← Chapters

#အင်မော်တယ်ဧကရာဇ်၊ ဒါကိုအမြောက်လို့ခေါ်တာလား#

Vol. 87 Ch. 1226

#အင်မော်တယ်ဧကရာဇ်၊ ဒါကိုအမြောက်လို့ခေါ်တာလား#

Vol. 87 Ch. 1226

ရှေးဟောင်းစစ်မြေပြင်!

လုချန်ရှန်း၊ မစ္စတာနှင့် ရှီရှန်းတို့ ဒီနေရာကို ရောက်လာကြသည်။

အင်မော်တယ်ဧကရာဇ် မစ္စတာကိုမြင်သောအခါ လေးစားစွာဦးညွတ်လိုက်၏။

"ဆရာ"

မစ္စတာ အပြုံးဖြင့် ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"အင်မော်တယ်နယ်မြေရဲ့ အားဖြည့်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

စီနီယာဝါစဉ်အရဆိုပါက မစ္စတာက အင်မော်တယ်ဧကရာဇ်ထက်ပိုမြင့်သည်။ သူက လူသားဘိုးဘေးများနှင့် မရေမတွက်နိုင်လောက်သည့် ဧကရာဇ်များကို သင်ကြားပေးခဲ့ပြီး အင်မော်တယ်ဧကရာဇ်ကလည်း မစ္စတာဆီကနေ ညွှန်ကြားချက်တစ်ချို့ကို လက်ခံရရှိခဲ့သည်။

အာလာပသလ္လာပပြောပြီးနောက် အင်မော်တယ်ဧကရာဇ် အလျင်အမြန်ပင်ပြောသည်။

"ပထမဆုံးအကာအကွယ်တွေက ပြီးသွားပါပြီ"

ဒါကိုကြားသော် လုချန်ရှန်းနှင့် မစ္စတာတို့ အင်မော်တယ်ဧကရာဇ် လက်ညိုးထိုးပြသည့် နေရာဘက်သို့ ကြည့်လိုက်ကြ၏။

သူတို့အမြင်၌ ကောင်းကင်၌ တောင်များစွာထိုးတက်နေပြီး တောင်တစ်လုံးစီကို အစီအရင်တစ်ခုစီဖြင့် အားဖြည့်ထားသည်။

ဒါက အင်မော်တယ်ဧကရာဇ် အင်မော်တယ်နယ်မြေက ထိပ်တန်းကျွမ်းကျင်သူများနှင့်အတူ နိယာမစွမ်းအားကို တောင်များအဖြစ် ဖွဲ့စည်းရန် သုံးရင်း ဖန်တီးခဲ့သည့် ပထမဆုံးကာကွယ်ရေးလိုင်းပေတည်း။

ငရဲနတ်ဆိုးဒေသဆင်းသက်လာသောအခါ သူတို့ဒီတောင်များကို ကျော်ကာ အစီအရင်များမှတဆင့် ဖြတ်သန်းရန်လိုအပ်သည်။ အထက်ကပျံသန်းသွားမည်ဆိုပါကရော။ အကြွင်းမဲ့ခွန်အားတစ်ခုကို မပိုင်ဆိုင်ထားသရွေ့ ဒီနေရာရှိ ပျံသန်းမဲ့အစီအရင်အား လေနှင့်အတူ ဖြတ်ကျော်ရန်ဟူသည် မဖြစ်နိုင်သလောက်လုနီးပါးပင်။

တောင်များနောက်တွင် ခိုလှုံစရာတွင်းများ၊ နေရာများမရှိသည့် ကျယ်ပြောသော လွင်ပြင်တစ်ခုရှိသည်။

ကျယ်ပြန့်သည့်လွင်ပြင်ကို ဖြတ်ကျော်ပြီးနောက်တွင် ခိုင်ခံ့မြင့်မားသည့် မြို့ရိုးများရှိပြန်သည်။

မြိုရိုးနံရံများကြားတွင် လီငါးဆယ်တိုင်းကို မြင့်မားသည့်မျှော်စင်တစ်ခုဖြင့် အမှတ်အသားပြုထားသည်။ အင်မော်တယ်ဧကရာဇ်၏ အဆိုအရ ဒီမျှော်စင်ထိပ်တွင် အဝေးကနေ တိုက်ခိုက်ခြင်း၊ သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများကနေ ကူညီပံ့ပိုးပေးနိုင်သည့် အဆောင်များတွင် ကျွမ်းကျင်သော အဆောင်သခင်များရှိသည်။

