← Chapters

#နတ်ဆိုးမိစ္ဆာနတ်ဒိုင်းနက်#

Vol. 87 Ch. 1232

#နတ်ဆိုးမိစ္ဆာနတ်ဒိုင်းနက်#

Vol. 87 Ch. 1232

ငရဲနတ်ဆိုးဒေသက စစ်တပ်က ဒီရေကဲ့သို့ ပြန်ဆုတ်သွားပြီး မြင့်မားသည့်တောင်တန်းများအလွန်က တပ်စခန်းထိ ဆုတ်သွားကြ၏။

မည်သို့ပင်ဆိုစေကာမူ ပျံသန်းမဲ့အစီအရင်၏ မိစ္ဆာလှံစစ်တပ်နှင့် လေတပ်ကို ကောင်းကင်ပေါ်မှ တိုက်ခိုက်ခြင်းကနေ ကာကွယ်ခြင်းဖြစ်စေ၊ ရန်သူ၏ လက်နက်အင်အားကြောင့်ဖြစ်စေ၊ ငရဲအင်ပါယာအစောင့်တပ်ကို တားဆီးခဲ့သည့် ဆန်းကြယ်သောအဖိုးအိုပေါ်ပေါက်လာခြင်းကြောင့်ဖြစ်စေ သူတို့၏စိတ်ဓာတ်များက အလွန်အင်မတန် ကျဆင်းသွားကြသည်။

ယခု နတ်ဧကရာဇ်နယ်ပယ်ပေါ် အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် အထက်အဆင့်စွမ်းအားရှင်များက မလှုပ်ရှားနိုင်လေရာ နတ်ဆိုးဘုရင်၊ မိစ္ဆာသခင်တို့ပင်လျှင် ပြန်သွားပြီး ရေရှည်အတွက် စီစဉ်ရတော့သည်။

ဒီမြင်ကွင်းကိုကြည့်ရင်း လူတိုင်းစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသော်လည်း အသက်ရှူထုတ်ကြပြီးနောက် မိုးကြိုးပစ်သံကဲ့သို့ အားပေးသံများက ပေါက်ကွဲလာကြ၏။

အောင်ပွဲခံသံများက မိုးနှင့်မြေအကြား ပဲ့တင်ထပ်နေသည်။

အမှောင်သခင်ကလည်း ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက်ကို အမိန့်ပေးရင်း အပြုံးဖြင့်ပြောသည်။

"ဒီပထမဆုံးစစ်အောင်ပွဲသတင်းကို သေမျိုးနယ်မြေတစ်ခုလုံးမှာ ဖြန့်ဝေလိုက်ပါ"

ကွက်မျက်သူခေါင်းညိတ်ကာ ထိုနေရာ၌ပင်ပျောက်ကွယ်သွားသည်။

လူတိုင်းကစိတ်ပျက်အားငယ်နေကြချိန် သူတို့ပထမတိုက်ပွဲကို အနိုင်ရသွားကြသည်။ ဒီမျှော်လင့်ချက်များကို ပြောင်းပြန်လှန်ပစ်ခြင်းထက် တခြားမျှော်လင့်မထားသည့် ကြည်နူးဖွယ်ရာ အခိုက်အတန့်တစ်ခု ရှိနိုင်ဦးမည်လား။

မြို့ရိုးဆီသို့ပြန်သွားပြီးနောက် အင်မော်တယ်ဧကရာဇ်ချက်ချင်းပြောသည်။

"ဆုံးရှုံးမှုတွေကိုစစ်ဆေးကြ၊ မင်းတို့အခြေအနေကိုညှိပြီး မပေါ့ဆကြနဲ့၊ ရန်သူရဲ့ ဒုတိယတိုက်ခိုက်မှုက သိပ်မကြာခင် ရောက်လာလိမ့်မယ်"

ဒီအချိန်တွင် ဆေးဖိုးဖိုးကလည်း မြို့ရိုးကို ပြန်လာသဖြင့် မု၀မ်အာ စိတ်အားထက်သန်စွာပင် ချဉ်းကပ်သွားပြီး ၀မ်းမြောက်စွာ မေးသည်။

"ဆေးဖိုးဖိုး၊ ဖိုးဖိုးဘယ်လိုလုပ် ဒီလောက်ထိ အစွမ်းထက်နေရတာလဲ"

