#ပျက်စီးမှုဆီကိုပဲလား#
Vol. 87 Ch. 1230
ရှေးခေတ်ကတည်းက စစ်ပွဲများ၌ ပထမဆုံးတိုက်ပွဲကို အောင်ပွဲခံရန်အတွက် အမြဲကြိုးစားရသည်။
စွမ်းအားအားလုံးကို မသုံးနိုင်လျှင်ပင် သီးသန့်ဖယ်နေ၍လည်းမရပေ။
အကယ်၍ ပထမတိုက်ပွဲကိုသာ ရှုံးနိမ့်ပါက စိတ်ဓာတ်အပေါ် သက်ရောက်မှုက အင်မတန်ကြီးမားပေလိမ့်မည်။
သို့စေကာမူ ငရဲနတ်ဆိုးဒေသကမူ ဒီအတွေးကို လုံး၀စဉ်းစားထားပုံမပေါ်။ နတ်ဆိုးဘုရင်၊ မိစ္ဆာသခင်တို့၏ တိုက်ရိုက်အင်ပါယာအစောင့်များဖြစ်သည့် ငရဲစစ်တပ်အပါအ၀င် သူတို့တပ်အားလုံးကို တိုက်ရိုက်ပါ၀င်စေခဲ့သည်။
မြေကြီးကတုန်ခါနေသည်။
လွင်ပြင်ပေါ်က စစ်တပ်က တောင်တန်းများကဲ့သို့ ထူထပ်သိပ်သည်းပြီး မြင်သာသော အဆုံးဟူ၍မရှိပေ။
သူတို့၏ကြီးမားသည့် တည်ရှိမှုက သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက လူများအပေါ် ဒီရေလှိုင်းများပမာ ရိုက်ခတ်သည်။
အင်မော်တယ်ဧကရာဇ် လက်ဝှေ့ယမ်းကာ အော်ဟစ်သည်။
"မီးအမြောက်တွေပြင်ဆင်ကြ"
မီးအမြောက်တွေလား!
အထက်တွင် မိစ္ဆာသခင်ရော နတ်ဆိုးဘုရင်ပါ အနည်းငယ်လန့်သွားကြသည်။
မြို့ရိုးပေါ်က မီးအမြောက်တန်းကိုကြည့်ရင်း သူတို့၏အမူအရာများက အံ့ဩသင့်နေပုံရသည်။
ဒါတွေကဘာမှ ထူးခြားပုံလည်းမပေါ်ပါဘူး!
မိစ္ဆာသခင်လှောင်ပြောင်လိုက်သည်။
"သေမျိုးနယ်မြေက ဒီလောက်ထိ ကျဆင်းသွားတာလား၊ ကြည့်ရတာ အရင်က ငါတို့ကြောင့် မင်းတို့အပြင်းအထန်ဒဏ်ရာရသွားပုံပဲ၊ ဒီလိုသေမျိုးလက်နက်တွေကိုတောင် သုံးနေကြတယ်"
"မဟုတ်သေးဘူး၊ နေဦး....အမြောက်ဆန်တွေဘယ်မှာလဲ" နတ်ဆိုးဘုရင်၏ အမူအရာက တင်းကြပ်နေသည်။
အင်မော်တယ်ဧကရာဇ် လက်ကို အောက်ဘက်သို့ လွှဲယမ်းပြလိုက်သောအခါ မြို့ရိုးပေါ်က မီးအမြောက်နှစ်ရာက နိယာမစွမ်းအားကို စတင်စုစည်းလာလေရာ နတ်ဆိုးဘုရင်၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။
အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း အထက်တွင် ညင်သာစွာပြုံးရင်း မျက်လုံးမှိတ်ကာ အနားယူနေကြသည်။
"သတိထားကြည့်ကြ၊ နတ်ဆိုးဘုရင်၊ မိစ္ဆာသခင်တွေအဖြစ် မင်းတို့ဂျူနီယာလေးတွေကို မတိုက်ခိုက်ဘူးမလား"
အောက်တွင်မီးအမြောက်နှစ်ရာကျော်က တစ်ပြိုက်တည်းပစ်လွှတ်သွားကြသည်။
နိယာမစွမ်းအားဖြင့် ဖန်တီးထားသည့် အမြောက်ဆန်များက မီးလုံးများအဖြစ် ပြောင်းသွားပြီး ငရဲနတ်ဆိုးဒေသ၏ ဧရာမစစ်တပ်ကို ဗုံးကြဲပစ်သည်။
