← Chapters

စိတ်လွတ်ကိုယ်လွတ် ၂

Vol. 46 Ch. 458

စိတ်လွတ်ကိုယ်လွတ် ၂

Vol. 46 Ch. 458

ယန်ဟွာကျီးသည် အားကုန်ထုတ်ကာ ရှေ့သို့ ခုန်ဝင်လိုက်၏။

သူ့ကိုယ်တွင်းတွင် စုချန်းအား သတ်ပစ်လိုသည့် ဆန္ဒများ တဖွားဖွား ပေါ်ပေါက်နေသလို သူ့လက်ထဲရှိ ဓားမှလည်း အေးစိမ့်သော အငွေ့အသက်များ တိုးထွက်နေ၏။

အောင်ပြီ...

ဒီခွေးမသားကို ဒီတကြိမ်တော့ ငါ သတ်နိုင်ပြီ...

မူလကျောက်တုံးတသိန်းက ငါ့အတွက်ပဲ ဖြစ်ရမယ်...

ပြင်းထန်သော စိတ်လှုပ်ရှားမှုကြောင့် ယန်ဟွာကျီး၏ တကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ယင်နေ၏။

ဓားသည် သွေးသောက်တော့မည့်ဟန်ဖြင့် စုချန်း၏ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။

သို့သော် လမ်းခုလတ်မှာပင် ယန်ဟွာကျီး၏ ဓားကို ရပ်တန့်ခံလိုက်ရလေသည်။

အကြောင်းမှာ စုချန်း၏ လက်နှစ်ဖက်က ရှေ့သို့ တိုးထွက်လာပြီး ယန်ဟွာကျီး၏ဓားကို ဖမ်းချုပ်ထားလိုက်သောကြောင့်ပင်။

ထို့နောက် စုချန်းသည် အေးစက်သော အကြည့်နှင့် ယန်ဟွာကျီးအား စိုက်ကြည့်လိုက်လေသည်။

"မင်း ခုထိ တောင့်ခံနိုင်သေးတာလား"

ယန်ဟွာကျီး ကြောင်အန်းအန်း ဖြစ်သွား၏။ သို့သော် သူက အဓိပ္ပာယ်ပါသည့် လေသံဖြင့် ရယ်မောလိုက်သည်။

"ဒါပေမဲ့ ငါ့ရဲ့ဓားက မိခင်မျက်ရည်ဓားကွ"

စကားဆုံးသည်နှင့် ရွှီခနဲ မြည်သံနှင့်အတူ ယန်ဟွာကျီး၏ဓားသည် စုချန်း၏ ဝမ်းဗိုက်ကို ဖောက်ထွင်းသွား၏။

ဓားချက်ကြောင့် စုချန်း၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။

"ဟား ဟား ဟား မင်းလုံးဝ ထင်မထားမိဘူးမလား ဘယ်နှယ့်လဲကွ မိခင်မျက်ရည်ဓားချက်ရဲ့ အရသာက ကောင်းရဲ့လား"

မူလကျောက်တုံးတသိန်းလုံး သူ့လက်ထဲရောက်ပြီဟု ယန်ဟွာကျီး တထစ်ချယူဆနေပုံပင်။

"မင်း အတော်ကို စကားများတာပဲကွ"

စုချန်းကလည်း ခပ်မာမာပင် ပြန်လည်တုံ့ပြန်လိုက်သည်။

အတော်လေး မောပန်းနေဟန်ပေါက်နေသည့်တိုင် ယခုအချိန်ထိ လေမလျော့သေးသည့် စုချန်းကိုကြည့်ရင်း ယန်ဟွာကျီး စိတ်ထွက်လာ၏။ "

"ခွေးမသား သေပေတော့"

ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်း၏ လက်မောင်းကို ယန်ဟွာကျီးတယောက် ဓားနှင့် လှမ်းပိုင်းလိုက်၏။

ယန်ဟွာကျီး ၏ စိတ်ထဲတွင်ကား ဤဓားချက်ကို စုချန်း သေချာပေါက် ခုခံရလိမ့်မည်၊ ထို့ကြောင့် သူ့ကို ပြန်လည်တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ဟု တထစ်ချ ယူဆထားလေသည်။

