မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်
Vol. 22 Ch. 319
ဆွစ်!
ချီမင်၏မြားက ပစ်လွှတ်လိုက်တာနဲ့ ကမ္မအလင်းတန်းများ တောက်ပလာသည်။ အဆုံးမဲ့ခမ်းနားတောက်ပပြီး ဖော်ပြဖို့ခဲယဉ်းသည်။ ရွှေရောင်အလင်းတန်းတစ်ခု ထွန်းလင်းလာသည့်အလားပင်။
ချက်ချင်းပဲ ကမ္မစွမ်းအားများ ပေါက်ကွဲသွား၏။
တကယ်တော့။
ချီမင်အနားတွင် ဗုဒ္ဓတစ်ပါးပေါ်လာသည်။ ဗုဒ္ဓရုပ်ပွားတော်များပေါ်လာပြီး မတူညီသည့် ကျမ်းစာများကို ရွတ်ဖတ်နေကြသည်။ ခမ်းနားမြင့်မြတ်လွန်းလှသည်။
"ဗုဒ္ဓ....ဗုဒ္ဓ..."
“ဒီ..."
“ဒုတိယအထက်ကမ္ဘာ! သူက ဒုတိယအထက်ကမ္ဘာက ရွှေဗုဒ္ဓတစ်ပါးများလား။"
"ဒါကြီးက ဘယ်လိုအံ့ဖွယ်စွမ်းအားမျိုးလဲ။"
ပတ်ဝန်းကျင်တွင် ဂိုဏ်းကြီးလေးခုမှ ရွှေအင်မော်တယ်ဘိုးဘေးများက ချီမင်အနားတွင် ဗုဒ္ဓမြင်ကွင်းများပေါ်လာတော့ ထပ်မံထိတ်လန့်သွားကြသည်။
ဒုတိယအထက်ကမ္ဘာကို ဗုဒ္ဓကမ္ဘာ၊သုခကမ္ဘာ၊မြင့်မြတ်သန့်စင်ကမ္ဘာစသဖြင့်ခေါ်ကြသည်။ အမည်နာမများစွာ သမုတ်ထားကြပေမယ့် သံသယရှိစရာမလိုတာက ဒုတိယအထက်ကမ္ဘာက ဗုဒ္ဓကမ္ဘာဖြစ်ပြီး ကမ္ဘာအသီးသီးမှ ဗုဒ္ဓများ၏မူလဇာစ်မြစ်လည်းဖြစ်သည်။
"သေ"
ဓမ္မစွမ်းအားထူးခြားဖြစ်စဉ်များ၊ကောင်းကင်နှင့်မြေကြီးမဟာတာအိုထူးခြားဖြစ်စဉ်များသည် အတူတကွပေါင်းစည်းသွားတော့သည်။ ရွှေရောင်မြားတစ်စင်းမှာ လေဟာနယ်ထဲမှထွက်ပေါ်လာသည်။
ချီမင်၏မြားက နေရာလွတ်ကို ဖြတ်သန်းလာသည်။ မြားက ကမ္မကနေဖြစ်တည်လာခြင်းဖြစ်သည်။ ချက်ချင်းပဲ ထွက်ပြေးနေတဲ့ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို မှီသွားသည်။
လေထုထဲတွင် ကမ္မစွမ်းအားများထွက်ပေါ်လာ၍ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းက မိုင်တစ်သိန်းအကွာကတောင် မြင်ရသည်။
ချီမင်၏ကမ္မသတ်ဖြတ်ခြင်းမြားက လေထုကိုထိုးခွဲလျက် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရှေ့သို့ ရောက်လာသည်။ သူက ကိုယ်ပိုင်နတ်ဆိုးရတနာကို ဖျက်ဆီးထားတော့ ဒဏ်ရာရထားပါ၏။ သူက သွေးနတ်ဆိုးကောင်းကင်တာအိုလွတ်မြောက်ခြင်းနည်းစနစ်ကို သုံးထားတာဖြစ်သည်။ အင်မတန်အားနည်းနေပြီဖြစ်သည်။
ထိုအခိုက်မှာပဲ ကမ္မသတ်ဖြတ်ခြင်းမြားက ထိုးဖောက်သွား၏။
"မဟုတ်ဘူး။ မဟုတ်ဘူး။"
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အင်မတန်ကြောက်လန့်သွားတော့သည်။ ဤမြင်ကွင်းထဲတွင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ထိတ်လန့်ကြောက်ရွံ့နေသည့် ဟန်ပန်ကို ထင်ထင်ရှားရှားဖော်ပြနေပါသည်။
သူက သေခြင်းနဲ့အနီးစပ်ဆုံးတွင်ဖြစ်နေတာဖြစ်သည်။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
သူက သေတော့မှာ သေချာနေပေပြီ။
မြားချက်က သေစေလောက်အောင်ပြင်းထန်ပါ၏။
"ဟူး..."