ငရဲနတ်ဆိုးဒေသစစ်တပ်ထဲတွင် မဟာအကြီးအကဲ၏ အမူအရာက ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ်တင်းကြပ်သွားပြီးနောက် လက်ဝှေ့ယမ်းကာ အော်ဟစ်သည်။
"ကာကွယ်ရေးတပ်၊ ရှေ့ကိုတက်"
ငရဲနတ်ဆိုးဒေသ၏ ကောင်းစွာလေ့ကျင့်ပေးထားသည့် စစ်တပ်ကနှောင့်နှေးခြင်းမရှိကြပေ။ ရှေ့တန်းက လှံတပ်ကချက်ချင်းဘေးဖယ်လိုက်ကြပြီး ကာကွယ်ရေးဒိုင်းတပ်က ရှေ့တက်ကာ သူတို့၏ကြီးမားသောဒိုင်းများကို မြှောက်လိုက်ကြ၏။
သူတို့၏လုပ်ရပ်များက တိမ်များကဲ့သို့ လွင့်မြောကာ ရေကဲ့သို့စီးဆင်းနေကြပြီး တစ်ခဏမျှ ရပ်တန့်ခြင်းမရှိပေ။
သို့သော် အမြောက်နှစ်ရာမှတစ်ခုစီက အစစ်အမှန်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် အားအပြည့်ကို ကိုင်ထားလေရာ ဒိုင်းတပ်များက ဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။
မီးလုံးများကျဆင်းလာသည့် အခိုက်အတန့်၌ ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
စက်ဝိုင်းခြမ်းကဲ့သို့ အလင်းများက ငရဲနတ်ဆိုးဒေသ စစ်တပ်အတွင်း ပေါက်ကွဲသွားသည်။
ရှေ့တန်းက ဒိုင်းတပ်များနှင့် သူတို့နောက်က လှံတပ်များပင်လျှင် ဒီတဒင်္ဂ၌ သူတို့အရေအတွက် ၃၀ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးလိုက်ရသည်။
ဒီအခိုက်အတန့်၌ မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ တုန်လှုပ်သွားသည်သာမက ငရဲစစ်တပ်ကလူများနှင့် အကြီးအကဲလေးဦးတို့တွင်ပင်လျှင် မယုံနိုင်သည့် အမူအရာများရှိနေကြသည်။
အင်မော်တယ်ဧကရာဇ်တုံ့ဆိုင်းမနေဘဲ ထပ်မံအော်ဟစ်လိုက်သည်။
"ဆက်လက်ပစ်ခတ်ကြ"
ရန်သူများချာချာလည်နေကြသည့် အချိန်တွင် နောက်ထပ်ပစ်ခတ်မှုများ လုပ်ဆောင်ရန်အတွက် သူတို့ဒီအခိုက်အတန့်လေးကို ဖမ်းဆုပ်ထားရန်လိုအပ်သည်။
မဟုတ်ပါက အစစ်အမှန်နတ်ဘုရားနယ်ပယ်စစ်သည်များနှင့် ငရဲတပ်မှ အင်ပါယာအစောင့်များ ဖမ်းမီလာပါက အရာများက ခက်ခဲသွားလောက်သည်။
တစ်ခဏအကြာတွင် ရှေ့ကလွင်ပြင်က နီးတောက်ကြီးများနှင့် ဖုံးနေပြီး မိစ္ဆာနတ်ဆိုးစွမ်းအင်ကို မီးတောက်နီရောင်ခြယ်သပစ်သည်။
ငရဲနတ်ဆိုးဒေသ၏စစ်တပ်မှ နာကျင်မှုကြောင့် ဟစ်ကြွေးသံများထိုးတက်လာသည်။
သေမျိုးနယ်မြေဘက်တွင် မြို့ရိုးထိပ်က ကျန်သောသူများ ဒါကိုမြင်သောအခါ ထိတ်လန့်သွားကြ၏။
ဒါ....ဒါကဘယ်လိုမီးအမြောက်မျိုးလဲ!
ငါအစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်တောင် ဒီလိုသက်ရောက်မှုမျိုးရှိမှာမဟုတ်ဘူး!
ကောင်းကင်မြေအောက်ဗိမာန်နတ်သခင် ကောင်းကင်မီးနတ်သခင်ကို လှည့်ကြည့်ကာ မေးသည်။
"ဒါ မင်းတို့ရဲ့ သန့်စင်ယင်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းကလား"
သန့်စင်ယင်ကောင်းကင်ဘုံမီးချိုင့်ဝှမ်း၏ ရပ်တည်မှုက အင်မော်တယ်နယ်မြေမှ အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းနှင့် ဆင်တူသည်။
နှစ်ခုစလုံးက မီးတောက်အရှင်သခင်များပင်။
ကောင်းကင်မီးနတ်သခင် ခါးသီးသောအပြုံးဖြင့်ပြောသည်။
"ငါတို့သန့်စင်ယင်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှာသာ ဒီလိုအရာမျိုးရှိမယ်ဆိုရင် မင်းတို့ကို ဘာအတွက်လိုနေဦးမှာလဲ"
တကယ်တမ်းတွင် ပစ်လွှတ်လိုက်သည့် အမြောက်တိုင်းက အစစ်အမှန်နတ်ဘုရားနယ်ပယ်အထွတ်အထိပ်အဆင့်ပုဂ္ဂိုလ်တစ်ဦးဦး၏ အားအပြည်ပတိုက်ချက်၏ ပြင်းထန်မှုကို သယ်ဆောင်ထားလေရာ သေမျိုးနယ်မြေက ဘယ်နတ်သခင်အဆင့်ဂိုဏ်းက ဒီလိုဗုံးကြဲမှုမျိုးကို ခံနိုင်ရည်ရှိမည်နည်း။
ငရဲနတ်ဆိုးဒေသကသာ ထိပ်တိုက်ရင်ဆိုင်မှုအများကြီးကို ခံနိုင်ပြီး စစ်တပ်၏ စုစုပေါင်းဆုံးရှုံးမှုက နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိသေးသည်။
ဒီအချိန်မှာပင် ငရဲနတ်ဆိုးဒေသကလည်း အသိပြန်၀င်လာကြသည်။
မဟာအကြီးအကဲအော်ဟစ်သည်။
"ငရဲတပ်ရဲ့အင်ပါယာအစောင့်တွေ၊ အမြောက်ဆန်တွေကို ကြားဖြတ်ကြ၊ အစွမ်းကုန်တိုက်လိုက်ပြီး မြို့ရိုးတွေတင်မဟုတ်ဘဲ အဲဒီမီးအမြောက်တွေကိုပါ ဖျက်ဆီးပစ်ကြ"
ဒီမီးအမြောက်များကို သူတို့ဆက်လက်ပစ်ခတ်ခွင့်ပေး၍မရပေ။
ငရဲတပ်၏ အင်ပါယာအစောင့်များအပြင် ဘယ်တပ်ဖွဲ့က ဤမျှထိ သေကြေပျက်စီးမှုကို ခံနိုင်ရည်ရှိမည်နည်း။
ဒီအခိုက်အတန့်တွင် ငရဲတပ်ရှိ အင်ပါယာအစောင့်များမှ အားကောင်းသော အစစ်အမှန်နတ်ဘုရားနယ်ပယ် လက်ရွေးစင်စစ်သည်နှစ်ရာကျော်က တစ်ချိန်တည်းတွင် လှုပ်ရှားကာ သွေးနီရောင်လက်များက စစ်တပ်အထက်တွင် ပေါ်လာခဲ့သည်။ ၎င်းတို့က အမြောက်ဆန်များ၏ ဗုံးကြဲမှုကို ခုခံနေကြသည်။
