#ဆေးဖိုးဖိုး၊ အခြေအမြစ်မဲ့လူ#
Vol. 87 Ch. 1231
ဒီစိတ်ပျက်အားငယ်မှုကို ဖြစ်စေသည့် ပြင်းထန်သောတိုက်ပွဲတွင် လူတိုင်းမျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ကြပြီး ဒါက သူတို့နိုင်နိုင်မည့်တိုက်ပွဲမဟုတ်ဘဲ သူတို့၏ ပျက်စီးမှုကိုသာ ဦးတည်စေမည့်အရာတစ်ခုဟုသာ ယုံကြည်ကြသည်။
သို့သော် ထွက်စရာလမ်းမရှိတော့သောအခါမှသည လူများက မကြာခဏဆိုသလို ကြံရာမရ ပြန်တိုက်ခိုက်ကြသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်( နတ်ဧကရာဇ်နယ်ပယ်) စွမ်းအားရှင်အသီးသီး၏ အော်ရာက ပြင်းထန်စွာ စတင်လောင်ကျွမ်းလာသည်။
နတ်သခင်အဆင့်စွမ်းအားရှင်ခုနှစ်ဦးကလည်း အလားတူလုပ်ဆောင်ရန် အဆင်သင့်ရှိနေကြ၏။
သို့စေကာမူ ငရဲတပ်မှ အင်ပါယာအစောင့် နတ်ဧကရာဇ်သုံးရာနီးပါးအတွက် ဒါက ဟာသပြဇာတ်တစ်ခုထက်မပိုပါ။
"အရင်က သေမျိုးနယ်မြေမှာ နတ်ဧကရာဇ်တစ်ရာတောင်ရှိခဲ့တယ်၊ မင်းတို့အသက်တွေကို လောင်ကျွမ်းစေပြီး ဝိဉာဉ်ကို ကုန်ခမ်းအောင် လုပ်မယ်ဆိုရင်တောင် ဒီလောက်နည်းတဲ့ လူပမာဏက ဘာများလုပ်နိုင်မှာလဲ"
အင်မော်တယ်ဧကရာဇ်လေးနက်စွာပြောသည်။
"ငါတို့မှာနောက်ဆုတ်ဖို့နေရာမရှိတော့ ရှိသမျှအရာတိုင်းနဲ့ တိုက်ခိုက်ရုံပဲလေ၊ ငါတို့မင်းတို့ကို မချေမှုန်းနိုင်ရင်တောင် အနည်းဆုံးတော့ တစ်ကိုက်ကိုက်ယူပြီး မင်းတို့ကို နာကျင်ရအောင်လုပ်မှာပါ"
ဒီလိုပြောခြင်းဖြင့် အင်မော်တယ်ဧကရာဇ်၏ အသွင်အပြင်က ငရဲတပ်၏ အင်ပါယာအစောင့်များအတွက်မဟုတ်ဘဲ အမှောင်ထဲတွင် ပုန်းနေသည့် လုချန်ရှန်းအတွက်ပင်။
ဆိုလိုတာက အရာတွေက ဒီအထိကို ရောက်နှင့်နေပြီးပြီ၊ မင်းမလှုပ်ရှားတော့ဘူးလား!
မင်းတကယ်ပဲ ငါတို့သေတဲ့အထိ ကြည့်ရှုပြီးမှ လှုပ်ရှားချင်တာလား!
