ကမ္မသတ်ဖြတ်ခြင်း
Vol. 22 Ch. 318
"တိုက်"
ချီမင်၏အကြည့်က အေးစက်နေပြီး ဖန်ကုစစ်မှန်ခန္ဓာအဖြစ်ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားသည် သူ့ကိုယ်ပေါ်မှထွက်ပေါ်လာ၏။ သူက ဖရိုဖရဲမဟာပုဆိန်ကိုကိုင်ကာ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို အင်အားကုန်တိုက်ခိုက်လိုက်သည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရူးသွပ်သွားသည့်ဟန်ရသည်။ နတ်ဆိုးချီများလည်းမြင့်တက်လာပြီး ဥပဒေသစွမ်းအားများဝန်းရံလာသည်။ သူက ရှေးဟောင်းနတ်ဆိုးဓားကို အလျင်အမြန် ပြန်ခေါ်လိုက်သည်။
ကလန်! ကလန်! ကလန်!
ဓားသံတစ်ချက်မြည်လာသည်။
ရှေးဟောင်းနတ်ဆိုးဓားများက ဓားမိုးရွာနေသည်အလား ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ ဓားတစ်သောင်းမှာဂိုဏ်းသို့ ပြန်လာသည့်အလား၊ဓားမြစ်တစ်စင်းအလား ချီမင်ကို အရပ်မျက်နှာအနှံ့ကနေ တိုက်ခိုက်လိုက်သည်။
"ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်"
ချီမင်၏အကြည့်က တည်ငြိမ်နေသည်။ သူက အသက်ပြင်းပြင်းရှုကာ ဖရိုဖရဲမဟာပုဆိန်ကို ကိုင်လိုက်သည်။ သူက အင်အားကုန်ခုတ်ချလိုက်သည်။ ပုဆိန်ခုတ်ချက်က ကောင်းကင်ဘုံမှရိုက်ချလိုက်သည့်အလားပင်။
ချီမင်၏ပုဆိန်အောက်တွင် ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းသည့်ထူးခြားဖြစ်စဉ်ပေါ်လာသည်။
ဘန်း! ဘန်း! ဘန်း!
အတော်လေးစွမ်းအားကြီးပါ၏။
ထိုအရာက အထက်ကမ္ဘာ၏နေရာလွတ်ကိုတောင် လှုပ်ခါသွားစေသည်။
ဒီနေရာက ပထမအထက်ကမ္ဘာဖြစ်သည်။ ကောင်းကင်တာအိုစည်းမျဉ်းများက ပြီးပြည့်စုံပြီး နေရာလွတ်က မယှဉ်သာလောက်အောင် တည်ငြိမ်သည်။ သို့ပေသော်လည်း ချီမင်၏ရိုက်ချက်ကြောင့် နေရာလွတ်က လှုပ်ခါသွား၏။ သူ့အင်အားက အတော်လေးသန်မာသည်ဟု ပြောနိုင်သည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ပြောင်းလဲထားသည့် ရှေးဟောင်းနတ်ဆိုးဓားက ပျက်စီးသွားတော့သည်။ ပေါက်ကွဲမှုအလင်းတန်းများက ကောင်းကင်တွင်ပြည့်နှက်သွားသည်။ အတော်လေး ခမ်းနားတောက်ပပါ၏။
သွေးများဖြာထွက်လာသည်။
ချီမင်က ပုဆိန်ကို ကိုင်ဆွဲလိုက်သည်။ ပုဆိန်အလင်းတန်းက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ခုခံမှုများကို ချိုးဖြတ်သွားသောကြောင့် သူ့ရင်ဘက်ပေါ်တွင်သွေးများဖုံးလွှမ်းနေသည့်ကြီးမားသည့်ဒဏ်ရာကြီးတစ်ခုပေါ်လာသည်။
"အား"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အော်ဟစ်လိုက်သည်။
"အဟွတ် ဟွတ်"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က သွေးအန်လိုက်ရသည်။ သူက ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။ ချီမင်၏စွမ်းအားပြည့်တိုက်ခိုက်ချက်နှင့်ရင်ဆိုင်ရတော့ သူက တစ်လှမ်းပြီးတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။ သူက တစ်ဖက်သူနှင့် လုံးဝမရင်ဆိုင်နိုင်ချေ။
ချီမင်က တကယ်တော့ အင်အားကုန်တောင် မသုံးထားပေ။
ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို သုံးလိုက်ပေမဲ့ အထွတ်အထိပ်ကမ္မနည်းစနစ်ကို အပြည့်အဝမသုံးမရသေးပေ။ သို့ပေသော်လည်း ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ချီမင်၏ပြိုင်ဘက်မဟုတ်သေးပေ။
“အား!!!”
