← Chapters

အားအနည်းဆုံး အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူ

Vol. 10 Ch. 923

အားအနည်းဆုံး အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူ

Vol. 10 Ch. 923

ဆေးအိုး၏ အဖုံးအား ဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့ တစ်ခုက ‌ရထားလုံးငယ် အတွင်း ပျံ့နှံ့ သွား၏။ အကယ်၍ ချန်းဖန်သာ အစီအရင် တစ်ခု ခင်းကျင်း မထားပါက ထိုရနံ့ကြောင့် တောအတွင်းရှိ သားရဲ အားလုံး ရောက်ရှိ လာနိုင်ပေသည်။

လူတိုင်းသည် အနီးကပ် ကြည့်လိုက်ရာ ဆေးအိုး အတွင်း၌ ကလေးငယ် တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ကြရစည်။ ထိုကလေးငယ်သည် ချောမွေ့သော ပန်းရောင် အသားအရေကို ပိုင်ဆိုင်ထား၏။ ၎င်းသည် အလွန်အမင်း သေးငယ်သည်မှ အပ လူသား ကလေးငယ်နှင့် ချွတ်စွပ် တူသည်။ သင်းပျံ့သော ရနံ့မှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။

"ဘယ်လိုကြီးလဲ…"

မိန်းကလေး သုံးယောက်မှာ အံ့အားသင့် သွား၏။ ချီလင်ငယ်မှာမူ ကြောက်လန့်ဟန် နောက်သို့ ဆုတ်လိုက်သည်။

"စီနီယာချန်း… အဲဒါက သက်ရှည်ဆေး ဆိုတာလား…"

ယွင်ရီအာက ကလေးငယ်ကို လက်ညိုးထိုးကာ မေးလိုက်၏။

"အမှန်ပဲ…"

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

"သက်ရှည်ဆေးက အလယ်ဆင့် ကောင်းကင်ဆေး ဖြစ်ပြီးတော့ လုပ်ရတာ အရမ်း ခက်ခဲတယ်… အဲဒါကို အခြေတည် ဝိညာဉ်ဆေး လို့လည်း ခေါ်တယ်… သူက သာမန် သေမျိုး တစ်ယောက်ကို အခြေတည် ဝိညာဉ် အဆင့် ဖြစ်လာအောင် မြှင့်တင် ပေးနိုင်တယ်"

"ဒါကို စားလိုက်တာနဲ့ သမီးက အခြေတည် ဝိညာဉ်အဆင့် ဖြစ်လာမယ် ဆိုတဲ့ သဘောပေါ့ ဟုတ်လား"

လင်းဝူဟွာမှာ စိတ်ဝင်စားမှုများဖြင့် ပြည့်နှက် သွားသည်။

အခြေတည် ဝိညာဉ် အဆင့်…

ထိုအရာကား ‌ထျန်းဟောင်ဂြိုဟ်ကိုပင် လွှမ်းမိုးနိုင်သည့် ကောင်းကင် အရှင်များ၏ ကျင့်ကြံခြင်း အဆင့် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ လက်ထဲရှိ ဆေးလုံးမှာ သာမန် သေမျိုး တစ်ယောက်ကိုပင် အခြေတည် ဝိညာဉ် အဆင့် ဖြစ်အောင် ဖန်တီးနိုင်သည် ဟု ဆိုသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

"ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူး လို့လည်း ပြောလို့ ရတယ်… ဒီဆေးက သောက်တဲ့သူကို အခြေတည် ဝိညာဉ် အဆင့်ရဲ့ သက်တမ်းနဲ့ အခြေတည် ဝိညာဉ် အဆင့် နတ်ဘုရား စွမ်းအား အချို့ ပေးနိုင်စွမ်း ရှိတယ်… ဒါပေမဲ့ ဘယ်တော့မှ အစစ်အမှန် အခြေတည် ဝိညာဉ် အဆင့် ဖြစ်လာမှာ မဟုတ်ဘူး… အားအနည်းဆုံး အခြေတည် ဝိညာဉ် အဆင့်ပဲ ဖြစ်လိမ့်မယ်"

