#ကိုးနှစ်#
Vol. 87 Ch. 1225
စနစ်က ရေးဆွဲထားသည့် အစီအစဉ်အတိုင်း လုချန်ရှန်း ယဲ့ချိုးပိုင်အတွက် ပန်းချီတစ်ခုရေးဆွဲခဲ့ပြီး သူ့ကိုအထဲက မဟာဓားတာအိုနိယာမကို နားလည်စေသည်။
ဟုန်ရင်အတွက် အမြန်ဆုံးကျင့်ကြံခြင်းနည်းလမ်းက ကြယ်နယ်မြေများကို အုပ်ချုပ်ခြင်းဖြစ်သော်လည်း အချိန်က တိုလွန်းသည်။ ဆယ့်တစ်ရက်က မလုံလောက်ပါ။
လုချန်ရှန်း တိတ်တဆိတ်ကူညီနိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာလွှမ်းမိုးနိုင်စွမ်းကိုသာ အောင်မြင်အောင် လုပ်ပေးနိုင်သည်။ အကယ်၍ ဝိဉာဥ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို မအောင်မြင်ပါက ဟုန်ရင်အတွက် နည်းနည်းလေးသာ အသုံး၀င်ပေလိမ့်မည်။
ထို့ကြောင့် ဟုန်ရင်အတွက် ကျင့်ကြံခြင်းနည်းလမ်းက သူမ၏နယ်ပယ်ကို မြှင့်တင်ပေးရင်း အင်ပါယာမှတ်တမ်းကို တိုးတက်လာစေရန်အတွက် ကူညီပေးခြင်းပင်။
တခြားတစ်ဘက်တွင် နင်းချန်းရှင်းကိုမူ လုချန်ရှန်း မစ္စတာနှင့် တာအိုအကြောင်းဆွေးနွေးစေပြီး အတိတ်က ကမ္ဘာမြေတွင်ရှိတုန်းက ပညာရှင်များ၏ ဒဿနအမြင်များကို ကူးယူရန်အတွက် တာ၀န်ပေးခဲ့သည်။
ရှောင်ဟိုင်၏အခြေအနေက ပို၍ပင် ရိုးရှင်းသည်။ လုချန်ရှန်း ကိုယ်ပွားတစ်ခုဖန်တီးကာ ရှောင်ဟိုင်ကို အကြိမ်ကြိမ်ပြင်းထန်စွာ ဒဏ်ရာရစေပြီးနောက် ပြန်လည်ကုသခွင့်ပေးကာ ထပ်မံဒဏ်ရာရအောင်လုပ်ရင်း ထပ်ခါတလဲလဲလုပ်ဆောင်နေခဲ့သည်။ ရှောင်ဟိုင်၏ သက်သာမှုအတွက် အကူအညီဖြစ်စေရန်နှင့် သူ့ကိုယ်ခန္ဓာကို အားဖြည့်ပေးရန်အတွက် လုချန်ရှန်း ဆေးလုံးအတော်များများပင် ပြင်ဆင်ခဲ့သည်။
ရှီရှန်းကမူ ကြယ်တာအိုနိယာမကို နားလည်ရန်အတွက်ဖြစ်သည်။
မုဖူရှန်းကကျင့်ကြံရင်း အဆောင်တာအိုကို တိုက်ရိုက်လေ့လာသည်။
ကျောက်တုံးလေးကလည်း ကျင့်ကြံရင်း အာကာသတာအိုကို ဆက်လက်နားလည်အောင် လုပ်ခဲ့သည်။
ဖန်ချန်းနှင့် မု၀မ်အာတို့အတွက်မူ လုချန်ရှန်း ကိုယ်တိုင်သင်ကြားပေးရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဒီနှစ်ယောက်၏ ကျင့်ကြံခြင်းနည်းစနစ်များက အင်မတန်ထူးခြားသည်။
ဖန်ချန်း အစီအရင်များအကြောင်း နားလည်မှုကိုမြှင့်တင်ရင်း သူ့နယ်ပယ်ကို တိုးတက်အောင် လုပ်ခဲ့သည်။
