← Chapters

ဆရာသိမ်းငှက်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကြီး

Vol. 020 Ch. 1904

ဆရာသိမ်းငှက်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကြီး

Vol. 020 Ch. 1904

ရီဖူရှင်းတို့အဖွဲ့သည် ကျွန်းပေါ်မှ တန်ဖိုးရှိသည့်အရာများအားလုံးကို သိမ်းကျုံးယူငင်ပြီးနောက်တွင် ခရီးကို ဆက်ကြသည်။ အရှေ့နတ်ဘုရားကျွန်းစုသည် ကျင့်ကြံသူများအား ကျွန်းပေါ်သို့ ဖိတ်ခေါ်ကာ အခွင့်အလမ်းများကို ရှာဖွေစေသည်။ ဤနည်းဖြင့် အရှေ့နတ်ဘုရားကျွန်းစုသည် သူတို့၏ဂုဏ်သတင်းများကို ထိန်းသိမ်းထားနိုင်ခဲ့၏။ တန်ခိုးရှင်များအနေဖြင့် အခွင့်အလမ်းများကို ရှာဖွေရာတွင် သေဆုံးသွားလျှင်ပင် ၄င်းက ကျိုးကြောင်းဆီလျော်ပေသည်။ တန်ဖိုးရှိသော အရာများမှာ အလကားမရပေ။ တစ်စုံတစ်ခုကို ရရန် တစ်စုံတစ်ခုကို ရင်းနှီးရပေမည်။

ငရဲသားရဲကြာပန်းနှင့် ငရဲကြာပန်းများအားလုံးကို ရှားရှင်းယွန်အား ပေးသည်။ ထိုအရာများအားလုံးကို သန့်စင်သုံးစွဲပြီးနောက်တွင် သူမ၏စွမ်းအားမှာ နောက်တစ်ဆင့်သို့ သေချာပေါက် ရောက်သွားပေလိမ့်မည်။

“အရှေ့နတ်ဘုရားကျွန်းစုမှာ ကျွန်းဘယ်လောက်များ ရှိနေတာလဲ” ရီဖူရှင်းက မေးသည်။

“အများကြီးပဲ...” ပေ့ကုန်းအော့က ပြန်ပြောသည်။ သူက ဆက်ပြောသည် “အရင်တုန်းက နတ်ဘုရားတုံ့လိုင်ဟာ ထိပ်သီးတန်ခိုးရှင်တစ်ဦးပဲ။ သူဟာ ဖန်းလိုင်ကုန်းမြေရဲ့ ဘုရင်တစ်ပါးလို့တောင် ဆိုလို့ရတယ်။ ကုန်းမြေတစ်ခုလုံးက လူတိုင်းဟာ သူ့ကို လေးစားကြရတယ်။ နှစ်စဉ်နှစ်တိုင်း သူ့ဆီကို လာလည်ပတ်သူတွေလည်း ဒုနဲ့ဒေးပဲ။ အဲဒီတုန်းက နတ်ဘုရားတုံ့လိုင်ဟာ နာမည်ဂုဏ်သတင်းကျော်ဇောပြီးတော့ (အာခီမီ)ဆေးဝါးပညာရပ်မှာ ဆရာတစ်ဆူပဲ။ ဒီနေရာဟာ မရေမတွက်နိုင်တဲ့ အခွင့်အလမ်းရှိနေတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက အရှေ့နတ်ဘုရားကျွန်းစုရဲ့ ကြွယ်ဝမှုက တိုင်းတာဖို့တောင် ခက်ခဲတယ်”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိပ်သီးအာခီမီပညာရှင်တစ်ဦး၏လွှမ်းမိုးမှုမှာ သေချာ ရှင်းလင်းပြောစရာပင် မလိုပေ။

အာခီမီဆရာသခင်များမှာ အလွန်ရှားပါးကာ ထိပ်သီးအင်အားစုများအားလုံးမှာ အာခီမီပညာရှင်များကို အားထားရသည်။ သူတို့၏အဆင့်အတန်းနှင့် ကြွယ်ဝမှုကို ခန့်မှန်းနိုင်၏။