ဒီအရာအားလုံးကိုလုပ်ဆောင်ပြီးနောက် ထိုအစစ်အမှန်နတ်ဘုရားနယ်ပယ် လက်ရွေးစင်စစ်သည်နှစ်ရာကျော်က မြေပြင်ကနေစွန့်ခွာပြီး ပျံသန်းကာ စစ်တပ်ကနေတဆင့် မြို့ရိုးများဆီသို့ ပြေး၀င်သွားကြ၏။
အင်မော်တယ်ဧကရာဇ်၏မျက်နှာက သုန်မှုန်နေသည်။ အမြောက်ဆန်နှစ်ရာရှိသည့်တိုင် အစစ်အမှန်နတ်ဘုရားနှစ်ရာကျော်ကို အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ဆန့်ကျင်ရန်မလုံလောက်ပါ။
အင်မော်တယ်ဧကရာဇ် စကားတစ်ခွန်းမှပင် ပြောစရာမလိုဘဲ အင်မော်တယ်နယ်မြေ၏အစစ်အမှန်နတ်ဘုရားနယ်ပယ် သုံးဆယ့်နှစ်ယောက်နှင့်အတူ ဟွမ်ချင်း၊ အဖိုးကြီးယန်နှင့် အင်မော်တယ်ဧကရာဇ်ကိုယ်တိုင်ပင်လျှင် မြို့ရိုးအပြင်ဘက်ကို ရောက်လာကြသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်အထွတ်အထိပ်အဆင့်တဖြစ်လဲ အင်မော်တယ်ဧကရာဇ်က အနည်းဆုံးတော့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ပြိုင်ဘက်ဆယ်ယောက်ကို ကိုယ်တိုင်ခုခံနိုင်သည်။
တစ်ချိန်တည်းမှာပင် အဖိုးကြီးယန်၏ ဘိုးဘေးနယ်ပယ်တစ်ဝက်အဆင့်စွမ်းအားက လူသုံးဆယ်ယောက်ကို ကိုင်တွယ်ထားနိုင်သည်။
သို့စေကာမူ ပြိုင်ဘက်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် တိုက်ခိုက်သူနှစ်ရာကျော်ရှိနေဆဲပင်။
ဒါက အထက်အဆင့်စွမ်းအားအကြား ကွာဟချက်ပေတည်း။
ဒါကိုမြင်သောအခါ မုဖူရှန်းလက်ထဲတွင် ဖန်တီးခြင်းနတ်အဆောင်တစ်ဒါဇင်ကျော် ပေါ်လာပြီး အစစ်အမှန်နတ်ဘုရားများထံ ပစ်ပေးကာ အော်ဟစ်သည်။
"အကြီးအကဲတို့၊ ဒီအဆောင်တွေကို သုံးတာက ခင်ဗျားတို့ရဲ့နယ်ပယ်တွေကို တိုးမြှင့်ပေးနိုင်တယ်"
အင်မော်တယ်ဧကရာဇ်နှင့်တခြားသူများ စိုက်ကြည့်လိုက်ကြပြီးနောက် ဆွံအနေကြ၏။
ဟွမ်ချင်းမဆိုင်းမတွပင် ဖန်တီးခြင်းနတ်အဆောင်ကို သူမကိုယ်ထဲကပ်လိုက်စဉ် သူမ၏အော်ရာက အစစ်အမှန်နတ်ဘုရားနယ်ပယ်အစောပိုင်းအဆင့်ကနေ အလယ်အလတ်အဆင့်သို့ ချက်ချင်းမြင့်တက်သွားတာကို တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။
ဒါဘယ်အဆင့်အဆောင်လဲ!
ဒါက အစစ်အမှန်နတ်ဘုရားနယ်ပယ်က အားကောင်းတဲ့သူတွေကိုတောင် နယ်ပယ်မြှင့်တင်ပေးနိုင်တာလား!