ဆေးဖိုးဖိုးရယ်မောသည်။

"ဒီအဖိုးကြီးက ကိုယ့်စွမ်းအားကို ကိုယ်တစ်ခါမှ မထုတ်ဖော်ခဲ့ဘူးလေ၊ ဒါ့အပြင် ကလေးမလေး၊ မင်းလည်း ငါ့ကို မမေးခဲ့ဘူးမလား"

မု၀မ်အာ အပြုံးဖြင့်ပြန်ဖြေသည်။

"အဲတုန်းက ဆေးဖိုးဖိုးက သာမန်သေမျိုးတစ်ယောက်နဲ့တူတယ်လေ၊ ကျွန်မဘယ်လိုလုပ် ဒါကိုတွေးမိမှာလဲ"

ယင်းနောက်တွင် အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း ဆင်းလာကြပြီး ဆေးဖိုးဖိုးကို သိချင်စိတ်ဖြင့်ကြည့်ကြသည်။ ထို့နောက် ရှေ့ဆုံးကတစ်ယောက်မေးသည်။

"တာအိုမိတ်ဆွေ၊ ဘယ်ကလာတာများလဲ၊ ပြီးတော့ ဘာလို့မိတ်ဆွေကို တစ်ခါမှ မကြားဖူးရတာလဲ"

ဒါ့အပြင် ထိုအချိန်က ဆေးဖိုးဖိုး သူဒီအတိုင်းအတာထဲက မဟုတ်ဘူးဟုပြောခဲ့သလို အခြေအမြစ်မရှိသော လူတစ်ယောက်လည်းဖြစ်သည်။

ဒီအတိုင်းအတာထဲကမဟုတ်ဘူးလား၊ သူဒီကမ္ဘာကြီးထဲက မဟုတ်ဘူးလို့ ဆိုလိုနေတာများလား!

အခြေအမြစ်မရှိတဲ့လူဆိုတာက သူဘာအင်အားစုကိုမှ ကိုယ်စားမပြုဘူးလို့ ညွှန်ပြနေတာလား!

"ဖြစ်နိုင်တာက၊ တာအိုမိတ်ဆွေ၊ ခင်ဗျား အင်မော်တယ်နယ်မြေအထက်က နတ်ဘုရားနယ်မြေကများလား"

ဆေးဖိုးဖိုးပြုံးရင်း အင်မော်တယ်ဘိုးဘေးအား ကြည့်လိုက်သည်။

"နတ်ဘုရားနယ်မြေက ဒီလိုအရာမျိုးလုပ်မယ်လို့ မင်းထင်လား"

"မှန်ပါတယ်" အင်မော်တယ်ဘိုးဘေးသုံးဦးစလုံးခေါင်းညိတ်ကြသည်။

"တာအိုမိတ်ဆွေ ဒါကို ထုတ်ဖော်ချင်စိတ်မရှိဘူးဆိုရင်တော့ ကျုပ်တို့စစ်ဆေးနေတော့မှာ မဟုတ်ပါဘူး"

"ဒါအကောင်းဆုံးပါပဲ"

ဒီအချိန်တွင် အင်မော်တယ်ဧကရာဇ်ကလည်း ကျေးဇူးတင်စကားဆိုရန်အတွက် ရှေ့ထွက်လာသည်။

လူများကအနီးတွင် ပိုပို၍စုရုံးလာတာကို မြင်ရသောအခါ ဆေးဖိုးဖိုးလက်ယမ်းပြသည်။

"လုံလောက်ပြီ၊ ဒီအဖိုးကြီးကို အရမ်းရေးကြီးခွင့်ကျယ်လုပ်မနေနဲ့တော့၊ ကျန်တာတွေကို ကိုယ်တိုင်ဂရုစိုက်ကြပါ၊ ငါတခြားကိစ္စတွေမှာ ၀င်မစွက်ဖက်တော့ဘူး"

အင်မော်တယ်ဧကရာဇ်လေးနက်စွာ ခေါင်းညိတ်သည်။

"အကြီးအကဲ၊ ခင်ဗျားအများကြီး ကူညီပေးပြီးပါပြီ"

ထို့နောက် နောက်ထပ်လှိုင်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးရန်အတွက် ဆရာသခင်များနှင့်အတူ ထွက်သွားသည်။

သူတို့ပထမတိုက်ပွဲကို နိုင်ခဲ့သော်လည်း ဒါက လက်နက်ကြီးများနှင့် ဆေးဖိုးဖိုး၏ ပေါ်ပေါက်လာခြင်းကြောင့်သာဖြစ်သည်။