“တခြား အခွင့်အလမ်းတွေ သွားရှာကြည့်ရအောင်...” ရီဖူရှင်းက ပြောသည်။

“တုံ့လိုင်နတ်ဘုရားအကြီးအကဲက အာခီမီပညာရှင်တစ်ယောက်ပဲ။ ကျွန်းပေါ်မှာ တခြားထိပ်သီးတန်ခိုးရှင်တွေ ချန်ထားခဲ့တဲ့ ရတနာတွေအပြင် မရေမတွက်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေ၊ ကျင့်စဉ်တွေကိုလည်း တွေ့နိုင်တယ်” ပေ့ကုန်းအော့က ပြောသည် “အရင်တုန်းက ကျုပ် ဝူထုံကျွန်းပေါ်ကို ရောက်ခဲ့ဖူးတယ်။ ကျွန်းပေါ်မှာ ဝူထုံသစ်ပင်တွေ အများကြီးရှိတယ်။ ကျွန်းပေါ်မှာ ဝူထုံသစ်ပင်တွေရဲ့ဘုရင်ကတော့ တုံ့လိုင်နတ်ဘုရားရဲ့စီးတော်သားရဲ ဖီးနစ်ငှက် အနားယူရာ နေရာပဲ။ ဖီးနစ်က သေခြင်းရှင်ခြင်း မီးတောက်ကို ကျင့်ကြံပြီးတော့ ကောလာဟလတွေအရတော့ သေခြင်းရှင်ခြင်းမီးတောက်က နေမင်းရဲ့စစ်မှန်တဲ့မီးတောက်နဲ့ ဆင်တူတယ်တဲ့။ ပြီးတော့ အဲဒီမီးတောက်က ပြန်လည်ရှင်သန်နိုင်တဲ့ဂုဏ်သတ္တိပါဝင်တယ်”

“အဲဒါကို ယူလို့မရဘူးလား” ရီဖူရှင်းက မေးသည်။

“ခက်ခဲတယ်...” ပေ့ကုန်းအော့က ခေါင်းယမ်းသည် “ဝူထုံကျွန်းဟာ နတ်သားရဲတစ်ကောင် စောင့်ကြပ်နေတဲ့နေရာပဲ။ အဲဒါက ဖီးနစ်ငှက်ရဲ့မျိုးဆက်ဖြစ်တာကြောင့် စွမ်းအားကြီးတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူဟာ နတ်ဝင်ရိုးအဆင့်ငါး ရှိနေပြီ”

“နတ်ဝင်ရိုးအဆင့်ငါး... နတ်သားရဲမိစ္ဆာတစ်ကောင်ကလား” ရီဖူရှင်းက ပြောသည်။

“ဝူထုံမီးတောက်ဟာ နတ်မီးတောက်အဖြစ် သတ်မှတ်နိုင်တယ်။ အဲဒါက မဟာလမ်းစဉ်ရဲ့ ပြီးပြည့်စုံတဲ့ နတ်မီးတောက်ပဲ” ပေ့ကုန်းအော့က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက ရုတ်တရက် နားလည်လိုက်သည်။ ဝူထုံကျွန်းကို စောင့်ကြပ်နေသော နတ်သားရဲသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးအဆင့်ငါးတွင် ရှိနေသည်။

အက်ကြောင်းမဲ့နတ်ဝင်ရိုးအဆင့်ငါးပိုင်ရှင်တစ်ဦးသည် မည်မျှ သန်မာလိုက်မည်နည်း။

သည်မတိုင်ခင်က ရီဖူရှင်းသည် မူလဘုံတွင် ထိုအဆင့်တန်ခိုးရှင်တစ်ဦးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုလူ၏စွမ်းအားကား ပြိုင်စံရှားသည်။ ရီဖူရှင်းကား ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိပေ။ သို့သော်လည်း ထိုလူ၏ကျင့်ကြံခြင်းကား အဆင့်ခြောက်တွင် ရှိနေသည်။

