုက်စေတာလား"

"ဒါကနည်းနည်းမလုံလောက်ဘူးမလား"

ထို့နောက် သူအတားအဆီးပေါ်၌ လက်ချောင်းနှင့် ညင်သာစွာ ထိလိုက်၏။

ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အတားအဆီးက မှန်တစ်ချပ်ကွဲသွားသည့်နှယ် ချက်ချင်းပြိုကွဲသွားပြီး ကြီးမားသည့်အပိုင်းအစများက ဟင်းလင်းပြင်အတွင်း ပြန့်ကြဲသွားကြ၏။

သူ့စကားကို ကြားသော် လူတိုင်း‌သွေးအန်လုမတတ်ပင်။

ဒါလူသားတစ်ယောက် ပြောသင့်တဲ့စကားလား!

ငါတို့မှာသာ မင်းလိုခွန်အားမျိုးရှိရင် ငါတို့လည်း ချက်ချင်း အစီအရင်ကို ဖြိုခွဲပစ်နိုင်မှာပဲမလား!

တခြားတစ်ဘက်တွင် လူတိုင်း လုချန်ရှန်း၏ နက်ရှိုင်းလှသည့်ခွန်အားကို တိုက်ရိုက်မြင်တွေ့ခဲ့ရသည်။

ကြီးကျယ်သည့်လှုပ်ရှားမှုဟူ၍မရှိသလို ကြီးကျယ်ခမ်းနားသည့် အော်ရာဟူ၍လည်း မရှိဘဲ လက်ချောင်းလေးတစ်ချောင်းလှုပ်ရုံမျှသာ။

ထို့နောက်ပြီးမြောက်နှုန်းက ကြောက်စရာအကောင်းဆုံးပေတည်း။

မီးခိုးရောင်ဆံပင်နှင့်လူ ဒီမြင်ကွင်းကို ကြည့်ရင်း သူမြင်နေတာကိုပင် မယုံနိုင်သည့်အလား မျက်သူငယ်အိမ်များက အဆက်မပြတ် တုန်ယင်နေသည်။

"မင်းဘယ်သူလဲ၊ ငါသိရသလောက်တော့ အင်မော်တယ်နယ်မြေမှာ မင်းလိုလူတစ်ယောက်မရှိဘူး"

ဒီအဆင့်ခွန်အား၊ သူမတိုင်းတာနိုင်သော်လည်း နတ်အင်ပါယာနယ်ပယ်ကိုတော့ ကျော်လွန်သွားလောက်သည်။

လုချန်ရှန်း မလိုလားအပ်သည့် စကားလုံးများကို ပြောမနေဘဲ မီးခိုးရောင်ဆံပင်နှင့်လူထံ တည့်တည့်ပြေး၀င်သွား၏။

ထိုလူမတုံ့ပြန်နိုင်ခင်မှာပင် လုချန်ရှန်း သူ့ရှေ့တွင်ရပ်ကာ သူ့လက်ဖဝါးကို ထိုလူ၏ ခေါင်းပေါ်တင်လိုက်သည်။

ရုတ်တရက် လက်ဖဝါးအလယ်ကနေ စွမ်းအင်များပေါက်ကွဲထွက်လာသည်။

မီးခိုးရောင်ဆံပင်နှင့်လူ၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ထိုစွမ်းအင်က သူ့ကိုယ်ထဲသို့ ကျူးကျော်သွား၏။

ချက်ချင်းဆိုသလို သူ့ဝိဉာဉ်၊ အင်္ဂါငါးခုနှင့် ဒွာရခြောက်ပေါက်တို့က ဒီစွမ်းအင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။

မီးခိုးရောင်ဆံပင်နှင့်လူ၏ မျက်လုံးများက နောက်ပြန်လိမ့်သွားပြီး သူဘာစွမ်းအင်မှ မထုတ်လွှတ်နိုင်ခင်မှာပင် သူ့ကိုယ်ထဲက အသက်က ပျောက်ကွယ်သွားပြီဖြစ်ကာ သူ့ကိုယ်က ကျဆင်းသွား၏။ လုချန်ရှန်းသာ ခေါင်းကို ဖမ်းမကိုင်ထားပါက အောက်ကျသွားပေလိမ့်မည်။