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့်ကျန်သောသူများက သက်ပြင်းသာချလိုက်ကြတော့၏။
ချီမင်၏ကမ္မသတ်ဖြတ်ခြင်းမြားက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ခန္ဓာကို ထိုးဖောက်သွားသည်။ ကမ္မစွမ်းအားများပေါက်ကွဲထွက်လာပြီး ဇာစ်မြစ်ကိုပါ ဖျက်ဆီးပစ်သွားသည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က နာကျင်စွာအော်ဟစ်လိုက်သည်။ လူတိုင်း၏အကြည့်အောက်မှာပဲ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ပြာကျသွားတော့၏။
ခေါင်းအစခြေအဆုံး တစ်လက်မချင်းစီ ပြာဖြစ်သွားခြင်းဖြစ်သည်။
သူ့ဝိညာဉ်လည်း ပျောက်ကွယ်သွားတော့သည်။
အလောင်းတောင် မကျန်ခဲ့ပေ။
သူက သေဆုံးသွားပြီဖြစ်သည်။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
“ဒီ..."
လူသူအားလုံး သူတို့ကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရ၏။ သူတို့က ကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရရင်တောင် ယုံရခက်ခက်ပင်။သို့ပေမဲ့ ဖြစ်တာကဖြစ်သွားပြီဖြစ်သည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အခွင့်အရေးကိုဖမ်းဆုပ်ပြီး ထွက်ပြေးလွတ်မြောက်ခွင့်ရအောင်အောင်ကြိုးစားခဲ့သည်။ သူက မူလက ထွက်ပြေးချင်ခဲ့ပေမယ့် ချီမင်၏ဗုဒ္ဓအံ့ဖွယ်စွမ်းအားကြောင့် သတ်ဖြတ်ခံလိုက်ရသည်။
မြင်ကွင်းက အားရဖွယ်တော့ ကောင်းသည်။
လူတိုင်းက ချီမင်ကို လေးစားသွားကြသည်။ သူတို့အကြည့်များက လေးစားမှုများ ပြည့်လျှံနေပြီး ဒူးထောက်အရိုအသေပြုလုနီးပါးပင်။
ချီမင်က အသက်ပြင်းပြင်းရှုကာ စိတ်ပြန်လျှော့လိုက်သည်။ သူ့လက်ထဲက မြားကရွှေရောင်အလင်းစက်လေးများဖြစ်သွားကာ နေရာမှာတင် ပျောက်ကွယ်သွားတော့သည်။ သူ့အနားက ထူးခြားဖြစ်စဉ်များလည်း ပျောက်ကွယ်သွား၏။
ချီမင်၏အရှိန်အဝါက ပျောက်ကွယ်သွားတော့သည်။
" ရန်သူကိုသတ်လိုက်နိုင်တဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။" ဟော့ချန်ချင်းတို့က လျင်မြန်စွာပြောလိုက်သည်။
"ဂုဏ်ပြုပါတယ်။ စီနီယာ"ကုမင်ယွမ်က ဒူးထောက်ကာ ပြောလိုက်သည်။
ချီမင်က ခေါင်းညိတ်ကာ ဘာမှတော့မပြောပေ။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အင်မတန်သန်မာပေမယ့် သူက ချီမင်ကိုတော့ မခြိမ်းခြောက်နိုင်ပေ။
တိုက်ပွဲပြီးတာနဲ့ ချီမင်က သူ့ခွန်အားကို ရှင်းရှင်းလင်းလင်းနားလည်သွား၏။ သူက အခြေခံအားဖြင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အောက်တွင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။
“ဘယ်လောက်ကြာကြာပုန်းနေဖို့စီစဉ်ထားလဲ။”