သို့သော် ဤတကြိမ်တွင်တော့ ယန်ဟွာကျီး၏ ထင်မြင်ယူဆချက်မှာ လုံးဝ မှားယွင်းသွားခဲ့လေပြီ။

စုချန်းသည် သူ့ပုခုံးပေါ်သို့ ကျရောက်လာသော ဓားချက်ကို လုံးဝ လစ်လျူထားပြီး ဘယ်ဖက်လက်ကို ဆန့်ထုတ်ကာ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ဖြင့် ယန်ဟွာကျီး၏ လည်မြိုကို ထိုးချလိုက်၏။

ပြင်းထန်လှသော နာကျင်မှုကြောင့် ယန်ဟွာကျီးတယောက် ငယ်သံပါအောင် အော်ဟစ်လိုက်၏။

သို့သော် ပင်ကိုယ်အသိစိတ်ကြောင့် အချိန်မီ နောက်ဆုတ်လိုက်နိုင်လေရာ ယန်ဟွာကျီး သေတော့ မသေလိုက်။ သို့သော် သူ့လည်မြိုရှိ ဟောင်းလောင်းပွင့်နေသော ဒဏ်ရာက မသေးလှချေ။

ယန်ဟွာကျီးသည် ဒေါသထွက်နေသည်နှင့်အမျှ ထိတ်လဲထိတ်လန့်နေ၏။ သူ့အနေနှင့် အော်ဟစ်လိုက်ချင်သော်လည်း ဘာအသံမှ မထွက်နိုင်ပဲ ဖြစ်နေရှာသည်။ သူသည် စုချန်းအား စိုက်ကြည့်ရုံသာ စိုက်ကြည့်နေနိုင်ပြီး စုချန်းတယောက် အဘယ်ကြောင့် ဤမျှ ရူးသွပ်မိုက်မဲစွာ တိုက်ခိုက်လိုက်မှန်း အဖြေမရှာနိုင်ပဲ ဖြစ်နေရှာ၏။

ခွေးမသား...နောက်မှာ လူတွေအများကြီးကျန်သေးတယ်...

မင်း ညာဖက်လက် ပျက်စီးသွားပြီ...

ဘယ်လိုဆက်တိုက်မလဲ ကြည့်ရသေးတာပေါ့...

သို့သော် စုချန်းကား မည်သည့် ခံစားချက်မှ မရှိသည့် ဟန်ပန်ဖြင့် ယန်ဟွာကျီးအား စိုက်ကြည့်နေ၏။ သူ့ဘယ်ဖက်ဘက်ထဲတွင်လည်း ရုတ်ချည်းဆိုသလို ဆေးပုလင်းငယ်တလုံး ပေါ်ပေါက်လာလေသည်။

ထိုအခါကျမှ တစုံတရာကို ယန်ဟွာကျီး သတိရလာ၏။

ဟာ... ဒီခွေးမသားက အဂ္ဂိရပ်ပညာရှင်ပဲ...

သူ့ကိုယ်တွင်းမှ ဝိညာဥ်ပျောက်ဆုံးသွားသလို ယန်ဟွာကျီး ခံစားလိုက်ရ၏။

စုချန်း အဂ္ဂိရပ်ပညာရှင်မှာ သူ မည်သို့မည်ပုံ မေ့သွားလေသနည်း။

သူ ကြည့်နေစဥ်မှာပင် စုချန်းသည် ဆေးပုလင်းအား မော့ချလိုက်ရုံသာမက သူ့ညာဖက်လက်ရှိ ဒဏ်ရာနှင့် တခြားဒဏ်ရာများပေါ်သို့ပါ လောင်းချလိုက်လေသည်။

စုချန်း အသုံးပြုလိုက်သည့် ဆေးသည် တန်ဖိုးကြီဆေးတမျိုး ဖြစ်ပြီး အရိုးနှင့် ကြွက်သားများဒဏ်ရာရရှိရာတွင် အသုံးပြုနိုင်၏။ ဆေးတပုလင်းလျင် ဆယ်ကြိမ်အထက်ခန့် အသုံးပြုနိုင်ပေသည်။ သို့သော် စုချန်းကတော့ ဤဆေးကို တကြိမ်တည်းနှင့် ကုန်စင်အောင် သုံးပစ်လိုက်လေပြီ။ ထိုမျှသာမကသေး စုချန်းသည် နောက်ထပ် ဆေးပုလင်းငယ်တချို့ကို ထပ်မံ ထုတ်ယူကာ အဆက်မပြတ် မော့ချလိုက်ပြန်၏။