မု၀မ်အာကမူ အဂ္ဂိရတ်တာအိုကို လေ့ကျင့်ရင်း သူမ၏နယ်ပယ်ကို တိုးမြှင့်ခဲ့သည်။
ဒါ့အပြင် ဆေးလုံးများနှင့် အစီအရင်များက ငရဲနတ်ဆိုးဒေသကို ခုခံရာ၌ အခရာကျလာမည်ဖြစ်သည်။
လုချန်ရှန်း ရှေ့ကသူတို့နှစ်ယောက်ကို ကြည့်ရင်းပြောသည်။
"ကောင်းပြီ၊ မင်းတို့နှစ်ယောက်အခု အကောင်းဆုံးလုပ်နိုင်တာကို ငါ့ကိုပြကြ"
ဖန်ချန်းနှင့် မု၀မ်အာတို့ခေါင်းညိတ်သည်။
ချက်ချင်းဆိုသလို ဖန်ချန်း အစီအရင်များကို စတင်ထုတ်လွှတ်သည်။ အမြစ်သုတ်သတ်ဖြတ်ခြင်း အစီအရင်၊ အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်နှင့် ရှေးဦးမူလအစီအရင်တို့က တစ်ပြိုင်နက်တည်း ပေါက်ကွဲလာပြီး အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ ထူးခြားသည့် ဖွဲ့စည်းပုံအောက်တွင် စတင်ပေါင်းစပ်သည်။
မု၀မ်အာကမူ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကိုထုတ်ရင်း သူမ မကြာသေးခင်က ထုတ်လုပ်နိုင်သည့် အမြင့်ဆုံးဆေးလုံးကို သန့်စင်ဖော်စပ်သည်။
ဖန်ချန်းက အစီအရင်ကို ပထမဆုံးစီစဉ်သူပင်။
ဒီမြင်ကွင်းကိုကြည့်နေသည့် ရှေးဟောင်းပစ္စည်းဝိဉာဉ်မှာ အနည်းငယ်အံ့ဩသင့်နေသည်။
မည်သည့်အစီအရင်ကိုမှ မလိုအပ်ဘဲ သူကိုယ်တိုင်က အခြေခံအုတ်မြစ်ဖြစ်ပြီး အစီအရင် ကိရိယာများကိုလည်း အများကြီး မလိုအပ်ပေ။
"ဒီဖွဲ့စည်းပုံက...တစ်ခါမှမကြားဖူးဘူး၊ သူကအစီအရင်ဆရာတစ်ယောက်အဖြစ် မွေးဖွားလာတာပဲ....."
အစီအရင်သုံးခု၏ ပေါင်းစပ်မှုကို လုချန်ရှန်း တစ်ချက်ကြည့်ရုံနှင့် လုပ်ဆောင်ချက်များကို သိခဲ့သည်။
အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်၏ ဖျက်ဆီးနိုင်စွမ်း၊ အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်၏ ပုံရိပ်ယောင်နယ်မြေများ၊ ရှေးဦးမူလအစီအရင်ထဲက နိယာမစွမ်းအားများ!
ဒီအစီအရင်သုံးခု၏ ပေါင်းစပ်မှုက ဖန်ချန်းထက် ပိုအားကောင်းသောသူတစ်ယောက် မဟုတ်ပါက အထဲကိုကျသွားခြင်းက လွတ်မြောက်ရန် အခွင့်အရေး မရှိသလောက်ရှားပါးသည်ဟု ဆိုလိုနေခြင်းပင်။
သို့သော် တခြားအစီအရင်များကို ထပ်ဖြည့်ပါကရော!
ဥပမာ ဝိဉာဉ်ကိုပစ်မှတ်ထားတိုက်ခိုက်သည့် အစီအရင်များ၊ ဝိဉာဉ်ကိုသတ်ဖြတ်သည့် အစီအရင်များ!
