← Chapters

ရွှေအင်မော်တယ်ကို ဖိနှိပ်ခြင်း

Vol. 22 Ch. 316

ရွှေအင်မော်တယ်ကို ဖိနှိပ်ခြင်း

Vol. 22 Ch. 316

"ဟီးဟီး"

ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏စကားကိုကြားတော့ မနေနိုင်ဘဲ အကြိမ်အနည်းငယ်နှာခေါင်းရှုံ့လိုက်မိသည်။ သူက ခေါင်းရမ်းရင်း လှောင်ပြောင်လိုက်သည်။ သူက လူလုံးထွက်ပြပြီးလှောင်နေခြင်းတော့မဟုတ်ပါပေ။"မင်းက ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို တတ်ချင်သေးတာလား။ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ရင်ဆိုင်ရတော့မဲ့လူအိုကြီးကများ။ ရယ်ချင်အောင် ပြောနေတယ်။"

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်"

တခြားသောနေရာလွတ်တွင် အရပ်ရှည်ရှည် ပိန်ပါးပါးပုံရိပ်တစ်ခုရှိသည်။

သူက မျက်နှာတစ်ဝက်လောက်ကို ငွေရောင်မျက်နှာဖုံးဖြင့် အုပ်ကွယ်ထား၏။ သူ့နောက်ကျောတွင် ငွေရောင်တောင်ပံတစ်စုံထွက်ပေါ်နေပြီး ငွေရောင်မှော်စာလုံးများလှည့်ပတ်နေသည်။ ထိုငွေရောင်မှော်စာလုံးများက ဥပဒေသစွမ်းအားများဖြင့်သိပ်သည်းနေပြီး အလွန်အမင်းနက်နဲသည်ဟု ဆိုနိုင်သည်။

သူက ငွေတောင်ပံဘီလူးမျိုးနွယ်၏ ရွှေအင်မော်တယ်ဘိုးဘေးဖြစ်သည်။

"တစ်ဝက်လောက်က သေနေပြီကို မောက်မာရဲသေးတယ်။ ခင်ဗျားကများ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်ချင်နေသေးတာလား။ အိပ်မက်သာ ဆက်မက်နေလိုက်။ ခင်ဗျားကိုသာ ခြံဝင်းသခင်ရဲ့နောက်ခံကို မစစ်ဆေးခိုင်းထားရင် နေရာမှာတင်သတ်ပြီးနေတာကြာပြီ။" ယုဝုလင်းက လေးနက်စွာပြောလိုက်သည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ဘိုးဘေးအစိမ်းရောင်ဝတ်ရုံအပြင် ငွေတောင်ပံဘီလူးမျိုးနွယ်၏ဘိုးဘေးယုဝုလင်းကလည်း ရွှေအင်မော်တယ်ဘိုးဘေးဖြစ်ပါ၏။ သူတို့က ပုန်းအောင်းနေကြသေး၏။

ခရမ်းအိမ်တော်ဂိုဏ်း၏ထန်ချန်းလိန်နှင့် ဖုန်းမျိုးနွယ်၏ဖုန်းတောက်လင်တို့က လည်းတူညီသည့်အဆင့်အတန်းကဖြစ်၏။

"အလျင်မလိုနဲ့ဦး။"

ထန်ချန်းလိန်သည် လက်နှစ်ဖက်ကို နောက်ပို့ထားသည်။ သူ့မျက်ခုံးကြားတွင် သိသာထင်ရှားသည့် ကြာပန်းစိမ်းအမှတ်အသားတစ်ခုရှိသည်။ ဒါက ခရမ်းအိမ်တော်အံ့ဖွယ်စွမ်းအားကို နက်နဲခြင်းအဆင့်အကန့်အသတ်ထိကျင့်ကြံထားသည့်အမှတ်အသားဖြစ်သည်။ခရမ်းအိမ်တော်ကြာပန်းစိမ်းတာအိုနန်းတော်ကို တည်ဆောက်ထားခြင်းဖြစ်သည်။

ရန်သူအားလုံးကို အမြစ်ဖြတ်ချေမှုန်းနိုင်စွမ်းရှိသည်။

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ခဏလောက်တုံးအခိုင်းထားလိုက်ဦးမယ်။"

ထန်ချန်းလိန်က သာမန်ဟန်ဖြင့်ပြောလိုက်သည်။"သူက ကပ်ဘေးဒုက္ခအတွင်းမှာ သေတော့မယ့် လူအိုကြီးသာသာပဲ။ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးသာကျရောက်လာရင် သေနေတာကြာနေပြီ။"

"ငါ အရမ်းသိချင်နေပြီ။ ခြံဝင်းသခင်က ဒီလိုနက်နဲတဲ့အစီအရင်ကို တပ်ထားနိုင်တယ်ဆိုတော့ ထူးခြားတဲ့နောက်ခံရှိရမယ်။"

"ပြီးတော့..."