သူ၏အတွေ့အကြုံအရဆိုလျှင် ထိုတန်ခိုးရှင်သည် သာမန်အဆင့်ရှစ်ရန်ဟောင်တစ်ပါးအား အနိုင်ယူနိုင်သည်။

ဆိုလိုသည်က ဖီးနစ်နတ်ငှက်သည် ထိုအဆင့်၌ ရှိနေပြီဖြစ်သည်။ အနည်းဆုံး အဆင့်ခုနစ်ရန်ဟောင်များက သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။

“ပြီးတော့ သူက ဝူထုံသစ်ပင်ကနေ နတ်မီးတောက်တွေကိုလည်း ငှားယမ်းသုံးနိုင်သေးတယ်” ပေ့ကုန်းအော့က ပြောသည်။

“…”

ရီဖူရှင်းက ထိုစကားကိုကြားလျှင် ဆွံ့အရသည်။ သည်မတိုင်ခင်က သူသည် အတွေးတချို့ရှိသော်လည်း သူ၏အတွေးများအားလုံး ပျက်စီးသွားရသည်။ ထိုဖီးနစ်နှင့် ရင်ဆိုင်ရာတွင် နတ်ဝင်ရိုးအဆင့်ရှစ်သည်ပင် အန္တရာယ်ရှိပေသည်။

“ဟုတ်တယ်...” အင်ပါယာဟယ်လျန်က ခေါင်းညိတ်သည် “ကျုပ်သိသလောက်ဆိုရင် သာမန်အဆင့်ရှစ်ရန်ဟောင်တစ်ပါးက အဲဒီဖီးနစ်ကို ဖိနှိပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဆင့်ကိုးရန်ဟောင်တစ်ပါးကပဲ အဲလို လုပ်နိုင်မယ်။ ဒါကြောင့် ဝူထုံမီးတောက်ကို ယူဖို့ဆိုတာ အန်မတန်ခက်ခဲတယ်”

သို့သော်လည်း ဝူထုံမီးတောက်ကား အလွန်စွမ်းအားကြီးသော မီးတောက်ဖြစ်ကာ နေမင်း၏စစ်မှန်သောမီးတောက်နှင့် နှိုင်းယှဉ်နိုင်သည်။

“သွားကြည့်ရအောင်...” ရီဖူရှင်းက ပြောသည်။ ပေ့ကုန်းအော့က ခေါင်းညိတ်သည်။ သူတို့အုပ်စုက တခြားနေရာတစ်ခုသို့ ဦးတည်လိုက်ကြသည်။ လမ်းတွင် သူတို့သည် အခွင့်အလမ်းများကို လိုက်ရှာနေကြသော တန်ခိုးရှင်များအားလုံး တွေ့ကြရ၏။

ဝူထုံကျွန်းကား အလွယ်တကူ ရှာတွေ့နိုင်သည်။ အဝေးမှနေ၍ သူတို့သည် ရွှေရောင်မီးတောက်များဖြင့် လင်းထိန်နေသော ကျွန်းအား သူတို့ မြင်ရ၏။ ကျွန်းကား ဝူထုံသစ်ပင်များဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်မီးတောက်အလင်းများဖြင့် ကျွန်းသည် ထူးခြားဆန်းပြားကာ လှပပေသည်။

ရီဖူရှင်းတို့အုပ်စု ရှေ့ကို ဆက်လက်ရွေ့လျားသွားသည်။ သူတို့က ကျွန်း၏အတွင်းပိုင်းသို့ ဦးတည်လိုက်ကြ၏။ အပူလှိုင်းများသည် အတွင်းပိုင်းသို့ရောက်လေလေ ပိုမိုသိပ်သည်းလေဖြစ်၏။ သည်နေရာသည် သာမန်တန်ခိုးရှင်များအတွက် နေရန် မသင့်တော်သော်လည်း မီးဓာတ်ကျင့်ကြံသူတို့အတွက်ကား မြင့်မြတ်နယ်မြေဖြစ်သည်။

