#နှစ်ရက်ကြိုတင်၊ ငရဲနတ်ဆိုးဒေသ ပြန်လည်တိုက်ခိုက်ခြင်း#
Vol. 87 Ch. 1227
ကောင်းကင်ဖိနှိပ်စေတီက အသက်သွေးများနှင့် ထုလုပ်ဖန်တီးထားသည့် မြင့်မြတ်လက်နက်တစ်ခုဖြစ်ပြီး နယ်မြေလေးခုက ကျင့်ကြံသူများ၏ အသက်များစွာပါ၀င်သည်။
သို့သော် နှစ်သိန်းချီကြာဖိနှိပ်မှုအပြီးတွင် မိစ္ဆာနတ်ဆိုးစွမ်းမင်၏ အဆက်မပြတ် တိုက်စားမှုအောက်တွင် အထဲကကုန်ခမ်းနေသည့်စွမ်းအားက အကန့်အသတ်ကို ရောက်နေပြီဖြစ်ကာ လက်နက်ကလည်း အပေါက်များနှင့် ပြည့်နှက်နေသည်။
ဒီအခိုက်အတန့်၌ နေ့တစ်၀က်အကြာတွင် ကောင်းကင်ဖိနှိပ်စေတီ၏ သော့တဖြစ်လဲ ကြယ်အနှစ်သာရကို ပိုင်ဆိုင်ထားသည့် ရှီရှန်း မျှော်စင်ကို သူ့ပိုင်ဆိုင်မှုအဖြစ် ရယူနိုင်ခဲ့သည်။ ဒါက အပြင်းအထန်ပျက်စီးနေသည့် မြင့်မြတ်လက်နက်တစ်ခုဟု ဆို၍ရသော်လည်း အစွမ်းထက်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေဆဲပင်။ သူ့နယ်ပယ်ကလည်း ထပ်မံချိုးဖျက်သွားပြီး နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
ဒါကိုရယူပြီးနောက် လုချန်ရှန်း ရှီရှန်းကို ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
သူကောင်းကင်ဖိနှိပ်စေတီကို ချက်ချင်းစတင်ပြုပြင်ကာ တိုးတက်မှုများလုပ်ဆောင်သည်။
စေတီအထဲက လူသားဘိုးဘေးလေးဦး၏ အကြွင်းအကျန်ဝိဉာဉ်များ လုချန်ရှန်း၏ ရည်ရွယ်ချက်ကို ခံစားမိကြသဖြင့် အနည်းငယ် အံ့ဩသင့်သွားကြရသည်။
"မင်းမြင့်မြတ်အဆင့်လက်နက်တစ်ခုကိုတောင် ပြုပြင်နိုင်တာလား"
လုချန်ရှန်း စိတ်ရှုပ်ထွေးစွာပြောသည်။
"ဘာလို့မပြင်ဆင်နိုင်ရမှာလဲ၊ ဒါကို လူ့လက်နဲ့ ဖန်တီးခဲ့တာပဲလေ"
လူသားဘိုးဘေးလေးဦး တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာကြည့်ရင်း ပြောစရာစကားမဲ့သွားကြသည်။
သူက 'တခြားသူများလုပ်နိုင်ပါက ငါဘာလို့မလုပ်နိုင်ရမှာလဲ' ဟုပြောနေသယောင်ယောင်။
သို့သော် ဒီမြင့်မြတ်အဆင့်လက်နက်ကို ဖန်တီးမှုက ကြီးမားသည့်တန်ဖိုးတစ်ခုကို ကုန်ကျစေခဲ့သည်။ ဒီလိုမှတ်ချက်မျိုးက ကောင်းကင်ဖိနှိပ်စေတီကို ထုဆစ်ခဲ့သည့် သူရဲကောင်းများအား သိမ်ငယ်စေသည်။
သို့စေကာမူ ကောင်းကင်ဖိနှိပ်စေတီကို ပြုပြင်ရန်သူသည် လုချန်ရှန်းအတွက် မခက်ခဲပါ။
မိစ္ဆာနတ်ဆိုးစွမ်းအင်၏ တိုက်စားမှုများကို အရင်ဆုံးသန့်စင်ပစ်ရန် လိုအပ်သည်။
တိုက်စားမှုက ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုတွင် မဟုတ်သဖြင့် သူဒါကို နိယာမစွမ်းအားနှင့် ဖြည့်တင်းရန်သာ လိုအပ်သည်။
.....
