← Chapters

#မိစ္ဆာသခင်၊ နတ်ဆိုးဘုရင်တို့၏ ကြောက်ရွှံ့မှု#

Vol. 87 Ch. 1228

#မိစ္ဆာသခင်၊ နတ်ဆိုးဘုရင်တို့၏ ကြောက်ရွှံ့မှု#

Vol. 87 Ch. 1228

အကြီးအကဲသုံးဦးက အင်မော်တယ်ဧကရာဇ်၏ ဆရာသခင်များပေတည်း။

သူတို့သုံးယောက်စလုံးက အင်မော်တယ်ဘိုးဘေးနယ်ပယ်တွင်ရှိကြသည်။

မစ္စတာရှေ့တိုးလာပြီး ပြောသည်။

"ကျေးဇူးပါ"

အင်မော်တယ်ဘိုးဘေးသုံးဦးစလုံး မစ္စတာအားလှည့်ကြည့်လာပြီး ခေါင်းညိတ်သည်။

"လုပ်ထုံးလုပ်နည်းတွေ လုပ်နေစရာမလိုပါဘူး၊ ဆရာ၊ သေမျိုးနယ်မြေက အရင်က အများကြီးစတေးခဲ့ရတယ်၊ အခုအင်မော်တယ်နယ်မြေက ကျုပ်တို့ရဲ့ နှိမ့်ကျတဲ့ ထောက်ပံ့မှုကို ပေးဖို့အချိန်ကျပါပြီ"

"ဘာပဲဆိုဆို ဒါက ကျုပ်တို့အင်မော်တယ်မယ်မြေရဲ့ ကံကြမ္မာအတွက်လည်းဖြစ်တယ်လေ"

မစ္စတာ သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

ဒီလူသုံးယောက်၏ အကူအညီသာရှိပါက ငရဲနတ်ဆိုးဒေသနှင့် တိုက်ခိုက်ရာ၌ အဆင့်မြင့်တိုက်ခိုက်ရေးအင်အားတွင် အကာအကွယ်တစ်ခုရှိလာပေလိမ့်မည်။

ကျင့်ကြံခြင်းကမ္ဘာ၏တိုက်ပွဲတွင် အထက်တန်းစားတိုက်ခိုက်ရေးစွမ်းအားကသာ ပျောက်ဆုံးနေပါက သို့မဟုတ် အားနည်းနေပါက ဒါက တိုက်ပွဲအခြေအနေတစ်ခုလုံးကို သက်ရောက်နိုင်ခဲ့သည်။ အကြွင်းမဲ့ခွန်အားကို ရင်ဆိုင်ရာ၌ အစီအစဉ်တိုင်း၊ နည်းဗျူဟာတိုင်းက မီးခိုးကဲ့သို့ ပျောက်ကွယ်သွားရပေလိမ့်မည်။

ဒီတဒင်္ဂမှာပင် သေမျိူးနယ်မြေတစ်ခုလုံးက နိုးကြားသွားကြ၏။

ရှေးဟောင်းစစ်မြေပြင်နှင့်အနီးဆုံး အလယ်အလတ်အဆင့်ကြယ်နယ်မြေထဲက နယ်နိမိတ်မဲ့မင်းဆက်တွင် ဧကရာဇ်အရှင်မုကျန်းထင် ‌သွေးရောင်ကောင်းကင်ကို စိုးရိမ်နေသည့် အမူအရာဖြင့် ကြည့်ရင်း ခါးသီးသောအပြုံးဖြင့် ညည်းတွားသည်။

"တစ်ခါတစ်လေ ကိုယ့်တိုင်းပြည်အတွက် သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ၀င်ရောက်စွက်ဖက်နိုင်တဲ့အထိ မလုံလောက်တာကို ငါတကယ်မုန်းတယ်"

တိုက်ပွဲချပ်၀တ်ကို ၀တ်ဆင်ထားသည့် မုဖူရှန်းအစ်မ မုချင်းချင်းက ရှုပ်ထွေးသည့် အမူအရာဖြင့် ခေါင်းညိတ်သည်။

"ရလဒ်ကိုပဲ စောင့်နေရုံသာတတ်နိုင်တဲ့ ဒီခံစားချက်က အရမ်းဆိုးလွန်းတယ်၊ ဒါပေမယ့် ‌တော်၀င်မောင်လေးကတော့ အခုစစ်မြေပြင်မှာရှိနေလောက်ပြီ"