ကျွန်း၏အလယ်တွင်ကား သီးသန့်နယ်မြေတစ်ခုရှိနေသည်။ ထိုနေရာတွင် မီးတောက်များဖြင့် လင်းထိန်နေသော အိမ်တော်တစ်ခု ရှိ၏။ သူ့ဘေးတွင်ကား ဧရာမကြီးမားသော ဝူထုံသစ်ပင်တစ်ပင်ရှိသည်။ သစ်ပင်ရှိ သစ်ကိုင်းသစ်ရွက်များမှာ ရွှေရောင်ဖြစ်ကာ မီးလျှံများဖြင့် လောင်ကျွမ်းနေသည်။

အဝေးမှပင် ရီဖူရှင်းသည် ဝူထုံသစ်ပင်မှ လွင့်ပျံ့လာသော အပူလှိုင်းများအား ခံစားမိသည်။ သူ၏နတ်အာရုံက ၄င်းအား စူးစမ်းကြည့်သော်လည်း တိုက်ရိုက်ဖျက်ဆီးခံရ၏။ သူ၏နတ်အာရုံကား ၄င်းအနီးသို့ပင် မရောက်လိုက်ပေ။

ဝူထုံသစ်ပင်၏ဘေးတွင်ကား ရွှေရောင်မီးတောက်ဖီးနစ်တစ်ကောင် အနားယူနေသည်။ တန်ခိုးရှင်အများအပြား ကောင်းကင်တွင်ရှိနေသော်လည်း ၄င်းကား ပျင်းကာရိကာပင် လှမ်းမကြည့်ပေ။ သူက မည်သည့်အရာကိုမှ ဂရုစိုက်ဟန်မတူ။

ဆယ်နှစ်ကြာတိုင်း လူသားများ ရောက်လာတတ်သည်။ သူကား နေသားကျနေပြီဖြစ်သည်။ မှန်သည်၊ တစ်စုံတစ်ယောက်က သေမင်းနဲ့တွေ့ဆုံလိုပါကလည်း သူက ထိုလူ၏ဆန္ဒကို ဖြည့်ဆီးပေးမည်ဖြစ်သည်။

ရီဖူရှင်းက ဝူထုံသစ်ပင်အပေါ်မှ တန်ခိုးရှင်များကို လှမ်းကြည့်သည်။ သူတို့မှာ အတော်အတန် သန်မာဟန်ရသည်။ သူတို့ထဲတွင် အဆင့်ရှစ်ရန်ဟောင်များပင် ပါဝင်၏။

သူတို့က ထိုမျှ မသန်မာလျှင်လည်း သည်နေရာသို့ ရောက်လာမည် မဟုတ်ပေ။

ရီဖူရှင်းတို့အုပ်စုကိုလည်း သူတို့က သတိထားမိသော်လည်း ထိုလူများက ဂရုစိုက်ဟန်မတူ။ သူတို့က တစ်ချက်ကြည့်ကာ ဖီးနစ်ကိုသာ အာရုံစိုက်နေကြသည်။

“ဖီးနစ်... ကျုပ်က ထန်ဟိုင်ကုန်းမြေက လာတာ။ ကျုပ်က အဲဒီကုန်းမြေမှာ ထိပ်သီးအင်အားစုတစ်ခုရဲ့ တန်ခိုးရှင်ပဲ။ ကျုပ် နတ်ဝင်ရိုးကလည်း အက်ကြောင်းမဲ့ဝင်ရိုးပဲ။ အရှေ့နတ်ဘုရားကျွန်းစုနဲ့ မယှဉ်နိုင်ပေမဲ့ ကျုပ်နဲ့အတူ ဘာလို့ အပြင်လောကမှ လိုက်ပြီး မကျင့်ကြံတာလဲ။ မင်းက ဒီနေရာမှာ ကျင့်ကြံရတာ မပျင်းဘူးလား။ အပြင်လောကမှာ စိတ်ဝင်စားစရာ ပိုများတယ်” အတော်အတန် ငယ်ရွယ်သော ရန်ဟောင်တစ်ဦးက ဖီးနစ်ကို လှမ်းပြောသည်။