"သေမျိုးနယ်မြေရဲ့ အဓိကအင်အားစုတွေကလည်း နောက်ဘက်ပိုင်းမှာ ခံတပ်တွေကို တည်ဆောက်ထားကြတယ်" အင်မော်တယ်ဧကရာဇ် အပြုံးဖြင့်ပြောသည်။

နတ်သခင်ဟောင်တျန်းနှင့် အင်မော်တယ်ဧကရာဇ်တို့၏ အကူအညီနှင့်အတူ ငရဲနတ်ဆိုးဒေသ၏ မကြာခင်ထွက်လာတော့မည့် ဘေးအန္တရာယ်အား ကမ္ဘာကြီးထဲသို့ ကြေညာခဲ့သည်။ အတန်ကြာထိတ်လန့်နေပြီးနောက်တွင် အင်အားစုအများအပြားက ရှေးဟောင်းစစ်မြေပြင်ကို ဦးတည်ရန် ရွေးချယ်ခဲ့ကြ၏။ မည်သို့ပင်ဆိုစေကာမူ ဒါကတစ်ယောက်တည်း၏ ကိစ္စမဟုတ်ပါ။ ငရဲနတ်ဆိုးဒေသကသာ အကာအကွယ်များကို ချိုးဖျက်ပါက သူတို့ကိုယ်ပိုင်အင်အားစုများအပါအ၀င် သေမျိုးမယ်မြေတစ်ခုလုံး သုတ်သင်ဖျက်ဆီးခံရပေလိမ့်မည်။

ဒါကသက်ရှိအားလုံးအတွက် မဟုတ်ရင်တောင် အနည်းဆုံးတော့ သူတို့ကိုယ်သူတို့အတွက်ပင်။

သို့သော် အင်မော်တယ်ဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးသာမရှိပါက နတ်သခင်ဟောင်တျန်းတစ်ယောက်တည်း လူအများကြီးကို ယုံအောင် လုပ်နိုင်မည်မဟုတ်။

ထို့နောက် အင်မော်တယ်ဧကရာဇ်ဆက်ပြောသည်။

"ဒါပေမယ့် အစီအရင်တွေကို မင်းတိုးမြှင့်ပေးဖို့ လိုနေတုန်းပဲ"

ဒါကိုပြောပြီးနောက် သူလုချန်ရှန်းကိုလှည့်ကြည့်သည်။

လုချန်ရှန်းခေါင်းညိတ်လိုက်သော်လည်း အဖိုးကြီးသူ့ကိုပြောခဲ့တာကို တွေးလိုက်မိသည်။ အစီအရင်စွမ်းအားက အလွန်အမင်း မကြီးမားသင့်သလို နောက်ကွယ်က အင်အားများကို ရှင်းရှင်းလင်းလင်းမသိသေးသရွေ့ လုချန်ရှန်း ဘေးကင်းစွာဆော့ကစားရန် ပိုသဘောကျသည်။

သို့သော် အကာအကွယ်ပိုင်းတွင် စစ်‌ဆင်ရေးအတွက် နေရာရှိပြီး အနည်းဆုံးတော့ ငရဲနတ်ဆိုးဒေသ၏ တိုက်ခိုက်မှုကို သက်တောင့်သက်သာမဖြစ်စေရန် လုံလောက်ပါသည်။

ဥပမာအားဖြင့် ပျံသန်းမဲ့အစီအရင်ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်ယူလာသည့်အရာက အလုပ်ဖြစ်သော်လည်း လုချန်ရှန်းသာ နောက်ထပ်အနည်းငယ်လောက် တိုးတက်အောင်လုပ်ပါက ရန်သူများ တောင်ကို ခြေကျင်လျှောက်ပြီး ဖြတ်ရလောက်သည်။

ထို့နောက် မြို့ရိုးများကို ခိုင်ခံ့အောင်လုပ်ပြီး ဒဏ်ရာရသူများ ပြန်လည်ကုသရန်နှင့် အင်မော်တယ်အော်ရာကို အားဖြည့်ရန်အတွက် မြို့ရိုးထိပ်တွင် အစီအရင်တစ်ခုစီ ဖန်တီးထားရပေမည်။

နေ့တစ်၀က်မပြည့်ခင်မှာပင် လုချန်ရှန်း ဒီစီမံချက်များကို ပြီးစီးသွားခဲ့သည်။

ထို့နောက် သူ မြို့ရိုးပေါ်သို့ ကြီးမားသည့် အမြောက်စည်းပိုင်းများစွာကို ထုတ်ယူလာသည်။

