#ညီညွတ်ခြင်းက ခွန်အား#
Vol. 87 Ch. 1229
ရှေးဟောင်းစစ်မြေပြင်ကို လွှမ်းခြုံလာသည့် ကြောက်စရာကောင်းသော နတ်အသိကို ခံစားကြည့်ရင်း အင်မော်တယ်ဧကရာဇ်ပြုံးသည်။
"ကြည့်ရတာ ငါတို့ရဲ့ကနဦးအစီအစဉ်က အောင်မြင်သွားပုံပဲ"
မစ္စတာခေါင်းညိတ်ပြသည်။
"ဒါပေမယ့် တိုက်ခိုက်ရေးခွန်အားကွာဟချက်က အရမ်းကြီးမားလွန်းတာမို့ တာအိုမိတ်ဆွေလေးလု အရေးယူမဆောင်ရွက်သရွေ့ ဒါကအသုံးမ၀င်သေးဘူး"
ဒီအချိန်မှာပင် အနက်၀တ်လူတစ်ယောက် အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများဘေးတွင် ပေါ်လာသည်။
လျိုကျိယုဦးညွတ်သည်။
"အမှောင်သခင်"
အမှောင်သခင်သူ့ကို ခေါင်းညိတ်ပြပြီးနောက် အပြုံးဖြင့် အင်မော်တယ်ဧကရာဇ်အား လှည့်ကြည့်သည်။
"အရှင်မင်းကြီး၊ စုံစမ်းစစ်ဆေးမှုကို နောက်ဘက်ပိုင်းမှာ အပြည့်အ၀စီစဉ်ထားပြီးပါပြီ"
မည်သည့်အတွက်ကြောင့် နောက်ဘက်ပိုင်းတွင် စီစဉ်ထားရလေသနည်း။
ရိုးရှင်းစွာဆိုရပါက ဒါက ငရဲနတ်ဆိုးဒေသ သူတို့နောက်ဘက်ပိုင်းကနေ စိမ့်၀င်ခြင်းမှ ကာကွယ်တားဆီးရန်ဖြစ်သည်။
သေမျိုးနယ်မြေ အင်အားကွာဟချက်ကလွဲရင် ဆိုးဆိုးရွားရွားရှုံ့နိမ့်ခဲ့ရသည့် အကြောင်းရင်းက တစ်ဘက်က ဆန်းကြယ်သည့် အင်ပါယာအစောင့်တပ်များက နောက်ဘက်ပိုင်းကနေ စိမ့်၀င်ပြီး အဓိကအင်အားစုအများအပြားကို အာရုံကို သူတို့အပေါ်လှည့်လိုက်လေရာ နှစ်ဘက်စလုံးက တိုက်ခိုက်မှုအောက်တွင် အင်မတန်ကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။
"မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်" အင်မော်တယ်ဧကရာဇ် ခေါင်းညိတ်သည်။
ဘေးမှ အမှောင်သခင်အနည်းငယ်မျက်မှောင်ကြုတ်သည်။
"ရှေးဟောင်းစာလိပ်တွေအရဆိုရင် မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေတို့က မဟာမိတ်ဖွဲ့သွားတယ်ဆိုရင်တောင် ဒီလောက်ကြီးမားတဲ့ စစ်အင်အားကို မပိုင်ဆိုင်ထားသင့်ဘူး.... အစစ်အမှန်နတ်ဘုရားသုံးရာနီးပါးဆိုတာက ဒါက လုံး၀လက်ခံနိုင်ဖွယ်ရာမရှိဘူး"
အစပိုင်းတွင် ငရဲနတ်ဆိုးဒေသ၌ အစစ်အမှန်နတ်ဘုရားနှစ်ရာ့ငါးဆယ်သာရှိပြီး ၎င်းတို့ကလည်း နှစ်ပေါင်းသိန်းချီအတွင်း ပေါ်ပေါက်လာကြခြင်းသာ။