ကုန်းမြေအတော်များများသည် တုံ့ယွင်အိမ်တော်ရှိရာ ကုန်းမြေထက် သာလွန်အားကောင်းကြ၏။ ထိုနေရာမှ အင်အားစုများသည် အင်အားကြီးမားကာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များကို ပိုင်ဆိုင်သည်။ ထိုလူငယ်သည် ထန်ဟိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခု၏ဆက်ခံသူဖြစ်သည်။

ဖီးနစ်က သူ့အား အထင်သေးစွာ ကြည့်သည်။ အရှေ့နတ်ဘုရားကျွန်းစုနှင့် မည်သည့်နေရာက နှိုင်းယှဉ်နိုင်မည်နည်း။

နတ်ဝင်ရိုးအဆင့်သုံး...။ လူငယ်သည် နတ်ဝင်ရိုးအဆင့်သုံးအထိ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့သော်လည်း သည့်ထက် အဆင့်မြင့်လာသောအခါ ထိုပြီးပြည့်စုံခြင်းကို ထိန်းသိမ်းနိုင်မည်လားဆိုသည်ကိုကား သံသယဝင်စရာကောင်းပေသည်။ ထိုသို့သောလူက အရှေ့နတ်ဘုရားကျွန်းစုမှ ထွက်ခွာသွားရန် ဖိတ်ကြားဖို့ ထိုက်တန်သလော။

“မိန်းကလေးဖီးနစ်က ထူးထူးခြားခြား ပါရမီပါတယ်။ ပုံမှန်အားဖြင့် ခင်ဗျားက ကျွန်းပေါ်ကို လာလေ့ကျင့်တဲ့ တန်ခိုးရှင်တစ်ယောက်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့က မီးတောက်ကို လာရှာတာ မဟုတ်ဘူး။ ကျုပ်တို့က ကံကြမ္မာကိုပဲ လိုက်ရှာနေတာ။ တကယ်လို့ မိန်းကလေးဖီးနစ်က တစ်ခုခုလိုအပ်တယ်ဆိုရင် ကျုပ်တို့က ဖြည့်ဆီးပေးဖို့ အဆင်သင့်ပါပဲ” အဆင့်ရှစ်ရန်ဟောင်တစ်ပါးက လူငယ်ဘေးတွင်ရပ်ကာ ပြောသည်။ သူက သူ၏ဂျူနီယာ အခွင့်အရေးတစ်ခုခု ရလိုရငြား ဝင်ရောက်ပြောဆိုသည်။

မျှောလင့်ချက်အနည်းငယ်သာရှိသော်လည်း အကယ်၍ သူ၏ဂျူနီယာသည်သာ အောင်မြင်သွားပါက ကြီးမားသော အခွင့်အလမ်းဖြစ်ပေသည်။

“မိန်းမလား...”

ထိုစဉ် အသံတစ်သံ ထွက်လာသည်။ ထိုအဖြစ်က ကောင်းကင်မှ တန်ခိုးရှင်များအားလုံးကို မင်တက်သွားစေသည်။ သူတို့အားလုံးက အသံလာရာကို လှမ်းကြည့်လိုက်ကြ၏။ ဤတွင် သူတို့က မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော သိမ်းငှက်နက်အား တွေ့ကြ၏။

လူတိုင်းက အံ့အားသင့်သွားကြသည်။ သူတို့က သိမ်းငှက်နက်အား အထူးအဆန်းကြည့်ကြ၏။ ဖီးနစ်ဟူသော မျိုးနွယ်ကား အလွန်တရာ မာနကြီးပေသည်။ ယခု ဖီးနစ်၏မိဘများသည် ဖုန်းလိုင်နတ်ဘုရား၏မိတ်ဆွေများဖြစ်၏။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးမားကြသည်။