"ဒါဘာလဲ" အင်မော်တယ်ဧကရာဇ်မေးသည်။

"အမြောက်တွေ" လုချန်ရှန်းဖြေလိုက်၏။

တကယ်တမ်းတွင် ရန်သူ့စစ်တပ်၏ ဖွဲ့စည်းပုံကိုသိပြီးနောက် ငရဲနတ်ဆိုးဒေသတပ်ဖွဲ့များ၏ ညီညွတ်မှု၏ အရေးပါသည့်အပိုင်းတစ်ပိုင်းက သူတို့၏ အဓိက လေတပ်နှစ်တပ်ကို အသန့်အသတ်ပေါ်သို့ မှီခိုအားကိုးလိမ့်မယ်ဆိုတာ လုချန်ရှန်း ယုံကြည်သည်။

ဒါက ပိုမြင့်မားသည့် အဆင့်ပုဂ္ဂိုလ်များ၏ စွမ်းအားကို အသက်မသွင်းရသေးဟူသော ယူဆချက်အောက်တွင်ဖြစ်သည်။

သို့သော် လုချန်ရှန်းဒီနေရာတွင် ပျံသန်မဲ့အစီအရင်တစ်ခုကို စီစဉ်ထားပြီဖြစ်ကာ လေတပ်နှစ်တပ်၏ စွမ်းအားနှင့် သူတို့၏ အစီအရင်ကိုချိုးဖျက်ကာ သက်ရောက်နိုင်စွမ်းကို ဆုံးရှုံးအောင်လုပ်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒါကိုထောင်ဆကြည့်ပါက မြေပြင်၏ ပစ်ခတ်အားကို အများဆုံးဖြစ်အောင် လုပ်ရန်သာလိုအပ်သည်။

လုချန်ရှန်းအမြဲလိုလို ကြိုက်နှစ်သက်သည့် စကားပုံတစ်ခုရှိသည်။

ကြောက်စိတ်အားလုံးက လုံလောက်သည့် ပစ်ခတ်အားမရှိခြင်းကနေ လာခြင်းပင်။

"အာ၊ အမြောက်တွေက စစ်ပွဲအတွင်း သေမျိုးနယ်မြေက စစ်တပ်တွေ သုံးတဲ့အရာတစ်ခုမလား၊ ကျုပ်အရင်ကမြင်ဖူးပေမယ့် အမြောက်ဆန်ဘယ်မှာလဲ" နတ်သခင်ဟောင်တျန်း အမြောက်ပစ်ခတ်ရန် ဆွဲရသည့်ကြိုးကို သိချင်စိတ်ဖြင့်ရွေ့ကြည့်သည်။

လုချန်ရှန်း၏အမူအရာက ပြောင်းလဲသွားပြီး အလျင်အမြန်အော်ဟစ်သည်။

"မလုပ်နဲ့....."

ကျန်သောသူများ ပဟေဠိဖြစ်နေကြသည်။ ဒါကအမြောက်တစ်ခုပဲလေ၊ ဆွဲလိုက်ရုံနဲ့ ဘာလုပ်နိုင်မှာမို့လဲ!

သို့စေကာမူ ဘယ်သူမှ ဒီအတွေးကို အဆုံးမသတ်နိုင်ခင်မှာပင် 'ဘန်း' ဟူသော မိုးကြိုးသံကဲ့သို့အသံတစ်သံ ထွက်လာပြီး ချက်ချင်းဆိုသလို မီးတာအိုနိယာမက တွန်းကန်မောင်းနှင်စေပြီး ဖျက်ဆီးခြင်းတာအိုရှုထောင့်တစ်ချို့နှင့် ရောယှက်နေသည့် မီးစက်လုံးတစ်လုံးပစ်လွှတ်သွား၏။ အမြောက်ကို သေချာမချိန်ရွယ်ထားရသေးသဖြင့် အနီးဆုံးမျှော်စင်ကို ထိမှန်သွားသည်။

ဘန်း....ဘန်း....ဘန်း....!