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အော်ဟစ်လိုက်သည်။ သူက ကောင်းကင်ယံသို့ အော်ဟစ်လိုက်သည်။ နောက်ဆုံးအခိုက်တွင် သူက ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်း၏ ပွင့်ချပ်နှင့် ကြာစေ့ရှစ်စေ့ကို မျိုချလိုက်သည်။
ကုသိုလ်ကောင်းချီတို့က လည်ပတ်လာသည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ဒဏ်ရာများက လျင်မြန်စွာဖြင့် သက်သာလာသည်။ သူ့ကိုယ်ပေါ်က ကောင်းချီက ပြန်လည်ပြည့်ဝလာ၏။ ယိုယွင်းပျက်စီးခြင်းအရှိန်အဝါများ ပျောက်ကွယ်သွားပြီး ပြန်လည်မွေးဖွားလာသည့်အလားပင်။
ထိုတစ်ခဏတွင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က သတိတရားပြန်ရသွားသည်။ သူက အခုမှအမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်နိုင်သွား၏။ သူက ချီမင်၏စွမ်းအားကို ခံစားမိသွားပြီး သူ့ကိုယ်ပေါ်က အကုသိုလ်နှင့်ကပ်ဘေးချီများကိုလည်း ခံစားလိုက်မိသည်။
“ဒီ..."
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က တကယ်ကြီး ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ ပွင့်ချပ်နဲ့ကြာစေ့ရှစ်စေ့ကို မျိုချလိုက်တာပဲ။ ဘယ်လိုတောင် ဖြုန်းတီးမှုကြီးလဲ။"
"သူက ဒီလိုမျိုးတိုက်ရိုက်စားလိုက်ရင် အာနိသင်က တစ်ဝက်တောင်ပြည့်ပြည့်ဝဝရမှာ မဟုတ်ဘူး။"
"ကောင်းကင်နဲ့မြေကြီးဝိညာဉ်မြစ်ကို ဖြုန်းတီးပစ်လိုက်တယ်။"
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အရေးပေါ်အခြေအနေရောက်နေတာ။ သူက ဒဏ်ရာအပြင်းအထန်ရထားတယ်။ အနားမှာလည်း ကပ်ဘေးချီတွေဝန်းရံနေတော့ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်နေပြီ။ သူရင်ဆိုင်နေရတဲ့ရန်သူကိုလည်းမနိုင်တော့ သူက ကောင်းကင်နဲ့မြေကြီးဝိညာဉ်အမြစ်ကို ဝါးမြိုမှ အသက်ရှင်နိုင်တော့မှာ။"
" အရမ်းကို ဆုံးဖြတ်ချက်ပြတ်သားတယ်။"
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့က ဆွေးနွေးနေကြသည်။
ကံဆိုးချင်တော့။
ဒါက အချည်းနှီးရုန်းကန်မှုတစ်ခုသာသာပါပဲ။
ထိုအခိုက်တွင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ပြန်လည်တည်ငြိမ်သွားတော့၏။ သူက ဒီအခြေအနေကနေ လွတ်မြောက်ချင်လာပြီ။
"ငါ ထွက်သွားဖို့ အခွင့်အရေးရှာရမယ်။"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကြောက်ရွံ့နေသည်။"ငါ တကယ်ကြီး မသိလိုက်ဘဲ အန္တရာယ်ထဲ ခုန်ဆင်းသွားမိတာပဲ။ ဟူး.... ကမ္မကပ်ဘေးဒုက္ခဆိုတဲ့အတိုင်းပဲ။ ကမ္မရဲ့လွှမ်းမိုးကြောင့် ငါတကယ်ကြီး မျှော်လင့်ချက်မဲ့တဲ့အခြေအနေထိ လျှောက်ဝင်သွားမိတာပဲ။"
"ငါနောက်က ရန်သူကိုဖယ်လိုက်ရင်တောင် ခြံဝင်းသခင်ရဲ့အင်အားက နားလည်ရခက်တယ်။ အပေါ်ယံမှာတော့ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုပေမဲ့ သူ့ခွန်အားက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်ပြနိုင်တဲ့အရာမျိုးမဟုတ်ဘူး။"
"ဖုန်းကွယ်နေတဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပဲဖြစ်ရမယ်။"
"ပြီးတော့..."