ဒါကသူတို့တွင် ယခုရန်သူကို တွန်းလှန်ရန်အတွက် ခွန်အားရှိပြီဟု ဆိုလိုနေခြင်းမဟုတ်။

နှစ်ဘက်စလုံးတွင် အစစ်အမှန်နတ်ဘုရားများပါ၀င်ကြပြီး ကွာဟချက်က အင်မတန်ကြီးမားနေဆဲပင်။

ဒီအချိန်မှာပင် ဟုန်ရင် မုဖူရှန်း၏အမူအရာကို သတိထားမိသွားသဖြင့် ဆက်သွယ်လိုက်၏။

"ဂျူနီယာမောင်လေးမု၊ နင်ဒီစီနီယာကို သံသယရှိနေတာလား"

မုဖူရှန်းခေါင်းခါယမ်းရင်း အတွေးထဲတွင် နစ်မြှုပ်နေသေးပြီး ဆေးဖိုးဖိုးကို စောင့်ကြည့်ကာ အသံပို့လွှတ်မှုကနေတဆင့် ပြန်ပြောသည်။

"ဒါကတကယ်သံသယတော့ မဟုတ်ဘူးဆိုပေမယ့် သူပြောတာတွေက ကျွန်တော့်စိတ်ထဲမှာ စွဲကျန်နေတယ်"

"ငါကမင်းတို့ကို ပိတ်ဆို့ထားရုံပါပဲ၊ တခြားတစ်ယောက်ယောက်သာဆိုရင်တော့ ဆိုတဲ့စကားမှာ တခြားဆိုလိုရင်းတွေရှိသေးတာလား" ဟုန်ရင် သူ့အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွားသည်။

မုဖူရှန်းခေါင်းညိတ်သည်။

"အတိအကျပဲ၊ သူ့စကားလုံးတွေက ဒီစစ်မြေပြင်ကို အရိပ်ထဲကနေ စောင့်ကြည့်နေတဲ့ စွမ်းအားရှင်တစ်ယောက်ရှိတယ်ဆိုတာကို သူသိတယ်လို့ ရည်ညွှန်းနေတယ်၊ ပြီးတော့ ကျွန်တော်တို့သိရသလောက်ဆိုရင် အရိပ်ထဲမှာရှိနေတာက ဆရာပဲလေ၊ ပြီးတော့ ငရဲနတ်ဆိုးဒေသက လူတိုင်းကို သတ်နိုင်တဲ့အစွမ်းရှိတဲ့ တစ်ဦးတည်းသောသူပဲလေ"

"ဒါက စီနီယာက ဆရာ့ရဲ့တည်ရှိမှုကို သိတယ်လို့ ဆိုလိုနေတာများလား" ဟုန်ရင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

မုဖူရှန်း၏အကြည့်ကလည်း ပို၍ပင်လေးနက်လာသည်။

"သူသိတာဖြစ်နိုင်တယ်၊ မဟုတ်ဘူးဆိုရင်လည်း တခြားပုန်းလျှိုနေတဲ့ အားကောင်းတဲ့သူတွေရှိတာဖြစ်ရမယ်၊ ဒါပေမယ့် သတ်မှတ်ချက်နှစ်ခုနဲ့ မပြည့်မီလို့ ဒါကမဖြစ်နိုင်လောက်ဘူး"

"ပထမတစ်ခုက သူတို့အဖို့ အမွေအနှစ်ဖြတ်တောက်ခံထားရပြီး နောက်လိုက်ဖို့ အကျိုးအမြတ်မရှိတဲ့ သေမျိုးနယ်မြေကို ကူညီဖို့ဆိုတာ မဖြစ်နိုင်ဘူး"

အကူအညီပေးမှုတိုင်းက အနည်းနှင့်အများတော့ အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်တစ်ချို့ပါ၀င်သည်။

အကြောင်းပြချက်မရှိဘဲ မည်သူက ကူညီမည်နည်း။ အထူးသဖြင့် ယခုလိုအရေးပါသည့် ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါတွင်ဖြစ်သည်။

"ဒုတိယအချက်က...ဆရာရဲ့ခွန်အားအရ အဲလိုလူမျိုးသာတည်ရှိနေရင် သူသေချာပေါက်အာရုံခံနိုင်မှာပဲ"