ရုတ်တရက် မိုးနှင့်မြေက ပြိုကျလာပြီး မြေကြီးကတုန်ခါကာ တောင်များက လှုပ်ယမ်းသွားသည်။

ဒီမြေနေရာလေးကမူ ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အလား လှုပ်ခါနေသည်။

‌မြင့်မားသည့်မျှော်စင်ကလည်း ချက်ချင်းဆိုသလို အမှုန့်များအဖြစ် ကြေမွသွားရသည်။

လူအုပ်စုမှာ ဒီမြင်ကွင်းကို မျက်ကန်းများပမာ ကြည့်နေမိကြ၏။

"ဒါကိုအမြောက်လို့ခေါ်တာလား"

လုချန်ရှန်းလက်အစုံကိုဖြန့်လိုက်၏။

"ဘာပဲဖြစ်ဖြစ် ဒါပါပဲ၊ ငါဒါတွေကိုလုပ်တုန်းက သေချာဂရုတစိုက် မရေတွက်ခဲ့မိဘူး၊ ဒါပေမယ့် နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်တာပဲ"

"အိုး၊ ငါထပ်ဖြည့်ပါရစေ၊ ဘယ်နှစ်ကြိမ် ပစ်နိုင်တယ်ဆိုတာက အကန့်အသတ်မရှိပေမယ့် ပစ္စည်းကိရိယာတွေက အကြိမ်လေးရာလောက်ပစ်ခတ်ပြီးတဲ့အခါကျရင် စွမ်းအင်စီးဆင်းမှုကို မခံနိုင်တော့ဘဲ ပေါက်ကွဲသွားလိမ့်မယ်...."

လူအုပ်စုကြက်သေသေသွားကြသည်။

အမြောက်နှစ်ရာကျော်....တစ်ခုစီက အကြိမ်လေးရာလောက် ပစ်နိုင်တာလား!

ဒီသောက်ကျိုးနည်းအရာက တစ်ချက်ပစ်ရုံနဲ့ အစစ်အမှန်နတ်ဘုရားနယ်ပယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အားအပြည့်ရိုက်ချက်နှင့် ယှဉ်လို့ရတဲ့ အဖျက်စွမ်းအားကို ထုတ်လွှတ်ပေးတယ်လေ!

သို့စေကာမူ အဖိုးကြီးတင်းကသာ လုချန်ရှန်းကို အာရုံစိုက်မှုအများကြီးရအောင် မလုပ်ရန်နှင့် ဒီအမြောက်များကို နည်းနည်း အားနည်းအောင်သာ မလုပ်ခိုင်းခဲ့ပါက ဒီထက်ပိုဆိုးလောက်သည်။

မေ့လိုက်တော့.....! ဒါနဲ့ပတ်သက်ပြီး ကြွားဝါနေစရာမှမလိုတာ၊ လုံး၀မလိုအပ်ပါဘူး!

ဒီအခိုက်အတန့်၌ မစ္စတာခါးသီးစွာ ရယ်မောသည်။

"ရှေးခေတ်တုန်းကသာ တာအိုမိတ်ဆွေလေးလုရှိနေခဲ့မယ်ဆိုရင် ဒီလောက် ၀မ်းနည်းစရာကောင်းမှာ မဟုတ်လောက်ဘူး"

အင်မော်တယ်ဧကရာဇ်ကလည်း မေးသည်။

"မင်းလက်နက်ပြုပြင်တာကို ဘယ်တုန်းက သင်ယူခဲ့တာလဲ"

ဒီအဆင့်လက်နက်မြှင့်တင်မှုစွမ်းရည်အရ အင်မော်တယ်နယ်မြေပင်လျှင် လုချန်ရှန်းကို ယှဉ်နိုင်မည်မဟုတ်။

"မင်းဘယ်တော့မှ မမေးနဲ့"

အင်မော်တယ်ဧကရာဇ် "....."

"ကောင်းပြီ၊ ဒီလိုဆိုမှတော့ လုပ်နိုင်တာကို လုပ်ပြီးပြီ၊ အခုကျန်တာက စစ်သည်တွေကို နောက်ဆုံးအကြိမ် ပြန်စီစဉ်ပေးတာပဲ" အင်မော်တယ်ဧကရာဇ် မြင့်မားသည့်တောင်‌ကို ကြည့်ရင်း သူ့မျက်နှာ၌ လေးနက်သည့် အမူအရာတစ်ခုရှိသည်။

"ငါတို့မှာ နှစ်ရက်တောင်မကျန်တော့ဘူး...."

လုချန်ရှန်းခေါင်းညိတ်သည်။

"ငါ့မှာတခြားကိစ္စတွေရှိသေးတယ်"

ထို့နောက် သူရှီရှန်းကို ဆွဲယူကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။

.....