"ပတ်ဝန်းကျင်မှာ ဂိုဏ်းကြီးလေးခုရဲ့ ရွှေအင်မော်တယ်တွေလည်းရှိတယ်။ ငါခြံဝင်းသခင်လက်ကနေ လွတ်ရင်တောင် ငါကိုဂိုဏ်းကြီးတွေရဲ့ ရွှေအင်မော်တယ်တွေက ဝိုင်းသတ်ကြမှာပဲ။"
"ငါတော့ လမ်းဆုံးရောက်နေပြီ။"
"ငါ လွတ်လမ်းရှာဖို့ လိုတယ်။"
သူကတုန့်ဆိုင်းမနေတော့ဘဲ စေတီနှင့်လူတစ်သားတည်းအခြေအနေကနေ ထွက်ခွာလိုက်သည်။ သူက ဆုတ်ခွာရင်းပဲ ညာဘက်လက်ကိုဝေ့ယမ်းကာ ကိုယ်ပိုင်နတ်ဆိုးရတနာရှေးဟောင်းနတ်ဆိုးစေတီကို ချီမင်ထံ ပစ်လွတ်လိုက်သည်။
"ခုတ်ပိုင်း"
ချီမင်က မျက်မှောင်အနည်းငယ်ကြုံလိုက်သည်။ သူက ဖရိုဖရဲမဟာပုဆိန်ကိုင်ဆွဲထားပြီး ရှေးဟောင်းနတ်ဆိုးစေတီကို ခုတ်ပိုင်းလိုက်သည်။ သို့ပေမဲ့ လမ်းတစ်ဝက်မှာပဲ ချီမင်၏မျက်ခုံးက အန္တရာယ်ကိုခံစားမိ၍ တွန့်ချိုးသွား၏။
"ပေါက်ကွဲစမ်း"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က လက်ချိတ်စည်းများကို ဖွဲ့စည်းလိုက်သည်။ ထိုအခိုက်တွင် သူက ကိုယ်ပိုင်နတ်ဆိုးရတနာကို ဖောက်ခွဲဖို့ တုန့်ဆိုင်းမနေပေ။ ရှေးဟောင်းနတ်ဆိုးစေတီက တိုက်ရိုက်ပေါက်ကွဲသွားသည်။
ထိုအရာက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကိုယ်ပိုင်နတ်ဆိုးရတနာဖြစ်သည်။ ကိုယ်ပိုင်နတ်ဆိုးရတနာကို ဖောက်ခွဲခြင်းက ရွှေအင်မော်တယ်တစ်ဦးကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်းနှင့် တူညီသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင်စွမ်းအားကြီးသည်။
မြင့်မြတ်ဆန်းကြယ်အင်မော်တယ်တစ်ပါး၏စွမ်းအားပြည့်ရိုက်ချက်နှင့်ညီမျှသေးသည်။
အတော်လေး စွမ်းအားကြီးသည်။
နေရာလွတ်တစ်ခုလုံးက တုန်ခါသွားသည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရှေးဟောင်းနတ်ဆိုးစေတီကို ဖျက်ဆီးပစ်လိုက်သည်။ ပေါက်ကွဲအားက အတော်လေးစွမ်းအားကြီးပြီး အနက်ရောင်နေလုံးကြီးပေါက်ကွဲသွားသည့်အလားပင်။
ကမ္ဘာကြီးတောင် လှုပ်ခါသွားသည်။
ခရက်! ခရက်!