"ဒါဆိုစမ်းကြည့်ကြတာပေါ့"
ငရဲတပ်ရှိ အင်ပါယာအစောင့်များ၏ ခေါင်းဆောင်ကပြုံးရင်း လက်ယမ်းပြသည်။
"အားလုံးသွားကြ၊ သူတို့ကိုအပိုင်းပိုင်း ဆွဲဖြဲပစ်ကြ"
နတ်ဧကရာဇ်အင်မော်တယ်အစောင့်များကလည်း ကြမ်းကြုတ်စွာပြုံးရင်း သူတို့မျက်လုံးများက သွေးဆာမှုများနှင့် ပြည့်နေပြီး အော်ရာများက တောက်ပသည့်ကြယ်များသဖွယ် ပေါက်ကွဲကာ မြေကြီးကနေ မိုးကြိုးသံများထွက်လာသည့်အသွင်။
ချက်ချင်းဆိုသလို သူတို့ နတ်ဧကရာဇ်များနှင့် ကျန်သောသူများထံပြေး၀င်သွားကြ၏။
ဒါကိုမြင်သောအခါ ဟွမ်ချင်း၏အကြည့်က ထက်ရှသွားပြီး သူမ၏အစစ်အမှန်အသွင်က ပေါ်လွင်လာကာ နတ်ဖီးနစ်ဆင်းသက်လာခဲ့သည်။
နတ်ဖီးနစ်မီးတောက်များက လေဟာနယ်တစ်ခုလုံးကို ဖြတ်သန်းရင်း ကြီးမားသည့် နတ်မီးအတောင်ပံများက ကောင်းကင်ကို လွှမ်းမိုးနေသည်။
"အိုး၊ နတ်ဖီးနစ်ကလန်လား" မိစ္ဆာသခင် အနည်းငယ်အံ့ဩသင့်သွားရသည်။
"ဒီမျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့မျိုးနွယ်စုမှာ ရှင်ကျန်သူတွေရှိနေတုန်းလား"
နတ်ဆိုးဘုရင်၏မျက်လုံးများကလည်း စိတ်၀င်စားမှုနှင့်အတူ လင်း၀င်းလာပြီး အမိန့်ပေးသည်။
"ဒီနတ်ဖီးနစ်ကိုမသတ်နဲ့၊ ငါလည်း အစီးအနင်းတစ်ခုလိုနေတာ"
ငရဲတပ်အင်ပါယာအစောင့်များ၏ ခေါင်းဆောင် ခေါင်းညိတ်သည်။
"နားလည်ပါပြီ"
အစီးအနင်းလား!
ဟွမ်ချင်း ဖီးနစ်ဟစ်ကြွေးသံတစ်သံကို ထုတ်လွှတ်သည်။
ရွှီး.......!
ဒေါသထွက်နေသည့်မျက်လုံးများနှင့် ငရဲတပ်အင်ပါယာအစောင့်များကို စူးစိုက်ကြည့်နေသည်။ သူမကိုစီးနင်းနိုင်သည့် တစ်ဦးတည်းသောသူက ထိုသူသာဖြစ်သည်။
အင်မော်တယ်ဧကရာဇ်ကလည်း လက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
"အစွမ်းကုန်တိုက်ခိုက်ကြ၊ ငါတို့သေရမယ်ဆိုရင်တောင် သူတို့ထဲကနည်းနည်းကိုလည်း ဆွဲချသွားရမယ်"
ဒီလိုနယ်ပယ်တစ်ခုကို ရောက်နေသည့်အပေါ် အသက်ကိုစွန့်စားပြီး မကြောက်မရွှံ့တိုက်ခိုက်ပါက ထွက်လာသည့်စွမ်းအားက အတော်လေးကြီးမားပေလိမ့်မည်။
နှစ်ဘက်စလုံးထိပ်တိုက်တွေ့ဆုံတော့မည့်အချိန်တွင် ကြားအလယ်၌ အဖိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
အဖိုးအိုကကျောပေါ်၌ ဆေးခြင်းတစ်ခြင်းကို လွယ်ထားပြီး ကိုယ်ကအနည်းငယ် ကိုင်းညွတ်နေကာ မျက်နှာကလည်း အရေးအကြောင်းများနှင့် ပြည့်နှက်နေသည့်တိုင် ကြင်နာသည့်အပြုံးတစ်ပွင့်ကို ထုတ်ဖော်ထားဆဲပင်။
"ဒီအဖိုးကြီးအတွက် တစ်ခုလောက်ကူညီလို့ရမလား၊ ငရဲနတ်ဆိုးဒေသက အင်အားစုတွေက နည်းနည်းအားကောင်းလွန်းနေတယ်လေ"
လူတိုင်းကြက်သေသေသွားကြသည်။ အင်မော်တယ်ဧကရာဇ်ဘက်က အရင်ဆုံးရပ်သွားကြပြီး အဖိုးအိုကို အံ့ဩသင့်ကာ မရေရာသည့်အမူအရာများဖြင့် ကြည့်နေကြ၏။