"သူက ခရမ်းအိမ်တော်ဂိုဏ်းရဲ့မဟာဆန်းကြယ်အင်မော်တယ်တွေကိုတောင် သတ်ရဲတယ်။ ပြီးတော့ ငွေတောင်ပံဘီလူးမျိုးနွယ်နဲ့ဖုန်းမျိုးနွယ်တောင် ပါတယ်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်ရဲ့ ပထမတန်းစားဂိုဏ်းသုံးခုကို သေချာပေါက်ဂရုမစိုက်ဘူး။"

"ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကတောင် အဲ့လို မမောက်မာရဲဘူး။"

"ငါရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ ဒီခြံဝင်းသခင်ရဲ့လုပ်နိုင်စွမ်းကို ကြည့်ဦးမယ်။"

" ဒီအစီအရင်က..."

တခြားတစ်ဖက်တွင် ဖုန်းတောက်လင်သည် ချီမင်တပ်ဆင် ထားသည့် အသေးစားကောင်းကင်ကြယ်တာရာအစီအရင် ကို သတိထားမိသွား၏။ အကြည့်အနည်းငယ်လောက်ဖြင့်ခေါင်းမူးလာစေသောကြောင့် သူ့ကိုလေးစားသွားစေသည်။ သူက ခြံဝင်းသခင်ရဲ့ထူးခြားဆန်းကြယ်မှုကို ပိုပိုပြီးခံစားလာရပြီး အလွယ်တကူ စော်ကားလို့မရတဲ့သူမှန်းသိသွားသည်။

ခြံဝင်းသခင်က ဖုန်းမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်ကို သတ်လိုက်ရင်တောင်၊ ဖုန်းတောက်လင်သည် သူနဲ့တော့ ရန်သူမဖြစ်ချင်ပေ။ ထိုမုန်းတီးမှုကိုဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ထိုအခိုက်တွင် ချီမင်သည် ဦးစွာထွက်လာလိုက်သည်။

သူ မတ်တပ်ရပ်လိုက်တာနဲ့ မမြင်နိုင်သည့်အားအင်တစ်ခုက သူ့ကိုဗဟိုပြုပြီးပျံ့သွားတော့၏။ ခြံဝင်းတံခါးက အလိုအလျောက်ပွင့်လာပြီး ဖိအားခပ်ဖျော့ဖျော့ကလေး ထွက်ပေါ်လာသည်။

"ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်လား"

ချီမင်၏အသံထွက်ပေါ်လာသည်။ သူ့အသံက တည်ငြိမ်နေပေမယ့် အထင်သေးသည့်အရိပ်အယောင်ကလေး ထွက်ပါနေသည်။ သူက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာအတွက်လှောင်ပြောင်နေ ခြင်းဖြစ်၏။

"မျက်ခွက်လာပြောင်နေတာလား။"

ချီမင်ပေါ်လာပြီဖြစ်သည်။ သူက ရှေ့တစ်လှမ်း လှမ်းပြီးတာနဲ့ ပျောက်ကွယ်သွားတော့သည်။ သူ့ပုံရိပ်က အလင်းတန်းတစ်ခုပမာ ခြံဝင်းထက် ကောင်းကင်ကိုဖြတ်ကျော်လျက် လူတိုင်း၏မျက်စိထဲသို့ ပေါ်လာ၏။

ပတ်ဝန်းကျင်မှသူများက ချီမင်၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်" ချီမင်က သူ့ရှေ့က အနက်ရောင်တိမ်တိုက်ကြီးကို ကြည့်ကာ ပြောလိုက်သည်။"ခင်ဗျားဘဝရဲ့လမ်းဆုံးကို ရောက်နေပြီ။ ခင်ဗျားက နတ်ဆိုးဆန်တဲ့ ကိစ္စတွေအများကြီးကို လုပ်ခဲ့တယ်။ကောင်းကင်က ခင်ဗျားကို ခွင့်လွှတ်မှာမဟုတ်တော့ဘူး။ ကောင်းကင်တာအိုက ခင်ဗျားလို အပြစ်ကြွေးတွေစွန်းထင်းနေတဲ့သူကို သည်းခံမှာမဟုတ်တော့ဘူး"