နေရာလွတ်ကတုန်ခါသွားပြီး လှိုင်းဂယက်များဖြစ်ပေါ်လာ၏။ အနားက အဆောက်အအုံများသည် ဖျက်ဆီးခံလိုက်ရပြီး ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့စွန်ကို အတော်လေးသက်ရောက်သွားသည်။
ပေါက်ကွဲမှုအလင်းတန်းများက အရပ်မျက်နှာအနှံပျံ့နှံ့သွားသည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်သွေးအန်ထုတ်လိုက်ရသည်။ သူက တွန့်ဆုတ်မနေဘဲ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်ပစ်လိုက်၏။ သူ့လက်မောင်းက ပေါက်ကွဲသွားပြီး သွေးမြူများမှာ ကောင်းကင်တွင်ပြည့်နှက်သွားသည်။
"သွေးနတ်ဆိုးကောင်းကင်တာအိုလွတ်မြောက်ခြင်းနည်းစနစ်"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ခန္ဓာကိုယ်ကို စတေးကာ နက်နဲသည့်လွတ်မြောက်ခြင်းနည်းစနစ်ကို သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး မိုင်တစ်သိန်းအကွာကို ချက်ချင်းပျံသန်းသွား၏။
ထိုကဲ့သို့လွတ်မြောက်ခြင်းနည်းစနစ်က အင်မတန် ထူးခြားပေသည်။
“ဒီ..."
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ထိတ်လန့်သွားပြီး မထိန်းနိုင်ဘဲ ချီးကျူးလိုက်သည်။"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ဆိုတဲ့အတိုင်းပဲ။" သူ့လုပ်ရပ်တွေက ရက်စက်ပြီးပြတ်သားတယ်။ သူက ရန်သူတွေအပေါ်ဘဲရက်စက်တာမဟုတ်ဘူး။သူ့ကိုယ်သူလည်း မညှာဘူး။"
"အခြေအနေကို နားလည်သွားတာနဲ့ သူက ကိုယ်ပိုင်နတ်ဆိုးရတနာကို ဖောက်ခွဲပြီး လွတ်လမ်းကိုရအောင်ရှာသွားတယ်။ သူက သွေးနတ်ဆိုး ကောင်းကင် တာအို လွတ်မြောက်ခြင်းနည်းစနစ်ကို ထွက်ပြေးဖို့သုံးထားတယ်။ သူက မသေသေဘူးလို့တော့ ထင်တယ်။"
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ထွက်ပြေးသွားပြီ။"
ယုဝုလင်းက ခေါင်းညိတ်လိုက်သည်။"ငါတော သတိမထားလိုက်မိဘူး။ ငါ အစက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို တားမလို့ဆိုပေမယ့် အခု သွေးနတ်ဆိုးကောင်းကင်တာအိုလွတ်မြောက်ခြင်းနည်းစနစ်က အရမ်းမြန်တယ်။"
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကိုယ်ပိုင်နတ်ဆိုးရတနာကိုပါ ဖောက်ခွဲပြီး ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာ ရအောင်လုပ်လိုက်တာပဲ။ သူက သွေးနတ်ဆိုးကောင်းကင်တာအိုလွတ်မြောက်ခြင်းနည်းစနစ်ကို သုံးလိုက်တယ်။ သူ့သက်တမ်းကို ကုစားနိုင်ရင်တောင် ကျင့်ကြံခြင်းအဆင့်ကတော့ လျော့ကျသွားလိမ့်မယ်။ သူ နှစ်တစ်သောင်းကျော်မသုံးဘဲ ပြန်သက်သာမှာမဟုတ်ဘူး။ သူ့အတွက် ကိုယ်ပိုင်နတ်ဆိုးရတနာကို ပြန်သန့်စင်ဖို့လည်းမလွယ်တော့ဘူး။”ထန်ချန်းလိန်ကပြောလိုက်သည်။
"ခြံဝန်းသခင်က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ ကိုယ်ပိုင်နတ်ဆိုးရတနာဖောက်ခွဲတာကို ခုခံရတော့မယ်။ ဘယ်လိုဖြစ်သွားပြီတုန်း။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလောက်လား။" ဖုန်းတောက်လင်က ခန့်မှန်းလိုက်သည်။