ယန်ဟွာကျီး စိုက်ကြည့်နေစဥ်မှာပင် စုချန်းကား အင်အား ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီ ဖြစ်သည်။

အခြေအနေမကောင်းတော့မှန်း ယန်ဟွာကျီး သဘောပေါက်လိုက်၏။ သူ့အနေနှင့် ထွက်ပြေးလိုလှသည်။ သို့သော် မည်သို့မှ အခွင့်မသာတော့။ ထိုအခါ သူက နောက်လှည့်ကြည့်လိုက်သည်။ ကျန်လူများကို အကူအညီ တောင်းခံလိုက်သည့် သဘောပင်။

ချီစွမ်းအားပညာရှင် ဆယ်ယောက်ကျော်ကျော်ခန့် ချက်ချင်းလိုလိုပင် ရောက်ရှိလာ၏။

ထိုအချိန်မှာပင် ကနဦးက ခပ်ဖျော့ဖျော့မှသာ မြင်ရတော့သည့် ကမ္ဘာဦးသွေးပုံရိပ်သည် ပြန်လည်တောက်ပလာပြီး ၎င်းမှ ထွက်ပေါ်လာသော အရိပ်အခိုးအလျံများက ဘေးနားရှိ လူများကို ပြာကျသွားစေ၏။

ယန်ဟွားကျီ မျက်လုံးပြူးသွား၏။

သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် များစွာ နောက်ကျသွားလေပြီ။ ကမ္ဘာဦးသွေးပုံရိပ်၏ ကြောက်စရာကောင်းလှသော လက်သီးချက်က ယန်ဟွာကျီးက ဘဝတပါးသို့ ပို့ဆောင်ပေးလိုက်လေသည်။

လက်ရှိအချိန်တွင် ယန်ဖွင့်လှစ်ခြင်းပညာရှင်ငါးယောက်၊ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင် ဆယ်ယောက်၊ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင် အယောက်နှစ်ဆယ်နှင့် သာမာန်သိုင်းသမား အယောက်ငါးဆယ်ထိ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တခုလုံးတွင်ကား လူသေအလောင်းများနှင့်သာ ပြည့်နှက်နေ၏။

သို့သော်ငြားလည်း ယန်ဟွာကျီးကို သတ်ပစ်ပြီးသည်နှင့်တပြိုင်နက် စုချန်း၏ တကိုယ်လုံးသည် မြေကြီးပေါ်သို့ လဲပြိုကျမတတ် တုန်ယင်နေ၏။ သူနောက်ကျောရှိ ကမ္ဘာဦးသွေးပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

တကယ်တော့ စုချန်းတယောက် ဟန်ဆောင်နေခြင်းပေတကား။

ယန်ဟွာကျီး ထင်နေသကဲ့သို့ စုချန်းတွင် ဆေးများများ ပါမလာပေ။ ဤနေရာသို့ စုချန်း ရောက်လာချင်းကိုက ပွဲတက်ရန်သက်သက်သာ မဟုတ်ပါလား။ ထို့ကြောင့် စုချန်းတွင် မူလလက်စွပ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းအနည်းငယ်မျှသာ ပါလာ၏။ ဆေးဝါး များများစားစား ပါမလာ။

အတိအကျ ပြောရလျင် စုချန်းတွင် ရွှေရောင်ခံတပ်သို့ သွားစဥ်က ယူဆောင်သွားခဲ့သည်း ဆေးဝါးမျိုးဟူ၍ တဖုံမှပင် ပါမလာ။ သူ ဒဏ်ရာပေါ်သို့ လောင်းချလိုက်သည့်ဆေးမှာ အမှန်တကယ် အနာကျက်ဆေး ဖြစ်သော်လည်း သိပ်ထိရောက်မှု မရှိ။ တဖန် သူ သောက်ချလိုက်သည့် ဆေးရည်မှာလည်း အဆင့်နိမ့်အားပြည့်ဆေးမျိုးသာ ဖြစ်လေရာ အသုံးဝင်သည်ဆိုစေအုံး၊ စုချန်းအတွက် ၎င်း၏ အသုံးဝင်ပုံက အကန့်အသတ်နှင့်သာ ဖြစ်လေသည်။