တစ်ချိန်တည်းမှာပင် ငရဲနတ်ဆိုးဒေသ၌ ကောင်းကင်က သွေးနီရောင်ရှိပြီး လေထုက အုံ့ဆိုင်းနေကာ ထူးဆန်းသည့်အနံ့တစ်ခု စိမ့်၀င်နေသည်။
ဒီနေရာ၌ရှိနေခြင်းက တစ္ဆေများ၏ ငိုကြွေးသံနှင့် ဝံပုလွေများ၏ မရပ်မနား ဟစ်ကြွေးသံများနှင့်အတူ ငရဲထဲတွင် ရှိနေသည့်အလားပင် ထင်ရသည်။
ယခုလိုငရဲတမျှနေရာ၌ မရေမတွက်နိုင်လောက်သည့် ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် မှော်သားရဲများ၊ လှံများကို ကိုင်ထားသည့် အတောင်ပံများပါသော အစိမ်းရောင်မျက်နှာနှင့်လူများနှင့် ထူထဲသည့်မိစ္ဆာနတ်ဆိုးစွမ်းအင်ဖြင့် ရစ်ပတ်ထားသည့် ရာချီသော အရပ်မြင့်အမျိုးသား၊ အမျိုးသမီးများက အနည်းငယ်ပုံပျက်နေပြီး ဖိနှိပ်ခြင်းစွမ်းအားနှင့် ရောယှက်နေသည့် အတားအဆီးတစ်ခုရှေ့တွင် ရပ်နေကြ၏။
နက်မှောင်သည့်လူစုတစ်စုစုစည်းနေပြီး ငရဲနတ်ဆိုးဒေသ၏ စစ်တပ်အားလုံးကို စည်းဝေးစေသည်။
ထို့ထဲတွင် အဓိကတိုက်ခိုက်ရေးအဖြစ် မိစ္ဆာလှံစစ်တပ်၊ အဓိကကာကွယ်ရေးအဖြစ် မှော်ဒိုင်းတပ်နှင့်အတူ မိစ္ဆာလှံစစ်တပ်က လေထဲတွင် အတောင်ပံများကို ယပ်ခတ်နေကြ၏။ နောက်ကျောဘက်တွင် မှော်ဒိုင်းတပ်ရှိပြီး ဆန်းကြယ်အင်ပါယာအစောင့်များက မီးခိုးရောင်၀တ်ရုံဖြင့် လုံး၀ဖုံးလွှမ်းနေကာ မိစ္ဆာသခင်နတ်ဆိုးဘုရင် ကိုယ်တိုင် ဦးဆောင်သည့် ငရဲစစ်တပ်လည်းရှိသည်။
ဒီအခိုက်အတန့်၌ အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် လူလေးယောက် အနက်ရောင်ချီအမျှင်စအဖြစ် ပြောင်းကာ လူအုပ်စုရှေ့တွင် ပေါ်လာသည်။
ဒီလေးယောက်ကိုမြင်သောအခါ အနည်းငယ်ခေါင်းငုံ့ထားသည့် ငရဲစစ်တပ်၀င်များမှလွဲ၍ ကျန်သောသူများ ဟင်းလင်းပြင်ထဲတွင် ဒူးထောက်လိုက်ကြ၏။
"အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်"
ရှေ့ဆုံးက ခေါင်းဆောင် ခေါင်းညိတ်ရင်း အတားအဆီးကို လှမ်းကြည့်ကာ တည်ငြိမ်စွာပြောသည်။
"ဖိနှိပ်မှုစွမ်းအားက ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ၊ ပြီးတော့ ရန်သူရဲ့ခန့်မှန်းချက်အရဆိုရင် ငါတို့ဖိနှိပ်မှုကို ရက်အနည်းငယ်အတွင်း ချိုးဖျက်ကြလိမ့်မယ်လို့ သေချာပေါက် တွေးထင်ကြလိမ့်မယ်"
"ဒီလိုဆိုမှတော့ ငါတို့ကြိုတင် အရေးယူဆောင်ရွက်ပြီး သူတို့ကို မျှော်လင့်မထားတဲ့အချိန် ဖမ်းဆီးရမယ်"
သူ့အသံက လေးတွဲ့နေသည့်တိုင် မျက်လုံးများထဲက စိတ်လှုပ်ရှားမှုနှင့် သွေးဆာမှုကို ဖိနှိပ်ရန်ဟူသည် မဖြစ်နိုင်ပေ။