ချီမင်၏အကြည့်က ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့အပေါ်ကျရောက်သွားသည်။ သူက တည်ငြိမ်နေပေမယ့် အေးစက်မှုအရိပ်ယောင်ကလည်းရှိနေသေးသည်။ထို့ကြောင့် ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့်ကျန်သောသူများကို ထိတ်လန့်သွားစေပြီး ချွေးစေးများပြန်လာစေသည်။
ချီမင်က ဒုတိယအထက်ကမ္ဘာ ဗုဒ္ဓကမ္ဘာကနေ လာတာဆိုရင် သူပြထားသည့် နည်းစနစ်အရ ရွှေရောင်ဗုဒ္ဓတစ်ပါး ကျိန်းသေဖြစ်လောက်သည်။ သူ့အဆင့်အတန်းက ဗုဒ္ဓကမ္ဘာတွင် မနိမ့်လောက်ပေ။
ပိုပြီးအရေးကြီးသည်က။
ချီမင်က အရမ်းကို သန်မာလွန်းသည်။ အပေါ်ယံတွင်တော့ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုပေမယ့် သူ့အင်အားအစစ်ကရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်အဆင့်ကိုတောင်သတ်နိုင်သည်။
ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ထွက်ပြေးပေမဲ့ ချီမင်လက်မှ မလွတ်ပေ။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
ဒါက အထွတ်အထိပ်ကမ္မနည်းစနစ်၏ကြောက်မက်ဖွယ်ရာစွမ်းအားမဟုတ်သေးပေ။ ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကို အင်မတန်မြင့်မားသည့်အဆင့်ထိကျင့်ကြံပြီးသွားပါက သူ့အင်အားက ကမ္ဘာကျော်ဖြတ်ပြီးတော့တောင်ရန်သူကို သတ်ဖြတ်နိုင်သည်။
တကယ်တော့…
သူက ကမ္မကိုသုံးကာ အတွေးတစ်ချက်ဖြင့် ရန်သူများကို သတ်ဖြတ်နိုင်သည်။
တကယ့်ကို ကြောက်လန့်ဖို့ကောင်း၏။
ပုံရိပ်လေးခုက ဖျက်ခနဲပေါ်လာသည်။
ချီမင်၏စကားလုံးများကို ကြားတော့ ရွှေအင်မော်တယ်လေးပါးက လျင်မြန်စွာပေါ်လာကြသည်။သူတို့ ဆက်မပုန်းရဲတော့ပေ။
သူတို့က ချီမင်ရုတ်တရက်ဒေါသထွက်လာမှာ ကြောက်သွားကြသည်။
နောက်ထပ် မဟာဆန်းကြယ်အင်မော်တယ်သုံးပါးပေါ်လာ၏။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတွင် သုံးယောက်ရှိကာ တခြားဂိုဏ်းသုံးခုဘက်တွင်တော့ ကိုးယောက်ရှိသည်။ စုစုပေါင်း မဟာဆန်းကြယ်အင်မော်တယ်ဆယ့်နှစ်ယောက်ရှိ၏။
သူတို့ အားလုံးပေါ်လာကြသည်။
"စီနီယာကို အရိုအသေပြုပါတယ်။"
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့် ကျန်သည့်သူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချီမင်ကို ဦးညွှတ်အရိုအသေပြုလိုက်သည်။ သူတို့အသံများမှာ လေးစားမှုများပြည့်နှက်နေပြီးညီညာစွာဖြင့် ပြောလိုက်ကြသည်။"ကျွန်တော်တို့ စီနီယာက ရှေးဟောင်းအင်မော်တယ်မြို့တော်မှာ ရှိနေမယ်လို့ မသိခဲ့လိုပါ။ ကမ္မကပ်ဘေးဒုက္ခရောက်လာလို့ ကောင်းကင်လျှို့ဝှက်ချက်က ဖရိုဖရဲဖြစ်နေပြီး သတ်ဖြတ်ခြင်းကပ်ဘေးတွေဖြစ်ပေါ်လာတယ်။ ကျွန်တော်တို့ စီနီယာရဲ့ကျင့်ကြံခြင်းကို နှောက်ယှက်မိပါပြီ။ စီနီယာခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