မုကျန်းထင်ခေါင်းညိတ်ရင်း သက်ပြင်းချကာ ပြန်ဖြေသည်။

"ဖူရှန်းက လက်ရှိမှာ စီနီယာလုနောက်က လိုက်ပြီးကျင့်ကြံနေပြီး ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေပါပြီ၊ ဒါကြောင့် သူပါ၀င်ဖို့လိုတယ်လေ၊ သူတို့အားလုံး ဘေးကင်းစွာ ပြန်လာနိုင်ဖို့ကိုပဲ ငါမျှော်လင့်ပါတယ်"

မင်းသမီးမုချင်းချင်းခေါင်းခါယမ်းသည်။

"သမီးတို့ဘာမှမလုပ်နိုင်တာလည်း မဟုတ်ပါဘူး၊ အထောက်အပံ့တွေပို့ကြရအောင်၊ အများကြီးအသုံးမ၀င်ဘူးဆိုရင်တောင် သက်ရောက်မှုတစ်ချို့တော့ ရှိနိုင်ပါသေးတယ်"

မုကျန်းထင်ခေါင်းညိတ်ပြီး ချက်ချင်း သူ့လက်အောက်ငယ်သားများအား ဒီကိစ္စကို ကိုင်တွယ်ရန် ညွှန်ကြားသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းဖြစ်စေ၊ နတ်တံဆိပ်ဂိုဏ်းဖြစ်စေ၊ ဒီဂိုဏ်းများကလည်း စတင်လုပ်ဆောင်လာကြ၏။

သူတို့သေခြင်းတရားကို ငြိမ်ငြိမ်လေး ထိုင်မစောင့်နေချင်ကြသလို သူတို့၏ ကံကြမ္မာကိုလည်း ငြိမ်ငြိမ်လေးစောင့်ရန် ဆန္ဒမရှိကြပါ။

.....

မြို့ရိုးနောက်တွင် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းစလုံးရောက်လာသည်။

ယင်ယန်နတ်သခင်နှင့် ဟွမ်သခင်တို့ပင်လျှင် မိမိဆန္ဒအလျောက်ဖြစ်စေ အတင်းအကျပ်ဖြစ်စေ တိုက်ပွဲတွင် ပါ၀င်လာကြ၏။

မည်သို့ပင်ဆိုစေကာမူ နတ်သခင်အဆင့်ဂိုဏ်းများက သေမျိုးနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြလေရာ ယခုလိုအခြေအနေရပ်မျိုးတွင် သူတို့စွမ်းအားကိုသာ မထုတ်သုံးပါက သူတို့၏ဂုဏ်သတင်းက သေချာပေါက် ကျဆင်းသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ခေးအောစ့်အနှစ်သာရဓားသခင်လည်း ပေါ်လာခဲ့သည်။

နတ်သခင်ခုနှစ်ဦးစလုံးက မြို့ရိုးပေါ် တက်လာကြ၏။

နတ်သခင်ခုနှစ်ဦးတင်မဟုတ်ဘဲ ဂိုဏ်းအသီးသီးမှ အားကောင်းသောသူများကလည်း အလားတူလုပ်ဆောင်ကြသည်။

သူတို့ငရဲနတ်ဆိုးဒေသ၏ ပထမဆုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။

ပြိုင်ဘက်၏ပထမဆုံးတိုက်ခိုက်မှုက သေချာပေါက်ပြင်းထန်မည်သာ။

နှစ်သောင်းပေါင်းများစွာ ဖိနှိပ်ခံထားရပြီးနောက် မည်သူကသည်းခံနိုင်မည်နည်း။

ဒါ့အပြင် ပထမတိုက်ပွဲကိုရှုံးသွားပါက စိတ်ဓာတ်ကိုလည်း အကြီးအကျယ် ထိခိုက်စေလိမ့်မည်။

ဒါကငရဲနတ်ဆိုးဒေသအတွက်တင်မဟုတ်ဘဲ သေမျိုးနယ်မြေအတွက်လည်း မှန်ပေသည်။

ထို့ကြောင့် ပထမဆုံးပဋိပက္ခက ဘာပဲဖြစ်လာပါစေ ရှုံးနိမ့်၍မရပေ။

ရလဒ်တစ်ခုအနေနှင့် အင်မော်တယ်ဧကရာဇ် လုချန်ရှန်းကိုတွေးမိသည်။ ဒီနက်နဲလှသည့် ပုဂ္ဂိုလ်က ခံတပ်ကို ထိန်းသိမ်းထားရန်အတွက် ရှိနေမည်ဖြစ်ကာ မတော်တဆဖြစ်မှုတိုင်းကို ရှောင်ရှားပေလိမ့်မည်။