"အားလုံးပဲ၊ ငရဲနတ်ဆိုးဒေသက နှစ်သိန်းချီကြာအောင် ဖိနှိပ်ခံထားခဲ့ရတယ်၊ ငါတို့ ဒီအရှက်ရမှုကို ငါတို့ရန်သူတွေရဲ့ သွေးနဲ့ မဆေးကြောဘူးဆိုရင် အနာဂတ်မျိုးဆက်တွေက ငါတို့ကို အရှက်တရားရဲ့ မဏ္ဍိုင်မှာ ချည်နှောင်လာလိမ့်မယ်" အကြီးအကဲ၏ အသံက ထက်သန်လာပြီး ကျန်အကြီးအကဲသုံးယောက်နှင့်အတူ ဒူးထောက်ကာ သွေးနီရောင်ကောင်းကင်အား မော့ကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်သည်။
"ကျေးဇူးပြုပြီး မိစ္ဆာသခင်နတ်ဆိုးဘုရင်"
ဒါကိုမြင်သောအခါ ငရဲနတ်ဆိုးဒေသက လူတိုင်း ဒူးထောက်ကြပြီး အလားတူ အော်ဟစ်လိုက်ကြ၏။
ရုတ်တရက် သွေးနီရောင်ကောင်းကင်ကနေ သွေးမိုးကြိုးများလိမ့်တက်လာသည်။
ငရဲနတ်ဆိုးဒေသတစ်ခုလုံး၏ မိစ္ဆာနတ်ဆိုးစွမ်းအင်က စတင်ထိုးတက်ကာ လူတိုင်းစုဝေးရာအထက်တွင် စုပြုံလာကြသည်။
ထို့နောက် ဝဲဂယက်တစ်ခုအဖြစ်စုစည်းရင်း အထဲကနေ ပုံရိပ်နှစ်လု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
ညာဘက်ကတစ်ယောက်က ကျော၌ အတောင်ပံများရှိပြီး ခေါင်းတွင် ဦးချိုနီများရှိသော မိစ္ဆာတစ်ပါးဖြစ်ပြီး ဘယ်ဘက်က တစ်ယောက်က အလွန်အမင်းအေးစက်ခန်းနားသည့် အမူအရာနှင့်အတူ အနက်ရောင်အင်ပါယာ၀တ်ရုံကို ၀တ်ဆင်ထားသည့် လူတစ်ယောက်ဖြစ်သည်။
သူတို့က ငရဲနတ်ဆိုးဒေသ၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်သည့် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ပေတည်း။
နတ်ဆိုးဘုရင်လက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
"အားလုံးပဲ၊ မင်းတို့ရဲ့မိစ္ဆာနတ်ဆိုးစွမ်းအင်ကို အစွမ်းကုန်ထုတ်လွှတ်ကြ"
တုံ့ဆိုင်းမနေဘဲ လူတိုင်းလက်အစုံကို မြှောက်ပြီး သူတို့၏မိစ္ဆာနတ်ဆိုးစွမ်းအင်ကို ထိန်ချန်မထားဘဲ ထုတ်လွှတ်ကြသည်။
နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ လက်ဖဝါးများကို ဆန့်ထုတ်ရင်း အပေါ်အောက်ထပ်ထားသည်။ ပြင်းထန်သောမိစ္ဆာနတ်ဆိုးစွမ်းအင်က သူတို့လက်ဖဝါးများအထက်တွင် စတင်စုစည်းလာသည်။
တဖြည်းဖြည်း ၎င်းက အနက်ရောင်လှံတစ်ချောင်းအဖြစ် ကျုံ့သွားသည်။
လှံပေါ်၌ တစ္ဆေများဟစ်ကြွေးနေကြပြီး နတ်ဆိုးစွမ်းအားက အမြင့်ဆုံးအဆင့်အထိ ရောက်လာခဲ့သည်။
မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ တစ်ချိန်တည်းမှာပင် အစွမ်းကုန်အားအပြည့် သွန်လောင်းထည့်လိုက်စဉ် ပတ်၀န်းကျင်က သွေးနီရောင်လေဟာနယ်က မရပ်အနား တုန်ခါလာသည်။
ငရဲနတ်ဆိုးဒေသတစ်ခုလုံးက ငလျင်တစ်ခုထဲ ကျသွားသည့်အလားပင်။
ဘန်း....ဘန်း....ဘန်း!