သို့တိုင်ထိုအချိန်က နယ်မြေခြောက်ခုအနက် ဒုတိယအားအကောင်းဆုံးဖြစ်သည့် သေမျိုးနယ်မြေတွင်ပင် အစစ်အမှန်နတ်ဘုရားတစ်ရာပင်မရှိသလို အင်မော်တယ်နယ်မြေထက် ဒါဇင်အနည်းငယ်မျှသာ ပိုသာသည်။
"တစ်ယောက်ယောက် သူတို့နောက်ကွယ်ကနေ ကူညီပေးနေတာများလား" သေမျိုးနယ်မြေ၏ ထောက်လှမ်းရေးခေါင်းဆောင်တစ်ဦးတဖြစ်လဲ အမှောင်သခင် ဒီပြဿာနာကို ပြတ်သားတိကျသည့်အမြင်တစ်ခုဖြင့် ကြည့်ခဲ့သည်။
မစ္စတာခေါင်းခါယမ်းသည်။
"တိကျတဲ့အကြောင်းရင်းကို ငါတို့မရှင်းပြနိုင်သေးပေမယ့် ငါ့အထင်ကလည်း မင်းနဲ့အတူတူပဲ၊ ဒီလိုတိုက်ပွဲစွမ်းအားအရဆိုရင် နောက်ကျောဘက်က နတ်ဘုရားနယ်မြေရဲ့ ထောက်ပံ့မှုမရှိဘူးဆိုတာကို ဘယ်သူမှယုံမှာ မဟုတ်ဘူး"
ဒီအခိုက်အတန့်၌ သူတို့ရှေ့တွင် အဖိုးအိုတစ်ဦးပေါ်လာသည်။
ဒီအဖိုးအိုကိုမြင်သောအခါ အမှောင်သခင်ချက်ချင်းဦးညွတ်သည်။
"အဖိုးကြီးယန်"
လုချန်ရှန်းသာဒီမှာရှိပါက ဒီလူက အမှောင်နယ်မြေထဲတွင် ကောင်းကင်ဘုံအကြောင်းကို ခြုံငုံလေ့လာလေ့ရှိသည့် အကြီးအကဲဆိုတာကို မှတ်မိပေလိမ့်မည်။
အင်မော်တယ်ဧကရာဇ် အနည်းငယ်ဝေခွဲမရဖြစ်နေသော်လည်း ဒီလူဆီက ထုတ်လွှတ်နေသည့်အော်ရာက သူ့ထက်ပင်ပိုမြင့်သည်။
အင်မော်တယ်ဘိုးဘေးသုံးဦးစလုံး အဖိုးကြီးယန်ကို ကြည့်ရင်း အလွန်အမင်း တည်ငြိမ်စွာပြောသည်။
"မင်းရောက်လာပြီလား"
အဖိုးကြီးယန်ခေါင်းညိတ်သည်။
"နှစ်များစွာကြာပြီးတာနောက် မင်းတို့သုံးယောက်နောက်ကို အမီလိုက်နိုင်ဖို့အတွက် ငါအချုပ်အတည်းတွေကို မချိုးဖျက်နိုင်သေးဘူး"
အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများ အနည်းငယ်အံ့ဩသင့်သွားကြသလို အမှောင်သခင်ပင်လျှင် ဆွံအနေသည်။
အဖိုးကြီးယန်က တကယ်ပဲ အင်မော်တယ်ဘိုးဘေးသုံးယောက်နှင့် တူညီတဲ့အခြေအနေကနေ စကားပြောနေတာလား!
အချုပ်အတည်းတွေကို မချိုးဖျက်ခဲ့တာလား၊ အင်မော်တယ်ဘိုးဘေးသုံးယောက်ကို မမီနိုင်သေးတာလား!
ဖြစ်နိုင်တာက အဖိုးကြီးယန်ရဲ့နယ်ပယ်က အင်မော်တယ်ဘိုးဘေးတစ်၀က်အဆင့်လား!