သာမန်လူတစ်ယောက်ဟုထင်ရသည့် အဖိုးအို၏စွမ်းအားကို မမြင်နိုင်သော်လည်း နက်ရှိုင်းလှသည့်သမုဒ္ဒရာတစ်စင်းထဲက နက်နဲလှသောတည်ရှိမှုတစ်ခုကို ခံစားနိုင်သည်။
သို့သော် ရှေ့တန်းက ငရဲတပ်အင်ပါယာအစောင့်များ၏ ခေါင်းဆောင်ကမူ ဂရုမစိုက်ဘဲ ကြမ်းတမ်းသည့်အပြုံးနှင့် မြေကြီးပေါ်သို့ နိမ့်နိမ့်လေးပျံသန်းရင်း အဖိုးအိုထံ ပြေး၀င်သွား၏။
"ငရဲနတ်ဆိုးဒေသက ငါက မင်းမျက်နှာကို ဘာလို့ဂရုစိုက်နေရမှာလဲ၊ ငါတို့ရဲ့ကိစ္စတွေကို မင်း၀င်စွက်ဖက်ရဲ့လား"
ထိုသို့ပြောနေရင်း နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ရှိသည့် ငရဲအင်ပါယာအစောင့်တပ်ခေါင်းဆောင်မှာ လက်အစုံကို ဆန့်ကာ အဖိုးအိုကိုဖမ်းလိုက်၏။
သွေးနီရောက်လက်တစ်ဖက်က လေဟာနယ်ကိုဆုတ်ဖြဲကာ အဖိုးအိုထံ ပစ်၀င်လာသည်။
အဖိုးအို၏မျက်နှာ၌ ပြုံးနေသည့်အမူအရာကရှိနေသေးပြီး သွေးနီရောင်လက်သူ့ထံ ၀င်လာတာကို ကြည့်ရင်း မိစ္ဆာနတ်ဆိုးစွမ်းအင် နက္ခတ်လေအဖြစ် ပြောင်းသွားပြီး သူ့၀တ်ရုံနှင့် ဆံပင်များကို တိုက်ခတ်ကျီစယ်နေတာကို ကြည့်နေသည်။ သို့စေကာမူ သူ့၏ကိုင်းနေသည့်ခန္ဓာက တိုင်တောင်တန်းကဲ့သို့ တည်ငြိမ်သည်။
တုံ့ပြန်သည့်အနေဖြင့် အဖိုးအို လက်ကိုသာဆန့်ထုတ်ရင်း လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်စဉ် အလင်းမီးပွင့်တစ်ခု ပွင့်ထွက်လာသည်။
မီးပွင့်က အလင်းတန်းအဖြစ်ပြောင်းကာ လျှပ်စီးနောက်လာတတ်သည့် မိုးကြိုးထက်ပင် ပိုမြန်ပြီး သွေးနီရောင်လက်ကို ထိုးဖောက်ကာ ငရဲအင်ပါယာအစောင့်တပ်ခေါင်းဆောင်၏ မျက်ခုံးဗဟိုသို့ တစ်ပြိုင်နက်တည်း ထိုးဖောက်သွား၏။
ဒီအခိုက်အတန့်မှာပင် စိတ်ဝိဉာဉ်က ပျောက်ကွယ်သွားသည်။
သူ့မျက်လုံးများက သွေးဆာပြီး ရက်စက်သည့်အသွင်အပြင်နှင့် ပြည့်နေသည့်တိုင် အသက်ပင်မရှူဘဲ နောက်ပြန်လဲကျသွားသည်။
လက်ချောင်းလေးတစ်ချောင်းနှင့် နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်စွမိးအားရှင်တစ်ယောက်ကို သတ်ပစ်တာလား...!
ထို့နောက် အဖိုးအိုက စွမ်းအားအပြည့်ကိုပင် မသုံးခဲ့သေးပုံရသည်။
မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ ရုတ်ချည်းထရပ်ကာ အဖိုးအိုကို စိုက်ကြည့်လိုက်ကြ၏။
"သေမျိုးနယ်မြေမှာ လူသားဘိုးဘေးတစ်ယောက် ရှိနေသေးတာလား"
အင်မော်တယ်ဧကရာဇ်ကလည်း အနည်းငယ်ကြက်သေသေသနေသည်။ သေမျိုးနယ်မြေရဲ့ လူသားဘိုးဘေးလေးယောက်က အကြွင်းအကျန်ဝိဉာဉ်တွေပဲ ကျန်ခဲ့ကြတာမလား!
ဖြစ်နိုင်တာက...ပုန်းလျှိုနေတဲ့ ဆရာတစ်ယောက်ယောက်ရှိနေသေးတာလား!