ယန်ဟွာကျီး အသက်ပေးလိုက်ရသည်မှာ သူ့ကြောက်စိတ်ကြောင့်သာ ဖြစ်သည်။ တကယ်တမ်းတွင်တော့ စုချန်းတယောက် အပြင်းအထန် ဒဏ်ရာရရှိနေခဲ့လေပြီ။

"သေစမ်း ဒီအတိုင်းဆိုရင် နောက်နောင် ဘယ်သွသွား ငါ့ဆီမှာ ဆေးတစုံစာတော့ အမြဲတမ်း ဆောင်သွားရမဲ့ပုံပဲ မဟုတ်သေးဘူး တစုံနဲ့ မလုံလောက်ဘူး ငါးစုံလောက်မှ ဖြစ်မယ်"

မြေပြင်တွင် ပြန့်ကျဲနေသော အလောင်းကောင်များကို ကြည့်ရင်း စုချန်းက တီးတိုးရေရွတ်လိုက်သည်။

လက်ရှိတွင် စုချန်း၏ အခြေအနေမှာ သိပ်မကောင်းလှတော့။ သူ၏ ကမ္ဘာဦးသွေးပုံရိပ်မှာလည်း အသုံးပြုနိုင်သော အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် ကုန်ခန်းသွားသော မူလစွမ်းအင်များကို မူလကျောက်တုံးနှင့် ပြန်လည်ဖြည့်တင်း၍ ရသော်လည်း ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုကိုတော့ အစားထိုး၍ မရနိုင်။ ထို့ကြောင့် သူ့အနေနှင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားရန် လိုအပ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း ရန်သူများအနေနှင့် တောအုပ်တခုလုံးကို စည်းသုံးထပ်ဖြင့် ဝန်းရံထားလေရာ စုချန်းကား ဒုတိယစည်းကိုသာ ကျော်ဖြတ်နိုင်သေး၏။

အခြေအနေမှာကား စုချန်းအတွက် သိပ်မလွယ်လှသေး။

သူ့လက်အိပ်အတွင်းရှိ အရိပ်မူလပစ္စည်းကလည်း ပမာဏအနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုအခါ စုချန်းသည် သစ်ပင်တပင်၏ အောက်တွင် အနားယူရန် ဆုံးဖြတ်လိုက်၏။

သို့သော် စုချန်းခမျာ အချိန်ကြာကြာပင် အနားမယူလိုက်ရရှာ။ အကြောင်းမှာ လူတစု သူ့ထံသို့ ဦးတည်လာနေသောကြောင့်ပင်။

ရှေ့ဆုံးမှ လူကို စုချန်း ရင်းရင်းနှီးနှီးပင် သိနေ၏။

ထိုလူမှာ တခြားလူမဟုတ်။ လောင်းချိန်းကျန်းပင်တည်း။

လောင်းမျိုးနွယ်စု၏ခေါင်းဆောင် သို့မဟုတ် လောင်းချိန်းကျန်းကား ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ချေပြီ။

လောင်းချိန်းကျန်းကို မြင်သည်နှင့် စုချန်း မသိမသာ ပြုံးလိုက်သည်။

အကြောင်းမှာ သူကိုယ်တိုင်ကလည်း လောင်းချိန်းကျန်းကိုပင် စောင့်မျှော်နေခဲ့သောကြောင့်ပင် ။ ထို့နောက် သူက အရိပ်ဖုံးကွယ်ခြင်းနည်းစနစ်ကို ပြန်လည်အသုံးပြုလိုက်၏။

တော်ဝင်မျိုးနွယ်စုများသည် တောအုပ်တခုလုံးအား ကိုယ့်လမ်းကြောင်းနှင့်ကိုယ် စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ ထိုအကြောင်းကိုလည်း စုချန်းက တိတိကျကျ သိထား၏။ ထို့ကြောင့် လောင်းချိန်းကျန်းတို့ လူစု စောင့်ကြပ်နေသည့် လမ်းကြောင်းကိုပင် သူတမင် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