"အခု ခင်ဗျားရဲ့ ကောင်းချီးကုသိုလ်က ကုန်ဆုံးသွားပြီ။ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးက ကျဆင်းလာပြီ။ ကမ္မက ခင်ဗျားကို အမှောင်ဖုံးသွားစေတယ်။ အပြစ်ကြွေးက ခင်ဗျားရဲ့စိတ်ကိုညစ်ထေးစေတာကြောင့် အမှန်တရားကိုတောင် မမြင်နိုင်တော့ဘူး။"

"ခင်ဗျားက ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေတာပဲ။"

“ဟီးဟီး..."

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကြောင်အသွားပေမယ့် သူက ချီမင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့ ကျောချမ်းဖွယ်ရာ ရယ်မောလိုက်သည်။

“ရယ်စရာကောင်းတယ်၊ရယ်စရာကောင်းလွန်းတယ်။”

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ဝန်းရံနေသည့် အနက်ရောင်မြူခိုးများပျောက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့တိုးဝင်လာကာ တကယ့်ပုံစံအမှန်ကို ဖော်ပြလိုက်၏။ သူက သွေးရောင်ဆံပင်၊အနက်ရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။

သူကအသင်္ချေနတ်ဆိုး ကြေးမုံကို ကိုင်ဆောင်ထားသည်။

"ပြီးပြည့်စုံခြင်းအင်မော်တယ်"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ချီမင်၏ကျင့်ကြံခြင်းအဆင့်ကို မြင်လိုက်ရ၏။"ငါက ခြံဝင်းထဲမှာ ကျွမ်းကျင်သူတစ်ယောက်ရှိနေမယ်ထင်ထားတာ။ မင်းလို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်က ပုရွက်ဆိတ်တစ်ကောင်ဖြစ်နေမယ်မထင်ထားဘူး။"

"မင်းက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲရှိနေတာပဲ။"

တိတ်ဆိတ်ခြင်း။

လူတိုင်းက တိတ်ဆိတ်သွားတော့၏။

သက်ရှိအားလုံး၊ကျွမ်းကျင်သူအားလုံးကလည်း ကြောင်အသွားတော့သည်။ သူတို့က ခြံဝင်းသခင်က တကယ်ကြီး ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်လို့ မမျှော်လင့်ထားချေ။

မယုံနိုင်စရာကောင်းပေ၏။

သူတို့က မယုံကြည်နိုင်ကြပေ။

သူတို့က မဖြစ်နိုင်ဘူးလို့ ခံစားနေရ၏။

မဟာဆန်းကြယ်အင်မော်တယ်ခြောက်ပါးကို နောက်လိုက်အဖြစ် လက်ခံထားနိုင်ပြီး နက်နဲတဲ့အစီအရင်တွေကိုလည်းတည်ဆောက်နိုင်တယ်ဆိုတော့ ဒီလိုကိစ္စမျိုးတွေကို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်ကတော့မလုပ်နိုင်ပေ။

“မဖြစ်နိုင်ပါဘူး။”

ဘိုးဘေးအစိမ်းရောင်ဝတ်ရုံသည်ခေါင်းခါကာ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။"သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်လုံးဝမဖြစ်နိုင်ဘူး။ သူက ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဆိုရင်တောင် လက်ခံလို့ရသေးတယ်။ဒါပေမယ့် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုတာတော့ မဖြစ်နိုင်ဘူး။"

"ဖြစ်နိုင်တာကတော့ အခုငါတို့မြင်နေရတာက အတုကြီးပဲဖြစ်ရမယ်။ ဒါက သူအယောင်ဆောင်ထားတာဖြစ်ရမယ်။ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် ယောင်ဆောင်ထားတာဖြစ်ရမယ်။ ငါတို့ သူရဲ့ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူး။"

“ဒီ..."

ယုဝုလင်းလည်းကြောင်သွား၏။ သူက သဲလွန်စတစ်ချို့ကို တွေ့လိုတွေ့ငြား ချီမင်ကို စိုက်ကြည့်နေလိုက်၏။ သူကမျက်လုံးပြူးထားတာတောင် ချီမင်ကို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်အနေဖြင့်သာတွေ့နေရသည်။

“မဖြစ်နိုင်ဘူး!”