တစ်ခဏမျှစဉ်းစားပြီးနောက် လုချန်ရှန်းပြောသည်။
"ဖန်ချန်း၊ အနီးကပ်ကြည့်ထား"
ဖန်ချန်း စိတ်ပါလက်ပါခေါင်းညိတ်ရင်း လုချန်ရှန်း၏ နောက်ဆက်တွဲလုပ်ရပ်များကို စူးစိုက်ကြည့်နေသည်။
လုချန်ရှန်း လက်ချောင်းကို လှုပ်ရှားလိုက်သောအခါ ဓားသုံးချောင်း ဖြည်းဖြည်းချင်း ခိုင်ခံ့လာသည်။
နိယာမစွမ်းအားကို အထဲတွင် ထည့်သွင်းသောအခါ အလွန်အမင်းထက်ရှသည့် အော်ရာတစ်ခုက ဓားအနားစွန်းများကနေတဆင့် ထွက်လာသည်။
ဖန်ချန်းတုန်ယင်သွားရသည်။ အော်ရာက ထက်ရှသော်လည်း ကိုယ်ခန္ဓာကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ဝိဉာဉ်ကိုသာ နာကျင်စေသည်။
လုချန်ရှန်းပြောသည်။
"ဒါကနတ်ဘုရားသတ်ဓားအစီအရင်အသေးစားပဲ၊ မင်းဒီအစီအရင်ကို ကျွမ်းကျင်နိုင်ပြီး ဒီအစီအရင်သုံးခုနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် မင်းရဲ့အစီအရင်စွမ်းအားက အကြီးအမားတိုးတက်လာလိမ့်မယ်"
မှန်ပေသည်။
နတ်ဘုရားသတ်ဓားအစီအရင်က အစကတည်းက စိတ်ဝိဉာဉ်ကို သတ်ရန်အတွက် သုံးခဲ့ခြင်းပင်။
သို့စေကာမူ ဓားကိုးချောင်းနှင့် တည်ဆောက်ထားသည့် နတ်ဘုရားသတ်ဓားအစီအရင်က ဖန်ချန်းစွမ်းဆောင်ရည်ထက် အများကြီးကျော်လွန်နေဆဲပင်။
ထို့ကြောင့် လုချန်ရှန်းဒါကိုရိုးရှင်းအောင်လုပ်ပြီး ယခုဓားသုံးချောင်းသာလိုသည့် နတ်ဘုရားအစီအရင်အသေးစားတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဖန်ချန်းပြင်းပြစွာပင် ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီဆရာ၊ ကျွန်တော်ကြိုးစားကြည့်မယ်"
ဒီမြင်ကွင်းကို မြင်ရပြီးနောက် မစ္စတာနှင့် ရှေးဟောင်းပစ္စည်း၀ိဉာဉ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
အစီအရင်တစ်ခုကို အလိုရှိသလို ပြေပြစ်အောင် လုပ်ဆောင်ရန်ဟူသည် ပြောရတာလွယ်သော်လည်း လက်တွေ့၌ မလွယ်ကူပေ။ သို့သော် လုချန်ရှန်းဒါကို ချက်ချင်းနားလည်သွားခြင်းပင်။
အစီအရင်၌ ဒီကျွမ်းကျင်မှုအဆင့်က ငြင်းဆန်စရာမရှိလောက်အောင် ကြောက်စရာကောင်းလွန်းသည်။
ဒီအချိန်မှာပင် ကောင်းကင်က တိမ်မည်းများနှင့်ဖုံးသွားသည်။
ကပ်ဘေးမှ နတ်မိုးကြိုးများက အောက်သို့ဆင်းသက်လာပြီး နဂါးကိုးကောင်နတ်အသွင်ပြောင်ဆေးပြင်းဖိုကို ပစ်မှတ်ထားသည်။
ကောင်းကင်ဘုံမိုးကြိုးအပြီးတွင် ဆေးလုံးရနံ့က ဆေးပြင်းဖိုထဲက ချိုးဖျက်ထွက်လာပြီး နေရာတိုင်းတွင်ပျံ့သွားသည်။
"ဆရာ၊ ဆရာ၊ ကျွန်မလုပ်ပြီးသွားပြီ"
မု၀မ်အာ အင်မော်တယ်အော်ရာဖြင့် လွှမ်းခြုံထားသည့် သလင်းပမာကြည်လင်သောဆေးလုံးကိုကိုင်ပြီး ပြုံးနေသည်။
"ဒါကအခုကျွန်မထုတ်လုပ်နိုင်တဲ့ အမြင့်ဆုံးဆေးလုံးပါ"
ရှေးဟောင်းပစ္စည်းဝိဉာဉ် အနီးကပ်ကြည့်သောအခါ အံ့ဩသင့်တကြီးပြောလာသည်။
"ဒီဆေးလုံးက နတ်သခင်အဆင့်မှာ ထိပ်ဆုံးမှာအဆင့်၀င်တယ်"
လုချန်ရှန်းဆေးလုံးကို လှမ်းယူလိုက်စဉ် သူ့မျက်ခုံး၌ ရွှေရောင်အလင်းတစ်ခုထုတ်လွှတ်သည့် မျက်လုံးတစ်လုံးပွင့်လာသည်။
ကောင်းကင်အကဲခတ်မျက်လုံး!