သို့စေကာမူ အဖိုးကြီးယန်နှင့် အင်မော်တယ်ဧကရာဇ်တို့အတွက်မူ သက်ရောက်မှုက အရမ်းကြီးအံ့ဩစရာမဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်း၏ လက်ရှိနယ်ပယ်အရ သူဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်တွင်ရှိနေသူတစ်ယောက်အား ဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်ခွင့်ပေးနိုင်မည်မဟုတ်။
ဒီအချိန်မှာပင် ငရဲတပ်၏ အင်ပါယာအစောင့်များမှ အစစ်အမှန်နတ်ဘုရားသုံးရာကျော်က ရှေ့တန်းသို့ ချီတက်လာကြလေပြီ။
ဒီမြင်ကွင်းကိုမြင်ရခြင်းက လူတိုင်းကို အနည်းငယ်အံ့ဩသင့်စေသော်လည်း သူတို့နှာခေါင်းရှုံ့လိုက်ကြသည်။
"ဒီတော့ဘာဖြစ်လဲ၊ မင်းတို့ရဲ့အရေအတွက်က လုံး၀ကိုနိမ့်ကျနေတုန်းပဲ၊ ဘာပဲလုပ်လုပ် မင်းငါတို့အားလုံးကို ရပ်တန့်လို့မရပါဘူး"
"မြို့ရိုးတွေကို ဖောက်ထွင်းဖို့အတွက် ငါတို့လူတွေစေလွှတ်နိုင်ပါသေးတယ်"
အဲဒီအချိန်ကျရင် မင်းတို့မှာ တိုက်ခိုက်ဖို့ ဘာစွမ်းအားရှိလို့လဲ!
တစ်ခဏအကြာတွင် သေမျိုးနယ်မြေက လူတိုင်း၏မျက်နှာများက မကြည်မလင်ဖြစ်လာကြသည်။
မှန်ပေသည်။
ပြိုင်ဘက်က အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ဒါဇင်ကျော်ကို စေလွှတ်ရန်သာလိုအပ်ပြီး သူတို့မြို့ရိုးကိုပင် ဖြတ်နိုင်သည်။ နောက်ကျောဘက်တွင် သူတို့အား တန်ပြန်တိုက်ခိုက်ရန်အတွက် မည်သူမှမရှိပေ။
မုဖူရှန်း၏အဆောင်ဖန်တီးမှုအဆင့်က နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ကို အံ့ဩသင့်သွားစေသော်လည်း သူတို့ တည်ငြိမ်အေးဆေးနေပုံပင်။
"ရှေးခေတ်တုန်းက သေမျိုးနယ်မြေသာဆိုရင်တောင် ငါတို့ကိုတိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လောက်ပေမယ့် အခု...မင်းတို့မှာ အားကိုးစရာဘာရှိလို့လဲ"
အင်မော်တယ်ဘိုးဘေးသုံးဦး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
သူတို့လုပ်နိုင်တာဆိုလို့ နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ကို တားဆီးထားရုံသာ။
သို့စေကာမူ ဒီတဒင်္ဂမှာပင် အင်မော်တယ်ဧကရာဇ်ပြတ်သားစွာပြုံးသည်။
"ဒါဆိုကြိုးစားကြည့်တာပေါ့၊ အတိတ်က သေမျိုးနယ်မြေဘိုးဘေးတွေက မင်းတို့ကို တားဆီးဖို့အတွက် သူတို့အသက်တွေကို စတေးခဲ့ကြတယ်၊ ငါတို့မှာအခုလူအများကြီး မရှိဘူးဆိုရင်တောင် ငါတို့က သူရဲဘောကြောင်သူတွေမဟုတ်ဘူး"
စကားပြောနေစဉ် အင်မော်တယ်ဧကရာဇ်၏ အသံကလေးနက်သွားပြီး အော်ဟစ်သည်။