ချန်းဖန်၏ ရှင်းပြချက်ကို ကြားပြီးသည့်တိုင် မိန်းကလေး သုံးယောက်မှာ သက်ရှည်ဆေးအား မက်မောစွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ထိုဆေးသည် အခြေတည် ဝိညာဉ် အဆင့်၏ သက်တမ်းနှင့် အခြေတည် ဝိညာဉ် အဆင့်၏ နတ်ဘုရား စွမ်းအားကို ပေးနိုင်သည် ဟု ဆိုသည်။ ထိုအရာကပင် ကျင့်ကြံသူ အများစု အတွက် လုံလောက်၏။

ယွင်ရီအာက ချန်းဖန်၏ အနားသို့ တိုးကပ်ကာ…

"စီနီယာချန်း… သမီးအတွက် အဲ့လို ဆေးမျိုး တစ်ခုလောက် လုပ်ပေးပါလား"

ချန်းဖန်က သူမ၏ နဖူးအား လက်ညိုးဖြင့် ထိုးလိုက်ကာ နောက်သို့ အနည်းငယ် တွန်းလိုက်ရင်း ပြုံးလိုက်၏။

"ကိုယ့်ကံကြမ္မာကို ယုံကြည်စမ်းပါ… နင်က ဒီဆေး မသုံးလည်း အခြေတည် ဝိညာဉ် အဆင့် ဖြစ်လာနိုင်ပါတယ်"

"တကယ်လား…"

ယွင်ရီအာ၏ မျက်လုံးများမှာ တောက်ပ သွား၏။

"ငါက ဘယ်တော့မှ မိန်းကလေးတွေကို မလိမ်ဘူး"

ချန်းဖန်က ပြောလိုက်သည်။

ယွင်ရီအာသည် ဟူ ထျန်းဟောင်ဂြိုဟ်သို့ ရောက်ပြီးနောက် ပထမဆုံး တွေ့ဆုံခဲ့ရသည့် မိန်းကလေး ဖြစ်သလို သူ့အား အမြဲတမ်း ကြင်နာစွာ ဆက်ဆံခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ သူမအား တစ်ခုနှစ်ခု သင်ပေးရခြင်းက ပြောပလောက်သော အရာ မဟုတ်ချေ။

နောက်ရက်များ အတွင်း၌ ချန်းဖန်သည် မိန်းကလေး သုံးယောက်အား ကျင့်ကြံမှု၌ လမ်းညွှန်ပေးနေသလို သူကိုယ်တိုင်မှာလည်း ကျင့်ကြံ နေခဲ့သည်။

ဟူး… လား… လား…

သစ်သားဝိညာဉ်ချီများသည် စမ်းချောင်း သဖွယ် ဖွဲ့တည်ကာ ချန်းဖန်ထံသို့ စီးဆင်း နေခဲ့၏။ အဝေးမှ ကြည့်ပါက စွမ်းအင်များမှာ အစိမ်းရောင် နဂါး တစ်ကောင်နှင့်ပင် တူနေသေးသည်။

ချန်းဖန်၏ ကျင့်ကြံမှု အဆင့်သည် လျှင်မြန်သော အရှိန်ဖြင့် မြင့်တက်နေ၏။ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာလည်း ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။

ထိုရက်များ အတွင်း၌ ချန်းဖန်ထံသို့ ဧည့်သည်များ အဆက်မပြတ် ရောက်ရှိ လာနေ၏။ အချို့က သူ၏ တပည့် ဖြစ်လိုကြကာ အချို့က ဆေးအတွက် လာကြခြင်း ဖြစ်သည်။

ဝူမိသားစုသည် ချန်းဖန်အား ကျန်းဟိုင်နယ်သို့ ဖိတ်ခေါ်ကာ ဧည့်ခံပွဲ တစ်ခု ကျင်းပ ပေးခဲ့၏။ ဝူဝမ်တင်က ချန်းဖန်အား ဝူညီအမ နှစ်ယောက်၊ သန်းထောင်ချီသော ဝိညာဉ်ကျောက်တုံးများဖြင့် ကမ်းလှမ်းကာ ဝူမိသားစု အတွင်း ဝင်ရောက်ရန်ပင် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ချန်းဖန်က ချက်ချင်းပင် ငြင်းဆိုခဲ့၏။