နောက်တဒင်္ဂ၌ လုချန်ရှန်း၏ မျက်လုံးများက အနည်းငယ်တင်းမာနေပြီး မီးတောက်တစ်ခုက မီးခိုးရောင်ဆံပင်နှင့်လူကို ဝါးမြိုပစ်သည်။

အသက်ရှူကြိမ်ရေတစ်ကြိမ်ခန့်အကြာမှုပင် ထိုလူ၏ကိုယ်ခန္ဓာမှ ပြာမှုန့်လေးတစ်မှုန့်ပင် မကျန်ရှိတော့။

လုချန်ရှန်း လက်နှစ်ဖက်ကို သပ်ရင်း ကျေနပ်စွာခေါင်းညိတ်သည်။

အင်း၊ ဒါကပိုပြီးစိတ်ချရတယ်!

အောက်က ကြက်သေသေနေသည့် လူစုကို ငုံ့ကြည့်ရင်း သူအော်ဟစ်လိုက်သည်။

"မင်းတို့ငါ့ကို တစ်ယောက်တည်းဒါကို ကိုင်တွယ်ဖို့ မျှော်လင့်ထားကြတာမလား"

"မေ့လိုက်ပါတော့၊ ဒါကပိုကောင်းပါတယ်လေ၊ ဘာခြေရာမှမကျန်စေဘဲ ပိုမြန်သွားတာပေါ့....."

ထို့နောက် လုချန်ရှန်း လက်မောင်းအစုံကို ကျယ်ပြန့်စွာ ဖြန့်လိုက်၏။

သူ့ခေါင်းပေါ်၌ ဓားကိုးချောင်းပေါ်လာသည်။

ထိုဓားများထဲတွင် နိယာမစွမ်းအားစီးဆင်းနေသည်။

နတ်ဘုရားသတ်ဓားအစီအရင်!

ကောင်းကင်ဘုံကိုဖျက်ဆီးကာ အရာတိုင်းကို အဆုံးသတ်ပစ်နိုင်သည့် အော်ရာတစ်ခုက ဒီနေရာအတွင်း မျောလွင့်လာသည်။

ရှိန်ရလောက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရှောင်ဟိုင်၏မျက်နှာပင်လျှင် တောင့်တင်းသွားရပြီး ဓားအစီအရင်၏ အကွာအဝေးအပေါ် ကြောက်သည့်အသွင် သူမကိုယ်သူမ စွမ်းအင်ဖြင့် တင်းတင်းရစ်ပတ်ပစ်သည်။

လုချန်ရှန်း လက်ချောင်းနှင့်ညွှန်လိုက်သောအခါ ဓားကိုးချောင်းက စိတ်ပျက်အားငယ်သည့် အမူအရာများကို ပြသနေသော လူအုပ်စုထံကျဆင်းသွား၏။

ထို့နောက် ရက်စက်သည့်သားသတ်စက်အလား ဓားအစွန်းဖြတ်သွားသည့်နေရာတိုင်းတွင် မရေမတွက်နိုင်လောက်သည့် စိတ်ဝိဉာဉ်များနှင့် အသက်များကို ယူဆောင်သွားခဲ့သည်။

လက်တစ်ဖက်ရည်တစ်ကျိုးကျက်ခန့်ပင် မကြာသေးခင်၊ ရေမဆူပွက်ခင် အချိန်တာလေးအတွင်းမှာပင် ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်များက နတ်ဘုရားဓားအစီအရင်အောက်တွင် ကျဆုံးသွားရသည့် ဝိဉာဉ်များဖြစ်လာရသည်။

ထို့နောက် ချက်ချင်းဆိုသလို လုချန်ရှန်း အင်မော်တယ်ဧကရာဇ်နန်းနော်က သူများထံလှည့်ပြီး လက်ဝှေ့ယမ်းကာပြောသည်။