ထိုအခိုက်တွင် အကုန်လုံးက ချီမင်ကို ဝိုင်းကြည့်နေကြ၏။
အလင်းများ ပျောက်ကွယ်သွားသည်။
ချီမင်က မတ်တပ်ရပ်နေဆဲဖြစ်ပြီး ခြေတစ်လှမ်းတောင် နောက်မဆုတ်လိုက်ရပေ။ သူက လုံးဝကို ဒဏ်ရာ မရသွားချေ။ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင် အလင်းဖျော့ဖျော့ တောက်ပနေသည်။ သူက ဖန်ကုစစ်မှန်ခန္ဓာအခြေအနေကို ရုတ်သိမ်းလိုက်ရသောကြောင့် သူ့အကြည့်များက အေးစက်နေသည်။
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အထင်ကြီးထိုက်ပါပေတယ်။"
ချီမင်အကြည့်က အေးစက်သွားပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။"ခင်ဗျားက အတော်လေးဆုံးဖြတ်ချက်ပြတ်သားပါတယ်။ဒါပေမဲ့ ခင်ဗျား ကျုပ်လက်ကလွတ်မယ်များ ထင်နေလား။"
"အိပ်မက်မက်နေလိုက်။"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကိုယ်ပိုင်နတ်ဆိုးရတနာကို ကိုယ်တိုင်ဖျက်ဆီးလိုက်တော့ ပေါက်ကွဲမှုအလင်းတန်းများသည် အရာအားလုံးကို ခဏတာ ဖုံးကွယ်သွားသည်။ ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို ထုတ်သုံးဖို့ အခွင့်အရေးရသွား၏။
ချီမင်က ကောင်းကင်တာအိုရတနာ အချိန်နေရာလွတ်တံခါးကို ထုတ်ယူကာ ဟင်းလင်းပြင်နေရာလွတ်ဝဲဂယက်အဖြစ်ပြောင်းလဲလိုက်သည်။ သန့်စင်ရွှေခန္ဓာ၏စွမ်းအားကြောင့် ရှေးဟောင်းနတ်ဆိုးစေတီကို ဖောက်ခွဲလိုက်တာတောင် အပြည့်အဝတားဆီးနိုင်သည်။
ချီမင်က ဒဏ်ရာမရသွားပေ။
အလင်းများပျောက်ကွယ်မသွားခင် ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို ပြန်သိမ်းလိုက်သည်။ သူက တိုက်ပွဲနောက်ဆက်တွဲတုန်ခါမှုလှိုင်းများကို သုံးကာ သဲလွန်စများကို ဖုံးကွယ်လိုက်သည်။
ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကို ဖော်ထုတ်လိုက်မိရင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည်ပင် လိုက်လံဖမ်းဆီးကာ လုယက်လာနိုင်သည်။အင်မော်တယ်နယ်ပယ်ထက်ကျော်လွန်သည့် သူများတောင် ချီမင်ကို ပစ်မှတ်ထားလာနိုင်သည်။
"ဒါ....ဒါ.."
"ဟူး..."
"သူက ဒဏ်ရာမရသွားဘူးပဲ။ သူ ဒဏ်ရာမရဘူး။"
"ဒါက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ ကိုယ်ပိုင်ရတနာကို ဖော်ခွဲလိုက်တာလေ။ ဒီစွမ်းအားက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးရဲ့ စွမ်းအားပြည့်ရိုက်ချက်နဲ့ညီမျှတယ်။ ဒါတောင် မထိခိုက်သွားဘူးလား။"
"ကြောက်ဖို့ကောင်းသွားပြီ။"
"မယုံနိုင်စရာကောင်းသွားပြီ။"
"ဒီခြံဝင်းသခင်က ဘယ်လောက်တောင် သန်မာလိုက်မလဲ။"
"မင်းတို့ သတိထားမိကြလား။ သူဖော်ထုတ်ပြထားတဲ့ ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မှာပဲ။ အတက်အကျမရှိဘူး။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ ကိုယ်ပိုင်နတ်ဆိုးရတနာဖောက်ခွဲမှုနဲ့ရင်ဆိုင်ရတာတောင် သူက ကျင့်ကြံခြင်းအဆင့်ကို ထုတ်မပြသေးဘူး။"
“ဒီ..."