ယုဝုလင်းကပြောလိုက်သည်။"သူသာ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုရင် ဘယ်လိုလုပ်ပြီး မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်နောက်လိုက်ခြောက်ယောက် ရှိနေနိုင်မှာလဲ။ သူဘယ်လိုများ ဒီလောက်နက်နဲတဲ့အစီအရင်ကို တည်ဆောက်နိုင်မှာလဲ။"

"ဖုံးကွယ်ထားတာဖြစ်ရမယ်။ သေချာပေါက် အယောင်ဆောင်ထားတာဖြစ်ရမယ်။"

ထန်ချန်းလိန်တွင် ဉာဏ်အလင်းပွင့်ထားသည့်အမူအရာပေါ်လာ၏။"မင်းတို့လည်းသိတာပဲ။ငါက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်မှာဆိုတာ။ သူက ငါ့မျက်လုံးတွေကိုတောင် ဖုံးကွယ်နိုင်တာပဲ။ သူက ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်ရမယ်။"

"ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်" ဖုန်းတောက်လင်က ခေါင်းယမ်းကာဆိုသည်။"ငါတော့ မယုံဘူး။"

"ငါ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်တော့ရော ဘာဖြစ်လဲ။"

ချီမင်က ပခုံးတွန့်လိုက်၏။ သူ့အကြည့်နှင့်အမူအရာမှာ အေးဆေးနေပါ၏။ သူက မထူးမခြားနားပုံစံဖြင့်ပြောလိုက်သည်။"ငါက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် ဆိုရင်တောင် မင်းကိုအသာလေးအနိုင်ယူလို့ရတယ်။”

"မောက်မာလွန်းတယ်။"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အနည်းငယ်ဒေါသထွက်သွား၏။ "ကောင်းကင်နဲ့မြေကြီးရဲ့ကျယ်ပြောမှုကို မသိတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်ပဲ။ မင်းလို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ကများ ငါ့ကို မောက်မောက်မာမာပြောရဲတယ်ပေါ့။"

" အထက်ကမ္ဘာမှာဖြစ်ဖြစ်၊အဆင့်နိမ့်ကမ္ဘာမှာဖြစ်ဖြစ် အားနည်းသူတွေဆိုတာ သန်မာသူတွေရဲ့သားကောင်ပဲ။ အားကောင်းသူတွေပဲကျန်ခဲ့ပြီး အားအင်နည်းတဲ့သူတွေကတော့ ဖယ်ထုတ်ခံရမှာပဲ။ ငါသာ လုံလုံလောက်လောက်သန်မာနေသရွေ့ ဘယ်သူကိုမှကြောက်နေစရာမလိုဘူး။"

"အပြစ်ကြွေးလား။ ကမ္မလား?”

"ရယ်ဖို့ကောင်းတယ်။"

"စစ်မှန်တဲ့အင်အားရှေ့မှာ အဲ့ဒီအရာတွေအားလုံးက အပိုစာသားတွေပဲ။ ငါက သဘာဝအတိုင်း အရာအားလုံးကို ဖိနှိပ်နိုင်တယ်။"

"တိုက်"

"ရှေးဟောင်းနတ်ဆိုး မဟာလက်ချိတ်စည်း"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က လက်မြှောက်ကာ ရိုက်ချလိုက်၏။ ဓမ္မစွမ်းအားများတိုးမြင့်လာပြီး နတ်ဆိုးချီများ မြင့်တက်လာကာ အနက်ရောင်အလင်းများတောက်ပလာ၏။ ဥပဒေသစွမ်းအားများ စုစည်းဖြစ်ပေါ်လာ၏။ ချက်ချင်းပဲ ကောင်းကင်ကိုတောင်ဖုံးလွှမ်းသွားနိုင်သည့် ကြီးမားသည့်လက်ဖဝါးကြီးတစ်ချက်ပေါ်လာ၏။ လက်ဝါးရိုက်ချက်ကြီးက ကောင်းကင်မှသက်ဆင်းလာကာ ချီမင်ကို တိုက်ခိုက်လိုက်သည်။

"မဟာမူလအစနည်းစနစ်"

ချီမင်၏အကြည့်က အေးစက်စက်သာဖြစ်နေသည်။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ရိုက်ချက်ကိုရင်ဆိုင်ရတာတောင် သူက လုံးဝကိုကြောက်ရွံ့မသွားချေ။ သူက ခြေတစ်လှမ်းတောင်မဆုတ်လိုက်ရဘဲ မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။