ဆေးလုံးကိုစစ်ဆေးကြည့်ပြီးနောက် လုချန်ရှန်းပြောသည်။
"အခြေခံအားဖြင့်တော့ ပြဿာနာမရှိဘူး၊ ဒါပေမယ့် မီးထိန်းချုပ်မှုက မလုံလောက်သေးဘူး၊ မင်းမီးတာအိုနိယာမကို ဖမ်းဆုပ်နိုင်ပေမယ့် မီးတောက်တွေကို ထုတ်လွှတ်ဖို့အတွက် နောက်ဆုံးမှာ နိယာမစွမ်းအားကို အားကိုးခဲ့တယ်"
စကားပြောနေရင်း လုချန်ရှန်း ဟွမ်ချင်းကို လှည့်ကြည့်သည်။
"မင်းအစ်မဟွမ်ချင်းရဲ့ နတ်ဖီးနစ်မီးတောက်က အရမ်းကောင်းတယ်၊ နတ်ဖီးနစ်မီးတောက်တွေကို စုပ်ယူပြီးတဲ့အခါကျရင် ငါမင်းကို နောက်ထပ်ဆေးဖော်မြူလာနည်းနည်းပေးမယ်"
မု၀မ်အာအလျင်အမြန် ခေါင်းညိတ်သည်။
.....
ဗလာနတ္ထိပုံတူထဲတွင် ကိုးနှစ်တာကုန်ဆုံးသွားသော်လည်း ပြင်ပကမ္ဘာ၌ ကိုးရက်သာကုန်ဆုံးသေးသည်။
ဒီကိုးနှစ်အတွင်း လုချန်ရှန်း၏ တိုက်ရိုက်လမ်းညွှန်မှုက ယဲ့ချိုးပိုင်နှင့် တခြားသူများအား သူတို့ခွန်အားများကို မယုံနိုင်လောက်အောင် မြန်ဆန်စွာတိုးစေခဲ့သည်။
ဒါကမြန်ဆန်လွန်းသဖြင့် မစ္စတာပင်လျှင် အံ့ဩသင့်ကာ ဆွံအနေရသည်။
စာလိပ်ပန်းချီကားထဲကနေ ဓားတာအိုနိယာမကိုနားလည်ပြီးနောက် ယဲ့ချိုးပိုင် ဓားနယ်ပယ်၌ ချိုးဖျက်ခဲ့သလို ခိုင်မာသည့် အခြေခံနှင့်အတူ နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကိုလည်း တက်လှမ်းသွားခဲ့သည်။
လုချန်ရှန်းကြောင့် ဟုန်ရင်၏ အင်ပါယာမှတ်တမ်းက တိုးတက်လာခဲ့ပြီး သူမ၏အင်ပါယာဆန္ဒကို မြှင့်တင်ပေးနေခဲ့သဖြင့် သူမနယ်ပယ်ကလည်း နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
နင်းချန်ရှင်း၏တာအိုနည်းစနစ်များကလည်း အံ့မခန်းတိုးတက်လာသည်။ ယခု မစ္စတာနှင့် တာအိုအကြောင်းဆွေးနွေးသောအခါ နင်းချန်ရှင်း အစပိုင်းတွင် အံ၀င်ခွင်ကျမဖြစ်သော်လည်း ဆွေးနွေးမှုအတွင်း ခွဲမရအောင် အံ၀င်ခွင်ကျဖြစ်သည်အထိ တိုးတက်လာခဲ့ပြီး နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးကို သတ်ပစ်နိုင်သည်အထိ အားကောင်းလာသည်။
ရှောင်ဟိုင်ကမူ သူ့ရုပ်ခန္ဓာကို အကြိမ်ကြိမ်ဖျက်ဆီးပြီးနောက် ရုပ်ခွန်အားအရာ၌ နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ထဲသို့ ခြေချ၀င်သွားခဲ့သည်။
ရှီရှန်းကမူ ကြယ်တာအိုနိယာမထဲတွင် သန့်စင်ရင်း နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကို တက်လှမ်းခဲ့သည်။