ဒီအချက်နှစ်ချက်စလုံးက မဆက်စပ်နေသဖြင့် တစ်ခုတည်းသောရှင်းလင်းချက်က ဆေးဖိုးဖိုးက လုချန်ရှန်း၏ တည်ရှိမှုကို သိနေခဲ့ခြင်းပင်။

ဒါကိုကြားသော် ဟုန်ရင်သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

"အခုတော့ အခြေအနေတွေ ဘယ်လိုဆက်သွားမလဲဆိုတာ ကြည့်ကြတာပေါ့၊ ဆရာက ဘာမှမလှုပ်ရှားသေးဘူး၊ သူလည်း အခြေအနေကို စောင့်ကြည့်နေလောက်တယ်၊ ဒါပေမယ့် လက်ရှိအခြေအနေကို ကြည့်ရရင် တစ်ဘက်လူမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပုံပဲ"

သို့စေကာမူ လူတိုင်းမထားမိသည့် အချိန်မှာပင် ဆေးဖိုးဖိုး မုဖူရှန်းနှင့်ဟုန်ရင်ကို အပြုံးဖြင့် ကြည့်ရင်း ဘာတစ်ခုမှမပြောဘဲ ကြေညာလိုက်သည်။

"ကောင်းပြီ၊ ဒီအဖိုးကြီးအနားယူဖို့ နေရာတစ်ခုသွားရှာတော့မယ်၊ လာမယ့်ကိစ္စတွေမှာ ငါ၀င်မစွက်ဖက်တော့ဘူး"

ထိုသို့ဆိုပြီးနောက် ဆေးဖိုးဖိုး ရပ်နေခဲ့သည့်နေရာကနေ ပျောက်ကွယ်သွား၏။

.....

တကယ်တမ်းတွင် ငရဲနတ်ဆိုးဒေသ၏ ဒုတိယအကြိမ်တိုက်ခိုက်မှုက တတိယနေ့တွင် ဖြစ်ပျက်လာခဲ့သည်။

ငရဲနတ်ဆိုးဒေသ၏ အင်အားစုကြီးများက တောင်များကို ကျော်ကာ လွင့်ပြင်ပေါ်သို့ ခြေချလာကြသည်။

ဒီတစ်ကြိမ်တွင် သူတို့အထက်တွင် နတ်ဆိုးစစ်တပ်တစ်ခုလုံးကို ပိတ်ပေးထားနိုင်သည့် ဧရာမဒိုင်းနက်ကြီးတစ်ခုပေါ်လာသည်။

အင်မော်တယ်ဧကရာဇ် ဒီမြင်ကွင်းအပေါ် အနည်းငယ်သက်ပြင်းချသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကလူတွေ ၀င်မစွက်နိုင်တော့ သူတို့က ရတနာတွေကိုပါ ယူလာကြတယ်"

သို့သော် ကြိုးစားကြည့်ရန်တော့လိုသေးသည်။

ချက်ချင်းဆိုသလို အင်မော်တယ်ဧကရာဇ် အမြောက်များကို ပစ်ခတ်ရန်အမိန့်ပေးသည်။

မီးလုံးများက ကောင်းကင်ကိုဖုံးလွှမ်းသွားပြီး ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ထံ ပြေး၀င်သွား၏။

သို့သော် ဒီမြင်ကွင်းကိုမြင်သည့်တိုင် နတ်ဆိုးစစ်တပ်မှ အကြီးအကဲလေးဦးလုံးက မထီမဲ့မြင်အပြုံးကို ထုတ်ဖော်ထားသည်။

မီးလုံးများက ကောင်းကင်ကနေ ကြယ်ကြွေသည့်အလား ပြင်းထန်စွာ ကျဆင်းလာကြ၏။

မြင်ကွင်းက ကြောက်စရာကောင်းနေသည်။

သို့သော် ဒီမီးလုံးများ ဒိုင်းနက်ကို ထိမိသောအခါ ဧရာမပေါက်ကွဲသံများထွက်ပေါ်လာပြီး ဒိုင်းပေါ်၌ မီးတောက်များ လောင်ကျွမ်းနေသော်လည်း မီးတောက်များ ပျောက်ကွယ်သွားသောအခါ ဒိုင်းနက်က အကြိမ်ရေအနည်းငယ်မျှသာ လှုပ်ခါသွားပြီး အက်ကြောင်းလေးတစ်ခုပင် မပေါ်လာခဲ့ပါ။