အနက်ရောင်လျှပ်စီးက လှံကို၀န်းရံလာပြီးနောက် ၎င်း၏စွမ်းအားအခြေအနေက အမြင့်ဆုံးကိုရောက်သွားပြီး ပေါက်ကွဲမှုများနှင့်အတူ ပေါက်ကွဲသွား၏။
မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ အကြည့်ချင်ဖလှယ်ကာ အချင်းချင်းခေါင်းညိတ်ပြကြပြီးနောက် နှစ်ယောက်စလုံး ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ပစ်သကဲ့သို့ လှံကိုဖမ်းကိုင်ရင်း အတားအဆီးပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်ကြသည်။
လှံက အတားအဆီးကို ထိုးဖောက်သွားသည့် အခိုက်အတန့်၌ စွမ်းအင်က ပွင့်ထွက်လာပြီး ရုတ်ချည်းဆိုသလို မိုးနှင့်မြေကပင် အသံပျောက်သွားပုံရသည်။
ဒါက အရာတိုင်းကအသံမထုတ်လွှတ်နိုင်ခြင်းမဟုတ်ဘဲ ဒီကြောက်စရာကောင်းသည့်အားက ဒီနေရာထဲသို့ အသံထုတ်လွှတ်နိုင်စွမ်းကို တိုက်ရိုက်ဖယ်ရှားပစ်လိုက်ခြင်းပင်။
အတားအဆီးက ပြင်းထန်စွာ တုန်ခါလာပြီး အက်ကြောင်းများက ပို၍ကျယ်ပြန့်လာသည်။
ထို့နောက် ပင့်ကူအိမ်တစ်ခုထက်ပင် ပိုသိပ်သည်းသည့် အက်ကြောင်းများက တုန်ခါနေသည့်အတားအဆီးပေါ်၌ အလျင်အမြန်ပင် တိုးပွားလာသည်။
ဘန်း.....!
အသံပြန်၀င်လာသည်နှင့် အတားအဆီးက ၎င်း၏အချက်ပြမှုနှင့်အတူ ပြိုကွဲသွားရသည်။
မိစ္ဆာနတ်ဆိုးစွမ်းအင်က ချက်ချင်းထွက်လာသည်။
ဒီမြင်ကွင်းကိုစောင့်ကြည့်ရင်း လူတိုင်း၏အကြည့်များက ဂနာမငြိမ်ဖြစ်နေကြပြီး သွေးဆာမှုနှင့် ပြည့်နှက်နေကြ၏။
သို့သော် သူတို့အလျင်စလိုမလုပ်ကြဘဲ ယင်းအစား မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ကို အပြည့်အ၀အာရုံစိုက်ထားပြီး သူတို့အမိန့်ပေးတာကို စောင့်နေကြသည်။
မိစ္ဆာသခင် ဆိုးယုတ်စွာရယ်မောရင်း ကျယ်ပြောသည့်အတောင်ပံများကို ဖြန့်ကြက်လိုက်၏။
"စစ်သည်တို့၊ အခုအချိန်က ငါတို့လွန်ခဲ့တဲ့ နှစ်သောင်းချီကျော်က မပြီးမြောက်ခဲ့ရတဲ့ ဆန္ဒကို ဖြည့်ဆည်းရမယ့်အချိန်ပဲ၊ ဒီတစ်ကြိမ် ငါတို့သေမျိုးနယ်မြေကို ပြားပြား၀ပ်အောင် လုပ်ပစ်မယ်"
"ဟုတ်ကဲ့!!!!"