"သူရောက်လာပြီလား" အင်မော်တယ်ဧကရာဇ် နတ်သခင်ဟောင်တျန်းကို လှမ်းကြည့်ပြီးမေးသည်။

နတ်သခင်ဟောင်တျန်း မဲ့ရွဲ့စွာပြုံးရင်း ပြန်ဖြေသည်။

"ကျုပ်သတင်းပို့ပြီးပါပြီ၊ သူလားမလားဆိုတာ မသိ......"

သူစကားပြော၍မပြီးသေးခင်မှာပင် သူတို့ဘေး၌ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်သွားပြီး လူတိုင်းအံ့ဩသင့်နေစဉ် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အထဲကနေ ထွက်လာခဲ့ကြ၏။

"မင်းတို့ဆရာဘယ်မှာလဲ"

ယဲ့ချိုးပိုင်ပြုံးရင်းဖြေသည်။

"ဆရာအရိပ်ထဲကနေ စောင့်ကြည့်နေပြီး လိုအပ်တဲ့အခါကျမှ ၀င်စွက်ဖက်မယ်လို့ ပြောပါတယ်"

အင်မော်နယ်ဧကရာဇ် မျက်မှောင်ကြုတ်ရင်း အားကိုးရာမဲ့စွာပြောသည်။

"ဒီလိုအချိန်မျိုးမှာတောင် သူ့စွမ်းရည်တွေကို ဖုံးကွယ်ထားချင်သေးတာလား"

သို့သော် အင်မော်တယ်ဘိုးဘေးသုံးဦးကမူ ဒါကိုကြားသောအခါ ဘာတစ်ခုမှမပြောကြပေ။ တကယ်တမ်း၌ သူတို့အတွင်းသတင်းတစ်ချို့ကို သိရှိထားပြီဖြစ်ကာ လုချန်ရှန်း၏ ချဉ်းကပ်မှုကို နားလည်သည်။

ခေးအောစ့်အနှစ်သာရဓားသခင် ယဲ့ချိုးပိုင်ထံသို့ချဉ်းကပ်ပြီး ထူးမခြားနားစွာမေးသည်။

"မင်းဓားတာအိုနိယာမကို ဖမ်းဆုပ်နားလည်သွားပြီလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ခေးအောစ့်အနှစ်သာရဓားသခင် အံ့ဩသင့်သွားပုံမပေါ်ဘဲ ခေါင်းညိတ်သည်။

"ကြည့်ရတာ မင်းမှာဆရာကောင်းတစ်ယောက်ရှိပုံပဲ"

ယဲ့ချိုးပိုင်ပြုံးကာတုံ့ပြန်သည်။

"ကျေးဇူးပါ၊ ဒါပေမယ့် စီနီယာ ကျွန်တော့်ဆရာကို ချီးကျုးရုံနဲ့ ကျွန်တော်တိုက်ပွဲမှာ အလျှော့ပေးပြီး တိုက်ခိုက်မှာမဟုတ်ဘူးနော်"

ဒါကိုကြားသော် ခေးအောစ့်အနှစ်သာရဓားသခင်၏ပါးစပ်က အနည်းငယ်မြင့်တက်သွားပြီး သွေးနီရောင်ကောင်းကင်ကို မော့ကြည့်လိုက်၏။

"လက်ရှိကိစ္စကို အရင်ကိုင်တွယ်ဖြေရှင်းကြတာပေါ့"

တခြားတစ်ဘက်တွင် ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ ဒီမြင်ကွင်းကို ကြည့်ရင်း သူတို့၏အမူအရာများက တင်းမာနေကြ၏။ သူတို့အကြည့်ချင်းဖလှယ်လိုက်ကြပြီး နက်ရှိုင်းသည့်အတွေးထဲ ရှိနေပုံရသည်။

.....