"အင်မော်တယ်နယ်မြေက အင်အားစုအားလုံး၊ တိုက်ပွဲမှာသေမလား၊ ဒါမှမဟုတ် သူတို့သေမျိုးနယ်မြေကို ဖြတ်ကျော်ပြီး ငါတို့အင်မော်တယ်နယ်မြေကို ကျူးကျော်တာကို စောင့်ကြည့်နေမှာလား၊ ငါတို့မှာ လွတ်လမ်းမရှိဘူး"
အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်အားလုံး ဒီစကားလုံးများကို ကြားသောအခါ သူတို့၏အမူအရာများက လေးနက်သွားကြပြီး သူတို့အော်ရာများက ဖြည်းဖြည်းချင်းစတင်မြှင့်တက်လာသည်။
တစ်ချို့က သူတို့အသက်များ၊ ဝိဉာဉ်များကို လောင်ကျွမ်းစေသလို ဖန်တီးခြင်းနတ်အဆောင်ကိုလည်း အသုံးပြုကြသည်။
"ငါတို့မင်းတို့ကို အပြီးအပိုင်မချေမှုန်းနိုင်ရင်တောင် အနည်းဆုံးတော့ မင်းတို့ဆုံးရှုံးမှုတွေကို ကြီးမားအောင် လုပ်နိုင်တယ်"
နတ်သခင်ဟောင်တျန်းကျယ်လောင်စွာ ရယ်မောသည်။
"တကယ်လို့ အင်မော်တယ်နယ်မြေရဲ့ ရှေ့ပြေးတွေက သေမျိုးနယ်မြေကို ကာကွယ်ဖို့အတွက် သူတို့အသက်တွေကို လောင်ကျွမ်းနိုင်တယ်ဆိုရင် ငါတို့သေမျိုးနယ်မြေမှာရော၊ ဘယ်သူမှ မရှိတော့ဘူးလား"
ခေးအောစ့်အနှစ်သာရဓားသခင် ဘာစကားမှမဆိုဘဲ ဓားအိမ်ထဲကနေ ဓားကို ထုတ်ယူပြီး အစစ်အမှန်နတ်ဘုရားများဘေးတွင် နေရာယူလိုက်၏။
ကျန်သောနတ်သခင်များကလည်း မြို့ရိုးကိုကျော်ဖြတ်ကာ လိုက်ပါသွားကြသည်။
ရှေးဟောင်းစစ်မြေပြင်၌ မြင့်တက်လာသည့်အော်ရာများ ရစ်ဝဲနေသည်။ ရှေးဟောင်းစစ်မြေပြင်ကို စောင့်ကြည့်နေကြသည့် သေမျိုးနယ်မြေက အင်အားစုတိုင်းက ၀မ်းနည်းမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေကြသည်။
ငရဲနတ်ဆိုးဒေသ၏ ရောက်ရှိလာမှုနှင့်အတူ သူတို့ကလုံး၀အားကိုးရာမဲ့နေပြီး သူတို့အသက်များကို လောင်ကျွမ်းစေခြင်းကပင် ပြန်လည်တိုက်ခိုက်ရန်မလုံလောက်တော့။
အင်မော်တယ်နယ်မြေက လူများနှင့် သေမျိုးနယ်မြေက ထိပ်တန်းဂိုဏ်းများ ဒီမဖြစ်နိုင်သောတိုက်ပွဲအတွက် သူတို့အသက်များကို စွန့်စားစတေးကာတိုက်ပွဲ၀င်တာကို သူတို့အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။
ရှေးခေတ်ကတည်းက သေမျိုးနယ်မြေက ရန်သူကိုတွန်းလှရန်အတွက် အမွေအနှစ်အားလုံးကို ရှေ့တန်းတင်ခဲ့သည်။
ယခုတွင်မူ အရာတိုင်းကုန်ခမ်းနေသည့်အပေါ် သူတို့တွင် ပျက်စီးရမည့် လမ်းကြောင်းတစ်ခုသာလျှင် ရှိနေသည်လား။
(အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို မူရင်းဘာသာပြန်ပြောင်းသွားတော့ နတ်ဧကရာဇ်နယ်ပယ်ဆိုပြီးလည်းသုံးထားပါတယ်၊ တစ်နည်းအားဖြင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်က နတ်ဧကရာဇ်နယ်ပယ်နှင့် တူပါတယ်)
အပိုင်း(1231) coming။