ပြုံးပြနေတဲ့သူကို ရိုက်နှက်နေလို့မရပေ။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့်ကျန်သောသူများက ထပ်ခါတလဲတလဲတောင်းပန်းကာ နှိမ့်ချပြောဆိုလျက် ချီမင်ကို အလွန်အမင်းလေးစားစွာ ဆက်ဆံနေကြသည်။ ချီမင်၏လက်ထဲတွင် ဆန်းကြယ်အင်မော်တယ်များနှင့်မဟာဆန်းကြယ်အင်မော်တယ်များသေဆုံးသွားကြသည်။သို့ပေမဲ့ သူတို့က ထိုကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိပေ။
ရှေးဟောင်းအင်မော်တယ်မြို့တော်တွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးပါးရှိပြီး ငွေတောင်ပံဘီလူးမျိုးနွယ်၊ဖုန်းမျိုးနွယ်နှင့် ခရမ်းအိမ်တော်ဂိုဏ်းတို့တွင် တစ်ယောက်စီရှိပြီး ပထမတန်းစားဂိုဏ်းသုံးခုဖြစ်သည်။
ချီမင်က သဘာဝအတိုင်း ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့ကို မတိုက်ခိုက်လိုက်ပေ။ သူက ဂိုဏ်းလေးခု၏ရွှေအင်မော်တယ်ဘိုးဘေးများကို သတ်လိုက်ရင် ထိုဂိုဏ်းများ၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များကို အာရုံစိုက်လာစေလိမ့်ပေမည်။
ပိုပြီးတောင် ကြီးမားသည့်ပဋိပက္ခများ ဖြစ်လာပေမည်။
"ထားလိုက်တော့။" ချီမင်၏အကြည့်က မထူးမခြားနားဖြစ်နေသည်။"ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်။"
“ဟုတ်ကဲ့ပါ။”
“ကျေးဇူးတင်ပါတယ် စီနီယာ။”
“နားလည်ပေးတာကျေးဇူးတင်ပါတယ်။”
“…”
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့က ဟူးခနဲသက်ပြင်းချကာ သူတို့အမူအရာများက သက်တောင့်သက်သာဖြစ်သွားကြသည်။
အစကနေအဆုံးထိ ချီမင်က ဘာမှမဆုံးရှုံးသွားချေ။ အင်မော်တယ်သားရဲခြောက်ကောင်သာ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကြောင့်ဒဏ်ရာရသွား၏။ သူတို့ဒဏ်ရာများသည်လည်း အချိန်တိုအတွင်းမှာ ပြန်ကောင်းနိုင်သည်။
ထိုအစား ချီမင်နှင့်အင်မော်တယ်သားရဲခြောက်ကောင်က ရန်သူများကို သတ်ဖြတ်လိုက်ပြီဖြစ်သည်။ ဂိုဏ်းလေးခုကတော့ အင်မော်တယ်များစွာ ဆုံးရှုံးသွားသည်။
ယုတ္တိရှိစွာ ပြောရရင် ချီမင်က ဂိုဏ်းလေးခုမှအင်မော်တယ်များစွာကို သတ်ဖြတ်ခဲ့သည်။ သူ့ကိုပြဿနာရှာသင့်ပေမဲ့ ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့ကတော့ ထိုသို့မလုပ်ရဲပေ။