"ဒါကဘိုးဘေးအဆင့်ရှေးဟောင်းပစ္စည်းဖြစ်တဲ့ နတ်ဆိုးမိစ္ဆာနတ်ဒိုင်းနက်နဲ့တူတယ်" အင်မော်တယ်ဘိုးဘေးတစ်ဦး အနည်းငယ် မျက်မှောင်ကြုတ်ရင်းပြောသည်။

ဘိုးဘေးအဆင့်ရှေးဟောင်းပစ္စည်းနှင့် ကိုက်ညီသည့်တည်ရှိမှုမျိုးက နတ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်အမြောက်များ၏ ဗုံးကြဲမှုကို ခံနိုင်ရည်ရှိမည်သာ။

"အရင်နည်းလမ်းက အလုပ်ဖြစ်မယ်လို့ ထင်နေတုန်းပဲလား၊ မင်းတို့ ငါတို့ရဲ့ ငရဲနတ်ဆိုးဒေသကို အရမ်းလျှော့တွက်လွန်းတယ်" မဟာအကြီးအကဲ လက်ဝှေ့ယမ်းကာ အော်ဟစ်သည်။

"သူတို့ကို စိစိကြေညက်အောင်လုပ်ပစ်၊ ပထမတိုက်ပွဲရဲ့အရှက်ရစရာတွေကို ဆေးကြောပစ်"

ငရဲနတ်ဆိုး‌ဒေသ၏စစ်တပ်က မိုးကြိုးသံပမာ စုပေါင်းအော်ဟစ်သံပို ထုတ်လွှတ်ရင်း ကျယ်ပြန့်သည့် လွင်ပြင်ကို ပို၍မြန်မြန်ဆန်ဆန်ဖြတ်ကျော်ကာ မြို့ရိုးဆီသို့ ချဉ်းကပ်လာနေသည်။

အင်မော်တယ်ဧကရာဇ် လေးနက်သည့် အမူအရာဖြင့် ညွှန်ကြားသည်။

"အားလုံးပဲ၊ အခုလှုပ်ရှားဖို့ပြင်ဆင်ကြ၊ သူတို့နတ်ဆိုးဒိုင်းတပ်နဲ့ မိစ္ဆာလှံတပ်ကြားက ညီညွတ်မှုကို အာရုံစိုက်ကြ၊ ပြီးတော့ အရေးအကြီးဆုံးက ဆန်းကြယ်အင်ပါယာအစောင့်တွေကို သတိထားကြ"

နတ်သခင်ဟောင်တျန်းအပါအ၀င် မဟာနတ်သခင်စွမ်းအားရှင်ခုနှစ်ဦး သူတို့ဂိုဏ်း၀င်များကို တိုက်ပွဲအတွက် ပြင်ဆင်ရန် စတင်အမိန့်ပေးကြသည်။

ယဲ့ချိုးပိုင် ရှေးဟောင်းရွှေနတ်ဓားကို ထုတ်ရင်း ခက်ထန်စွာပြောသည်။

"ငါတို့ကျင့်ကြံခြင်းရလဒ်တွေကို စမ်းသပ်ဖို့ အချိန်ကျပြီ၊ ဘာပဲဖြစ်ဖြစ် ငါတို့ဆရာကို အရှက်ရအောင် လုပ်လို့မရဘူး၊ မဟုတ်ဘူးဆိုရင် ငါတို့ပြန်သွားတဲ့အခါ အဲဒါကို ရင်ဆိုင်ရလိမ့်မယ်"

မုဇီရှင်းမေးသည်။

"အဲဒါကကြောက်စရာကောင်းလို့လား"

ယဲ့ချိုးပိုင် မနှစ်မြို့ဖွယ်ရာအမှတ်တရတစ်ခုခုကို သတိရသွားသည့်အလား သူ့မျက်နှာက ရှုံ့တွသွားသည်။

"အဲဒီအချိန်ကျရင် ဂျူနီယာညီလေးရှောင်ဟိုင်ချက်တဲ့ အစားအစာကို စမ်းကြည့်ပေါ့"

မုဖူရှန်း၏ ကိုယ်က တုန်ယင်သွားရပြီး ယဲ့ချိုးပိုင်ဖက်သို့လှည့်ကာ မှတ်ချက်ပေးသည်။

"အစ်ကိုကြီး၊ မရီးရဲ့အသက်ကို ယူပစ်ဖို့ ကြိုးစားနေတာလား"

ရှောင်ဟိုင် "......"

အပိုင်း(1233) coming။

All Chapters