အော်ဟစ်သံများက ကမ္ဘာမြေပြိုလုမတတ်ပင်။
နတ်ဆိုးဘုရင်လက်ဝှေ့ယမ်းပြသည်။
"ရှေ့တက်ကြမယ်"
ချက်ချင်းဆိုသလို မှော်သားရဲများနှင့် လူအုပ်ကြီးက အမိန့်နာခံစွာပင် အင်မော်တယ်နယ်မြေ၀င်ပေါက်သို့ ပြေး၀င်လာကြ၏။
တစ်ချိန်တည်းမှာပင် သေမျိုးနယ်မြေ ရှေးဟောင်းစစ်မြေပြင်၌ အင်မော်တယ်ဧကရာဇ် အရင်ဆုံးမျက်ခုံးကြုံ့လိုက်ပြီးနောက် အနည်းငယ်ခေါင်းမော့ကာ အင်မော်တယ်နယ်မြေ၀င်ပေါက်ရှိသည့် မြင့်မားသည့်တောင်များနောက်သို့ ကြည့်လိုက်မိသည်။
ထိုနေရာ၌ ကျယ်ပြန့်လှသည့် မိစ္ဆာနတ်ဆိုးစွမ်းအင်ပမာဏအများအပြား ပေါ်လာသည်။
အင်မော်တယ်ဧကရာဇ်၏ မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး အသံထဲတွင် အင်မော်တယ်အော်ရာကို စုစည်းရင်း အော်ဟစ်လိုက်သည်။
"အားလုံးလက်တွဲထားကြ၊ ရန်သူအတွက် ပြင်ဆင်ကြ"
သူ့အသံကျသွားသည့်အခိုက်တွင် သွေးနီရောင်ဆန္ဒနှင့် နတ်ဆိုးနက်ချီက တောင်များအလွန်၌ ပျံ့သွားပြီး ရှေးဟောင်းစစ်မြေပြင်၏ ကောင်းကင်ကို သွေးနီရောင်နေရာတစ်ခုအဖြစ် အမြန်ပြောင်းသွားစေသည်။
တစ်ခဏအကြာတွင် ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး၊ ပိုပြီးတိတိကျကျဆိုရပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးနှင့် သေမျိုးနယ်မြေတစ်ခုလုံးကပင် နတ်ဆိုးချီ၏အော်ရာကို ခံစားနိုင်ပေသည်။
မစ္စတာ၏အမူအရာကလည်း သုန်မှုန်နေသည်။ စည်းတံဆိပ်က နှစ်ရက်စောပြီး ချိုးဖျက်ခံလိုက်ရတာလား!
အင်မော်တယ်ဧကရာဇ်၏ စကားလုံးများ ကျဆင်းလာသည်နှင့် မရေမတွက်နိုင်လောက်သည့် အင်မော်တယ်စစ်သားများ မြို့ရိုးများပေါ်သို့တက်လာပြီး ရန်သူကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေကြ၏။
တခြားတစ်ဘက်တွင် နတ်သခင်ဟောင်တျန်း အသံလွှင့်ကျောက်စိမ်းဆွဲသီးကို တိုက်ရိုက်ထုတ်ယူကာ လုချန်ရှန်းကို ဆက်သွယ်သည်။
တစ်ချိန်တည်းမှာပင် ဒီတဒင်္ဂ၌ မြို့ရိုးအပြင်ဘက်တွင် အကြီးအကဲသုံးဦး ရုတ်တရက် ပေါ်လာခဲ့သည်။
သူတို့၏အော်ရာများက အင်မော်တယ်များအလား ထူးခြားပြီး စင်ကြယ်သည်။
အင်မော်တယ်ဧကရာဇ် ၀မ်းမြောက်စွာ အော်ဟစ်လိုက်သည်။
"ဆရာသခင်တို့"
အပိုင်း(1228) coming။