မူလအစထူးခြားဖြစ်ဖြစ်စဉ်များမှာ ချီမင်၏အနားတွင် ပေါ်လာသည်။ ထိုအရာက ကမ္ဘာကြီးမူလအစနှင့် မွေးဖွားခြင်းတို့ဖြစ်ကြသည်။သက်ရှိအားလုံး၊အရာအားလုံးကို မွေးဖွားပေးကာ စိတ်ဝိဉာဏ်အားလုံးကို ပြုစုပျိုးထောင်ပေးသည်။

မူလအစဖန်တီးခြင်းစွမ်းအားများ စုစည်းလာသည်။

ချီမင်၏ထိန်းချုပ်မှုအောက်တွင် ထိုအရာက ကြီးမားသည့် မူလအစမဟာလက်ချိတ်စည်းဖြစ်သွား တော့၏။ ကောင်းကင်ကိုဖုံးအုပ်နိုင်သည့်လက်ဝါးကြီးတစ်ခုအလားပင်။

ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။

နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ ကြီးမားသည့်လက်ဝါးရာကြီးနှစ်ခုက တိုက်မိသွားသောကြောင့် ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာသည်။ တိုက်ခိုက်မှု၏နောက်ဆက်တွဲလှိုင်းများမှာ အရပ်မျက်နှာအနှံကို ပျံ့နှံ့သွားတော့၏။

ထို့နောက်မှာ လက်ချိတ်စည်းနှစ်ခုက တစ်ချိန်တည်းမှာ ပေါက်ကွဲသွားသောကြောင့် တိုက်ပွဲနောက်ဆက်တွဲလှိုင်းများမှာ ကောင်းကင်ကိုတောင်ပြည့်နှက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

"မင်းတကယ်ကြီးတားဆီးနိုင်လိုက်တာပဲ။"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကြောင်အသွားတော့သည်။ သူက ချီမင်ကို နောက်တစ်ကြိမ်စစ်ဆေးလိုက်မိသည်။"မင်းက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် ပုရွက်ဆိတ်လေးတစ်ကောင်ပဲကို။ တကယ်ကြီး ရှေးဟောင်းနတ်ဆိုးမဟာလက်ချိတ်စည်းကို တားဆီးနိုင်လိုက်တာပဲ။"

"မဟာမူလအစနည်းစနစ်" ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ခဏလောက်စဉ်းစားလိုက်သည်။ သူက အတွေးနက်သွား၏။"ငါ အဲ့ဒီအံ့ဖွယ်စွမ်းအားနည်းစနစ်ကို ဘယ်နေရာမှာတုန်းမသိတွေ့ဖူးတယ်။ဒါပေမယ့် ငါချက်ချင်းကြီး မမှတ်မိနိုင်ဖြစ်နေတယ်။"

"ထင်ထားတဲ့အတိုင်းပဲ။"

ယုဝုလင်းက ပြောလိုက်သည်။"သူက သေချာပေါက်ကို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မဟုတ်ဘူး။ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်သာဆိုရင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့မဟာလက်ချိတ်စည်းကို တားဆီးနိုင်မှာမဟုတ်ဘူး။ ရှေးဟောင်းနတ်ဆိုးမဟာလက်ချိတ်စည်းရဲ့စွမ်းအားက ဆန်းကြယ်အင်မော်တယ်ကိုတောင် သတ်နိုင်တယ်။ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆို ပိုဆိုးတာပေါ့။"

"တစ်ဖက်သူရဲ့ ကျင့်ကြံခြင်းအဆင့်က သေချာပေါက် အတုကြီးဖြစ်ရမယ်။"

ထန်ချန်းလိန်က အသံခပ်နိမ့်နိမ့်ဖြင့် ဆိုလိုက်သည်။"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖော်ထုတ်နိုင်မလားကြည့်ရအောင်။ ခြံဝင်းသခင်ရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မြတ်ဆန်းကြယ်ရွှေအင်မော်တယ်ဆိုရင် အင်အားပြည့်တိုက်ခိုက်ကျရင် သေချာပေါက် ဖော်ထုတ်ခံရလိမ့်မယ်။"

"သူက တကယ်ကြီး ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်လား။"

"ဟူး..."