အမှောင်သခင်ခါးသီးစွာပြုံးသည်။
"အဖိုးကြီးယန်က အင်မော်တယ်နယ်မြေကဆိုတာ ကျုပ်သိပေမယ့် သူ့ခွန်အားနဲ့ နောက်ခံက ဒီလောက်ထိ နက်ရှိုင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"အဖိုးကြီးယန်ကူညီဖို့လာခဲ့ရင်တောင် ကျုပ်တို့နဲ့ ရန်သူတွေကြားက တိုက်ပွဲခွန်အားကွာဟချက်က အတော်လေးကြီးမားနေတုန်းပဲ...." နတ်သခင်ဟောင်တျန်း သက်ပြင်းချသည်။
အင်မော်တယ်နယ်မြေက အစစ်အမှတ်နတ်ဘုရားနယ်ပယ်စွမ်းအားရှင် သုံးဆယ့်နှစ်ယောက်ရှိသည်။ ဒါ့အပြင် အင်မော်တယ်ဧကရာဇ်အရှင်က အင်မော်တယ်နယ်မြေ၏ သရှင်သခင်ဖြစ်လာနိုင်သည့်အပေါ် တခြားအစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးယောက်ထက် ပိုမြင့်သည့်နယ်ပယ်ဖြစ်သည့် အစစ်အမှန်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။
မကြာသေးခင်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ခြေချ၀င်လာခဲ့သည့် ဟွမ်ချင်းနှင့်အတူဆိုပါက သုံးဆယ့်သုံးယောက်သာရှိသည်။
ငရဲနတ်ဆိုးဒေသက အစစ်အမှန်နတ်ဘုရားသုံးရာနီးပါးနှင့်ယှဉ်ပါက ဒါကဘယ်လောက်ပင် သေးငယ်လေသနည်း။
ယခုအချိန်တွင် အင်မော်တယ်ဘိုးဘေးတစ်၀က်အဆင့်အဖိုးကြီးယန်ကိုပါ ထပ်ဖြည့်လျှင်ပင် လူတစ်ယောက်က ကျန်နေသည့် ပြိုင်ဘက်၏ အစစ်အမှန်နတ်ဘုရားနှစ်ရာကျော်ကို ဘယ်လိုလုပ် ခုခံရင်ဆိုင်နိုင်မည်နည်း။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ မျက်နှာတွင်လည်း လေးနက်သည့်အမူအရာများ ရှိနေကြသည်။
မု၀မ်အာ၏ မျက်နှာလေးက စိုးရိမ်ကြောင့်ကြမှုများနှင့် ပြည့်နှက်နေပြီး ပြောလာသည်။
"ဆရာတကယ်ပဲ လှုပ်ရှားဖို့မစီစဉ်ထားဘူးလား၊ ဒီကွာဟချက်က သေးသေးလေးမဟုတ်ဘူးလေ...."
သို့စေကာမူ ယဲ့ချိုးပိုင်ပူပန်ခြင်းမရှိဘဲ ယင်းအစားပြုံးသည်။
"ဆရာ့ရဲ့စရိုက်ကိုသိတာပဲမလား၊ သူသေချာပေါက် ဘေးကနေရပ်ကြည့်နေမှာမဟုတ်ဘူး၊ သူငါတို့ကိုလေ့ကျင့်စေချင်ရုံပဲ၊ ငါတို့အခြေအနေကို တကယ်မကိုင်တွယ်နိုင်တဲ့အခါကျမှ ဆရာလှုပ်ရှားလာလိမ့်မယ်"
ဟုန်ရင်ခေါင်းညိတ်သည်။
"ဒါကလေ့ကျင့်ဖို့အတွက် တကယ်ပဲ အခွင့်အရေးကောင်းတစ်ခုပဲ"
သေမျိုးနယ်မြေ၏ နတ်သခင်ခုနှစ်ဦးက အတူတကွရပ်နေကြ၏။ နတ်သခင်ဟောင်တျန်း ၀တ်ရုံအပြည့်ခြုံထားသည့် နတ်သခင်ဖုတျန်းကို သိချင်စိတ်ဖြင့်ကြည့်သည်။
"နတ်သခင်ဖုတျန်း၊ ဒီတစ်ကြိမ်တော့ မင်းခွန်အားကို ငါတို့မြင်ရလောက်ပါပြီ"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ခေးအောစ့်အနှစ်သာရဓားသခင်နှင့် တခြားနတ်သခင်များကလည်း နတ်သခင်ဖုတျန်းထံ အကြည့်ပို့လွှတ်လိုက်ကြ၏။