"ဒုတိယ နတ်ဘုရား စက်ဝန်းကို အောင်မြင်ပြီးတာနဲ့ ငါ မြောက်နတ္ထိနယ်ကနေ ထွက်သွားဝောာ့မယ်… ဒီနေရာမှာ ငါ မက်မောလောက်စရာ ဘာမှ မရှိတော့ဘူး… ငါ အထွတ်အမြတ် နယ်မြေ တစ်ခုခုကို သွားသင့်တယ်"

ချန်းဖန်က ဆုံးဖြတ်ချက် ချလိုက်၏။

***

တစ်နေ့ ချန်းဖန် တောင်ကြား တစ်ခုတည်း၌ ကျင့်ကြံနေစဉ် သူ့ထံသို့ မမျှော်လင့်သော ဧည့်သည်များ ရောက်ရှိ လာခဲ့သည်။ တိတိကျက ဆိုရလျှင် စုံတွဲ တစ်တွဲ ဖြစ်သည်။ လူငယ်သည် နူးညံ့သော မျက်နှာကို ပိုင်ဆိုင်ထားကာ အဖြူရောင် ပိုးသား အင်္ကျီကို ဝတ်ဆင်ထား၏။ မိန်းမပျိုကမူ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။

"ခရမ်းရောင် လနတ်သမီး… မတွေ့ရတာ ကြာပြီ…"

ချန်းဖန်က နှုတ်ဆက်လိုက်၏။ ထို့နောက် သူက လူငယ်ဘက်သို့ လှည့်ကြည့် လိုက်သည်။ ထိုအခါ သူ၏ မျက်လုံး၌ အံ့အားသင့်မှု အရိပ်အငွေ့ အချို့ ဖြတ်ပြေးသွား၏။

ထိုလူငယ်သည် ဆယ့်ခုနစ်မျှသာ ရှိပုံရကာ ချောမော သန့်ပြန့်သော ရုပ်ရည်ကို ပိုင်ဆိုင် ထားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားမှာမူ ဝမ်ရွှမ်လုံနှင့် လီချန်း နှစ်ယောက် ပေါင်းစပ်ထားသည်ထက် ပိုမို များပြားနေ၏။ ဝူဝမ်တင် ပင်လျှင် သူနှင့် ယှဉ်ပါက အားနည်း ပေလိမ့်မည်။

"အဆင့်ကိုး ရွှေအမြုတေ… အဆင့်မြင့် ကောင်းကင် ကျင့်စဉ်… တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ နှစ်ခု… သူက ကောင်းကင် အရှင် တစ်ယောက်ရဲ့ ချီးမြှောက်တာကို ခံထားရတာလား… ဒါမှမဟုတ် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ပြန်ပြီး ဝင်စားတာလား"

ချန်းဖန်၏ စိတ်ထဲ၌ အတွေးများက ဖြတ်ပြေး သွား၏။

ထိုလူငယ်၏ စွမ်းအားကား ရှေးဟောင်း နတ်ဆိုး မင်းသားနှင့်ပင် ကွာခြားခြင်း မရှိလှချေ။ ပို၍ ဆိုးသည်ကား ထိုလူငယ်၏ ခန္ဓာကိုယ် အတွင်း၌ ချန်းဖန်ကိုပင် စိတ်ဝင်စားစေသည့် တစ်စုံတစ်ခု ရှိနေခြင်းပင်။

"ကျုပ်က လော့ချန်ရှန်းပါ… တွေ့ရတာ ဂုဏ်ယူမိပါတယ်… ကျုပ် စီနီယာချန်းရဲ့ သတင်းတွေ ကြားပြီး လေးစားနေမိတာ ကြာပါပြီ"

အဖြူရောင်ဝတ် လူငယ်က လေးစားမှု အပြည့်ဖြင့် ဆိုလိုက်သည်။

"မင်းက လော့ချန်ရှန်းလား… ဒါဆို ဟန်ရှုံး သတ်မှတ်ချက်မှာ အဆင့် နှစ်ဆယ့်တစ်ပေါ့"

ချန်းဖန်က မျက်ခုံးကို ပင့်ရင်း မေးလိုက်၏။

"ကျုပ်ရဲ့ နိမ့်ကျတဲ့ အဆင့်လေးက စီနီယာနဲ့ ဘယ်လို ယှဉ်နိုင်ပါ့မလဲ… တကယ်လို့ စီနီယာသာ ဆန္ဒရှိရင် ဟန်ရှုံး သတ်မှတ်ချက် ဆယ်ယောက် အတွင်း အေးအေးဆေးဆေး ဝင်နိုင်ပါတယ်"