ဒီမြင်ကွင်းများနောက်တွင် လှုပ်ရှားရန်အတွက်တုံ့ဆိုင်းနေပုံရသည့် လုချန်ရှန်းကလည်းရပ်ရင်း အဖိုးအိုကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။
တကယ်တော့....ဒီကမ္ဘာကြီးမှာ တိတ်တဆိတ်ကျင့်ကြံနေကြတဲ့ ပုန်းကွယ်နေတဲ့မွန်းစတားအိုကြီးတွေ အများကြီးရှိနေတုန်းပဲ!
ဒါကြောင့်လည်း နည်းနည်းလေး ပိုသတိထားဖို့လိုတာပေါ့!
ဒီအခိုက်အတန့်၌ မြို့ရိုးပေါ်တွင်ရပ်နေသည့် မု၀မ်အာမှာ အဖိုးအိုကိုမှတ်မိသွားပုံရပြီး သူမ၏ပါးစပ်လေးက အနည်းငယ်ဟသွားကာ အော်ဟစ်လိုက်သည်။
"ဆေးဖိုးဖိုးလား"
အတိတ်က မု၀မ်အာ အဂ္ဂိရတ်စွမ်းရည်များကို တိုးတက်လာစေရန်အတွက် နယ်မြေစုံသို့ လှည့်လည်လေ့ကျင့်ခဲ့သည်။
အဆင့်နိမ့်ကြယ်နယ်မြေက ခရမ်းရင့်ဂိုဏ်းတွင် မု၀မ်အာ ဒီအဖိုးအိုနှင့် တောင်များကို ဖြတ်ပြီး ဝိဉာဉ်ဆေးပင်များကို တစ်ခါက စုစည်းဖူးသည်။
သို့သော် အရင်တုန်းက ဆေးဖိုးဖိုးက ဆေးဆရာတစ်ယောက်သာဖြစ်ပြီး သူအဂ္ဂိတ်ပညာကိုမလေ့ကျင့်ခဲ့ဘဲ ဆေးဖက်၀င်စွပ်ပြုတ်နှင့် ဆေးဟင်းရည်များကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကိုသာ သိသည့် သေမျိုးများအကြားက သာမန်ဆေးဆရာတစ်ယောက်ဟုသာ ပြောခဲ့သည်။
သို့သော် သူယနေ့ဒီနေရာတွင်ပေါ်လာပြီး လက်ချောင်းတစ်ချောင်းတည်းနှင့် နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်စွမ်းအားရှင်တစ်ယောက်ကို သတ်ပစ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
မု၀မ်အာ ဒီကိစ္စနှင့်ပတ်သက်ပြီး ယဲ့ချိုးပိုင်တို့ကို ပြောပြပြီးသောအခါ သူတို့မျက်လုံးများ၌ ထူးဆန်းနေသည့် အကြည့်များရှိနေခဲ့သည်။
ဒါကဖြစ်ရောဖြစ်နိုင်လို့လား!
ဒီတဒင်္ဂမှာပင် ကြင်နာပြီး အပြုံးတစ်ပွင့်ရှိနေသည့် ဆေးဖိုးဖိုးမှာ မု၀မ်အာအား လှည့်ကြည့်ရင်း ညင်သာစွာခေါင်းညိတ်သည်။
"မုကလေးမလေး၊ အရမ်းကြာသွားပြီနော်၊ ဒါပေမယ့် ငါဒီကိစ္စကို အရင်ဆုံးဖြေရှင်းပါရစေ၊ ပြီးတော့ ငါတို့တွေ့ကြတာပေါ့"
ထိုသို့ဆိုပြီးနောက် ဆေးဖိုးဖိုး ငရဲအင်ပါယာအစောင့်များအားလှည့်ကြည့်ကာ မြေပေါ်၌လဲနေသည့် ခေါင်းဆောင်ကို လက်ညိုးထိုးပြရင်း ပြုံးသည်။
"ဒါကရောရင်ဆိုင်ဖို့လုံလောက်ပြီလား"
ဒါကိုကြားသော် ငရဲအင်ပါယာအစောင့်များ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားသော်လည်း အဖိုးအိုကို ကြည့်နေရင်း သူတို့ရှေ့တစ်လှမ်းမတိုးရဲကြပေ။