သူတို့ထိတ်လန့်သွားကြသည်။
သက်ရှိအားလုံး ထပ်မံထိတ်လန့်ကြရပြန်၏။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့က သက်ပြင်းချလိုက်ကြသည်။ ပတ်ဝန်းကျင်က အပူချိန်က အနည်းငယ်မြင့်တက်သွားသယောင်ပင်။ တကယ့်ကို ထိတ်လန့်ဖို့ကောင်းသည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်"
ချီမင်က လက်ချိတ်စည်းကို ဖွဲ့စည်းကာ အထွတ်အထိပ်ကမ္မနည်းစနစ်ကို သုံးလိုက်သည်။ ဤတစ်ကြိမ်က ချီမင်သည် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားသုံးကာ ရန်သူကို သတ်ဖြတ်သည့်ပထမဆုံးအကြိမ်ပင်။
ထိုတဒင်္ဂတွင် ကမ္မထူးခြားဖြစ်စဉ်များစွာသည် ချီမင်အနားတွင် စတင်ပေါ်လာတော့၏။ မရေမတွက်နိုင်သော ပုံရိပ်များ တစ်မျိုးပြီးတစ်မျိုးပေါ်လာသည်။
ကမ္မများစွာမှာ ရောထွေးယှက်နွယ်နေသည်။
သူတို့ထဲက တစ်မျိုးပြောင်းလဲသွားတာနဲ့ သူ့အနားကအရာရာတိုင်းကိုသက်ရောက်သွားသည်။
အရာရာတိုင်းမှာအကြောင်းရှိပြီး အကြောင်းရှိရင်လည်းအကျိုးရှိပေသည်။
ဝဋ်လည်ခြင်းကလည်း လက်စားချေခြင်းတစ်မျိုးပေ။
အခု။
ချီမင်၏အထွတ်အထိပ်ကမ္မနည်းစနစ်က အသေးစားအောင်မြင်မှုအဆင့်ထိရောက်ရှိထားပြီး ကမ္မစာလုံးများကို သိပ်သည်းပြီးသွားပြီပြီ။ မရေမတွက်နိုင်လောက်သော ကမ္မကြိုးမျှင်များသည် ရစ်ပတ်ငြိထွေးလာပြီး ကမ္မစာလုံးများအဖြစ်ပြောင်းလဲသွားတော့သည်။
“ပေါင်းစည်းခြင်း။”
ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့် မဟာမူလအစနည်းစနစ်နည်းစနစ်တို့ကို ပေါင်းစပ်ကာ သုံးလိုက်သည်။
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်"
ချီမင်၏အကြည့်ကအေးစက်သွားသည်။ မသိလိုက်စွာဖြင့် ကမ္မများမှာ ရစ်ပတ်နေပါပြီ။ သူလက်ထဲတွင် လေးတစ်လက်နှင့် မြားရှည်တစ်ချောင်းပေါ်လာသည်။
အထွတ်အထိပ်ကမ္မနည်းစနစ်ကနေ ပြောင်းလဲထားသည့်လေးနှင့်မြားပေ။
သေချာတာကတော့ ထိုအထဲတွင် မဟာမူလအစနည်းစနစ်နှင့်မဟာကပ်ဘေးဒုက္ခနည်းစနစ်တို့ ပါဝင်သည်။
"ကမ္မဖိနှိပ်ခြင်း"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက လေးကိုကွေးညွှတ်နေတဲ့အထိဆွဲချလိုက်သည်။"ကမ္မသတ်ဖြတ်ခြင်းမြား"
ဆွစ်!
ကမ္မသတ်ဖြတ်ခြင်းမြားက လေထုကိုထိုးခွဲလျက် အဝေးကို ပျောက်ကွယ်သွားတော့သည်။ သို့ပေသော်လည်း ကမ္မ၏လွှမ်းမိုးမှုအောက်တွင် ထိုမြားက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ပစ်မှတ်ထားလိုက်သည်။