လောင်းချိန်းကျန်းနှင့်အတူ အဖွဲ့ငါးဖွဲ့ ပါလာ၏။ ဆိုလိုသည်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ၅ယောက် ပါလာသည်ဟူသော သဘောပင်။ လောင်းချိန်းကျန်း ကိုယ်တိုင်မှာကား ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အမြင့်ဆုံးအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ့လက်အောက်ငယ်သားများ ရှေ့မှောက်မှာပင် လောင်းချိန်းကျန်းသည် အထူးတလည် သတိထားနေ၏။ သူသည် ပတ်ဝန်းကျင်တခုလုံးကို ဂရုတစိုက်နှင့် လေ့လာအကဲခတ်နေလေသည်။

စုချန်းနှင့် ရင်ဆိုင်ရာတွင် သတိဟူသည် ပိုသည်မရှိမှန်း သူ ကောင်းစွာ သဘောပေါက်ထားပြီ မဟုတ်ပါလား။

ဤနေရာသို့ ရောက်ကတည်းကပင် ပြင်းထန်သော စွမ်းအင်လှိုင်းများကို လောင်းချိန်းကျန်း ခံစားနေရ၏။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အထွတ်အထိပ်ဆီသို့ တက်လှမ်းနေသည့် ပညာရှင်တယောက်၏ စွမ်းအင်လှိုင်းများပင် ဖြစ်သည်။

ထိုလူမှာ စုချန်း ဖြစ်နေခဲ့လျင်ပင် ဤမျှ များပြားသော လူများအား အချိန်တိုတွင်း သတ်ပစ်နိုင်သည်မှာ ဖြစ်နိုင်ဖွယ်ရာမရှိ။

သို့သော် စုချန်းကား မဖြစ်နိုင်သောအရာကို ဖြစ်အောင် လုပ်ပြခဲ့လေပြီ။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း လူတိုင်း ထိတ်လန့်ကုန်ကြ၏။

ကြောက်စရာ စွမ်းဆောင်ရည်ပေတကား။

စုချန်းကား မည်သို့သော မိစ္ဆာမျိုးပေနည်း။

ထိုအချိန်မှာပင် အရာတခု ပျံ့လွင့်လာ၏။

"သတိထား"

လူတိုင်းလိုလိုသည် အထိတ်တလန့်နှင့် အသီးသီး ကာကွယ်ထားလိုက်ကြသည်။

ထိုအရာမှာ ဆေးပုလင်းငယ်တလုံးမျှသာ ဖြစ်သည်။ ဆေးပုလင်းသည် အနီးရှိ ကျောက်တုံးတတုံးပေါ်သို့ ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။

"ဆေးတမျိုးပဲ အဆိပ်မြူခိုးတွေ ဖြစ်လိမ့်မယ်"

တယောက်က ထအော်လိုက်၏။ ထို့နောက် ၎င်းတို့၏ ပါးစပ်နှင့် နှာခေါင်းအသီးသီးကို ဖုံးအုပ်ထားလိုက်ကြ၏။

သို့သော် မည်သည့် အခိုးအငွေ့မှ ထွက်ပေါ်လာခြင်းမရှိချေ။

ဘာတွေလဲဟ...

မျက်စေ့နဲ့ မမြင်နိုင်တဲ့ အဆိပ်များလား...

လူတိုင်းလိုလိုသည် ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြလေရာ လောင်းချိန်းကျန်း၏ မျက်နှာထားအား မည်သူမှ သတိမထားမိချေ။

ထိုဆေးကို မြင်လိုက်သည်နှင့် လောင်းချိန်းကျန်း၏ မျက်နှာထားမှာ ကြည့်ရဆိုးလောက်အောင် ရုပ်ဆိုးနေခဲ့လေပြီ။

ထိုဆေးမှာ သူ့သားအား ကုသရာတွင် အသုံးပြုခဲ့သည့်ဆေးမှန်း သူ ကောင်းကောင်းမှတ်မိနေသည် မဟုတ်ပါလား။

သူ့နားအတွင်းသို့လည်း အသံတသံ တိုးဝင်လာ၏။

"ကျန်းခန့်သာလို့မာရဲ့လား လောင်းမျိုးနွယ်ခေါင်းဆောင်ကြီးရဲ့"

All Chapters