သေမျိုးနယ်မြေ၌ အဆန်းကြယ်ဆုံးနှင့် အစွမ်းထက်ဆုံးပုဂ္ဂိုလ်က နတ်သခင်ဖုတျန်းပေတည်း။
သူလှုပ်ရှားတာကိုဘယ်သူမှ မမြင်ဖူးသလို မြင်ဖူးသူများကလည်း သေသူများသာဖြစ်သည်။
နတ်သခင်ဖုတျန်းအနည်းငယ်ခေါင်းညိတ်လိုက်သော်လည်း စကားမပြောဘဲ သူ့ရှေ့က မြင့်မားသည့်တောင်များကို ခပ်မှိန်မှိန်ကြည့်နေသည်။
လူတိုင်းစိတ်ဖိစီးနေချိန်မှာပင် သွေးနီရောင်တိမ်မည်းကြီးများက တောင်ပေါ်သို့ ထိုးတက်လာသည်။
ဒါကမိစ္ဆာနတ်ဆိုးစွမ်းအင်ပေတည်း။
သွေးနီရောင်တိမ်မည်းများအောက်တွင် သိပ်သည်းထူထဲသည့်လူအုပ်ကြီးက သူတို့ထံ အရူးအမူးပြေး၀င်လာနေသည်။
ဒါကိုမြင်သောအခါ အင်မော်တယ်ဧကရာဇ် ချက်ချင်းအော်ဟစ်သည်။
"လူတိုင်းအဆင်သင့်လုပ်ထားကြ၊ ရန်သူက ငါတို့ကိုအနိုင်ယူဖို့ ပြင်ဆင်နေပြီ"
ဒီပြင်းထန်သည့်အော်ရာက မိုင်ရာချီကျော်ဝေးသည့်တိုင် ရှင်းလင်းစွာခံစားနေရပြီး လူတိုင်း၏နှလုံးသားထဲတွင် ဖိသိပ်ကျဆင်းလာကာ အသက်မရှူနိုင်အောင်ပင် လုပ်နေသည်။
မြို့ရိုးနှင့်မြင့်မားသည့်မျှော်စင်မြင့်များပေါ်၌ ရပ်နေကြသလို နံရံများနောက်တွင်ပင် ရှိနေကြသည့် အစီအရင်ဆရာများ၊ အဂ္ဂိရတ်ဆရာများနှင့် ကျန်သောသူများကလည်း တံတွေးမျိုချရင်း ကြောက်ရွှံ့နေကြပုံရသည်။
ဒါက တစ်ကြိမ်တစ်ခါက ဂုဏ်ကျက်သရေကြီးမားသည့် သေမျိုးနယ်မြေသို့ အမွေအနှစ်ဆုံးရှုံးလုနီးပါး အခြေအနေကို ယူဆောင်လာခဲ့သည့် ငရဲနတ်ဆိုးဒေသလား!
ဒီဖိနှိပ်သည့်ခံစားချက်က သူတို့အတွက် အောင်ပွဲခံမည့်အခြေအနေအပေါ် ယုံကြည်မှုအနည်းငယ်မျှပင် မရှိနိုင်စေအောင် လုပ်ဆောင်နေသည်။
သူတို့ဘယ်နေရာကိုပဲကြည့်ကြည့် သေခြင်းအဆုံးသတ်တစ်ခုသာ ရှိပုံရသည်။
ကျောက်တုံးလေး၏ပါးပြင်တွင်ပင် ချွေးစက်တစ်စက်စီးကျလာပြီး ခါးသီးစွာ ရယ်မောသည်။
"ဆရာ ကျွန်တော်တို့ကို ဒီအုပ်စုနဲ့လေ့ကျင့်ဖို့ တကယ်စေလွှတ်ခဲ့တာလား၊ ဒါကနည်းနည်း ခက်ခဲမနေဘူးလား"
ယခုလိုစိတ်ပျက်အားငယ်မှုကို အစပျိုးပေးသည့် အစွမ်းထက်ရန်သူနှင့် ရင်ဆိုင်ရသောအခါ တိုက်ပွဲဆန္ဒအနည်းငယ်ကို ဖမ်းဆုပ်ထားနိုင်ခြင်းကပင် အောင်မြင်မှုတစ်ခုပမာဖြစ်နေလေပြီ။
ရုတ်တရက် အနှီမျက်စိနှင့် ခြေရာခံရန်ခက်ခဲသည့် အမြန်နှုန်းနှင့်အတူ မိစ္ဆာအလင်းနက်နှစ်ခုက တောင်များကိုဖြတ်ရင်း လွင်ပြင်ကို ဖြတ်ကျော်လာသည်။
အင်မော်တယ်ဘိုးဘေးသုံးဦးဒါကို မြင်သောအခါ တုံ့ဆိုင်းမနေကြဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် အဖြူရောင်အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွားကြ၏။