အင်မော်တယ်နယ်မြေ၀င်ပေါက်!

နတ်ဆိုးအော်ရာက ၀င်ပေါက်တစ်ခုလုံး၌ ပျံ့နေလေပြီ။ လုချန်ရှန်းရောက်လာသောအခါ မိစ္ဆာနတ်ဆိုးစွမ်းအင်က သူ့၀န်းကျင်၌ ရောယှက်နေတာကို သူခံစားနိုင်သည်။

ရှီရှန်းမေးသည်။

"ဆရာ၊ ဒီမှာဘာလုပ်မလို့လဲ"

"ဖြစ်နိုင်တာက....." ရုတ်တရက် ရှီရှန်း၏ မျက်လုံးများလင်း၀င်းသွားသည်။

"ဆရာ၊ ဆရာကျွန်တော့်ကို သူတို့ရဲ့ ဌာနချုပ်ကို စိတ်လွတ်လက်လွတ်သတ်ဖြတ်ဖို့အတွက် တည့်တည့်ခေါ်သွားဖို့ စီစဉ်ထားတာလား"

လုချန်ရှန်းမျက်လုံးလိမ့်ကာ ရှီရှန်းခေါင်းကို ခေါက်လိုက်သည်။

"မင်းခေါင်းကိုသတ်၊ ဒါက ဘယ်လောက်ထိ ဆူပူအုံကြွမှုကို ဖြစ်နေမလဲဆိုတာ မင်းသိလား"

လုချန်ရှန်းတွင် တခြားသူများသတိမထားမိစေဘဲ လုပ်ဆောင်ရန်နည်းလမ်းများ ရှိသော်လည်း ကျယ်ပြန့်သည့်ငရဲနတ်ဆိုးဒေသက ဘာမဟုတ်ဘဲ ပျောက်ကွယ်သွားပါက ဒါက အဖိုးကြီးတင်းပြောခဲ့သည့် ထိုလူများ၏ အာရုံကို ဆွဲဆောင်သွားဦးမည် မဟုတ်ပေလော။

ဒီအချိန်တွင် ကောင်းကင်ဖိနှိပ်စေတီကနေ အသံတစ်သံထွက်လာသည်။

"ဒီတော့ ငါတို့ဒီအဆင့်ထိ ရောက်လာကြပြီပေါ့၊ မိတ်ဆွေလေး၊ ကောင်းကင်ဖိနှိပ်စေတီကို ယူသွားပါ၊ ဒါကအကူအညီ ဖြစ်လောက်တယ်"

ဒါကိုကြားသော် လုချန်ရှန်း ရှီရှန်းဘက်သို့ လှည့်ပြီး ခရမ်းရောင်ခြည်နှင့် ပြည့်နေသည့် ကျောက်မျက်တစ်တုံးကို ထုတ်ယူကာ ရှီရှန်းအား ပေးသည်။

"ငါမင်းကို ဒီကို ခေါ်လာရတဲ့ရည်ရွယ်ချက်က ကောင်းကင်ဖိနှိပ်စေတီကို ယူဆောင်သွားဖို့ပဲ"

ရှီရှန်းထိတ်လန့်သွားသည်။

"ဒါပေမယ့် ကျွန်တော်တို့ဒါကို ယူလိုက်ရင် ဖိနှိပ်မှုစွမ်းအား ပျောက်ကွယ်သွားမှာမလား...."

"မစိုးရိမ်ပါနဲ့၊ ကျန်ရှိနေတဲ့ဖိနှိပ်မှုစွမ်းအားက ဒီနောက်ဆုံးနှစ်ရက်ကိုတော့ ခံနိုင်ရည်ရှိပါတယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

"ဒါ့အပြင် အချိန်နည်းနည်းကျန်သေးတော့ ငါ ကောင်းကင်ဖိနှိပ်စေတီကို ပြန်ပြင်ဆင်ပြီး နည်းနည်းတိုးတက်အောင် လုပ်လို့ ရနိုင်သေးတာပဲလေ"

ကောင်းကင်အကဲခတ်မျက်လုံး၏ စစ်ဆေးမှုအောက်တွင် ကောင်းကင်ဖိနှိပ်စေတီ၏ ချို့ယွင်းချက်များနှင့် လိုအပ်သည့်ပြင်ဆင်မှုများက သူ့နှလုံးသားထဲတွင် ရှင်းလင်းနေသည်။

အပိုင်း(1227) coming။

All Chapters