လော့ချန်ရှန်းက အနည်းငယ် ရှက်ရွံ့ဟန် ပြောလိုက်သည်။

"‌ရောင်းရင်း ချန်ရှန်း… ခင်ဗျားက နှိမ့်ချလွန်း နေပါပြီ"

ချန်းဖန်က ဆိုလိုက်သည်။

သူ၏ စိတ်တွင်မူ လော့ချန်ရှန်းမှာ ဟန်ရှုံး သတ်မှတ်ချက်၌ အဆင့် မမြင့်မားစေရန် သူ၏ စွမ်းအားကို လျှို့ဝှက်ထားသည် ဟု သံသယ ဖြစ်နေခဲ့၏။ လော့ချန်းရှန်၏ ဟန်ရှုံး အဆင့် သတ်မှတ်ချက်မှာ ရှန်းရှီနှင့် ကွာဟခြင်း မရှိချေ။ သို့သော်လည်း ချန်းဖန်၏ အမြင်အရ ဆိုလျှင် လော့ချန်ရှန်းမှာ ရှန်းရှီထက် များစွာ ပိုမို အစွမ်းထက် ပေသည်။ ချန်းဖန်ပင်လျှင် သူ့အား အနိုင်ယူရန် အတွက် ရွှမ်ဝူ အစစ်အမှန် သဏ္ဌာန်ကို ထုတ်သုံး ရပေလိမ့်မည်။

နှုတ်ဆက်စကား ပြောပြီးနောက်၌ လော့ချန်ရှန်းက…

"စီနီယာချန်း… စီနီယာက အခု အန္တရာယ်တောထဲ ရောက်နေတယ် ဆိုတာ သိပါရဲ့လား"

"မင်း ဆိုလိုချင်တာက ဟူမိသားစုလား"

ချန်းဖန်က အေးဆေးစွာပင် ပြန်မေးလိုက်၏။

"မြောက်နတ္ထိနယ်ရဲ့ ကောင်းကင်အရှင် မိသားစုလေးတွေက စီနီယာချန်းကို ဘယ်လို ခြိမ်းခြောက်နိုင်မှာလဲ"

လော့ချန်ရှန်းက ခေါင်းအား ခါကာ ဆက်ပြော လိုက်သည်။

"စီနီယာကို ခြိမ်းခြောက်နေတာက စီနီယာရဲ့ ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ထူးပဲ… ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ကို ကောင်းကင်နယ်တွေမှာ ရှိတဲ့ အင်အားစု များစွာရဲ့ ဆုံးဖြတ်မှုနဲ့မှ ပေးအပ်နိုင်တယ်… အထူးသဖြင့် သူတို့ရဲ့ သဘောတူညီမှုကို ရမှ"

လီချန်ရှန်း၏ မျက်နှာက လေးနက် နေ၏။

"သူတို့…"

ချန်းဖန်က တီးတိုး ရေရွတ် လိုက်သည်။

"မှန်ပါတယ်… ဆေးဧကရာဇ် ကောင်းကင် သမားတော် ဆိုတဲ့ မြင့်မားတဲ့ ဘွဲ့ထူးတွေကို သူတို့ ခွင့်ပြုချက်နဲ့မှ ပေးအပ်နိုင်တယ်"

လော့ချန်းရှန်းက ခေါင်းညိတ် လိုက်၏။

သူ၏ စကားက လင်းဝူဟွာနှင့် မိန်းကလေး နှစ်ယောက်အား အံ့ဩ သွားစေသည်။ ခရမ်းရောင် လနတ်သမီး၏ မျက်လုံးများပင်လျှင် အနည်းငယ် ဝိုင်းစက် နေခဲ့လေ၏။

ကောင်းကင် သမားတော်များကား ကောင်းကင် အရှင်များက ပင်လျှင် လေးစားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ မည်သူက သူတို့၏ ဘွဲ့ထူးကို စီမံခွင့် ရသနည်း။ ထိုသို့သော ဩဇာအာဏာမျိုးကား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

***

All Chapters