“ အရမ်းအားကောင်းတယ်။”

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့အင်အားပြည့်ရိုက်ချက်လိုစွမ်းအားမျိုးက ငါသာဆိုရင် သတ်ခံလိုက်ရတာကြာပြီ။ ဘယ်လိုများ ခုခံနိုင်မှာလဲ။ ငါလည်း ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲလေ။"

“ဒီ..."

"သူက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရဲ့တိုက်ခိုက်မှုကို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်နဲ့ ခုခံပြလိုက်တာလား။"

“တကယ်ကြီးလား။”

“ဒါကြီးကို မဖြစ်နိုင်ဘူးလို့ခံစားရတယ်။”

ပတ်ဝန်းကျင်မှ ရှေးဟောင်းအင်မော်တယ်မြို့တော်၏သက်ရှိများကလည်း ချီမင်နှင့်ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ကြားက ကနဦးတိုက်ခိုက်မှုကို တွေ့လိုက်၏။ သူတို့နှစ်ယောက်ကြားက ပထမတစ်ကြိမ်တိုက်ခိုက်လိုက်ခြင်းက အစဦးပိုင်းလေ့လာလိုက်ခြင်းသာဖြစ်ပါ၏။

ချီမင်ကလည်း ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏အင်အားကို လေ့လာနေသည်။

ဘာပဲဖြစ်ဖြစ် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကဖြစ်သည်။ ချီမင်သည် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်က ဖြစ်သည်။ သူက အဆင့်နှစ်ဆင့်တောင်နိမ့်သည်။ကြားထဲတွင် ဆန်းကြယ်အင်မော်တယ်နှင့် မဟာဆန်းကြယ်အင်မော်တယ်တို့ ရှိသေး၏။

ချီမင်က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို အလေးအနက်မထားပေမယ့် သူက သတိထားနေတုန်းပါပဲ။ သူက ပြဿနာတွေကို ကြိုတင်ရှောင်ရှားကာကွယ်ဖို့ ဂရုမစိုက်ဘဲနေလို့မရပေ။

ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ဟော့ချန်ချင်းတို့က ရှုံးနိမ့်နေပြီဖြစ်သည်။ ချီမင်သည် အစေခံစနစ်တွင် အစေခံအရေအတွက်များစွာရှိနေပေမယ့် ကျင့်ကြံခြင်းအဆင့်များက သာမန်မျှသာဖြစ်ပြီး အသုံးမဝင်ပေ။

ချီမင်က ကိုယ်တိုင်တိုက်ခိုက်ရမှာဖြစ်သည်။

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်" ချီမင်က အေးစက်စွာနှာခေါင်းရှုံကာ ပြောလိုက်သည်။"ခင်ဗျားရဲ့အင်အားက ဒါပဲလား။ တော်တော်အားနည်းတာပဲ။ ဒီလောက်ပဲဆိုရင် အရှုံးပေးလိုက်ပြီး ကိုယ့်ဟာကိုယ်သာ သတ်သေလိုက်တော့။ ဒီလိုဆိုရင် ဂုဏ်ရှိရှိသေလိုရပြီ။"

"အရိုင်းအစိုင်းကောင်"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ချီမင်၏စကားလုံးကြောင့် ဒေါသထွက်သွားတော့သည်။ သူ့မျက်လုံးများက ဒေါသများဖြင့်ပြည့်နှက်နေပြီး လျင်မြန်စွာဖြင့် အသင်္ချေနတ်ဆိုး ကြေးမုံကိုထုတ်ယူလိုက်သည်။ တောက်ပသည့် ကြေးမုံအလင်းတန်းများမှာ ချီမင်ထံသို့ ဦးတည်လာသည်။"အသင်္ချေနတ်ဆိုး ကြေးမုံအလင်းတန်း။ ယိုယွင်းကမ္ဘာကြီး"

“ပုရွက်ဆိတ်ကများ!”

"မြန်မြန်သာ သေလိုက်တော့။"

“သန့်စင်ရွှေခန္ဓာ။”

ချီမင်က နောက်မဆုတ်ပေ။ သူက ခြေတစ်လှမ်းထပ်လှမ်းလိုက်တော့ သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာ၏။ သူ့ကို အသင်္ချေနတ်ဆိုး ကြေးမုံအလင်းတန်းက လုံးဝမထိခိုက်စေပေ။ထိုစွမ်းအားက လုံးဝပျောက်ကွယ်သွားတော့သည်။

All Chapters