ချီမင်က အရမ်းကို သန်မာလွန်းသည်။ ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့သာ ပြဿနာရှာချင်စိတ်ကို ထုတ်ပြရဲပါက နေရာမှာတင်သေသွားဖို့ တော်တော်လေးများ၏။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့် ကျန်သောသူများမှာ အားမနည်းကြပေမဲ့ သူတို့က ပထမတန်းစားဂိုဏ်းကိုယ်စီ ကျောထောက်နောက်ခံရှိကြပေမဲ့ အသေးစားအံ့ဖွယ်စွမ်းအားများကို နားလည်ထားကြပေမဲ့ သူတို့က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ထက်တော့ မသန်မာကြပေ။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ချီမင်ကို မစော်ကားရဲပေ။
သူတို့က ချီမင်ကို ပြဿနာရှာချင်ရင်တော့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များကို လွှတ်ရပေမည်။ ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့အနေဖြင့် ပြဿနာရှာဖို့ အရည်အချင်းမရှိချေ။
ထိုအခိုက်တွင် စွမ်းအင်လှိုင်းများသည် အင်မော်တယ်တေးသံများနှင့်အတူ မြင့်တက်ဖြစ်ပေါ်လာသည်။ မှော်စာလုံးများထွက်ပေါ်လာပြီး ကောင်းကင်လှုပ်ခါ ငွေတောင်ပံတစ်စုံထွက်ပေါ်လာသည်။
“ဒါကဒီမှာပဲ။" ချီမင်သည် တည်ငြိမ်စွာ ကြည့်လိုက်သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးထွက်ပေါ်လာသည်။
စွမ်းအားကြီးပေ၏။
ထိုအရှိန်အဝါက ကောင်းကင်နှင့်မြေကြီးတွင် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာစေကာ မြင်ကွင်းမျိုးစုံဖြစ်ပေါ်လာသည်။ အရှိန်အဝါက မြင့်မြတ်ခမ်းနား ကျယ်ပြန့်ပြီး သက်ရှိများကို ဒူးထောက်အရိုအသေပြုချင်စိတ်များ ဖြစ်ပေါ်လာစေသည့်အလားပင်။
"ကျွန်တော်တို့ ငွေတောင်ပံမြင့်မြတ်ကောင်းကင်ကို ကြိုဆိုပါတယ်။"
“ကြိုဆိုပါတယ်"
ယုဝုလင်းတို့ ထိတ်လန့်သွားကြပါ၏။ သူတို့က ဘိုးဘေးငွေတောင်ပံကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်ဟုမထင်ထားခဲ့ကြချေ။ ဤကိစ္စသည် ငွေတောင်ပံဘီလူးမျိုးနွယ်၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကိုတောင် သတိထားမိသွားစေသည်။
သူတို့က လျင်မြန်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့ကလည်း ငွေတောင်ပံမြင့်မြတ်ကောင်းကင်ကို အရိုအသေပေးလိုက်ကြသည်။ ဒါက ကျွမ်းကျင်သူအစစ်များကို ထားသည့်လေးစားမှုပင်။
ဤအကြိမ်က ချီမင်မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကို မြင်ဖူးသည့်ပထမဆုံးအကြိမ်မဟုတ်ချေ။ ချီမင် ပထမအထက်ကမ္ဘာကိုရောက်လာတုန်းက သူကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကိုအမှတ်မထင်ရောက်သွားသေး၏။
ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် တစ်နှစ်ကျော်နှစ်နှစ်လောက်နေခဲ့ဖူးသည်။သူရဲ့ကိုယ်ပိုင်မျက်စိနဲ့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း ရုပ်သေးမျိုးနွယ်၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကို တွေ့ဖူးသည်။