ဒါကိုမြင်သော် ဆေးဖိုးဖိုး ကျေနပ်စွာခေါင်းညိတ်ပြီးနောက် ကောင်းကင်ပေါ်ရှိ မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ကို မော့ကြည့်ကာပြောသည်။
"စိတ်မပူပါနဲ့၊ ဒီစစ်ပွဲမှာ ငါအရမ်းကြီး၀င်စွက်ဖက်မှာမဟုတ်ပါဘူး၊ ဒါကမတရားဘူးလို့ပဲ ငါခံစားမိတာပါ၊ ဒီတော့ ဒီလိုဆိုရင်ရော၊ နှစ်ဘက်စလုံးက နတ်ဧကရာဇ်နယ်ပယ်စွမ်းအားရှင်တွေ လောလောဆယ် မလှုပ်ရှားကြသေးနဲ့၊ အောက်ကလူတွေကို အရင်တိုက်ခိုင်းကြရအောင်"
ထို့နောက်သူပြောသည်။
"ငါကအရမ်းတရားမျှတတဲ့သူတစ်ယောက်ဆိုတော့ ငါတို့ဘက်ကလည်း ဘယ်နတ်ဧကရာဇ်နယ်ပယ်စွမ်းအားရှင်ကိုမှ တပ်ဖြန့်ထားမှာမဟုတ်ဘူး"
နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ တစ်ဦးကိုတစ်ဦးကြည့်ရင်း သူတို့၏မျက်ခုံးများက ရှုံ့တွသွားကြ၏။
မျှတတာလား!
ဘယ်တရားမျှတမှုကို ပြောချင်တာလဲ!
ငါတို့ငရဲနတ်ဆိုးဒေသမှာ နတ်ဧကရာဇ်နယ်ပယ်စွမ်းအားရှင်သုံးရာနီးပါးရှိတယ်၊ ဒီလိုတိုက်ခိုက်ရေးစွမ်းအားမျိုးနဲ့ မင်းတို့ရဲ့ ခံစစ်လိုင်းကို ငါတို့ တိုက်ရိုက် ကျော်ဖြတ်နိုင်တာပဲလေ!
မကြာခင်အဆုံးသတ်သွားနိုင်သည့် စစ်ပွဲတစ်ပွဲက ယခုလိုအချိန်ဆွဲထားခြင်းခံရသည်။
သို့စေကာမူ အကြည့်ချင်းဖလှယ်ကြပြီးနောက် နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ ခေါင်းခါယမ်းကြသည်။ ဒါက အဖိုးအို၏ ပြောဆိုချက်ကို ငြင်းရန်မဟုတ်ဘဲ သူတို့တစ်ဘက်လူ၏စွမ်းအားကို လုံး၀မြင်နိုင်စွမ်းမရှိသောကြောင့်ပင်။
သူတို့နယ်ပယ်တွင် သူတို့ထိုးဖောက်မမြင်နိုင်သောသူ ဘယ်နှစ်ဦးရှိမည်နည်း။
ဒီအချိန်မှာပင်အဖိုးအိုထပ်ပြောသည်။
"မင်းတို့အားနည်းသူကို ဆက်အနိုင်ကျင့်နေဦးမယ်ဆိုရင်တော့ မင်းတို့မလုပ်နိုင်မှာကို ငါစိုးရိမ်မိတယ်၊ ငါကမင်းတို့ကို ပိတ်ဆို့ထားရုံပါပဲ၊ တခြားတစ်ယောက်ယောက်သာဆိုရင်တော့ ကြောက်မိတာက....."
အဖိုးအိုနောက်ဆုံးစာသားကို ပြီးအောင် မပြောခဲ့ပေ။
နတ်ဆိုးဘုရင် အဖိုးအိုကို စိုက်ကြည့်ရင်းမေးသည်။
"ခင်ဗျားကတကယ်ပဲဘယ်သူလဲ"
အဖိုးအိုရယ်မောသည်။
"ငါ့ကိုမေးနေစရာမလိုဘူး၊ ငါက ဒီအတိုင်းတာကမဟုတ်သလို ဒီအတိုင်း အခြေအမြစ်မဲ့လူတစ်ယောက်သာသာပါပဲ"
သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး အချိန်အတော်ကြာကြည့်နေကြသည်။
အဆုံးတွင် နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ မသက်မသာဖြစ်နေသည့် အမူအရာများဖြင့် လက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
"ငရဲအင်ပါယာအစောင့်တွေ၊ နောက်ဆုတ်ကြ"
အပိုင်း(1232) coming။