လွယ်ပြင်၏အလယ်တွင် ငါးခုစလုံး တစ်ပြိုက်တည်းရပ်သွားသည်။
နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ အင်မော်တယ်ဘိုးဘေးသုံးဦးကို ရင်ဆိုင်နေသည်။ မိစ္ဆာသခင် လှောင်ပြောင်သည်။
"အိုး၊ ကြည့်ရတာ သေမျိုးနယ်မြေရဲ့ လူသားဘိုးဘေးအားလုံးက သေသွားပြီဆိုတော့ အခုအင်မော်တယ်နယ်မြေက အင်မော်တယ်ဘိုးဘေးအိုသုံးယောက် လာပြီး အသေခံမယ့်အချိန်ပေါ့"
ဦးဆောင်လာသည့် အင်မော်တယ်ဘိုးဘေး ထူးမခြားနားစွာပင်ပြောသည်။
"ဒါကမလိုအပ်ပါဘူး၊ ငါတို့တိုက်ခိုက်တဲ့အခါကျရင် သိရမှာပဲလေ"
ဘယ်ဘက်က အင်မော်တယ်ဘိုးဘေး၏ မျက်နှာထက်၀ယ် အပြုံးတစ်ပွင့်ရှိနေသည်။
"ဒါပေမယ့် ပထမတိုက်ပွဲမှာ မင်းတို့တော့ မလှုပ်ရှားဘူးမလား၊ ဘာလို့မြန်မြန် သွားမကြည့်ကြသေးတာလဲ"
သူတို့မလှုပ်ရှားဘူးဟုဆိုနေသည့်တိုင် သတ်ဖြတ်ခြင်းဆန္ဒက တိတ်တဆိတ် ပြင်းထန်နေလေပြီ။
လူသားဘိုးဘေးအဆင့်စွမ်းအင်ရှင်ငါးဦး၏ အော်ရာက ထိပ်တိုက်တွေ့ဆုံမိကြသည်။
သူတို့ငါးယောက်ကို ဗဟိုပြုရင်း ပတ်ပတ်လည်က လေဟာနယ်က ဘာမှမရှိသည့်အဖြစ်သို့ ပြောင်းသွားသည်။
ဒီအမြင်နိုင်သည့်အော်ရာနောက်ဆက်တွဲလှိုင်းက လူတိုင်းကို စွမ်းအားကင်းမဲ့ပြီး သေခြင်းတရား၏ ခံစားချက်တစ်ခုကို ခံစားရစေသည်။
နှစ်ဦးတည်းသာရှိသည့်တိုင် နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့က လူသားဘိုးဘေးနယ်ပယ် နောက်ဆုံးအဆင့်တွင် အမှန်တကယ်ရှိခဲ့ကြသည်။
အင်မော်တယ်နယ်မြေက အင်မော်တယ်ဘိုးဘေးသုံးဦးတွင် အလယ်က အဖိုးအိုကသာ လူသားဘိုးဘေးနယ်ပယ် နောက်ဆုံးအဆင့်ကို တက်လှမ်းခဲ့ပြီး ကျန်နှစ်ယောက်က အလယ်အလတ်အဆင့်ဖြစ်သည်။
နတ်ဆိုးဘုရင်အနည်းငယ်ခေါင်းညိတ်သည်။
"ဒါဆိုသွားကြည့်ကြတာပေါ့"
ထို့နောက် သူတို့ငါးယောက် ကောင်းကင်ပေါ်သို့ တစ်ချိန်တည်းမှာပင် ပျံသန်းသွားကြ၏။
ငရဲနတ်ဆိုးဒေသ၏စစ်တပ်က တောင်များကိုကျော်ကာ လွင်ပြင်ကိုပင် ခြေချလာကြလေပြီ။
သို့စေကာမူ ပျံသန်းမဲ့အစီအရင်ကြောင့် မိစ္ဆာလှံစစ်တပ်နှင့် လေတပ်များက ကောင်းကင်၌ မပျံသန်းနိုင်ကြပေ။
အထက်တွင် မိစ္ဆာသခင်အပြုံးနှင့်အတူ ငုံ့ကြည့်သည်။
"ဒီအဆင့်အစီအရင်ကို မင်းတို့ဘယ်က ရခဲ့သလဲဆိုတာ ငါမသိပေမယ့် လေတပ်တွေ ကန့်သတ်ခံထားရရင်တောင် ခွန်အားအရာမှာ ဒီလိုအားနည်းချက်မျိုးနဲ့ သေမျိုးနယ်မြေမှာ မျှော်လင့်ချက်မရှိသေးပါဘူး"
အပိုင်း(1230) coming။