ယခု သိမ်းငှက်တစ်ကောင်က လာရောက်ကာ သူမအား ထိုသို့ ပြောသည်။

သိမ်းငှက်နက်၏စကားကိုကြားလျှင် ရီဖူရှင်း၏မျက်နှာက နက်မှောင်သွားသည်။ သည်ခွေးကောင်ကား ရောက်လာရာ နေရာတိုင်း၌ သူ့အတွက် ပြဿနာများ ရှာပေးသည်။

ဖီးနစ်၏အတောင်ပံများအားလုံး ထောင်တက်လာသည်။ သူက ခေါင်းမော့ကာ သိမ်းငှက်နက်အား ကြည့်၏။ နတ်မီးတော်များ သူ၏မျက်လုံးများမှ ပေါ်ထွက်လာခဲ့ကာ ဖြေးလေးစွာ ထရပ်သည်။

ဖီးနစ်၏အကြည့်အောက်တွင် သိမ်းငှက်လေးသည် အလွန်တရာ မသက်မသာခံစားလာရကာ ရီဖူရှင်း၏နောက်နားသို့ ဆုတ်လျှက် ပြောသည် “ဒီဖီးနစ်မိန်းမက တော်တော်ဒေါသကြီးတာပဲ။ ဆရာသိမ်းငှက်က အရှုံးပေးပါတယ်”

ဤတွင် ဖီးနစ်၏မြင်ကွင်း၌ ရီဖူရှင်း ပေါ်လာသည်။

ရီဖူရှင်းက ထိုခွေးကောင်ကား အစိမ်းလိုက်ဝါးစားချင်စိတ်များပင် ဖြစ်လာသည်။

“ဒီသားရဲက အသိဉာဏ်နည်းပြီးတော့ စည်းကမ်းနားမလည်ဘူး။ ကျုပ်က သေချာပေါက် ဆုံးမပါ့မယ်။ မိန်းကလေးဖီးနစ်က ကျေးဇူးပြုပြီး ဗွေမယူပါနဲ့” ရီဖူရှင်းက လက်နှစ်ဘက်ဆုပ်ကာ ပြောသည်။ သိမ်းငှက်နက်က ဦးစွာ အပြစ်ပြုခြင်းဖြစ်ရာ ရီဖူရှင်းက မတတ်သာဘဲ တောင်းပန်ရသည်။ မည်သို့ဆိုစေ သိမ်းငှက်နက်၏မှတ်ချက်က မလေးမစားပြုရာကျပေသည်။

“သူ့ကို လာခိုင်းလိုက်...” ဖီးနစ်က လူတို့၏လေသံဖြင့် ပြောသည်။ အသံကား အေးစက်ကာ စူးရှသည်။ အပူလှိုင်းများသည် လေထုကို စတင်လောင်ကျွမ်းလာ၏။

ဆရာသိမ်းငှက် ဆတ်ခနဲတုန်သွားသည် “ဒီဖီးနစ်မိန်းမက အတော်သန်မာတယ်။ ဆရာသိမ်းငှက် မနိုင်ဘူး။ ကျုပ်တို့က မတူတဲ့ အဆင့်အတန်းမှာ ရှိတယ်”

ရီဖူရှင်း ခေါင်းကိတ်သွားသည်။ သူတို့က မည်သည့်အစီအစဉ်မှ မလုပ်ရသေးမှီတွင်ပင် သိမ်းငှက်နက်က ဖီးနစ်ကို သွားရောက် အပြစ်လုပ်သည်။

“အဲဒီသားရဲစုတ်ကို ကျုပ်တို့ကို ပေး... ကျုပ်တို့ သတ်ပေးမယ်” ထိုစဉ် ကောင်းကင်မှ တန်ခိုးရှင်တစ်ဦးက ပြောသည်။ သူကား ထန်ဟိုင်ကုန်းမြေမှ လူဖြစ်သည်။ သူတို့က သိမ်းငှက်နက်အား သတ်ဖြတ်ကာ ဖီးနစ်ငှက်ကို မျက်နှာလုပ်လိုကြသည်။

“မလေးမစား စကားပြောတယ်။ သူ သေသင့်တယ်” နောက်တစ်ယောက်ကလည်း ပြောသည်။ ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။

***

All Chapters