မုဖူရှန်းကရော၊ သူ့နယ်ပယ်ကို သူမထုတ်ဖော်ခဲ့သော်လည်း အဆောင်များ၌ သိသာသည့်တိုးတက်မှုများကို လုပ်ဆောင်ခဲ့သလို သူ့ဝိဉာဉ်စွမ်းအားကလည်း အမြင့်သစ်တစ်ခုဆီ တက်လှမ်းသွားခဲ့သည်။ သူ ကိုးကွယ်ရှေးဦးမူလမိုးကြိုးကျင့်စဉ်ကို အဆင့်ခြောက်ထိ ကျွမ်းကျင်သွားခဲ့သည်။ အဆင့်ခြောက်က မဟာဒြင်စင်ငါးခုအဆုံးသတ်နတ်မိုးကြိုးဖြစ်သည်။
ကျောက်တုံးလေး၏ တိုးတက်မှုကလည်း အံ့ဩစရာကောင်းပြီး နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိခဲ့သည်။
မု၀မ်အာကလည်း နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ခဲ့သည်။
ဖန်ချန်းကမူ နတ်ဘုရားသတ်ဓားအစီအရင်အသေးစားကို နားလည်သွားပြီး နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်။
သူ့တပည့်အားလုံး၏ တိုးတက်နှုန်းက အံ့ဩဖွယ်ရာကောင်းလောက်အောင် ကျယ်ပြောလှသည်ဟု ဆို၍ရသည်။
မစ္စတာပင်လျှင် မှတ်ချက်ပေးလာသည်။
"နောက်ထပ်နှစ်တစ်ရာလောက်သာ ထပ်အချိန်ပေးမယ်ဆိုရင် မင်းတို့တကယ် သေမျိုးနယ်မြေရဲ့ နတ်ဘုရားတွေဖြစ်လာပြီး ငရဲနတ်ဆိုးဒေသကို ခံနိုင်ရည်ရှိတဲ့ စွမ်းအားကို ပိုင်ဆိုင်ကြလိမ့်မယ်"
လျိုကျိယု၊ ဟွမ်ချင်း၊ ရှန်းလျို၊ အရိုးတောင်ပံမြွေကျားနှင့် ဖယောင်းနဂါးတို့တွင်လည်း သိသာသည့်တိုးတက်မှုများရှိသည်။
လျိုကျိယုက နတ်သခင်နယ်ပယ်အစောပိုင်းအဆင့်သို့ ချောမွေ့စွာပင် ချိုးဖျက်နိုင်ခဲ့သည်။
ရှန်းလျိုက အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ကို တက်လှမ်းသွားခဲ့သည်။
ဟွမ်ချင်းကမူ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုပင် ချိုးဖျက်သွားခဲ့သည်။ ဒါက လုချန်ရှန်းသွေးအဆီအနှစ်ကြောင့်ပင်။
"ကောင်းပြီ၊ မင်းတို့အားလုံး ကျင့်ကြံခြင်းကို ပိုခိုင်မာအောင်လုပ်ကြ" လုချန်ရှန်း ပြောပြီးနောက် မစ္စတာကိုကြည့်သည်။
"အပြင်ပကမ္ဘာမှာ နှစ်ရက်ပဲကျန်တော့တယ်၊ အင်မော်တယ်နယ်မြေ၀င်ပေါက်ကို မိစ္ဆာအော်ရာက အပြည့အ၀ဖုံးလွှမ်းပစ်ပြီလို့ အဲဒီအင်မော်တယ်အင်ပါယာလေး ပြောခဲ့တော့ ကျုပ်တို့ အပြင်ထွက်ဖို့ ပြင်ဆင်ရတော့မယ်"
မစ္စတာ၏အမူအရာက လေးနက်သွားပြီးနောက် ခေါင်းညိတ်သည်။
သူတို့ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် လုချန်ရှန်း ရုတ်တရက် ရှီရှန်းဘက်သို့ လှည့်လိုက်၏။
"ရှီရှန်း၊ ငါနဲ့အတူလာခဲ့"
ယခုအချိန်က ကောင်းကင်ဖိနှိပ်စေတီကို အပြည့်အ၀ထိန်းချုပ်ရမည့် အချိန်ပေတည်း။
အပိုင်း(1226) coming။