"နောက်ဆုတ်ကြ"

လူအုပ်စုက ငေးငိုင်စွာပင်နာခံကြသည်။

လုချန်ရှန်းလက်ဖဝါးကို အနည်းငယ် မြှောက်လိုက်၏။

ကြီးမားသည့်မီးတောက်တစ်ခုက ဒီနေရာတစ်ခုလုံးကိုဖြတ်သန်းသွားပြီး အလောင်းများက မီးတောက်ဟိန်းသံများကြား၌ လုံး၀လောင်ကျွမ်းသွားရတော့သည်။

ဒီမြင်ကွင်းကို ကြည့်နေသည့်ဖင်းယန်မှာ အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်တဖြစ်လဲ သူ့အဖေဘက်သို့လှည့်ပြီး မေးလိုက်မိသည်။

"အဖေ၊ ကျွန်တော်တို့ရဲ့ဘိုးဘေးသာ အသက်ရှင်နေဦးမယ်ဆိုရင် မီးနဲ့ကစားတဲ့အပိုင်းမှာ ဘိုးဘေးမှာ စီနီယာလုကို ရင်ဆိုင်ဖို့ အခွင့်အလမ်းတစ်ခုရှိနိုင်တယ်လို့ ထင်လား"

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းက အင်မော်တယ်နယ်မြေတွင် မီးတောက်ကျွမ်းကျင်မှုဖြင့် ကျော်ကြားပြီး တခြားမည်သည့်အင်အားစုကမှ မီးတောက်အရာတွင် မယှဉ်နိုင်ပါ။

သို့သော် အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင် ဖင်းယန်ခေါင်းနောက်စေ့ကို ရိုက်ကာ ကျိန်ဆဲသည်။

"ငါ့ကို ဒီလိုသောက်အဓိပ္ပာယ်မရှိတာတွေ လာမမေးနဲ့"

ဘယ်သူကပိုအားကောင်းပြီး ဘယ်သူက ပိုအားနည်းလဲ၊ မင်းဒါကိုတွေးနေဖို့ လိုသေးလို့လား၊ မင်းလိုအပ်တာက တစ်ချက်ကြည့်ဖို့ပဲ!

"ဒါပေမယ့် စီနီယာလုမှာ တူညီတဲ့ပင်ကိုယ်စရိုက်ရှိတုန်းပဲ၊ သူကသက်သေအားလုံးကို ဖျက်ဆီးပစ်နေတုန်းပဲ"

အားလုံးကိုလုပ်ဆောင်ပြီးနောက် လုချန်ရှန်း လက်နှစ်ဖက်သပ်လိုက်ပြီးပြောသည်။

"ကောင်းပြီ၊ အားလုံးအဆင်ပြေသွားပြီဆိုတော့ ငါသွားတော့မယ်"

ထိုသို့ဆိုပြီးနောက် သူထိုနေရာ၌ပင် ပျောက်ကွယ်သွားကာ အင်မော်တယ်ဧကရာဇ်နန်းတော်ကလူများကို စိတ်ရှုပ်ထွေးစွာ ချန်ရစ်ထားခဲ့သည်။

တစ်ခဏအကြာတွင် ရှောင်ဟန် အသက်ပြင်းပြင်းရှူရင်း နှလုံးသားထဲကနေ တွေးနေမိသည်။

ဒီလူက....ဆရာသခင်သုံးပါးရဲ့ နယ်ပယ်ကိုတောင် ရောက်နေလောက်ပြီမလား!

အဲထက်တောင်ပိုမြင့်နိုင်လောက်လား!

ဆရာသခင်သုံးယောက်ဟူသည် ကောင်းကင်ထိုးဖောက်တောင်မှ ထိုအကြီးအကဲသုံးယောက်ကို ရည်ညွှန်းနေခြင်းပင်။

အပိုင်း(1224) coming။

All Chapters