အင်မော်တယ်နယ်မြေ လမ်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ရှေးဟောင်းစစ်မြေပြင်ကို ရောက်လာကြသည်။

ငရဲနတ်ဆိုးဒေသ၏စစ်တပ်က အဆုံးမဲ့မြင့်မားသည့်တောင်တန်းများနှင့် ရင်ဆိုင်ရသည်။

ဒါကိုမြင်တွေ့ရသောအခါ မိစ္ဆာသခင်နှာခေါင်းရှုံ့သည်။

"သေမျိုးနယ်မြေက အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဒီလိုဗျူဟာတွေက ငါတို့ကိုနှောင့်နှေးအောင်လုပ်နိုင်မယ်လို့ တကယ်တွေးနေတာလား"

နတ်ဆိုးဘုရင်အေးစက်သည့်အသံဖြင့် ပြောသည်။

"သေမျိုးနယ်မြေက အစတုန်းက အတော်လေးအားနည်းသွားခဲ့ပြီး ဒီနေ့ထိ မကောင်းမွန်လာနိုင်သေးတာ ဖြစ်နိုင်တယ်၊ ဒီအဆင့်အကာအကွယ်က မျှော်လင့်ထားသလိုပါပဲ"

ထို့နောက်သူအမိန့်ပေးသည်။

"လေတပ်အဖွဲ့၀င်တွေ၊ မိစ္ဆာလှံစစ်တပ်၊ ကောင်းကင်ကိုသွားပြီး တောင်တွေအထက်ကနေ ပျံသန်းရင်း နောက်ကနေ စူးစမ်းလေ့လာကြ"

သို့စေရာမူ သူတို့တောင်ပေါ်ဆင်းလာသောအခါ ကောင်းကင်ကနေ ပေါက်စီလုံးများပမာ ကျသွားကြသည်။

နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။

ပျံသန်းမဲ့အစီအရင်လား!

မိစ္ဆာသခင်နှာမှုတ်သည်။

"မိစ္ဆာလှံစစ်တပ်နဲ့ လေတပ်တွေကို ကောင်းကင်ကနေ ကျသွားအောင် လုပ်နိုင်တယ်ဆိုတော့ သူတို့က ငါစိတ်ကူးထားသလောက် အားနည်းပုံမပေါ်ဘူးဘဲ"

"ဒီလိုဆိုမှတော့၊ ငရဲစစ်တပ်၊မင်းတို့သွားကြ"

ငရဲစစ်တပ်က မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့၏ ကိုယ်ပိုင်အင်ပါယာအစောင့်များဖြစ်ပြီး အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ခုတည်းနှင့် ဖွဲ့စည်းထားခြင်းပင်။

အစစ်အမှတ်နတ်ဘုရားနယ်ပယ်တိုက်ခိုက်သူသုံးရာနီးပါးက အေးစက်သည့်အပြုံးများကို ထုတ်ဖော်ကြရင်း ကောင်း‌ကင်ပေါ်သို့ ပစ်၀င်သွားကြ၏။

ပျံသန်းမဲ့အစီအရင်က အစစ်အမှန်နတ်ဘုရားနယ်ပယ်တိုက်ခိုက်သူများကို တားဆီးနိုင်စွမ်းရှိမလားဆိုတာက သူတို့ မကြုံတွေ့ရသေးသည့် အရာတစ်ခုဖြစ်သည်။

သို့သော် နောက်ထပ်ဖြစ်ပျက်သွားသည့်အခြေအနေက မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့၏ အမူအရာများကို ကြည့်ရဆိုးသွားစေသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်တိုက်ခိုက်သူသုံးရာကျော်က တောင်တန်းအကွာအဝေးကိုရောက်သောအခါ သူတို့၏ ပျံသန်းနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်သည့်တိုင် ရှေ့တိုးရန်အတွက် အလွန်အမင်း ခက်ခဲ‌တာကို တွေ့လိုက်ရပြီး မယုံနိုင်စရာကောင်းလောက်အောင် နှေးလွန်းသည့်အရှိန်ဖြင့် ရွေ့လျားနေသည်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေဆီမှာတောင် ဒီလိုသိသာထင်ရှားတဲ့ သက်ရောက်မှုတစ်ခုရှိနေတာလား!