ငွေတောင်ပံဘီလူးမျိုးနွယ်၏ဘိုးဘေးက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်က ငွေတောင်ပံမြင့်မြတ်ကောင်းကင်ဖြစ်၏။ သူ့အရှိန်အဝါက အတော်လေးပြင်းထန်ပြီး ကြီးမားကျယ်ပြန့်ပါ၏။သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်း ရုပ်သေးမျိုးနွယ်မှ အမွေခံအကြီးအကဲသုံးယောက်ထက်တော့ အနည်းငယ်အားနည်းသည်။
ချီမင်က ရှင်းလင်းစွာဖြင့်အာရုံခံနိုင်သည်။
တစ်နည်းပြောရရင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ရုပ်သေးမျိုးနွယ်က ငွေတောင်ပံမြင့်မြတ်ကောင်းကင်ထက်သန်မာသည်။
ဘာပဲဖြစ်ဖြစ် သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တော့ ဖြစ်နေသေးသည်။ သူ့အင်အားက ရွှေအင်မော်တယ်ထက်များစွာ သာလွန်ပြီး အလွယ်တကူ စော်ကားလို့ရသည့်သူမျိုးမဟုတ်ပေ၊၊
နောက်ထပ် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးပါး တစ်ဆက်တည်းပေါ်လာသည်။
သူတို့က ခရမ်းအိမ်တော်ဂိုဏ်း၏ ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်၊ ဖုန်းမျိုးနွယ်၏ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်နှင့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏သန့်စင်ကြာပန်းမြင့်မြတ်ကောင်းကင်တို့ဖြစ်ကြသည်။
တစ်နည်းပြောရရင်။
ဂိုဏ်းကြီးလေးခု၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အားလုံးရောက်လာကြသည်။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်တည်းကသာအမျိုးသမီးဖြစ်သည်။
“ဟားဟား..."
ရုတ်တရက်ကြီး ရှေးဟောင်းအင်မော်တယ်မြို့တော်၏အလယ်ဗဟိုမှ အသံကျယ်ကြီးတစ်ချက်ထွက်ပေါ်လာ၏။ ခမ်းနားသည့် အသံကြီးမှာ မိုးခြိမ်းသံအလား ဗုံသံကြီးအလား။ အရှိန်အဝါမှာ သက်တံကြီးအလား အဝါရောင်ပုံရိပ်တစ်ခုမှာ လေထုကိုဖြတ်၍ပျံသန်းလာသည်။
သူက လေထုအလယ်၌ရပ်တန့်သွားသည်။
သူ့ခန္ဓာကိုယ်တွင် အဝါရောင်မြူခိုးများ ဖုံးလွှမ်းနေပြီး မည်သူဆိုတာ ရှင်းရှင်းလင်းလင်းမမြင်ရချေ။
"ရှေးဟောင်းအင်မော်တယ်မြို့တော်ရဲ့ မြို့တောဝန်"
“ဒီ..."
"မြို့အရှင်သတိထားမိသွားပြီ။"
"မြို့တော်ဝန်ကလည်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပဲ။ ဒါပေမဲ့ မြို့တော်ဝန်က ပြည်နယ်ကိုးလောကမှာ ဘယ်ဂိုဏ်းအဖွဲ့အစည်းကမှ မဟုတ်ဘူး။"
"တကယ့် အကောင်ကြီးတွေလာစုနေတာပဲ။"
“…”
လူတိုင်းက ထိတ်လန့်ကာ စိတ်လှုပ်ရှားလာကြ၏။ ဒီလိုမြင်ကွင်းမမြင်ရတာ ကြာလှပေပြီ။မသိရင်တိုက်ပွဲတစ်ခုအစပျိုးတော့မည့်အလားပင်။