"သေမျိုးနယ်မြေက လူသားဘိုးဘေးအဆင့် အစီအရင်ဆရာတစ်ယောက်ကို ထုတ်လုပ်နိုင်ခဲ့တာများလား"

လူသားဘိုးဘေးအဆင့်အစီအရင်ဆရာလား၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ အချင်းချင်းခေါင်းညိတ်ပြပြီး ကောင်းကင်ပေါ် ပျံသန်းသွားကြ၏။

ဒီပျံသန်းမဲ့အစီအရင်က သူတို့နှစ်ယောက်အပေါ်တွင်မူ ဘာသက်ရောက်မှုမှမရှိပါ။

သူတို့ပျံသန်းမဲ့အစီအရင်ကို အားသုံးချိုးဖျက်ရန် ကြိုးစားလိုက်သောအခါ အစီအရင်၏ အခြေခံကို သူတို့ရှာမတွေ့နိုင်ပေ။

နိယာမစွမ်းအားနှင့်အော်ရာကို ဖိနှိပ်ခြင်းအတွက် သုံးထားသည့် ဒီလိုအစီအရင်မျိုးကို အစီအရင်အခြေခံကိုမတွေ့ဘဲ သူတို့ဘယ်လိုလုပ် အတင်းချိုးဖျက်နိုင်မည်နည်း။

သူတို့နှစ်ယောက် မယုံနိုင်သည့်အမူအရာဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။

ဒီအစီအရင်ကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာကပင် ဆုံးရှုံးမှုတစ်ခုပမာဖြစ်နေသည်။

သူတို့သေချာနိုင်တာတစ်ခုကတော့ တခြားတစ်ဘက်တွင် လူသားဘိုးဘေးအဆင့် အစီအရင်ဆရာတစ်ဦးဦး တကယ်ရှိနေခြင်းပင်။

"ဒီလိုဆိုမှတော့ ငရဲနတ်ဆိုးဒေသက အင်အားစုအားလုံး၊ ဒီနေရာကနေ အမိန့်ကို စောင့်နေကြ"

အမိန့်ပေးပြီးနောက် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့နှစ်ယောက်စလုံး နတ်အသိကို ထုတ်လွှတ်ရင်း တောင်များနောက်က မြင်ကွင်းကို အာရုံခံစူးစမ်းကြည့်ကြသည်။

တောင်များနောက်ကွယ်က ကျယ်ပြန့်သည့် လွင်ပြင်ကြီးတစ်ခုကို မြင်ရသောအခါ သူတို့၏ အမူအရာများက ရှုသိုးသိုးဖြစ်သွားကြ၏။

လူသားဘိုးဘေးအဆင့် အစီအရင်ဆရာတစ်ယောက်က လေးစားမှုတစ်ချို့နှင့် ထိုက်တန်ပါသေးသည်။ မဆင်မခြင်ပြုမူခြင်းက ကြီးမားပြင်းထန်သည့် ဆုံးရှုံးမှုများကိုသာ ဦးတည်စေမည်ဖြစ်ကာ ဒါက သေမျိုးနယ်မြေကို ဖျက်ဆီးပြီးနောက် သူတို့၏ နောက်ထပ်ပစ်မှတ်ဖြစ်သည့် အင်မော်တယ်နယ်မြေကို တိုက်ခိုက်ရာ၌ ကြီးမားသည့် ထိခိုက်နစ်နာမှုတစ်ခုကို ဖြစ်စေလိမ့်မည်။

ဒီအချက်အတွေးထဲ၀င်လာသောအခါ မူလက တောင်များကိုအတင်းထိုးဖောက်ပြီး အစွမ်းကုန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည့် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့မှာ တစ်ချိန်တည်းတွင် အမိန့်ပေးသည်။

"ထောက်ပံ့ရေးစခန်းကို ဒီနေရာမှာ တည်ဆောက်မယ်"

ဒီအချက်က အတိအကျပင် အင်မော်တယ်ဧကရာဇ်၏ ရည်ရွယ်ချက်ပေတည်း။

တောင်များနောက်တွင် လွင်ပြင်ကြီးသာရှိနေပါက သူတို့တောင်များနောက်ကွယ်၌ ထောက်ပံ့ရေးစခန်းကို တည်ဆောက်လျှင် သူတို့၏ တိုက်ခိုက်မှုများကို လုံး၀ဖော်ပြလိုက်သလို ဖြစ်သွားပေလိမ့်မည်။

တောင်နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ပျံသန်းမဲ့အစီအရင်ကလည်း သူတို့၏ ထောက်ပံ့နိုင်မည့် ပမာဏနှင့်၏ အတိုင်းအတာကို ကြီးမားစွာ လျော့နည်းသွားနိုင်စေသည်။

အပိုင်း(1229) coming။

All Chapters